#Asia_Politics
Published 24 December 2022

 

ထိုင်းနိုင်ငံဝန်ကြီးချုပ်'ပရာယွတ်အိုချန်ချာ'က လာမယ့်နှစ်မေလအတွင်းကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နောက်တစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားတယ်လို့ ကြေညာလိုက်ကြောင်း ဒေသတွင်းမီဒီယာများက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

"အသစ်ဖွဲ့စည်းထားတဲ့ ယူနိုက်တက်ထိုင်းပါတီက လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော့်ကိုဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးကောက်ခံဖို့ ကမ်းလှမ်းထားတယ်၊ ကျွန်တော်ကလည်း ဆက်လက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပြီဆိုတာကို ဒီနေ့အတိအလင်း ပြောပြချင်ပါတယ်" လို့ ဘန်ကောက်မြို့ အစိုးရအိမ်တော်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်များအတွင်း အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေကြောင့် အငြင်းပွားမှုများဖြစ်ခဲ့တဲ့အထဲမှာ 'ပရာယွတ်'က အဓိကနေရာက ပါဝင်နေခဲ့ပါတယ်။

 

ပါလီမန်ထဲမှာလည်း ယုံကြည်မှုဆိုင်ရာမဲပေးခြင်းနဲ့ ပတ်သက်ပြီး ပစ်မှတ်ဖြစ်နေပါတယ်။

 

အာဏာသိမ်းပြီးနောက် ၂၀၁၄ မှာ အာဏာရလာခဲ့တဲ့ စစ်တပ်အကြီးအကဲဟောင်းဟာ အဲဒီကတည်းက ဂုဏ်သိက္ခာအကြီးအကျယ်ထိပါးလာခဲ့ပါတယ်။

 

ထိုင်းနိုင်ငံရေးအတွင်း ယခုနှစ်အတိုးတက်ဆုံးအခြေအနေမှာ အာဏာရညွန့်ပေါင်းအဖွဲ့ထဲမှာ အကြီးဆုံးပါတီဖြစ်တဲ့ PPRP ပါတီမှ 'ပရာယွတ်'နှုတ်ထွက်သွားခြင်းပဲ ဖြစ်ပါတယ်။

 

PPRP က ယာယီလက်ထောက်ဝန်ကြီးချုပ်'ပရာဝစ်ဝေါင်ဆူဝမ်'ကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ထားပြီး လာမယ့်ရွေးကောက်ပွဲတွေမှာ သူတို့ရဲ့ ရွေးကောက်ခံဝန်ကြီးချုပ် ဖြစ်လာမှာပါ။

 

'ပရာယွတ်'နဲ့ 'ပရာဝစ်'တို့က ယှဉ်ပြိုင်နေကြတယ်ဆိုပေမယ့် နှစ်ယောက်စလုံးဟာ ထိုင်းစစ်တပ်မှာ ပါဝင်ခဲ့ဖူးသူတွေဖြစ်ပြီး ပါတီကွဲထွက်နေခြင်းက သူတို့ရဲ့ဆက်ဆံရေးကို မထိခိုက်စေခဲ့ပါဘူး။

 

အတိုက်အခံပါတီ'ဖူထိုင်း'က ပြီးခဲ့တဲ့လအနည်းငယ်အတွင်း နာမည်ရလာတယ်ဆိုပေမယ့် ထိုင်းအခြေခံဖွဲ့စည်းပုံအရ စိန်ခေါ်နိုင်လောက်တဲ့ အနေအထားမရှိပါဘူး။

 

Source: WION
#Yangon_Media_Group