#World_News
Published 27 September 2025

▪️ အမေရိကန် တရားစီရင်ရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဂျော့ဂ်ျဆိုရော့စ်ထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ကို စုံစမ်းစစ်ဆေးမယ့် အစီအစဉ်များ ရေးဆွဲချမှတ်ဖို့ ရှေ့နေရုံး ဒါဇင်ဝက်ကျော်လောက်ကို ညွှန်ကြားလိုက်ပါတယ်။

▪️ ဂျော့ဂ်ျဆိုရော့စ်ဟာ ဘီလျံနာ ဒီမိုကရက်တစ်ထောက်ပံ့ကူညီသူ ဖြစ်ပြီး သမ္မတထရမ့် အချုပ်ထဲထည့်ချင်နေသူ ဖြစ်ပါတယ်။

▪️ အစိုးရရှေ့နေတွေ အမှုတင်သွားဖွယ်ရှိတဲ့ စာရင်းထဲမှာ မီးရှို့ခြင်းနဲ့ အကြမ်းဖက်မှုအတွက် ပစ္စည်းထောက်ပံ့ခြင်းတို့ ပါဝင်ကြောင်း New York Times မှ တွေ့ရှိထားပါတယ်။

▪️ ဌာနခေါင်းဆောင်တွေက သမ္မတအမိန့်ကို လိုက်နာနေရပြီး အထူးပုဂ္ဂိုလ်အဖွဲ့အစည်းများအနေနဲ့ စုံစမ်းစစ်ဆေးခံသွားရမှာ ဖြစ်ပါတယ်။

▪️ ထရမ့်ရဲ့ ရန်သူတော်ကြီးတွေဖြစ်တဲ့ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကော်မီ၊ နယူးယော့ခ်ရှေ့နေချုပ် လီတီတီယာဂျိမ်းစ်တို့ကို အလျင်အမြန် စွဲချက်တင်ဖို့ သမ္မတက ရှေ့နေချုပ် ပမ်ဘွန်ဒီကို တိုက်တွန်းထားပါတယ်။

▪️ ယခုလအတွင်း လက်ယာနိုင်ငံရေးလှုပ်ရှားသူ ချာလီကာ့ခ် အသတ်ခံရပြီးနောက် ထရမ့်က လစ်ဘရယ်ဆန္ဒပြသူများနဲ့ ထောက်ပံ့သူများကိုနှုတ်ဆိတ်ရန် ခြိမ်းခြောက်လာပါတယ်။

▪️ မစ္စတာဆိုရော့စ်က ကမ္ဘာတဝှမ်းမှ ဒီမိုကရက်တစ်လှုပ်ရှားရေးတွေကို ကူညီထောက်ပံ့လာတာ ဆယ်စုနှစ်တွေ ရှိနေပါပြီ။

▪️ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တန်းတူညီမျှရေးတို့အတွက် အလုပ်လုပ်နေတဲ့ အဖွဲ့တွေကို ထောက်ပံ့ပေးပါတယ်။

▪️ ထရမ့်ကတော့ ယင်းတို့ဟာ အမေရိကန်တခွင်မှာ အကြမ်းဖက်ဆန္ဒပြခြင်းနဲ့ အခြားသောလုပ်ရပ်များစွာ ပြုလုပ်နေတာကြောင့် တရားစွဲဆိုသင့်တယ်လို့ ပြောထားပါတယ်။

Source: New York Times