ဆေးရုံတင်ရတဲ့ ဝမ်းပျက်ဝမ်းလျှောလူနာ ဇူလိုင်(၁၀)ရက်တစ်ရက်ထဲမှာကို(၁၁၅)ဦးအထိရှိ၊ (၅)ရက်အတွင်း(၃၄၆)ဦးရှိပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ(၄၂)ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 11 July 2024
#ဝမ်းပျက်ဝမ်းလျှောလူနာ #(၅)ရက်အတွင်း(၃၄၆)ဦးအထိရှိ
#tthl #Yangon_Times
#Local_News
Published 11 July 2024
▪️ နယ်စပ်ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့် ရန်ကုန် - ကော့သောင်း - ရနောင်း(ထိုင်း)သို့ ကွန်တိန်နာသင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းမှ ထွက်ခွာလာသော ကွန်တိန်နာသင်္ဘောကြီးမှာ ဇူလိုင် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ် Check Point ပြခဲ့ပြီး ထိုင်းနိုင်ငံရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက်ထွက်ခွာသွားခဲ့သည်ဟုဆိုသည်။
▪️ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရနောင်းမြို့သို့ နယ်စပ်ကုန်သွယ်ရေး (Border Trade Method) စနစ်ဖြင့် ရောက်ရှိလာသည့်အဆိုပါ ကုန်တင်သင်္ဘောမှာ ကော့သောင်းမြို့ဆိပ်ကမ်းတွင် Check Point အစစ်ဆေးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် မြဝတီ၊ ဘုရားသုံးဆူ၊ ကယား ပြည်နယ်၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ဆိုင်းငံ့ထားကြောင်း၊ ရေကြောင်းခရီးကို အသုံးပြုပြီးကွန်တိန်နာစနစ်ဖြင့် သွားရန်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ပုံစံအသစ်စနစ်အသစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်တိန်နာသင်္ဘောကြီးမှာ အိန္ဒိယသင်္ဘော MV - BEYPORE SULTAN ဖြစ်ကာ သန့်စင်ပြီး ခဲသတ္တု ၉၉ တန်ပါ ကွန်တိန်နာ လေးလုံး၊ ပြောင်းဆန်တန် ၁၃၀၀ ပါ ကွန်တိန်နာ ၅၂ လုံးတို့ကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့ဆိပ်ကမ်းသို့ ဇူလိုင် ၇ ရက် ညတွင် ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၈ ရက်တွင် အစစ်ဆေးခံကာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း၊
▪️ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်က တနင်္သာရီ တိုင်းဒေသကြီးမြိတ်မြို့ ပုလဲသန္တာဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ - ထိုင်းဒေသအဆင့် နယ်ခြားကော်မတီအစည်းအဝေးမှရရှိခဲ့သော ရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#World_News
Published 11 July 2024
▪️ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေ၊ အလှူရှင်တွေကို လွှမ်းမိုးနိုင်လောက်အောင် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်များဖြစ်တဲ့ နန်စီပယ်လိုစီ၊ ဂျော့ဂျ်ကလူနီနဲ့ အထက်လွှတ်တော်မှ အခြားဒီမိုကရက်နှစ်ဦးတို့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲထပ်မံယှဉ်ပြိုင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်သံသယ ဖြစ်လာကြပါတယ်။
▪️ ဘိုင်ဒင်အနေဖြင့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခြင်းရှိမရှိ အလျင်အမြန် ဆုံးဖြတ်ဖို့လိုအပ်ကြောင်း အောက်လွှတ်တော်ဥက္ကဌဟောင်းဖြစ်ပြီး ဘိုင်ဒင်ရဲ့ မိတ်ဖက်လည်းဖြစ်ခဲ့တဲ့ ပယ်လိုစီက ပြောကြားသွားပါတယ်။
▪️ ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်ပြီး ပြီးခဲ့တဲ့လက ဘိုင်ဒင်အတွက် ရန်ပုံငွေပွဲ ပူးတွဲလက်ခံပြုလုပ်ပေးခဲ့တဲ့ ဒီမိုကရက် ဘက်တော်သား ကလူနီဟာလည်း ဘိုင်ဒင်ကို ဆက်လက်ထောက်ခံခြင်း မရှိတော့ဘဲ ၂၀၂၀ ခုနှစ်တုန်းက ပုဂ္ဂိုလ်မျိုး မဟုတ်တော့ဘူးလို့ နယူးယော့ခ်တိုင်းမ်ကို ပြောသွားပါတယ်။
▪️ အထက်လွှတ်တော်ခေါင်းဆောင် ချက်ခ်ရှူမာက အခြားဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း အခွင့်အလမ်းဖွင့်ပေးထားတယ်လို့ အလှူရှင်တွေကို အသိပေးလိုက်ပါတယ်။
▪️ အထက်လွှတ်တော်အမတ် ပီတာဝဲ့လ်ချ်က ဘိုင်ဒင်အနေဖြင့် နောက်ဆုတ်သင့်ပြီလို့ ဆိုလိုက်ကာ သမ္မတကို ဘေးဖယ်ခိုင်းတဲ့ ပထမဦးဆုံးသော ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဖြစ်လာပါတယ်။
▪️ ကြာသပတေးနေ့ ဘိုင်ဒင်နဲ့အစည်းအဝေးမှာ အထက်လွှတ်တော် ဒီမိုကရက်အချို့က သူတို့ရဲ့ သံသယအမြင်တွေကို ထုတ်ဖော်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
▪️ ပယ်လိုစီရဲ့ မှတ်ချက်စကားများကြောင့် ကျန်တဲ့ ဒီမိုကရက်နောက်လိုက်တွေကလည်း ဘိုင်ဒင်ကို ရွေးကောက်ပွဲကနေ နောက်ဆုတ်ပေးဖို့ တောင်းဆိုလာနိုင်ပါတယ်။
▪️ ဘိုင်ဒင်ကတော့ စကားစစ်ထိုးပွဲမှာ အခြေအနေမလှခဲ့ပေမယ့် ယင်းဟာ ထရမ့်ကိုအနိုင်ယူဖို့ အသင့်တော်ဆုံးသူဖြစ်ပြီး ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
▪️ ဘိုင်ဒင်သာ နုတ်ထွက်ပါက အစားထိုးဖို့ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့ဆုံးကပြေးနေတဲ့ ဒုသမ္မတ ကာမယ်လာအဲရစ်က ဘိုင်ဒင်ကို နောက်ထပ် ၄ နှစ်ဆက်ရှိစေဖို့ ဒဲလက်စ်မှာ လူပေါင်း ၁၉၀၀၀ ရှေ့ မိန့်ခွန်းပြောကြွေးကြော်ခဲ့ပါတယ်။
▪️ ပယ်လိုစီကတော့ ဘိုင်ဒင်ဆန္ဒရှိတဲ့အတိုင်း လုပ်စေချင်ပြီး အချိန်သိပ်မရှိတော့တာကြောင့် မြန်မြန်ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းအားပေးနေပါတယ်လို့ ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 11 July 2024
▪️ ETH ဇူးရစ်နဲ့ အင်ပီရီယယ်ကောလိပ်လန်ဒန်မှ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ မြေငလျင်အချက်အလက်များ အသုံးပြုပြီး ယခင်က မသိရှိခဲ့တဲ့ ဥက္ကာခဲများက မားစ်ဂြိုဟ်ပေါ် ရိုက်ခတ်နေပုံကို တွေ့ရှိခဲ့ကြပါတယ်။
▪️ တွေ့ရှိချက်များအရ နှစ်စဉ်ဥက္ကာခဲပေါင်း ၂၈၀ မှ ၃၆၀ လောက်ဟာ မားစ်ဂြိုဟ်ပေါ် ကျရောက်နေပြီး ၈ မီတာထက်ကျယ်ပြန့်တဲ့ ကြွင်းပေါက်များ ကျန်နေခဲ့ပါတယ်။
▪️ ဒီနှုန်းထားဟာ ပတ်လမ်းကြောင်းပုံဖော်ခြင်း တစ်ခုတည်းကနေ ခန့်မှန်းထားတာထက် ၅ ဆလောက် ပိုများနေပြီး မြေငလျင်တိုင်းနည်းပညာက ထိုနှုန်းထားတွေကို တိုင်းတာဖို့ အသင့်လျော်ဆုံး ကိရိယာတစ်ခုဖြစ်ကြောင်း သုတေသနခေါင်းဆောင် ဂျရဲလ်ဒင်းဇန်ဟော့ဆန်က ပြောသွားပါတယ်။
▪️ ထိုသုံးသပ်ချက်များအရ အာကာသမှ ကျောက်ခဲတွေဟာ မားစ်ဂြိုဟ်ကို ထင်ထားတာထက် ပိုပြီးရိုက်ခတ်နေပါတယ်။
▪️ ခန့်မှန်းချက်များအရ ထိုကျောက်ခဲတွေဟာ ဘက်စ်ကတ်ဘော အရွယ်အစားလောက် ရှိပါတယ်။
▪️ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ ကြွင်းပေါက်ဖြစ်ပေါ်မှုနှုန်းကို ကြည့်ရှုပြီး ထိုမျက်နှာပြင် သက်တမ်းဘယ်လောက်ရှိလဲ ဆိုတာကို သိရှိနိုင်စေမှာ ဖြစ်ပါတယ်။
▪️ ကြွင်းပေါက်ဝတွေပိုများတဲ့ မျက်နှာပြင်အပိုင်းဟာ ကြွင်းပေါက်ဝနည်းတဲ့ မျက်နှာပြင်ထက် သက်တမ်းပိုရင့်တယ်လို့ ယူဆရကြောင်း အင်ပီရီယယ်ကောလိပ်လန်ဒန်မှ အာကာသဂြိုဟ် သိပ္ပံပညာရှင် နာတယ်လီယာဝစ်ဆီကာက ပြောပါတယ်။
▪️ မားစ်ဂြိုဟ်ဟာ ယင်းပတ်လမ်းကြောင်းနဲ့ ဂျူပီတာပတ်လမ်းကြောင်း ကြားမှာတည်ရှိနေတဲ့အတွက် ဥက္ကာခဲရိုက်ခတ်မှုဒဏ်ကို ပိုခံစားရတာ ဖြစ်နိုင်ပါတယ်။
▪️ InSight ငလျင်တိုင်းကိရိယာဖြင့် ထိုအကျယ်အဝန်းအတွင်း ဥက္ကာခဲကျရောက်သမျှကို သိရှိနိုင်တယ်လို့ ပြောသွားပါတယ်။
#Source: WION
#World_Health
Published 11July 2024
▪️ အဝေးမှုန်ခြင်းဆိုတာက အဝေးကအရာတွေကို ကြည့်ရာမှာ မှုန်ဝါးနေပြီး အနီးကပ်ကြည့်ရင်တော့ ကြည်လင်နေဆဲ ဖြစပါတယ်။
ဒါဟာ မျက်လုံးရဲ့သဏ္ဍာန်က ဝင်လာတဲ့ အလင်းတန်းတွေ ပုံမှန်မဟုတ် ကွေးသွားစေတာကြောင့် ဖြစ်ပါတယ်။
▪️ စမတ်ဖုန်း၊ ကွန်ပျူတာ၊ တီဗီဖန်သားပြင်များကို ကြာရှည်ကြည့်ရှုခြင်းက အဝေးမှုန်ခြင်းအခြေအနေနဲ့ ဘယ်လောက်ထိ သက်ရောက်နေလဲဆိုတာကို တရုတ်ပြည် ဆူချောင်တက္ကသိုလ်မှ သုတေသီများ လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
▪️ ပါဝင်စမ်းသပ်သူ ၁၀၂၃၆၀ ဦးဖြင့် လေ့လာချက် ၁၉ ခုကို သုံးသပ်ခဲ့ကြပြီး ကျန်းမာရေးအချက်အလက်များ အသုံးပြုခဲ့ကြပါတယ်။
စက်ပစ္စည်းဖန်သားပြင်ကို အချိန်ကြာမြင့်စွာ ကြည့်ရှုတတ်တဲ့ ကလေးတွေမှာ အဝေးမှုန်လက္ခဏာ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရပါတယ်။
▪️ ဖန်သားပြင်ကြည့်ရှုချိန် ပိုများလေ အဝေးမှုန်လက္ခဏာ ဖြစ်နိုင်ခြေပိုများလေ ဖြစ်ပါတယ်။
▪️ ကွန်ပျူတာနဲ့ တီဗီကြည့်ရှုခြင်းတို့က အဝေးမှုန်ခြင်းဖြစ်နိုင်ခြေ ပိုများပေမယ့် စမတ်ဖုန်းအသုံးပြုခြင်းကတော့ သိပ်ပြီးသေချာမသိရသေးပါဘူး။
▪️ ၂၀၀၈ နောက်ပိုင်းပြုလုပ်တဲ့ သုတေသနနဲ့ အရှေ့အာရှ၊ တောင်အာရှတို့မှ လေ့လာချက်တွေမှာ ဖြစ်နိုင်ခြေက ပိုပြီးသိသာထင်ရှားပါတယ်။
▪️ လေ့လာချက်အများစုက အကျိုးပြုပေမယ့် ပမာဏနည်းပါးခြင်းနဲ့ အခြားအချက်အလက်များကို ထည့်သွင်းမထားခြင်းတို့က ကန့်သတ်ချက်တွေ ဖြစ်လာပါတယ်။
▪️ ထိုလေ့လာချက်များအရ ဖန်သားပြင်ကြာရှည်စွာကြည့်ရှုခြင်းက ကလေးတွေရဲ့ မျက်လုံးကျန်းမာရေးအပေါ် သက်ရောက်နိုင်ပုံတွေကို ဖော်ပြထားပြီး ကြည့်ရှုချိန် ကန့်သတ်ခြင်းဖြင့် အဝေးမှုန်ဖြစ်နိုင်ခြေ လျှော့ချနိုင်မယ်လို့ ယူဆရပါတယ်။
#Source: India Today
၁၁ ဇူလိုင် ၂၀၂၄
အိန္ဒိယနိုင်ငံဟာ ကမ္ဘာကြီးထံ “ ဗုဒ္ဓ” ကို ပေးအပ်ခဲ့တာဖြစ်ပြီး “ယုဒ္ဓ” ကိုမပေးခဲ့ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၀) ကပြောကြားခဲ့ပါတယ်။ “ယုဒ္ဓ” ဆိုတာ သက္ကတ ဘာသာစကားဖြစ်ပြီး စစ်ပွဲများလို့ အနက်အဓိပ္ပါယ်ရတာဖြစ်ပါတယ်။
ဆိုလိုတာက အိန္ဒိယဟာ ငြိမ်းချမ်းရေးနှင့်ကြွယ်ဝချမ်းသာရေးကိုသာ အမြဲတမ်းပေးနေတာဖြစ်လို့ ၂၁ရာစုမှာ နိုင်ငံရဲ့ အခန်းကဏ္ဍဟာ တောင့်တင်းခိုင်မာလာနေတာဖြစ်တယ်လို့ပြောပါတယ်။
ဗီယင်နာမှာရှိတဲ့ အိန္ဒိယလူမျိုးအသိုက်အဝန်းကို မိုဒီက တွေ့ဆုံမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယဟာ အကောင်းဆုံး၊အထူးချွန်ဆုံးနှင့် အကြီးမားဆုံးတွေရရှိဖို့နှင့်အမြင့်မားဆုံးမှတ်တိုင်တွေစိုက်ထူဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့လည်း ပြောလိုက်ပါတယ်၊။
“ နှစ်ပေါင်းထောင်ချီတုန်းက ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဗဟုသုတနှင့်အတွေ့အကြုံတွေကို မျှဝေပေးခဲ့တယ်။ ကျွန်တော်တို့ ယုဒ္ဓကို မပေးခဲ့ဘူး။ ကျွန်တော်တို့ “ဗုဒ္ဓ” ကိုပေးခဲ့တယ်။ အိန္ဒိယဟာ ငြိမ်းချမ်းရေးနှင့်ကြွယ်ဝရေးကိ အမြဲတမ်းပေးတယ်။ အဲဒါကြောင့် အိန္ဒိယ အခန်းကဏ္ဍဟာ ၂၁ရာစုမှာ တောင့်တင်းခိုင်မာလာနေတာဖြစ်တယ်” လို့ သူကပြောပါတယ်။
မိုဒီဟာ မော်စကိုမှာ ရုရှားသမ္မတဗလက်ဒီမာ ပူတင်နှင့်တွေ့ဆုံပြီးနောက် ဩစတြီးယားသို့ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ မိုဒီက ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့အရေးကြီးကြောင်း ပူတင်နှင့်တွေ့ဆုံစဉ် အထူးတလည်ပြောကြားခဲ့ပါတယ်။
Source PTI
@knl/ymg
#Daily_News
Published 10 July 2024
၁။ မြစ်ကြီးနားတက္ကသိုလ်စာကြည့်တိုက်ရေနစ်မြုပ်သွား၍ စာအုပ်သောင်းချီပျက်စီးဆုံးရှုံး၊ လှူဒါန်းလိုသူများကိုဖိတ်ခေါ်
၂။ ယနေ့ကမ္ဘာ့ရွှေဈေးကျ၍ မြန်မာ့ရွှေဈေးကျပ်(၁၇၀၀၀)ကျော်ကျ
၃။ တရုတ်နိုင်ငံသို့ဆန်နှင့်ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များ စိတ်ဝင်စားမှု EOI အဆိုပြုလွှာလျှောက်ထားနိုင်
၄။ နီပေါတွင် မိုးအကြီးအကျယ်ရွာသွန်းကာ ရေကြီးသဖြင့်ထိခိုက်ဆုံးရှုံးမှုများရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းရှိမြို့နယ် ၃၃ ခုမှာ ဒီကနေ့ကစတင်ပြီး ပစ္စည်းရောက်ငွေချေစနစ်နဲ့ ဆန်တွေရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 July 2024
#ပစ္စည်းရောက်ငွေချေစနစ် #ဆန်ရောင်းချပေးမှု
#NN #Yangon_Times
ဇွန် ၁၀ ရက် ဒီကနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြစ်တွင်းက သဗ္ဗာန်မှောက်ဖြစ်စဉ်အတွင်းမှာ ကျောင်းသားသုံးဦးပါဝင်တဲ့ ပျောက်ဆုံးသူရှစ်ဦးအထိရှိနေဆဲဖြစ်တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
#Local_News
Published 10 July 2024
#ရန်ကုန်မြစ်တွင်းသဗ္ဗာန်မှောက် #ပျောက်ဆုံးသူရှစ်ဦးရှိ
#YMG/NN #Yangon_Times
#Local_News
Published 10 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၌ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ဝရိန်ဆော်သူအမျိုးသား(၁)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းများမှ သိရသည်။
▪️ ဇူလိုင် ၁၀ရက်နေ့၊ နေ့လယ် ၁နာရီ ၂၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၇၇ ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆီဘောက်ဆာအားဝရိန်ဆော်ရာမှပေါက်ကွဲမှုဖြစ်ပွါးမှု ဖြစ်စဉ်ကြောင့် ဝရိန်ဆော်သူအမျိုးသား(၁)ဦးေ_သဆုံးပြီး ရှင်သန်ခွင့်လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
တရုတ်နိုင်ငံသို့ ဆန်နဲ့ ဆန်ကွဲတင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုတဲ့ ကုမ္ပဏီအသစ်တွေ စိတ်ဝင်စားမှု EOI
အဆိုပြုလွှာတွေ လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 July 2024
#ဆန်နှင့်ဆန်ကွဲတင်ပို့ #EOIအဆိုပြုလွှာလျှောက်ထားနိုင်
#NN #Yangon_Times
ယနေ့ကမ္ဘာ့ရွှေဈေးဟာမနေ့ကထက် (၁၁)ဒေါ်လာကျဆင်းခဲ့ပြီး မြန်မာ့ရွှေဈေးကျပ်(၁၇၀၀၀)ကျော်ကျဆင်းသွားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 10 July 2024
#ယနေ့ကမ္ဘာ့ရွှေဈေးကျ # မြန်မာ့ရွှေဈေးကျပ်(၁၇၀၀၀)ကျော်ကျ
#tthl #Yangon_Times
Page 343 of 1681