#Local_News
Published 29 September 2025

▪️ ကာဇက်စတန်နိုင်ငံ၊ အဲမာတီမြို့တွင် စက်တင်ဘာလ၁၈ရက်မှ အောက်တိုဘာလ ၁ ရက်အထိ ကျင်းပနေသည့် ကမ္ဘာ့လူငယ်စစ်တုရင် ပြိုင်ပွဲ၏ မြန်မာ-ကိုရီးယားပွဲစဥ်တွင် မြန်မာကလေးငယ်က ကိုရီးယားလက်ရွေးစင် ကလေးငယ်ကိုအနိုင်ရရှိခဲ့ကြောင်း သိရသည်။

▪️ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲ အသက် (၁၀) နှစ်အောက်ပွဲစဥ် (၈) တွင်
မောင်သာစစ်ကကိုရီးယားနိုင်ငံ လူငယ်လက်ရွေးစင် Lee Jinwoo ကို ပွဲကစားချိန် (၃) နာရီကြာအောင်ကစားပြီး အနိုင်ရ‌ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် မြန်မာကစားသမားလေးက မြန်မာ့ရိုးရာဝတ်စုံ တိုက်ပုံနှင့် ပုဆိုးကိုဝတ်ဆင်ကာ ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် မြန်မာ-ကိုရီးယားပွဲစဥ်သို့ ပြိုင်ပွဲ၏ ဒိုင်ချုပ်WCCC2025 Chief Arbitor ဖြစ်သူ IVAN SYROVY က လာရောက် အားပေးဂုဏ်ပြုပြီး အမှတ်တရဓါတ်ပုံ ရိုက်ခဲ့ကြောင်း၊ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲ အသက် ၁၀ နှစ်အောက်ပွဲတွင် နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ကလေးလူငယ်စစ်တုရင်ချန်ပီယံ ၁၈၅ ယောက်၀င်‌ရောက်ယှဥ်ပြိုင်လျှက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times