#World_Science
Published 28 September 2025
▪️ စင်္ကာပူအမျိုးသားတက္ကသိုလ်နဲ့ အမျိုးသားကင်ဆာဌာနမှ သုတေသီများက ပြန်ရည်ကျိတ်တစ်ရှူးကို ခန္ဓာကိုယ်အပြင်ဘက်မှာ ၇ ရက်ကြာ ရှင်သန်လှုပ်ရှားနိုင်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
▪️ ပြန်ရည်ကျိတ်က ကိုယ်ခံအားတုံ့ပြန်မှု မြှင့်တင်ခြင်း၊ တီဆဲလ်များ လှုံ့ဆော်ပေးခြင်း၊ ပဋိဇီဝပစ္စည်း ထုတ်လုပ်ပေးခြင်းတို့ပင် ပြုလုပ်ပေးနိုင်ပါတယ်။
▪️ ဒီနည်းလမ်းကနေ ကာကွယ်ဆေးနဲ့ ကင်ဆာကုသနည်းအသစ်တွေ ဖြစ်ပေါ်လာနိုင်ပုံကို ဩဂုတ် ၂၉ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
▪️ ပြန်ရည်ကျိတ်တွေက ကိုယ်ခံအားစနစ်တုံ့ပြန်မှုအတွက် အရေးပါပေမယ့် ခန္ဓာကိုယ်အပြင်ဘက်မှာ လေ့လာဖို့ ခက်ခဲကြောင်း စင်္ကာပူအမျိုးသားကင်ဆာဌာနမှ ပရော်ဖက်ဆာ အန်ဂိုပယ်လာခရစ်ရှ်နာလီယာက ပြောသွားပါတယ်။
▪️ ပုံမှန်ဆိုရင် ပြန်ရည်ကျိတ်တစ်ရှူးဟာ ဓာတ်ခွဲခန်းထဲမှာ တစ်ရက်နှစ်ရက်အတွင်း ပြိုကွဲသွားပါတယ်။
▪️ စင်္ကာပူသုတေသနအဖွဲ့ကတော့ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာလူနာများမှ ပြန်ရည်ကျိတ်တစ်ရှူး အလွှာပါးတွေကို ဟိုင်ယာလူရိုနန် ဟိုက်ဒရိုဂျယ်ထဲ ပေါင်းစပ်လိုက်တာ ဖြစ်ပါတယ်။
▪️ ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်ထားတဲ့ ပြန်ရည်ကျိတ်အလွှာတွေကို ထိုလူနာရဲ့ ကင်ဆာဆဲလ်တွေနဲ့ပဲ ထိတွေ့စေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်သလိုမျိုး လှုံ့ဆော်ခဲ့ပါတယ်။
▪️ သာမန်အားဖြင့် ပြန်ရည်ကျိတ်တစ်ရှူးထဲမှ ဆဲလ် ၆၀ ရာခိုင်နှုန်းလောက်က ၂ ရက်အတွင်း လွတ်မြောက်သွားပေမယ့် ယခု ဟိုက်ဒရိုဂျယ်ပေါင်းစပ်ထားတဲ့ နမူနာကတော့ ရက်အတော်ကြာတဲ့အထိ မူလအရွယ်အစားနဲ့ ဆဲလ်ဖွဲ့စည်းပုံ ၉၀ ရာခိုင်နှုန်းခန့် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
▪️ ဒီနည်းပညာဖြင့် လူနာတစ်ဦးချင်းစီအလိုက် ဆေးတွေထုတ်လုပ်နိုင်ပြီး ပိုမိုထိရောက်မှု ရှိစေမှာလားဆိုတာ မျှော်လင့်ချင်စရာ ဖြစ်လာပါတယ်။
Source: ScienceBlog.