#World_Health
Published 02 October 2025

▪️ လေယာဉ်စထွက်တဲ့အခါ ဆင်းသက်တဲ့အခါ ခေါင်းထိုးကိုက်တာမျိုးကို လေယာဉ်စီးခေါင်းကိုက်ခြင်းလို့ ခေါ်ကြပြီး ခံစားရတဲ့ လက္ခဏာ ထင်ရှားပါတယ်။

▪️ အခြားခေါင်းကိုက်ခြင်းတွေနဲ့ မတူတာက နဖူးနားတဝိုက်၊ မျက်လုံးအနောက်ဘက်တွေမှာ စူးရှထိုးအောင့်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

▪️ ရုတ်တရက်ခံစားရနိုင်ကာ များသောအားဖြင့် ခဏပဲခံစားရပါတယ်။

▪️ လေယာဉ်အဆင်းအတက် လုပ်တဲ့အချိန်မှာ လေယာဉ်ခန်းထဲ ဖိအားရုတ်တရက် ပြောင်းလဲတာကြောင့် ဖြစ်ရပြီးတော့ အသက်ရှူလေဝင်လမ်းကြောင်းတွေထဲက ဖိအားနဲ့ လေယာဉ်ထဲကဖိအား ကွာခြားတာကြောင့် ဖြစ်ကြောင်း ဒေါက်တာ ပယ်လက်တီရှီဗာကာသစ်ရက်ဒီက ပြောသွားပါတယ်။

▪️ ခန္ဓာကိုယ်က ဖိအားကို အလျင်အမြန်လိုက်ပြီး မညှိနိုင်တဲ့အခါ ဦးခေါင်းထိုးအောင့်ရတာ ဖြစ်ပါတယ်။

▪️ လေထုဖိအားပြောင်းလဲမှုကို ခံစားလွယ်သူတွေ၊ နှာခေါင်းအတွင်းပေါက်ပြဿနာ ရှိသူတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။

▪️ လေယာဉ်စီးခါနီးမှာ ကာကွယ်တဲ့အနေနဲ့ နှာရည်ပျော်ဆေး၊ နှာခေါင်းအစက်ချဆေးတို့ အသုံးပြုကာ နှာခေါင်းပေါက်တွင်းဖိအားကို လျှော့ချနိုင်သလို ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်းကလည်း အရေးကြီးပါတယ်။

▪️ လေယာဉ်မစီးခင် အိုင်ဗျူပရိုဖန်လိုမျိုး အကိုက်အခဲပျောက်ဆေး ကြိုတင်အသုံးပြုထားရင် ခံစားရတဲ့လက္ခဏာ လျော့ပါးနိုင်မယ်လို့ ရှင်းပြထားပါတယ်။

▪️ မကြာခဏ လေယာဉ်စီးနေရသူများ အပြင်းအထန် ခေါင်းကိုက်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

▪️ လေယာဉ်စီးခေါင်းကိုက်ခြင်းက သတိထားစရာဖြစ်ပေမယ့် အန္တရာယ်မရှိသလို သာမန်နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ကြောင်း ဒေါက်တာ ရက်ဒီက ပြောပါတယ်။

Source: Indian Express