#Local_News
Published_2 April 2025
▪️ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော စစ် ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက် ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသများရှိ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စင်းသည် ဧပြီလ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရှိ သီလဝါ ဆိပ်ကမ်း MITT သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ ယင်းကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထဲတွင် အခြေခံလူသုံးကုန်များ၊ အခြေ ခံစား သောက်ကုန်များနှင့် ဆေးဝါး များပါဝင်ပြီး အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များ ထပ်မံရောက်ရှိမည်ဖြစ် ကြောင်း လည်း သိရသည်။
▪️ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(ရေ)မှ အရာရှိစစ်သည်များ၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန် တပ်ဖွဲ့ဝင်များကသက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကလည်းကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများတင် ဆောင် လာ သော အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့် INS Savitri(P-53)တို့ ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း MITT သို့ရောက်ရှိခဲ့သေးကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 2 Apirl 2025
▪️ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၌ ယနေ့မနက်မနက်အသောပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၂ ရက်နေ့၊ မနက်၁၂နာရီ၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းရပ်ကွက်၊ ပြည်လမ်းမကြီး၊ စုပေါင်းရုံးမှတ်တိုင်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အားကယ်ထုတ်နိုင်ခဲ့ပြီး မြို့မလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 Apirl 2025
▪️ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၌ ယနေ့မနက်မနက်အသောပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးညှပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဧပြီ ၂ ရက်နေ့၊ မနက်၁၂နာရီ၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းရပ်ကွက်၊ ပြည်လမ်းမကြီး၊ စုပေါင်းရုံးမှတ်တိုင်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အားကယ်ထုတ်နိုင်ခဲ့ပြီး မြို့မလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 April 2025
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အရေးပါသည့် အဆောက်အဦများအား ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဆီဖြည့်တင်းခြင်း၊ နိုင်ငံတကာလေယာဉ်များအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မြေပြင်လုပ်ငန်းဆောင်တာများအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများ ပုံမှန်ပြန်လည်စတင်လျက်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဧပြီလ ၂ ရက်၊ နံနက်ပိုင်းအထိ ရရှိထားသော စာရင်းများအရ အသက်ဆုံးရှုံးခဲ့ရသူ ၂,၇၁၉ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၂၁ ဦးရှိပြီး၊ ပျောက်ဆုံးသူ ၄၄၁ ဦးရှိကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ခံစားရသည့်ဒေသများတွင် အစိုးရတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းများနှင့်အတူ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြားသောအာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် အခြားသောမိတ်ဆွေနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်၊ သူနာပြုဆေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် အဖွဲ့များခွဲကာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံမှလည်းအကူအညီများ ပေးအပ်နိုင်ရေး ဆန်းစစ်ရန် အဖွဲ့ဝင်-၅ ဦးပါ လေ့လာရေး အဖွဲ့တစ်ဖွဲ့အား မြန်မာနိုင်ငံသို့စေလွှတ်ခဲ့ပြီး ဆရာဝန် နှင့်သူနာပြု (၃၂) ဦး ပါဝင်သည့် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ထားရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 02 April 2025
▪️ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက အင်္ဂါနေ့မှာ ကျန်းမာရေးအေဂျင်စီများမှ ဝန်ထမ်း ၁ သောင်းခန့်ကို အလုံးအရင်းဖြင့် စတင်အလုပ်ထုတ်ပယ်လိုက်ကာ ဝန်ထမ်းများ အသိပေးစာရပြီးနောက် နာရီပိုင်းအကြာမှာပဲ လုံခြုံရေးများက အချို့ဝန်ထမ်းတွေကို ဝင်ရောက်ခွင့် တားဆီးပိတ်ပင်နေတယ်လို့ သတင်းနီးစပ်သူတွေက ပြောပါတယ်။
▪️ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ FDA, CDC, အမျိုးသားကျန်းမာရေးအဖွဲ့အစည်းတို့ အပါအဝင် အဆင့်မြင့်အေဂျင်စီ အများအပြားကို ဝန်ထမ်းအင်အား လျှော့ချလာတာဖြစ်ပြီး ဒါတွေဟာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘီလျံနာ အီလွန်မက်စ်တို့ အစိုးရအမှုထမ်းအင်အားနဲ့ အသုံးစရိတ်လျှော့ချရေး အစီအစဉ်ကြီးထဲက တစ်ခုဖြစ်လာပါတယ်။
▪️ အလုပ်ထုတ်ပယ်သူတွေထဲမှာ ပြည်သူ့ကျန်းမာရေး၊ ကင်ဆာသုတေသန၊ ကာကွယ်ဆေးနဲ့ ဆေးဝါးအသိအမှတ်ပြုရေးတို့ကို ကြီးကြပ်နေတဲ့ ထိပ်သီးသိပ္ပံပညာရှင်တွေ ပါဝင်နေရာ လက်ရှိရောဂါဖြစ်ပွားမှုတွေကို အမေရိကန် ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်လာပါတယ်။
▪️ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ကျန်းမာရေးဝန်ကြီး ရောဘတ်အက်ဖ်ကင်နက်ဒီဂျူနီယာက ဖော်ပြသွားပါတယ်။
▪️ ဆေးဝါးသစ်ဌာနမှ ညွှန်ကြားရေးမှူး ပီတာစတိန်း၊ FDA ဆေးရွက်ကြီးထုတ်ကုန်ဌာန အကြီးအကဲ ဘရိုင်ယန်ကင်း၊ FDAကာကွယ်ဆေး ထိပ်သီးအရာရှိ ပီတာမာ့ခ်တို့ အလုပ်ထုတ်ခံရတဲ့ထဲ ပါဝင်နေပါတယ်။
▪️ "FDAက ပြီးဆုံးသွားပါပြီ။ အသိပညာတွေအကြောင်း၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက် ဘေးကင်းရေးတို့အကြောင်း နက်နဲစွာသဘောပေါက်နားလည်တဲ့ ခေါင်းဆောင်အများစု မရှိတော့ပါဘူး။ သမိုင်းမှာ အမှားကြီးတစ်ခုအနေနဲ့ နာမည်တွင်သွားလိမ့်မယ်" လို့ ကော်မရှင်နာဟောင်း ရောဘတ်ကာလစ်ဖ်က Linkedlnမှာ ဖော်ပြထားပါတယ်။
▪️ ဝန်ထမ်းတွေက ဝါရှင်တန်မြို့လယ် ကျန်းမာရေးဌာနအများအပြား တည်ရှိတဲ့ မယ်ရီဆွစ်ဇာအဆောက်အအုံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းတဲ့အခါမှာ လုံခြုံရေးအစောင့်တွေက အလုပ်ထုတ်ခံရကြောင်း အသိပေးနေကြပါတယ်။
▪️ အလုပ်ထုတ်ခံရကြောင်းကို လုံခြုံရေးအစောင့်တွေက ပြောပြနေရတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 2 April 2025
▪️ မြန်မာ့ငလျင်ဘေးအတွက် ကူညီရန် အိန္ဒိယမှ ထပ်မံပေးအပ်သည့် စားနပ်ရိက္ခာ၄၄၂မက်ထရစ်တန် တင်ေဆာင်လာသည့်သဘ်ော ရန်ကုန်ဆိပ်ကမ်းသို့ ယမန်နေ့ကထွက်ခွာလာပြီဖြစ်ကြောင်း သံရုံးကသတင်းထုတ်ပြန်ထားသည်။
▪️ အဆိုပါ အိန္ဒိယရေတပ်သင်္ဘော Ghariai သည် အိန္ဒိယ၏ ဗြဟ္မာစီမံချက်အရ လာရောက်ခြင်းဖြစ်ပြီး ဆန်၄၀၅ မက်ထရစ်တန် ၊ဟင်းချက်ဆီ၃၀ မက်ထရစ်တန်၊ဘီစကွတ် ၅မက်ထရစ်တန်နှင့် အသင့်စားခေါက်ဆွဲ ၂မက်ထရစ်တန်အပါအဝင် စားနပ်ရိက္ခာအကူအညီ ၄၄၂ မက်ထရစ်တန်ကို တင်ဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုထောက်ပံ့မှုများသည် မြန်မာနိုင်ငံ၏ ထိခိုက်ခံစားနေရသူများ၏ ခတ်တလောစားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်ကြောင်း သိရသည်။
▪️ အိန္ဒိယနိုင်ငံသည် မတ်လ၂၈ရက်က မြန်မာနိုင်ငံ၌ ပြင်းထန်ေသာကလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး၊လူသားချင်းစာနာထောက်ထားမှုအကူအညီ သဘာဝဘေးကယ်ဆယ်ရေးနှင့် ဆေးဝါးအကူအညီများအပါအဝင် လိုအပ်သောပံ့ပိုးကူညီမှုများပေးရန်အတွက်ဗြဟ္မာစီမံချက်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 2 Apirl 2025
▪️ ငလျင်လှုပ်ခတ်ပြီး ငါးရက်မြောက်နေ့၌နေပြည်တော်ရှိ ဟိုတယ်တစ်ခုတွင် အမျိုးသားတစ်ဦး အားအသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဧပြီလ ၂ရက်နေ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ရက်မြောက်နေ့ တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦ၏ အောက်ဆုံး(၂)ထပ် ပြိုကျ၍ ပိတ်မိနေသူ(၂)ဦးအနက် ကျား(၁)ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ကယ်ဆယ်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်(၁)ဦးအား ဆက်လက် ရှာဖွေလျက်ရှိ ကြောင်း သိရသည်၊၊
#YMG/NN #Yangon_Times
#Local_News
Published_2 April 2025
▪️ မြန်မာ-တရုတ်-ထိုင်းသုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင် နေကြရာတွင်ဆက်စပ် ပါဝင်ခဲ့ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကို ဧပြီလ ၁ ရက်က မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်း ချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ အား လိုအပ်သည်များ ဖြည့်စွက်မှာကြားကာပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၁ ရက်ထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၇၂၄ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၃၁၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန် ရှိသည့် ပြည်ပနိုင်ငံသား ၂၄၁၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း နှင့် ၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
#Yangon_Times/PP
#Local_News
Published_2 April 2025
▪️ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦများကို စနစ်တကျ ပြန်လည်ပြုပြင် တည်ဆောက် ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
▪️ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ဧပြီလ ၁ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထက်ပါ အတိုင်းမှာကြားခဲ့ခြင်းလည်းဖြစ်သည်။
▪️ နစက ဥက္ကဌက ပျက်စီးသွားသောပြည်သူ့လွှတ်တော်အဆောက်အဦ၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ အမှတ်(၁)ဂိတ်အဝင်တံတားနှင့်မုခ်ဦး၊အမျိုးသားလွှတ်တော်အဆောက်အဦနေရာများသို့ ရောက်ရှိစဉ် ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စနစ်တကျဖြင့် ပြန်လည်ပြုပြင်တည်ဆောက်သွားရန်၊ ပြုပြင်မှုများကို အဆင့်အလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေများကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_2 April 2025
▪️ ငလျင်ဒဏ်သင့်ဒေသများအတွက် နိုင်ငံတော်က ကျပ်ဘီလျံ ၅၀၀ မ တည်၍ ကူညီကယ်ဆယ်ရေးများ စတင်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၁ ရက်က နေပြည် တော်တွင် ပြုလုပ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ပြောကြားခဲ့သည်။
▪️ ငလျင်နှင့် ပတ်သက်၍ ၁၉၁၂ ခုနှစ်ခန့်မှ စတင်၍ ငလျင်များလှုပ်ခတ်ခဲ့သည့် သင်ခန်းစာများ များစွာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ငလျင်နှင့် ပတ်သက်၍ အလေးထားပြီးဆောင်ရွက်ရန် လိုအပ်ချက်များရှိသည်ကိုတွေ့ရကြောင်း ယင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။
▪️ အဆောက်အဦများ ဆောက်လုပ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့် ငလျင်ဒဏ်ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည်များရှိခြင်းကြောင့် ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးတွင် မလိုလားအပ်ဘဲ သေဆုံးခဲ့ရမှုများ၊ ဒဏ်ရာရရှိခဲ့ရမှုများနှင့် အပျောက်အဆုံးများရှိခဲ့ရကြောင်း လည်း ၎င်းက ပြောသည်။
▪️ ဧပြီလ ၁ ရက် နံနက် ၈ နာရီအချိန်အထိ စာရင်းကောက်ယူမှုများအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦးရှိကြောင်း သိရပြီး ကယ်ဆယ်ရေး လုပ် ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းက ဆိုသည်။
▪️ အဆိုပါ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ငွေသား ကျပ် ၁၀၄ ဒသမ ၄၄ ဘီလျံ၊ အလှူပစ္စည်း ၁၂ ဒသမ ၄ ဘီလျံ၊ စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလျံကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_2 April 2025
▪️ ပြင်းထန်ငလျင်လှုတ်ခတ်ခဲ့သော်လည်းမာရဝိဇယဆင်းတုတော်ကြီးနှင့်ပလ္လင်တော်ကြီး အပါအဝင် တွဲဆက်အပိုင်းများ ကွဲအက်ခြင်းလုံးဝမရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ ငလျင်မလှုပ်ခတ်မီ မတ်လ ၂၇ ရက်တွင် တိုင်းတာထားရှိသည့် အချက်အလက်များနှင့် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးချိန်တွင် တိုင်းတာရရှိသည့် အချက်အလက်များအား တိုက်ဆိုင်စစ်ဆေးချက်များအရ Datum Point များ ပြောင်းလဲသွားခြင်းမရှိကြောင်းနှင့် ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီး တို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့(လုံးဝ)မရှိကြောင်းကို စစ်ဆေးတွေ့ရှိရပြီး ရင်ပြင်တော်ကြီး၊ ဂန္ဓကုဋိတိုက်တို့ရှိ ကျောက်ပြားများ အပါအဝင် သာသနိကအဆောက်အဦများရှိ မျက်နှာကြက်များသာ ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့မှုရှိခဲ့ကြောင်း သိရသည်။
▪️ မာရဝိဇယဆင်းတုတော်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ် တော် အမြင့်ဆုံးဖြစ်ကာ မြန်မာ့ဂုဏ်ဆောင်သည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်သဖြင့် ရေရှည်တည်တံ့ ခိုင်မြဲမှုရှိစေ ရေး ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများအပေါ် တွက်ချက်၍ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ ၁ ရက်က ပြောကြားခဲ့သည်။
▪️ ရုပ်ပွားတော်မြတ်ကြီးသည် ထုထည်ပမာဏကြီးမားပြီး ဉာဏ်တော်အရလည်း ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သကဲ့သို့ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး သည်လည်းအတွင်းအလယ်ဒေါက်တိုင်လုံးဝမပါရှိသည့် အတွင်းလှိုဏ်သဏ္ဍာန်ဒီဇိုင်းရေးဆွဲတည်ဆောက်ထား သော ထုထည်ပမာဏကြီးမားသည့် သာသနိကအဆောက်အဦကြီးတစ်ခုဖြစ်ကြောင်း၊ ပြင်းထန်သည့်ငလျင်သ ဘာဝ ဘေးဒဏ်သည် အင်ဂျင်နီယာပညာရှင်များနှင့် အင်ဂျင်နီယာနည်းပညာများအတွက် ကြီးမားသည့် စိန်ခေါ် မှုပင်ြ ဖစ်ကြောင်း၊ ယခုကဲ့သို့ အလွန်ပြင်းထန်ပြီး ရှားပါးသည့် မြေငလျင်သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မာရဝိ ဇယဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် တိမ်းစောင်းခြင်း၊ နိမ့်ကျခြင်း၊ တွဲဆက်ထားသည့်အပိုင်းများ ကွဲအက်ခြင်းတို့ (လုံးဝ) မရှိခဲ့ခြင်းနှင့် အခြားသာသနိက အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှုအနည်း ဆုံး ဖြစ်ခဲ့သည်မှာ မိမိတို့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူရမည်ဖြစ်ပြီး တည်ထားပူဇော်ရာတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာပညာရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
▪️ မာရဝိဇာယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တန်ချိန် ၂၀၀၀၀ ထိ ခံနိုင်သည့် အောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်း တိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင်အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိမြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လည်း ယင်းကဆိုသည်။
▪️ ယင်းအပြင် ဆင်းတုတော်ကြီး၏ ကျောက်တုံးတော်ကြီးများကို တွဲဆက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီအင်ဂျင်နီယာနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဉာဏ် တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ဆောင်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်းစနစ်ဖြင့် ပေါင်းစပ်ကာကြည်ညိုစဖွယ်သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 02 April 2025
▪️ သုတေသနအသစ်အရ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောက်ရှိတဲ့ သရက်သီးစားပေးရင် အင်ဆူလင်လျှော့ချနိုင်ပြီး အဝလွန်သူတွေမှာ အင်ဆူလင်အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။
▪️ သရက်သီးလတ်လတ်ဆတ်ဆတ်တွေက အဝလွန်သူတွေမှာ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ်လို့ အီလီနွိုက်စ်နည်းပညာတက္ကသိုလ်မှ အစားအစာသိပ္ပံပရော်ဖက်ဆာ အင်ဒီကာအက်ဒရီဆင်ဂယ်က ပြောပါတယ်။
▪️ အမေရိကန်မှာ အဝလွန်ပြဿနာ ကြီးမားလာသလို ဆီးချိုဖြစ်ပွားသူ အရေအတွက်လည်း များလာပါတယ်။
▪️ အင်ဆူလင်ယဉ်ပါးပြီး သွေးတွင်းသကြားဓာတ် အလွန်မြင့်မားတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။
▪️ သုတေသီအဖွဲ့က အသက် ၂၀ မှ ၆၀ အတွင်း အဝလွန်သူ ၄၈ ဦးကို ၂ ဖွဲ့ခွဲခဲ့ပါတယ်။
▪️ တစ်ဖွဲ့ကို နေ့စဉ်သရက်သီး ၂ ခွက်စားခိုင်းပြီး အခြားအဖွဲ့ကိုတော့ အီတလီရေခဲသုပ်တစ်မျိုး စားခိုင်းခဲ့ပါတယ်။
▪️ ဒါ့အပြင် ယင်းတို့ရဲ့ ပုံမှန်စားသောက်နေထိုင်မှုပုံစံအတိုင်း ၄ ပတ်ကြာ စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ဒီနောက်မှာတော့ သရက်သီးစားတဲ့သူတွေဟာ အင်ဆူလင်ယဉ်ပါးခြင်း သိသိသာသာ ကျဆင်းတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါကြောင့် သရက်သီးဟာ ကယ်လိုရီတူညီတဲ့ အခြားစားစရာတွေထက် နှလုံးအတွက် ပိုကောင်းစေတယ်ဆိုတာကို ယူဆစရာဖြစ်လာပါတယ်။
▪️ သရက်သီးရဲ့ သကြားဓာတ်ပါဝင်မှုက ဆီးချိုအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့ ယူဆချက်အလွဲတွေကို ဖြေရှင်းပြတဲ့သဘော တွေ့လာရပါတယ်။
▪️ သရက်သီးက အမျှင်ဓာတ်ကြွယ်ဝကာ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။
▪️ ဗိုက်တာမင်-အေ၊ စီ၊ အီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် အရေပြားနဲ့ ဆံကေသာကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
#Source: New York Post
Page 341 of 1938