#Local_News
Published 1 Apirl 2025
▪️ နေပြည်တော်၌ ငလျင်လှုပ်ပြီး ငါးရက်အကြာ၌ အသက် ၆၀ကျော် အမျိုးသမီးတစ်ဦးအားအသက်ရှင်လျှက်ပြန်တွေ့ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၁ ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် အသက်(၆၃)နှစ်ခန့် မ(၁)ဦးအား အသက်ရှင်လျက်ရှာဖွေတွေ့ရှိ ခဲ့ ကြောင်းသိရသည်။
▪️ ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 Apirl 2025
▪️ မန္တလေးတိုင်းဒေသကြီး၌ ငလျင်လှုပ်ပြီး လေးရက်အကြာတွင် (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အဆိုပါ မန္တလေးတိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထိခိုက်ပျက်စီးမှုများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မတ်လ ၃၁ ရက်နေ့ကလည်း မ (၅)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ကျား(၁၆)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၂၇)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် စတင်ဖြစ်ပွားအချိန်မှာ ယခုအချိန်ထိ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်းလူဦးရေ (၄၀၃)ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၂၅၉)ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 1 April 2025
▪️ ရန်ကုန်တွင် လက်ရှိကြုံတွေ့နေရသည် လျှပ်စစ်မီးပျက်သည့်အခြေအနေများနှင့်ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာကို ယနေ့ ဧပြီလ၁ရက်မှစ၍ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများ အခမဲ့အားသွင်းနိုင်ရန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် စင်တာတွင်လျှပ်စစ်မီးအသုံးပြုနိုင်သည့်အတွက် ဂျပန်စာလေ့လာနေသူများ စင်တာသို့လာရောက်ခြင်းကိုလည်း ကြိုဆိုကြောင်း၊စင်တာဖွင့်ချိန်မှာ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့မှစနေနေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း၊ စင်တာသို့လာရောက်အားသွင်းချိန်တွင် စင်တာမှသတ်မှတ်ချက်များကိုလိုက်နာပေးပါရန်မေတ္တာရပ်ခံကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများနှင့် အရပ်ဒေသများ အမြန်ဆုံး ပြန်လည်ထူထောင်လာစေရန် ဆုတောင်းမေတ္တာပို့အပ်ပြီး ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံ၏မိတ်ဆွေသင်္ဂဟဖြစ်သည့် မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအား တတ်စွမ်းသမျှကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ အရေးပေါ်ဖုန်းအားသွင်းရန်လိုအပ်သူများအနေဖြင့် ယနေ့မှစတင်ကာ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ၌ လူတဉီးလျှင် ဖုန်းတလုံးနှုန်းဖြင့်လာရောက်အားသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 1 April 2025
▪️ အာရုံကြောနည်းပညာကုမ္ပဏီ Elemindက ဦးနှောက်လှိုင်းတွေကို ပြောင်းလဲကာ လျင်မြန်စွာအိပ်ပျော်စေမယ့် နည်းပညာမြင့် ခေါင်းပတ်တစ်ခုကို စမ်းသပ်တီထွင်လိုက်ပါတယ်။
▪️ အမေရိကန်မှာ အရွယ်ရောက်ပြီးသူ ၄၂ ရာခိုင်နှုန်းက လုံလောက်တဲ့အိပ်ချိန်မရဘဲ ၂၅ ရာခိုင်နှုန်းကသာ တစ်ညကို ၈ နာရီအိပ်ချိန်ရတယ်လို့ စစ်တမ်းတစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ အိပ်ရေးမဝခြင်းကြောင့် ဦးနှောက်အိုမင်းခြင်း၊ ဝမ်းတွင်းအဆီ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ပြဿနာ၊ စိတ်ဓာတ်ကျခြင်း၊ ရောင်ရမ်းခြင်းတို့အပါအဝင် ကျန်းမာရေးပြဿနာ အများအပြား ဖြစ်လာနိုင်ပါတယ်။
▪️ Elemind မှ ထုတ်လုပ်တဲ့ ၃၄၉ ဒေါ်လာတန် ခေါင်းပတ်ဟာ ဦးနှောက်အတွက် ဆူညံသံဖယ်ရှားပေးတဲ့သဘော ဖြစ်ကာ အာရုံခံကိရိယာများ အသုံးပြုပီး ငြိမ်သက်တဲ့ပုံစံ ဖန်တီးပေးတယ်လို့ စီအီးအို မယ်ရီဒစ်ပယ်ရီက ရှင်းပြပါတယ်။
▪️ ဦးနှောက်လှိုင်းတွေကို ဖတ်ပြီး နိုးကြားမှုနဲ့ဆက်စပ်နေတဲ့ ဦးနှောက်လှိုင်းတွေကို နှောင့်ယှက်ကာ အိပ်ပျော်စေမယ့် ဦးနှောက်လှိုင်းဖြစ်လာစေရန် အသံခုန်နှုန်းလွှတ်ပေးပါတယ်။
▪️ သီချင်းနားထောင်ရင်း စိတ်ပြေလျော့စေသလိုမျိုး ဦးနှောက်အိပ်စက်သွားစေရန် အသံလေးအသုံးပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ လက်တွေ့စမ်းသပ်ချက်တွေမှာ ခေါင်းပတ်အသုံးပြုတဲ့လူ ၇၆ ရာခိုင်နှုန်းက ပုံမှန်ထက် ၄၈ ရာခိုင်နှုန်း လျင်မြန်စွာအိပ်ပျော်သွားကာ အချို့ကတော့ ၇၄ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ အိပ်ပျော်သွားပါတယ်။
▪️ မျက်လုံးဖွင့်ထားရင်တော့ ဦးနှောက်လှိုင်းတွေကို မဖတ်နိုင်တာကြောင့် မျက်လုံးပိတ်ထားဖို့တော့ လိုပါတယ်။
▪️ ပယ်ရီကိုယ်တိုင်လည်း ညတိုင်း သူ့ပစ္စည်းကို အသုံးပြုနေပြီး အိပ်စက်မှုအတွက် အပြောင်းအလဲကြီးတစ်ခုလို့ ပြောပါတယ်။
▪️ လူအများစုကတော့ စသုံးသုံးချင်းတစ်ပတ်အတွင်း အသားကျဖို့အချိန်ယူရမယ်လို့ ဆိုပါတယ်။
#Source: New York Post
“ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာမှာကို ကျွန်တော်တို့စိုးရိမ်နေပါတယ်”
Oscar Sch
ဆရာဝန်
နယ်စည်းမခြားဆရာဝန်များအဖွဲ့
ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေတဲ့အတွက် ငလျင်ဒဏ်ခံစားရတဲ့ဒေသများတွင် ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာမှာ စိုးရိမ်မိတယ်လို့ မြန်မာငလျင်ဘေး ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Medecins Sans Frontieres (MSF)က ဆရာဝန် Oscar Sch ကပြောပါတယ်။
Source CCTV+
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အတိုင်ပင်ခံအကြီးအကဲ မူဟာမက်ယူနွတ်စ်နဲ့ သောကြာနေ့က ပေကျင်းမှာတွေ့ဆုံခဲ့ကာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်ကဲ့သို့ ဆောင်ရွက်ချက်ဘောင်များအောက်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နောက်တစ်ဆင့်မြှင့်တင်ဖို့တောင်းဆိုလိုက်ပါတယ်။
#Asia_News
Published 31 March 2025
#တရုတ်သမ္မတရှီကျင့်ဖျင် #မူဟာမက်ယူနွတ်စ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 31 March 2025
၁။ ဧည့်မထဆန်အိတ်(၃)သိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ရောင်းချပေးမည်
၂။ ပြည်ပသို့ကျွမ်းကျင်မြန်မာလုပ်သားအဖြစ် မိမိအစီအစဉ်ဖြင့်သွားရောက်ရန် လျှောက်ထားမှုကို ဧပြီ ၂၂ ရက်တွင် စတင်လက်ခံသွားမည်
၃။ ဧပြီလဆန်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ဟုဆို
၄။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအကြီးအကဲ ယူနွတ်စ်တို့တွေ့ဆုံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ငလျင်ဘေးအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ပထမအသုတ် ကယ်ဆယ်ရေးပစ္စည်းများ မတ် ၃၁ရက် မနက်က ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပို့ဆောင်ခဲ့ပါတယ်
Video- CGTN/CMG
#World_News
Published 31 March 2025
▪️ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အီရန်နဲ့ အမေရိကန်တို့ သဘောတူညီမှုမရပါက ဗုံးကျဲခြင်းတွေ ထပ်ဆင့်အခွန်စည်းကြပ်တာတွေ ပြုလုပ်သွားမယ်လို့ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ အီရန်ကို ခြိမ်းခြောက်လိုက်ပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီရန်ဟာ အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းမှုကို ပယ်ချခဲ့ပြီးနောက် ထရမ့်က ပထမဦးဆုံး ပြောလိုက်တာဖြစ်ကာ အမေရိကန်နဲ့ အီရန်အရာရှိများ ပြောဆိုနေကြပေမယ့် အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။
▪️ "သဘောတူညီချက်မရရင် အရင်က တစ်ခါမှမမြင်ဖူးသလိုမျိုး ဗုံးကျဲတာတွေ ဖြစ်လာပါမယ်။ အရင် ၄ နှစ်ကလိုမျိုး ထပ်ဆင့်အခွန်တွေ ချမှတ်သွားမယ်" လို့ ထရမ့်ကပြောပါတယ်။
▪️ နျူကလီးယား သဘောတူညီချက်သစ်ရရှိဖို့ ထရမ့်က စာရေးသားပေးပို့ခဲ့တာကို အီရန်က အိုမန်ကနေတဆင့် တုံ့ပြန်ခဲ့ကာ ယင်းတို့ရဲ့မူဝါဒအရ အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းမှု မပြုလုပ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က ပြောသွားပါတယ်။
▪️ အီရန်သမ္မတ မာဆွတ်ပီဇက်ရှခီယန်ကလည်း အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းခြင်းကို ငြင်းပယ်လိုက်ပြီး အမြဲတမ်းသွယ်ဝိုက်ညှိနှိုင်းမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
▪️ ထရမ့်က ထပ်ဆင့်အခွန်တွေနဲ့ ခြိမ်းခြောက်လိုက်ကာ အီရန်ရဲ့ထုတ်ကုန်တွေကို ဝယ်ယူမယ့်သူတွေထံ သက်ရောက်စေမှာဖြစ်ပါတယ်။
▪️ ယင်းတို့ကို ရက်သတ္တပတ်အနည်းငယ် အချိန်ပေးထားပြီး တိုးတက်မှုမရှိပါက ချမှတ်သွားမှာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၆ နှစ်ကလည်း ထရမ့်ပထမအကြိမ် သမ္မတဖြစ်စဉ် ချမှတ်ခဲ့ရာမှာ အလွန်သက်ရောက်မှုရှိခဲ့ကြောင်း ပြောသွားပါတယ်။
▪️ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ချမှတ်ခဲ့ကာ ထိုနောက်ပိုင်း အီရန်က ယူရေနီယံကြွယ်ဝရေး တိုးချဲ့အစီအစဉ်မှာ သဘောတူညီချက် အကန့်အသတ်ထက် ကျော်လွန်ပြုလုပ်ခဲ့ပါတယ်။
▪️ အနောက်နိုင်ငံတွေက အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်အသုံးချဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲထားပေမယ့် အီရန်ကတော့ အရပ်ဘက်စွမ်းအင်ကဏ္ဍအတွက် နျူကလီးယား အစီအစဉ်ပြုလုပ်တယ်လို့ ဆိုထားပါတယ်။
#Source: Reuters
စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်များကို Traffic Control Center မှ နည်းပညာမြင့် Telematics စက်များ၊ CCTV record များဖြင့် မှတ်တမ်းရယူပြီး အရေးယူနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကသိရပါတယ်။
#Local_News
Published 31 March 2025
#Traffic_Control_Center #YRTC
#YMG/NN #Yangon_Times
လာမယ့် ဧပြီလဆန်းကစတင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးလိုက်ပါတယ်။
#Local_News
Published 31 March 2025
#လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင် #မိုးလေဝသပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို ကျွမ်းကျင်မြန်မာလုပ်သားအဖြစ် မိမိအစီအစဉ်နဲ့ သွားရောက်ဖို့ လျှောက်ထားမှုတွေကို လာမယ့် ဧပြီ၂၂ရက်မှာ စတင်လက်ခံသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 31 March 2025
#ကျွမ်းကျင်မြန်မာလုပ်သား #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
Page 343 of 1938