#World_Vaccine
Published 10 September 2022
အိုမီခရွန်အပါအဝင် ကိုဗစ်မျိုးဗီဇကွဲအားလုံးကို ၉၅ ရာခိုင်နှုန်းအထိ ထိရောက်စွာချေဖျက်နိုင်ပြီး ရောဂါဖြစ်နိုင်ချေများတဲ့ လူတွေမှာ ကိုယ်ခံအားမြှင့်တင်ပေးနိုင်မယ့် ပဋိပစ္စည်း ၂ မျိုးကို အစ္စရေးလ် တဲလ်အဗစ်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
ခန္ဓာကိုယ်ထဲကို အဆိုပါပဋိပစ္စည်း(antibody)များ ပမာဏမြင့်မားစွာထိုးပေးလိုက်ခြင်းနည်းလမ်းက ကာကွယ်ဆေးအစားထိုးနိုင်မယ့် နည်းလမ်းဖြစ်လာနိုင်ပြီး အထူးသဖြင့် ရောဂါကူးနိုင်ချေများတဲ့သူတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ထိရောက်စေမှာဖြစ်ပါတယ်။
မျိုးဗီဇကွဲအသစ်တစ်ပေါ်တိုင်း ကိုဗစ်ကာကွယ်ဆေးထပ်မံထိုးဖို့ လိုအပ်တဲ့ အနေအထားကို ဒီနည်းလမ်းက ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်။
သုတေသီများက မူလကိုဗစ်ရောဂါ ပိုးကူးစက်ထားပြီး သက်သာလာသူအစ္စရေးလ်လူမျိုးများရဲ့ သွေးတွေထဲက ဘီ-ကိုယ်ခံအားဆဲလ်တွေကို ရယူပြီး လူနာတွေဆီက ထွက်လာတဲ့ ပဋိပစ္စည်း ၉ မျိုးကို ခွဲခြားလေ့လာခဲ့ပါတယ်။
အဲဒီထဲက ပဋိပစ္စည်းအချို့က ဒယ်လ်တာ၊ အိုမီခရွန်နဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်တွေကို ထိရောက်စွာချေဖျက်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
TAU-1109 နဲ့ TAU-2310 ပဋိပစ္စည်း ၂ မျိုးတို့ဟာ အခြားပဋိပစ္စည်းအများစု စပိုက်ခ်ပရိုတိန်းမှာ သွားပေါင်းတဲ့နေရာတွေနဲ့ မတူညီတဲ့နေရာမှာ သွားရောက်ချိတ်ဆက်တာကြောင့် ဒယ်လ်တာနဲ့ အိုမီခရွန်တို့ကို ထိရောက်စွာချေဖျက်နိုင်တာ ဖြစ်ပါတယ်။
မျိုးဗီဇကွဲအသစ်တစ်ခု ထွက်ပေါ်တိုင်း ACE2 receptor ကို သွားပေါင်းတဲ့ ဗိုင်းရပ်စ်ရဲ့စပိုက်ခ်ပရိုတိန်း အစိတ်အပိုင်းပြောင်းလဲလာကာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်းပိုမြန်လာတာဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးနောက်ပိုင်းမှရတဲ့ ပဋိပစ္စည်းတွေကို ရှောင်ရှားသွားနိုင်တာဖြစ်ပါတယ်။
အဲဒီအစား TAU-1109 နဲ့ TAU-2310 တို့က မျိုးဗီဇမပြောင်းလဲနိုင်တဲ့ ဗိုင်းရပ်စ်အစိတ်အပိုင်းနေရာကို သွားရောက်ချိတ်ဆက်တာကြောင့် မျိုးဗီဇကွဲတွေကိုပါ ထိရောက်စွာချေဖျက်နိုင်တာဖြစ်ပါတယ်။
"အရင်ကြုံခဲ့ဖူးတဲ့ ကပ်ရောဂါတွေတုန်းက အတွေ့အကြုံကိုနမူနာယူပြီး ကိုဗစ်ကပ်ရောဂါကို ဖြေရှင်းသင့်ပါတယ်၊ မွေးကင်းစတုန်းက ကျောက်ရောဂါကာကွယ်ဆေးထိုးထားတဲ့ လူတွေက အသက် ၅၀ တိုင်အောင် ကာကွယ်နိုင်ဆဲဖြစ်ပြီး မျောက်ကျောက်ကိုပါ တစ်စိတ်တစ်ပိုင်းကာကွယ်နိုင်ပါတယ်၊ ဒါပေမဲ့ ကိုဗစ်ကတော့ ဒီလိုမဟုတ်ပါဘူး"လို့ သုတေသီတစ်ဦးက ဆိုပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ရောဂါကူးစက်မှုတွေမှရတဲ့ ပဋိပစ္စည်းတွေဟာ ၃ လကျော်ရင် သိသိသာသာကျဆင်းသွားတာက ရောဂါကို ထပ်ခါထပ်ခါကူးစက်ခံရစေပြီး ဒီအကြောင်းအရင်းကို သေချာမသိရှိကြသေးပါဘူး။
ကိုဗစ်ရောဂါက ပြင်းထန်စွာနေမကောင်းဖြစ်တတ်ပေမယ့် စတင်ကူးစက်ပြီးရက်ပိုင်းအတွင်း ပဋိပစ္စည်းရှိနေရင် ဗိုင်းရပ်စ်ပျံ့ပွားမှုကို ဟန့်တားနိုင်ပါတယ်။
ပဋိပစ္စည်းကုသမှုကိုသာ သေချာဆောင်ရွက်နိုင်ရင် မျိုးဗီဇကွဲအသစ်ထွက်လာတိုင်း ကာကွယ်ဆေးလိုက်ထိုးနေစရာ မလိုနိုင်တော့ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published - 9 September 2022
မိုးနှောင်းကာလရောက်လာပြီဖြစ်တဲ့အတွက် မုတ်သုန်မမှန်လို အချိန်တိုတိုအတွင်း မိုးသည်းထန်စွာရွာသွန်းတာနဲ့ နေ့အပူချိန်တွေတိုးတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#World_Industry
Published 9 September 2022
ကြာသပတေးနေ့က စိန့်အမ်မီလီယွန်ရွာရဲ့ ဝိုင်အဆင့်သတ်မှတ်ချက်ကျဆင်းသွားကာ ဂျင်လက်သွန်နီဗင်ရဲ့ စပျစ်ခြံကတော့ ညတွင်းချင်းတန်ဖိုးနှစ်ဆတက်သွားကာ ပြင်သစ်ရဲ့အရသာအထူးကဲဆုံးစံချိန်ကို ပြည့်မီခဲ့တဲ့ အကျိုးကျေးဇူးကို ရရှိလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published- 9 Setember 2022
ဈေးအမြင့်ပိုင်းနဲ့ ပြီးခဲ့တဲ့လမှာ ကားအရောင်းအဝယ်သွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အရောင်းအဝယ်ပုံမှန်အတိုင်း ပြန်ဖြစ်နေတယ်လို့ ကားရောင်းဝယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 9 Sept 2022
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ဗြိတိသျှတွေကို တော်လှန်ခဲ့တဲ့ အိန္ဒိယရဲ့ လွတ်လပ်ရေးသူရဲကောင်း ဆူဘတ်စ် ချန်ဒရာဘို့ရဲ့ ရုပ်တုဖွင့်ပွဲကို ကြာသပတေးနေ့က တက်ရောက်ခဲ့ပါတယ်။ ဆူဘရာချန်ဒရာဘို့စ်ဟာ မဟတ္တမ ဂန္ဒီနှင့် ခေတ်ပြိုင်ထင်ရှားသူနှင့် ဩဇာကြီးမားသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
သူ့ကို နီတာဂျီ ဒါမှမဟုတ် ခေါင်းဆောင်ကြီးလို့လည်း ခေါ်ကြာပါတယ်။ သူ့ရဲ့ရုပ်တုကို နယူးဒေလီမြို့တော်ရဲ့ စစ်အထိမ်းအမှတ်အိန္ဒိယဂိတ်အနီးမှာ ထုလုပ်စိုက်ထူလိုက်တာဖြစ်ပါတယ်။ အဲဒီနေရာမှာ ယခင်က ဗြိတိန်ဘုရင် ဂျော့ -၅ George V ရဲ့ ရုပ်တုရှိခဲ့ပြီး အဲဒီရုပ်တုကိုဖြိုချခဲ့ပြီးနောက် နီတာဂျီးရုပ်တုကို အစားထိုးစိုက်ထူလိုက်တာပါ။
ယခုနှစ်မှာကျရောက်တဲ့ အိန္ဒိယရဲ့ ၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အုပ်ချုပ်ရေးမြို့တော်မှာ ကာလရှည်ကြာကတည်းက စရိတ်မြင့်မားတဲ့ မွမ်းမံပြင်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဘို့စ်ရဲ့ ရုပ်တုဟာ အဲဒီပြုပြင်မွမ်းမံမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
“ ဒီကနေ့ ကျွန်တော်တို့ အတိတ်ကို နောက်ဘက်မှာထားရစ်ခဲ့ကြပြီ” လို့ ရုပ်တုဖွင့်ပွဲမှာ မိုဒီက ပြောပါတယ်။
“ နိုင်ငံမှာ ယနေ့ နီတာဂျီရဲ့ ရုပ်တုကို စိုက်ထူလိုက်ပြီဖြစ်တယ်။ ဒီရုပ်တုဟာ ခေတ်မီပြီးလွတ်လပ်တဲ့ ယုံကြည်မှုရှိတဲ့ အိန္ဒိယကို ဖွံ့ဖြိုးတိုးတက်မှုတွေပေးစွမ်းခဲ့တယ်” လို့ သူကပြောပါတယ်။
မိုဒီရဲ့အာဏာရပါတီဖြစ်တဲ့ ဘီဂျေပီ ပါတီဟာ သန်မာတဲ့ ဟိန္ဒူမျိုးချစ်ဝါဒကို ထောက်ခံအားပေးထားပါတယ်။ ဒီဝါဒဟာ ပြင်ပဩဇာလွှမ်းမိုးမှုနှင့်ကြီးစိုးမှုကိုဆန့်ကျင်တဲ့ သမိုင်းဆိုင်ရာပုဂ္ဂိုလ်ကြီးတွေပေါ်ပေါက်ခဲ့စေပါတယ်။
ဘီဂျေပီဟာ ဘို့စ် ကို ကိုလိုနီဆန့်ကျင်ရေးသူရဲကောင်းအဖြစ် အမွှမ်းတင်ထားပြီး အိန္ဒိယရဲ့ အဓိကအတိုက်အခံပါတီနှင့် နှီးနွယ်နေတဲ့ ဂန္ဒီနှင့် ဝန်ကြီးချုပ်ဟောင်းနေရူးတို့ကို မှိန်ထားခဲ့ပါတယ်။
မိုဒီဟာ ဒေလီရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Red Fort မှာ ၂၀၁၉ခုနှစ်က ဘို့စ်ရဲ့ပြတိုက်ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ ဒီနှစ်ဆန်းမှာ သူ့ကို လွတ်လပ်ရေးရဲ့ကြီးမြတ်တဲ့ သူရဲကောင်းကြီး” လို့ မိုဒီက ဂုဏ်ပြုခေါ်ဆိုခဲ့ပါတယ်။
ဘိုစ့်ရဲ့ ဖက်ဆစ်နိုင်ငံတွေနှင့်ချစ်ကြည်မှုကြောင့် သူ့ပုံရိပ်ပျက်ခဲ့ပေမယ့် သူ့ကို အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုနေကြတုန်းပဲဖြစ်ပါတယ်။ အချိန်မတိုင်ခင် သူသေဆုံးခဲ့ရတာကလည်း ကြံစည်မှုတစ်ခု အဖြစ် ထင်မြင်နေကြပါတယ်။ ၁၉၄၅ခုနှစ်မှာ သူဟာ ထိုင်ဝမ်မှာရှိနေတုန်း ဂျပန်တစ်ဦးရဲ့ ဗုံးခွဲမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိန္ဒိယပြည်သူတော်တော်များများက သူဟာ တကယ်မသေခဲ့ဘူး။ ဗြိတိသျှအာဏာပိုင်တွေက သူ့ကို ရာဇဝတ်သားအဖြစ် ဖမ်းဝရမ်းထုတ်ထားခံရတဲ့အတွက် မြေအောက်လှုပ်ရှားမှုထဲသွားလို့ရအောင် ဇာတ်လမ်းဆင်ခဲ့တာလို့ အများက ယုံကြည်နေကြဆဲပါ။
ဆယ်စုနှစ်များစွာလွန်မြောက်ခဲ့ပေမယ့် တော်တော်များများက ဘို့စ်ဟာ အသက်ရှင်နေတုန်းပဲဆိုပြီး များစွာသော သီအီုရီတွေထုတ်ပြနေကြပါတယ်။ အဲဒီအထဲမှာ ဆိုဗီယက် ဂူလက်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာကအစ အိန္ဒိယကို တိုးတိုတိတ်တိတ်ပြန်လာပြီး မထင်မရှားနေထိုင်နေတယ်အဆုံး ပါဝင်ကြပါတယ်။
Source: AFP
#Subhas_Chandra_Bose
#Narendra_Modi
#India_Independence_Heroes
#Local_News
Published - 9 September 2022
ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်လူနာတွေသာမက ကိုဗစ်လူနာနဲ့ ထိစပ်ခဲ့သူတွေ၊ နေမကောင်းဖြစ်လို့ ဆေးရုံဆေးပေးခန်းပြသနေရသူတွေကိုပါ နေ့စဉ်ပို့ဆောင်ပေးနေရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းဥက္ကဌ ဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
Published - 9 September 2022
မြန်မာ-ဒူဘိုင်းနှစ်နိုင်ငံရဲအဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့်လူကုန်ကူးသူတရားခံအားလွှဲပြောင်းပေးပြီးလူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး (၇)ဦးအား ကယ်တင်ပေးနိုင်ပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ယူပေးနိုင်ခဲ့ကြောင်းသိရသည်၊၊
ဒူဘိုင်းတွင်အမြဲတမ်းနေထိုင်ခွင့်နှင့်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဖွဲ့သည် ဒူဘိုင်းတွင်လစာ ကောင်းကောင်းဖြင့်အလုပ်လုပ်ရမည်ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသားအမျိုးသမီးငယ်များကို ခေါ်ယူပြီး ဒူဘိုင်းကိုရောက်ရှိသည့်အခါ အီရန်၊အီရတ်၊ကာတာ၊ဘာရိန်း ၊ကူဝိတ်၊ဆော်ဒီ၊ရီမင်၊ဂျော်ဒန်နဲ့အိုမန်အော်နိုင်ငံများသို့အတင်းအကြပ်စေလွှတ်ရောင်းစားမှုများသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ခုနှစ်သြဂုတ်လဆန်းမှစပြီး လေ့လာစုံစမ်းမှုများ ဆောင်ရွက်ခဲ့သည်၊၊
သြဂုတ်လ(၂၅)ရက်က ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီး (၇)ဦးအဖွဲ့ကFacebook လူမှုကွန်ရက်ပေါ်ကတစ်ဆင့်liveလွှင့်ပြီးအကူအညီတောင်းခံခဲ့ရာ မြန်မာ-ဒူဘိုင်းနှစ်နိုင်ငံရဲအဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့်ဒူဘိုင်းတွင်နေထိုင်သည့်လူကုန်ကူးတရားခံအမျိုးသမီးကေသီမြင့်နှင့်မြန်မာနိုင်ငံမှဒူဘိုင်းကိုပို့ဆောင်ပေးနေသည့် တရားခံအမျိုးသမီးနှစ်ဦးကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်စပ်ဆက်ပူးပေါင်းကာ လူကုန်ကူးသူများ၊လူကုန်ကူးမှုကိုအားပေးသူများ၊တရားမဝင်အလုပ်အကိုင်များရှာဖွေပေးနေသည့်အဖွဲ့များ အားဆက်လက်ဖော်ထုတ်လျက်ရှိသည်ဟုဆိုသည်၊၊
လူကုန်ကူးတရားခံအမျိုးသမီးကေသီမြင့်သည် ၂၀၂၁ခုနှစ် မှ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံသားအမျိုးသမီးများစွာကို ဒူဘိုင်းခေါ်ယူပြီး တရားမဝင်အလုပ်အကိုင်များရှာဖွေပေးခြင်း၊တတိယနိုင်ငံသို့ခြိမ်းခြောက်စေလွှတ်ရောင်းစားခြင်း၊ လျှော်ကြေးငွေနှင့်လစာများခေါင်းပုံဖြတ်ရယူခြင်း၊လူကုန်ကူးပြစ်မှုကျူးလွန်ခြင်းများကိုကျူးလွန်ခဲ့သည့်အတွက် ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်းသိရသည်၊၊
ဒူဘိုင်းတွင် လူကုန်ကူးခံရပြီး ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီး (၇)ဦးနှင့်တရားခံကေသီမြင့်တို့ကို နိုင်ငံတော်မှ အကုန်အကျခံပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်းနှင့် မြန်မာအမျိုးသမီး (၇)ဦးကိုအမှုနှင့်ပတ်သက်သည့် လိုအပ်သည့်မေးခွန်းများမေးမြန်းပြီးပါက မိဘဆွေမျိုးများထံစနစ်တကျပြန်လည်အပ်နှံပေးမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
Yangon_Media_Group


#Local_News
Published - 9 September 2022
အခု ဘဏ္ဍာနှစ် ၅ လနီးပါးအတွင်းမှာ ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၆၀ ကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 9 September 2022
၁။ ရေထွက်ကုန် ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိ
၂။ ရန်ကုန်တိုင်းတွင် ကိုဗစ်လူနာများသာမက ထိစပ်ခဲ့သူများ၊ ဆေးရုံဆေးခန်းပြသနေရသူများပါ နေ့စဉ်ပို့ဆောင်ပေးနေရ
၃။ ကားအရောင်းအဝယ် ပုံမှန်အတိုင်းပြန်ဖြစ်နေ
၄။ ဝိုင်အဆင့်သတ်မှတ်ခွဲခြားခြင်းက အကောင်းဆုံးဝိုင်ထွက်ရှိရာ ပြင်သစ်ရွာကို စည်းလုံးမှုပျက်ပြားစေခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-9 Setember 2022
မကြာခင်ဆန်သစ်ပေါ်လာတော့မှာဖြစ်ပြီး တချို့ဆန်သစ်တွေကလည်း ဈေးကွက်ထဲကို စတင်ဝင်ရောက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 9 September 2022
ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို အများပြည်သူများအနေဖြင့် ဗြိတိသျှသံရုံးရန်ကုန်၌ ဝမ်းနည်းမှတ်တမ်းလာရောက်ရေးသားနိုင်ကြောင်း သိရသည်၊၊
ဝမ်းနည်းမှတ်တမ်းစာအုပ်ကို ယနေ့စက်တင်ဘာလ (၉) ရက် ညနေ (၅) နာရီအထိ အမှတ် ၈၀ ၊ ကမ်းနားလမ်း ဗြိတိသျှသံရုံးရန်ကုန်၌ ဖွင့်လှစ်ထားပြီး စက်တင်ဘာ (၁၂) ရက်မှစက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်၊၊
အွန်လိုင်းမှတဆင့် ရေးသားလိုသူများအတွက် ဝမ်းနည်းခြင်း မှတ်တမ်းစာအုပ်ကို https://www.royal.uk/send-message-condolence တွင်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊
ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းရကြောင်းကို ဗြိတိသျှသံရုံးရန်ကုန်မှအကြီးအကဲရူရစ်ခ် မာစ်ဒန်ကလည်း"ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်။ သူမသည် ဘဝတစ်လျှောက်လုံးကို တိုင်းပြည်အတွက် အလုပ်လုပ်ပေးခဲ့သည်သာမက စစ်မှန်တဲ့ ကရုဏာ၊ အကြင်နာတရားနဲ့ ဉာဏ်ပညာအစရှိတဲ့ သမိုင်းဝင်အမွေအနှစ်တွေကိုပါ ချန်ထားခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်အားလုံးအတွက် စိတ်ထဲရင်ထဲမှလာသော ဝမ်းနည်းမှုမျိုးဖြင့် ဝမ်းနည်းမိပါကြောင်း ဗြိတိသျှသံရုံး ရန်ကုန်ကိုယ်စားဖော်ပြအပ်ပါတယ်"ဟု ရေးသားထုတ်ပြန်ခဲ့သည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published _9 September 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုထုတ်သည့် စက်၊ငွေစက္ကူအတုနှင့်အတူ အမျိုးသား ၃ ဦးကို စက်တင်ဘာလ ၈ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် မောင်ပိုင်လင်းထွေး(ခ)ကာရံဖြိုး ၊အသက် ၂၇ နှစ်အရွယ် ပိုင်စိုးသူ(ခ)ကမား တို့နှစ်ဦးကို ငွေတစ်သောင်းတန်အတု ၂၇ ရွက်၊ YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန်အတု အရွက် ၁ဝဝ ပါ ၄ အုပ်၊ ငါးထောင်တန်အတု အရွက် ၁ဝဝ ပါ တစ်အုပ်၊ ဖုန်းနှစ်လုံးနှင့်တူ ကနဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့၏ ထွက်ဆိုချက်အရ အသက် ၂၁ နှစ်အရွယ် အောင်သူရဆိုသူထံမှ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန်အတု ၃၉၂ ရွက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer တစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် အဆိုပါ သုံးဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်နိုင်ရန် စီစစ်ဆောင်ရွက်နေကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
Page 1540 of 1918