#World_Lifestyle
Published 24 December 2022

 

နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ မိဘတွေအနေနဲ့ သူတို့ကလေးတွေကို ဖုန်းအသုံးပြုချိန် ဘယ်လောက်အထိသတ်မှတ်ပေးမှာလဲဆိုတာ အရေးကြီးလာပါတယ်။

 

အမေရိကန်ကလေးကျန်းမာရေးအဖွဲ့အစည်းက အသက် ၂ နှစ်မှ ၅ နှစ်ကလေးတွေအနေနဲ့ ဖုန်းကြည့်ချိန် တစ်နေ့ကို တစ်နာရီသာရှိသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

 

အသက် ၆ နှစ်နဲ့အထက်ကလေးတွေအတွက်တော့ ဖုန်းကြည့်ချိန်ကို မိဘတွေက သင့်သလိုသတ်မှတ်ပေးသင့်တဲ့အပြင် ကလေးတွေအသုံးပြုတဲ့ အကြောင်းအရာတွေကိုလည်း စောင့်ကြည့်သင့်ပါတယ်။

 

အသက် ၁၈ လနဲ့အောက် ကလေးငယ်တွေကတော့ မည်သည့်ဒီဂျစ်တယ်ဖန်သားပြင်နဲ့မျှ မထိတွေ့သင့်ဘူးလို့ ဆိုပါတယ်။

 

ဥပမာ ကလေးအမေက ထိုင်ခုံပေါ်မှာ ကလေးချီရင်း တီဗီကြည့်နေတယ်ဆိုရင် တီဗီက အသံတွေအလင်းတွေက ကလေးကို သက်ရောက်စေပြီး အိပ်စက်မှုအပိုင်းမှာ အခက်အခဲရှိတတ်ပါတယ်။

 

တီဗီတွေ ဖုန်းတွေအသုံးပြုခြင်းဖြင့် မိဘနဲ့ကလေးကြား ဆက်ဆံရေးပိုင်းမှာ ပြဿနာရှိလာနိုင်ပါတယ်။

 

ကလေးတွေဟာ မိဘတွေ၊ လူကြီးတွေနဲ့ မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းမွန်လာကြပါတယ်။

 

အိမ်တွေမှာ မျက်နှာချင်းဆိုင် ဘေးနားကပ်ရပ် ပြောဆိုဆက်ဆံကြမယ့်အစား ဖုန်း၊ တီဗီ၊ ကွန်ပျူတာများသာ အသုံးပြုလာကြတယ်လို့ ဟောင်ကောင်မှ စိတ်ပညာဆရာဝန်'ဇိုင်ဒီ'က ဆိုပါတယ်။

 

ကယ်လီဖိုးနီးယားဆန်ဖရန်ဆစ္စကိုတက္ကသိုလ်မှ သုတေသီများက ဆယ်ကျော်သက်မတိုင်ခင်အရွယ်တွေမှာ အလွန်အမင်းစိတ်စွဲလမ်းခြင်းရောဂါ(OCD)ဖြစ်နိုင်ချေနဲ့ ဖုန်းအသုံးပြုချိန်တို့ကြား ဆက်စပ်မှုကို ဖော်ပြခဲ့ပါတယ်။

 

ဗီဒီယိုဂိမ်းအလွန်အကျွံဆော့တဲ့ကလေးတွေဟာ နောက်ထပ်ကစားဖို့ပဲ စိတ်ထဲရှိနေကာ မရပ်တန့်ချင်တော့ကြောင်း ကလေးအထူးကုလက်ထောက်ပရော်ဖက်ဆာ 'ဂျေဆန်နာဂါတာ'က ပြောပြသွားပါတယ်။

 

တီဗီ၊ ဖုန်းတွေကိုပဲ ကလေးတွေပိုကြည့်မိတဲ့အခါ လှုပ်ရှားချိန်ပိုနည်းသွားပြီး ခါး၊ ဒူး၊ လည်ပင်းတို့မှာ ပြဿနာတွေဖြစ်လာပါတယ်။

 

လှုပ်ရှားမှုမရှိတဲ့အခါ အနေအထားမမှန်ခြင်း၊ အစာမကြေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆီးချိုဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

Source: SCMP
#Yangon_Media_Group