#World_Health
Published 21 October 2022
တစ်ခါတလေမှာ ပါးစပ်ထဲ သတ္တုအရသာမျိုး ခံစားနေရတာ ဖြစ်ဖူးကြမှာပါ။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာကို NHS အထွေထွေရောဂါကုဆရာဝန်'ဆိုဖီနယူတန်'က ရှင်းပြသွားပါတယ်။
(၁) သွားဖုံးရောဂါ
ဒီရောဂါက သွားဖုံးတွေကနေ ပြည်ထွက်လာကာ အနံ့ဆိုးထွက်လာတတ်ပါတယ်။
ဒီရောဂါကိုကာကွယ်ရန် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပါတယ်။
ဟော်မုန်းပြောင်းလဲခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ဆေးဝါးများကြောင့် ဖြစ်တတ်ပြီး ဆေးလိပ်သောက်ခြင်း ဆေးခြောက်သုံးခြင်းတို့ကို ပြုပြင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
(၂) ဆေးဝါးများ
မက်ထရို (Metronidazole)လိုမျိုး ပိုးသတ်ဆေးတွေက သတ္တုအရသာဖြစ်စေပါတယ်။
ဒီအတွက်တော့ ဆားလက်ဖက်ရည်ဇွန်းတဝက်နဲ့ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတဝက်ခန့်ကို ရေနွေးထဲထည့်ဖျော်ကာ အာလုတ်ကျင်းသင့်ပါတယ်။
ဆေးဝါး ဆက်လက်သောက်သင့် မသောက်သင့်ကိုတော့ ဆေးဝါးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
(၃) ရောဂါပိုးဝင်ခြင်း
အာသီးရောင်ခြင်းလိုမျိုး အသက်ရှူလမ်းကြောင်းအထက်ပိုင်း ရောဂါကူးစက်မှုမျိုးမှာ ပါးစပ်ထဲ အရသာတစ်မျိုးကြီး ဖြစ်နေတတ်ပါတယ်။
ချောင်းဆိုးလိုက်တဲ့အခါ သွေးအနည်းငယ်က ပါးစပ်ထဲရောက်သွားပြီး အရသာခံဖုများထံ ရောက်ရှိသွားပါတယ်။
နှာရည်ယိုခြင်းကို သက်သာစေတဲ့ဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတို့က ထိုပြဿနာကို သက်သာစေနိုင်ပါတယ်။
(၄) အစာအိမ်အချဉ်ပေါက်ခြင်း
အစာမကြေတဲ့အခါမျိုး အစာအိမ်အက်ဆစ်လျှံတက်လာတဲ့အခါ ပါးစပ်ထဲမှာ သတ္တုအရသာ ခံစားရတတ်ပါတယ်။
အစာမကြေတဲ့အခြေအနေကို ကုသနိုင်ရင် သတ္တုအရသာပျောက်ကင်းသွားမှာဖြစ်ပါတယ်။
(၅) စိတ်ပိုင်းဆိုင်ရာပြဿနာများ
စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ပါးစပ်အရသာပြောင်းလဲတတ်ပြီး ဒါဟာ အချိန်ကြာလာတာနဲ့အမျှ ပုံမှန်လိုဖြစ်သွားပါတယ်။
တံတွေးထွက်ရှိမှုနည်းပါးကာ အာခြောက်ပြီးတော့ သတ္တုဓာတ်ခံစားရတာ ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးခြင်းနဲ့ စိတ်ဓာတ်ကျခြင်း စတဲ့ ဒီလိုအခြေအနေမျိုးမှာ ကုသမှုခံယူရန် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_ 21 October 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချရကြောင်း သိရပါတယ်။
ဒီကနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဒီကနေ့ ပုလဲအတွဲပေါင်း (၁၈၉) တွဲ ရောင်းချရကြောင်း သိရပါတယ်။
ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိမြိုနယ် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို လာရောက်လေ့လာကြည့်ရှုကြပါတယ်။
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၄၀၀ ၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တိုကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


#ymg_mnn
#Yangon_Media_Group
#World_Health
Published 21 October 2022
ဆေးစွဲသူများမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတစ်မျိုးဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားနေရသူသန်းပေါင်းများစွာအတွက် မျှော်လင့်နိုင်တဲ့ ဆေးဖြစ်လာနိုင်ပါတယ်။
နယ်လ်ထရီဇုန်(Naltrexone)ဆေးဟာ အရက်စွဲသူများနဲ့ ဘိန်းစွဲသူများကိုကုသရန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြုထားတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့လများအတွင်း ကိုဗစ်နောက်ဆက်တွဲဝေဒနာများ ခံစားနေရသူများကို အသေးစားစမ်းသပ်မှုပြုလုပ်ခဲ့ရာ အဆိုပါဆေးက ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ နွမ်းနယ်ခြင်းတို့ကို သက်သာစေခဲ့ပါတယ်။
ထိုဆေးကို Revia အမှတ်တံဆိပ်ဖြင့် ရောင်းချနေပြီး နယ်လ်ထရီဇုန်က ဘာလို့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေကို သက်သာစေသလဲဆိုတာကိုတော့ သိပ္ပံပညာရှင်များ လေ့လာနေဆဲဖြစ်ပြီး နောက်ထပ်စမ်းသပ်မှုကြီးတွေ ပြုလုပ်သွားဦးမှာပါ။
အခုလတ်တလောမှာတော့ ကိုဗစ်နောက်ဆက်တွဲဝေဒနာအတွက် ကုသဆေးရယ်လို့ မရှိသေးဘဲ ခံစားနေရတဲ့လက္ခဏာအပေါ်မူတည်ပြီး ဆေးပေးနေကြတာဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိ'လော်ရန်နစ်ကိုးလ်စ်'ဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားနေရသူဖြစ်ပြီး ဇွန်လက ဆရာဝန်ကနေ ဆေးစွဲလမ်းခြင်းကိုသက်သာစေမယ့် ဆေးဝါးကိုသုံးစွဲဖို့အကြုံပြုခဲ့ရာ လပိုင်းအတွင်း အဆိုပါလက္ခဏာများ ပျောက်ကင်းသွားခဲ့ပါတယ်။
ကိုဗစ်နောက်ဆက်တွဲဝေဒနာ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ကုသမှုများကို ရှာဖွေနိုင်ရန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက ဒေါ်လာ ၁ ဘီလီယံစီမံကိန်းချမှတ်ခဲ့ရာ နယ်လ်ထရီဇုန်လည်း ပါဝင်ခဲ့ပါတယ်။
အရက်နဲ့ဘိန်းစွဲလမ်းခြင်းအတွက် နယ်လ်ထရီဇုန် ၅၀ မီလီဂရမ်ပေးဖို့ ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာအတွက်တော့ ၅၀ မီလီဂရမ်ထက် ၁၀ ဆလျှော့ချပြီး အသုံးပြုနေကြပါတယ်။
ဒဗ္ဗလင်ဆေးပညာတက္ကသိုလ်ကောလိပ်မှ ဒေါက်တာ'ဂျက်ခ်လမ်းဘတ်'က စမ်းသပ်မှုအသေးစားတွေကနေ ရရှိတဲ့ရလာဒ်များကို အတည်ပြုနိုင်ရန် စမ်းသပ်မှုကြီးတွေ ပြုလုပ်ဖို့ စီစဉ်နေကာ လက္ခဏာတွေကို ဖုံးအုပ်ဖို့ထက် ရောဂါကြောင့်ပျက်စီးသွားတာကို ပြုပြင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ကိုဗစ်နောက်ဆက်တွဲဝေဒနာပေါ်ပေါက်ရတာဟာ ရောဂါခုခံအားစနစ်ထဲရှိ သဘာဝပိုးမွှားသန့်စင်ရေးဆဲလ်များ အလုပ်မလုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။
စမ်းသပ်ချက်များအရ နယ်လ်ထရီဇုန်က သူတို့ရဲ့လုပ်ဆောင်ချက်များ ပုံမှန်အတိုင်းပြန်ဖြစ်အောင် ကူညီပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။
Source: Daily Mail
#Yangon_Media_Group

Published 20 Oct 2022
မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နှင့် နီပေါသံအမတ်ကြီးတွေဟာ သံအမတ်ခန့်အပ်လွှာတွေကို ယနေ့ အောက်တိုဘာ ၂၀ ရက်မနက်ပိုင်းမှာ နစက ဥက္ကဋ္ဌထံ သီးခြားစီပေးအပ်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Harishchandra Ghimireတို့ဟာ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် မနက်၁၀ နာရီနှင့် ၁၀ နာရီ ၄၅ မိနစ်တို့မှာ နေပြည်တော်၊နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ခန်းမ၌ သံအမတ် ခန့်အပ်လွှာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါပွဲများအတွင်း ဘယ်လာရုစ်သံအမတ်ကြီးနှင့် ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်သွားရောက်ရေး၊ကုန်သွယ်မှု တိုးမြှင့်ရေး၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အလားတူ နီပေါသံအမတ်ကြီးနှင့်လည်း စီးပွားရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့် ဆောင်ရွေက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/knl
#Yangon_Media_Group
#Myanmar_Diplomacy


#Local_News
Published_20 October 2022
၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၇ သန်းကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Fashion
Published 20 October 2022
တိုကျိုမြို့မှ ဂုဏ်သိက္ခာရှိ ဘန်ကာဖက်ရှင်ကောလိပ်မှာ သင်တန်းသားများက အထည်ချုပ်အလုပ်ကို အာရုံစူးစိုက်စွာလုပ်ကိုင်နေကြပြီး သင်တန်းသားဟောင်း'ကင်ဇို'ကဲ့သို့ ကမ္ဘာကျော်အောင်မြင်မှုမျိုးရရှိရန် ကြိုးစားနေကြပါတယ်။
#Yangon_Media_Group
Published 20 October 2022
ဂျာကာတာအစ္စလမ်မစ် စင်တာရဲ့ ဧရာမ ဗလီကြီးမှာ မီးကြီးလောင်ကျွမ်းတဲ့အတွက် ကြီးမားလှတဲ့ လိပ်ခုံးပုံအမိုးကြီးဟာ ပြိုကျခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ အဆိုပါဗလီကြီးဟာ ဗုဒ္ဓဟူးနေ့မှာ နာရီပေါင်းများစွာ ကြာအောင် မီးကြီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
ဗလီကြီးဟာ ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ အချိန်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်လို့ရဲတွေက ပြောပါတယ်။ အနည်းဆုံး လုပ်သား (၄)ဦးကို ရဲက ခေါ်ယူမေးမြန်းနေပါတယ်။
“ဗလီထဲက လူတွေအားလုံးကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်ရပါမယ်။ တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိခဲ့လို့” လို့ မြောက်ဂျာကာတာရဲချုပ် ကွမ်းဘီးဝီဘိုဝိုက သတင်းထောက်တွေကို ပြောပါတယ်။
Source AFP
#Grand_Mosque_fire_Jakarta
#Giant_dome
#Jakarta_Indonesia
#Local_News
Published_ 20 October 2022
ကျေးရွာနေပြည်သူတွေကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး လိုအပ်သူတွေကို နားကြားကိရိယာတွေ အခမဲ့ပေးနေတယ်လို့ နား၊နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာဒေါ်ခင်လှလှက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 20 October 2022
မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငရုပ်သီးအစိုတွေကို ခူးပြီးတဲ့ ၁ရက်၊ ၂ရက်အတွင်းမှာပဲ ဖြန့်ချီရောင်းချလေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_20 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 20 Oct 2022
ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်မည်ဖြစ်ကြောင်း လစ်ထရပ်စ်က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ သူမဟာ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရက်သတ္တပတ်ခြောက်ပတ်မျှသာ တာဝန်ထမ်းဆေင်ခဲ့ရပြီး သူမရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် ဈေးကွက်တွေ ကမောက်ကမဖြစ်ခဲ့ရတဲ့အပြင် သူမရဲ့ ကွန်ဆာဗေးတစ်ပါတီလည်း နှစ်ခြမ်းကွဲခဲ့ရပါတယ်။
ခေါင်းဆောင်ကို လာမယ့်အပတ်အတွင်းရွေးချယ်မယ်လို့ သိရပါတယ်။
သူမရဲ့ အမှတ်၁၀ ဒေါင်းနင်းလမ်းအိမ်တံခါးဝအပြင်ဘက်မှာ သူမကပြောကြားရာမှာ သူမဟာ ကွန်ဆာဗေးတစ်ခေါင်းဆောင်းအဖြစ် တာဝန်ယူတဲ့အချိန်မှာ သူမပေးခဲ့တဲ့ကတိတွေကို မလုပ်ပေးနိုင်ခဲ့ပဲ ပါတီရဲ့ ယုံကြည်မှု ဆုံးရှုံးခဲ့ရတာကို လက်ခံတယ်လို့ပြောပါတယ်။
“ လက်ရှိအခြေအနေမှာ ကျွန်မကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ပေးအပ်တဲ့ တာဝန်ကို မဆောင်ရွက်နိုင်ခဲ့တာကို သိပါတယ်။အဲဒါကြောင့် ကျွန်မဟာ ဗြိတိန်ဘုရင်မင်းမြတ်နှင့်တွေ့ဆုံပြီး ကျွန်မပါတီခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပါမယ်လို့ အသိပေးခဲ့ပါတယ်” လို့ သူမကပြောပါတယ်။
“ ဒီမနက်မှ ကျွန်မ ၁၉၂၂ ကော်မတီဥက္ကဋ္ဌ ဆာဂရေဟမ်ဘရက်ဒီနှင့်တွေ့ပါတယ်။ လာမယ့်အပတ်အတွင်း ခေါင်းဆောင် အသစ်ရွေးချယ်ပေးဖို့သဘောတူခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ဘဏ္ဍာရေးအစီအစဉ်တွေနှင့် ကျွန်မတို့နိုင်ငံရဲ့ စိးပွားရေးတည်ငြိမ်ရေး၊နိုင်ငံတော်လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်မယ့် လမ်းကြောင်းမှာပဲ ကျွန်မတို့ အသေအချာ ဆက်လက်ရှိနေကြမှာပါ” လို့ သူမကပြောပါတယ်။
Source Reuters
#Liz_Truss
#UK_PM_Resigned
#UK_Politics

#DailyNews
Published _ 20 October 2022
၁။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထား
၂။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ငရုတ်သီးအစိုဝယ်လိုအားကောင်းနေ
၃။ ကျေးရွာနေပြည်သူများကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး နားကြားကိရိယာများ အခမဲ့ပေးနေ
၄။ ဂျပန်ဒီဇိုင်နာပညာရှင်ကြီးများဖြစ်သည့် 'ကင်ဇို'နှင့်'မီယာကဲ'တို့ဆုံးပါးပြီးနောက် ဖက်ရှင်လောကအပြောင်းအလဲဖြစ်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1544 of 1994