#World_News
Published 02 October 2025
▪️ တက်စလာအမှုဆောင်ချုပ် သူဌေးကြီးအီလွန်မက်စ်ဟာ သမိုင်းမှာ ဒေါ်လာ ၅၀၀ ဘီလီယံနီးပါး ချမ်းသာကြွယ်ဝတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်း Forbes က ဖော်ပြထားပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်မှာ မက်စ်ရဲ့ချမ်းသာမှုက ၄၉၉.၅ ဘီလီယံ ရှိနေပါတယ်။
▪️ တက်စလာစတော့တန်ဖိုး ပြန်လည်မြင့်တက်လာတာတွေ၊ ဒုံးပျံထုတ်လုပ်ရေး SpaceX ၊ xAI ဉာဏ်ရည်တုကုမ္ပဏီလိုမျိုး အခြားကုမ္ပဏီတွေရဲ့ တန်ဖိုးမြင့်တက်လာတာတွေကြောင့် အခုလို စာရင်းဝင်သွားတာ ဖြစ်ပါတယ်။
▪️ တက်စလာကတော့ သူ့ကြွယ်ဝမှုရဲ့ အဓိကလုပ်ငန်းဖြစ်နေပြီး ယခုနှစ်အတွင်း ရှယ်ယာ ၁၄ ရာခိုင်နှုန်းကျော် ခုန်တက်ခဲ့ပါတယ်။
▪️ တစ်နေ့တည်းမှာပင် မက်စ်ရဲ့ကြွယ်ဝမှု ၇ ဘီလီယံကျော် ပိုများလာခဲ့ပါတယ်။
▪️ မက်စ်က ကုမ္ပဏီအနာဂတ်အတွက် ဘယ်လောက်အခရာကျကြောင်း ဘုတ်အဖွဲ့က ရှင်းလင်းပြထားကာ ကားထုတ်လုပ်ရေးက AI နဲ့ စက်ရုပ်နည်းပညာပိုင်းမှာ အထင်ကရဖြစ်လာအောင် အားထုတ်နေပြီး စီအီးအိုအတွက် ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိ လျော်ကြေးငွေ ထုတ်ပြန်လိုက်ပါတယ်။
▪️ ဒါ့အပြင် SpaceX ကလည်း ပုဂ္ဂလိကအာကာသကဏ္ဍမှာ လွှမ်းမိုးနေကာ တန်ဖိုးပိုမြင့်လာပါတယ်။
▪️ xAI နဲ့ အခြားဉာဏ်ရည်တုလုပ်ငန်းသစ်တွေကလည်း တန်ဖိုးကြီးမားလာနေပါတယ်။
▪️ Forbes ဖော်ပြချက်အရ မက်စ်ရဲ့နောက်မှာတော့ Oracle တည်ထောင်သူ လယ်ရီအယ်လီဆန်က ၃၅၁.၅ ဘီလီယံဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။
▪️ မက်စ်က ကား၊ ဒုံးပျံ၊ AI စတဲ့ ကဏ္ဍအမျိုးမျိုးမှာ အောင်မြင်မှုတွေ ရရှိနေတာကြောင့် ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံးအဖြစ် အခိုင်အမာရပ်တည်နေတာ ဖြစ်ပါတယ်။
Source: India Today