#World_Science
Published 28 September 2025
▪️ နာဆာ(NASA)မှ Perseverance အာကာသစူးစမ်းယာဉ်ဟာ မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိအရိပ်အယောင်ဖြစ်နိုင်တဲ့ လက္ခဏာတွေ တွေ့ရှိခဲ့ပြီး အာကာသဂြိုဟ်သိပ္ပံအတွက် မှတ်ကျောက်တစ်ခု ဖြစ်လာနိုင်ကာ ရှေးခေတ်ပြင်ပဂြိုဟ်သက်ရှိအထောက်အထား ရှာတွေ့နိုင်ရန် မျှော်လင့်ချက် ကောင်းလာပါတယ်။
▪️ Jezero Crater မြစ်ကြမ်းပြင်အတွင်း Cheyava Falls နေရာကနေ ၂၀၂၄ ဇူလိုင်လကရရှိခဲ့တဲ့ Sapphire Canyon လို့ခေါ်တဲ့ ကျောက်တုံးနမူနာတစ်ခုကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
▪️ သာမန်မဟုတ်တဲ့ ပုံသဏ္ဍာန်တွေ၊ သတ္တုပုံစံတွေစတဲ့ ဇီဝအမှတ်အသားများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ကမ္ဘာပေါ်မှာဆိုရင် ဒီလိုသတ္တုတွေက စိုစွတ်ဒေသအတွင်း အဏုဇီဝပိုးမွှားလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာပြီး ယခုတွေ့ရှိချက်အရ ရှေးခေတ်မားစ်ပိုးမွှားတွေ ဒီကျောက်တုံးများအတွင်း ရှင်သန်ခဲ့ကြမယ်လို့ ယူဆစရာဖြစ်လာပါတယ်။
▪️ ဒီအရာတွေကို သက်ရှိတွေက လုပ်ယူထားသလိုဆိုတာ ထပ်မံစမ်းသပ်ဖို့လိုကြောင်း သိပ္ပံပညာရှင်တွေ ပြောပါတယ်။
▪️ တကယ်သာ မားစ်ဂြိုဟ်မှ သက်ရှိအထောက်အထားလို့ အတည်ပြုနိုင်ရင် စကြဝဠာကြီးထဲမှာ အခြားသက်ရှိတွေ ရှိနေနိုင်တယ်ဆိုတဲ့ ယူဆချက်တွေ ပိုမိုခိုင်မာလာနိုင်ပါတယ်။
▪️ နောက်မျိုးဆက်တွေအတွက်လည်း စူးစမ်းရှာဖွေရေးတွေ လိုက်စားဖို့ တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်။
▪️ Sapphire Canyon ရဲ့ နမူနာက မားစ်မှာ ရှိနေဆဲဖြစ်ပြီး နောက်ထပ်လေ့လာဆန်းစစ်မှုများ ပြုလုပ်နိုင်ရန် ကမ္ဘာပေါ်သို့ ထပ်မံယူဆောင်လာဦးမှာ ဖြစ်ပါတယ်။
Source: India Today.