#LocalNews
Published - 9 May 2022
အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)”ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာတွေဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊
ပြည်တွင်းလေကြောင်းပျံသန်းရေးတွေ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်၊၊
ပြည်သူတွေအနေနဲ့ အခုလိုမိုးကြိုကာလတွေ၊ မုတ်သုန်အဝင်ကာလတွေမှာ မိုးကြိုးအန္တရာယ်၊လေပြင်းအန္တရာယ်၊ ရေကြီးခြင်း အန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိထားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကလည်း ကြိုတင်သတိပေးထားပါတယ်၊၊
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”ရဲ့လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မိုးသည်းထန်တာ၊ လေပြင်းတိုက်တာတွေဖြစ်ပေါ်နေပြီး သစ်ပင်သစ်ကိုင်းများ ကျိုးကျတွေဖြစ်ပေါ်နေပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 9 May 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သောတပန်ရပ်ကွက်၊ တောင်ရိုးလမ်း(သီတဂူလမ်း)၊ မြစင်္ကြာကျောင်းတိုက်ဝန်းအတွင်းရှိ သစ်ပင်လဲကျပြီး လမ်းပိတ်ဆိုမှု့ဖြစ်စဥ်တစ်ခု ဒီကနေ့မေလ ၉ ရက်၊ နံနက် ၅ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သစ်ပင်လဲကျမှု ဖြစ်ပွားရာသို့ စစ်ကိုင်းမြိုနယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သောတပန်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီလူမှုကူညီရေးအသင်းဝင်များနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းဖြစ်စဥ်ကြောင့် လူနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_9 May 2022
ရခိုင်ပြည်နယ် ကျောက်တော်မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့ မေလ ၉ ရက် နံနက် တစ်နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် ၄၃၂ ရှိသည့်အနက် နေအိမ် ၂၆၀ ကျော် ဆုံးရှုံးသွားကြောင်း သိရသည်။
"လက်ရှိအနေအထားကတော့ နေရာချဖို့ သက်ဆိုင်ရာက စီစဉ်မှာပါ။အခုတော့ စာသင်ကျောင်းနဲ့ ရထားဘူတာရုံအဆောင်မှာ နေကြတယ်။လူတွေတော့ ဘာမှမဖြစ်ဘူး။ဒါပေမယ့် အကူအညီတွေလိုနေပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ရခိုင် ပြည်နယ်မီးသတ်ဦးစီးဌာနက ယင်းမီးလောင်မှုမှာ နေအိမ်တစ်ခု၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံကို ကူးစက်လောင်ကျွမ်းရာမှာ အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ဆုံးရှုံမှုတန်ဖိုးကို တွက်ချက်နေကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၆၆၀ ကျော် မီးလောင်ဆုံးမှုဖြစ်ပွားခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 9 May 2022
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးက အသက်(၆၅)နှစ်ပြည့်တဲ့အထိ နှစ်ပေါင်း(၅၆)နှစ်တိတိကြက်ခြေနီပရဟိတတာဝန်တွေကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ မြိုနယ်တပ်ဖွဲမှူး ဦးခင်မောင်ကို ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်၊၊
ပြည်နယ်နဲ့တိုင်း အသီးသီးက အသက်(၆၅)နှစ်ပြည့်တဲ့အထိ ကြက်ခြေနီတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်သူတွေကို ဂုဏ်ပြုချီးမြှင့်ရာမှာ ရန်ကုန်တိုင်းက မြို့နယ်တပ်ဖွဲမှူး ဦးခင်မောင်လည်း ဂုဏ်ပြုချီးမြှင့်တာခံခဲ့ရတာ ဖြစ်ပါတယ်၊၊
ဂုဏ်ပြုချီးမြှင့်ခံရတဲ့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်တပ်ဖွဲမှူး ဦးခင်မောင်က "ကျွန်တော်လုပ်ခဲ့တာ(၁၉၆၆)ခုနှစ်က စလုပ်ခဲ့တာ၊၊ စဦးကြက်ခြေနီကနေ(၁၉၇၀)မြို့နယ်တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရခဲ့တယ်၊၊ ဆင့်ကဲဆင့်ကဲ တပ်ကြပ်၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူးကနေ မြို့နယ်တပ်စုမှူးအထိ ထပ်ဆင့်တိုးခံရပါတယ်၊၊ ဒီနေ့မှာဆိုရင် အသက်(၆၅)နှစ်ပြည့်တော့ ဂုဏ်ထူး ဆောင် တပ်ဖွဲ့ဝင်အဖြစ် အငြိမ်းစားယူရတာဖြစ်ပါတယ်၊၊ ဝမ်းလည်းဝမ်းသာ၊ ဝမ်းလည်း ဝမ်းနည်းမိပါတယ်၊၊ လုပ်သက်(၄၆)နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊၊ မီးဘေး၊ ရေဘေး၊ လေဘေး အကုန်ထမ်းဆောင်ခဲ့တယ်၊၊ တိုးဝေးသင်္ဘောနစ်တာတို့ ပုဇွန်တောင်ဘူတာမှာ ရထားမိုင်းပေါက်တာတို၊မန္တလေးတိုင်းမှာ မီးလောင်ပြင်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်"လို့ YMGကိုပြောပါတယ်၊၊
ရန်ကုန်တိုင်းက မြို့နယ်တပ်ဖွဲမှူး ဦးခင်မောင်နည်းတူပြည်နယ်နဲ့တိုင်းတွေဖြစ်တဲ့ မွန်၊ ကချင်၊ချင်း၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းစတဲ့ ဒေသတွေကဂုဏ်ပြုတပ်ဖွဲ့ဝင်တွေကို vedio conferencing နဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_9 May 2022
မြန်မာနိုင်ငံသားတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်မှ သေနတ်သမားအား ဖမ်းဆီးမိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ကော့လတ်ခရိုင်၊ ပကျွတ်စီရီခန်ပြည်နယ် စိုင်ဗန်းနောင်ခမ်လမ်း -နောင်နွန်လမ်းကြားတွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်ခန့်အရွယ် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။
ပစ်ခတ်ခဲ့သော သေနတ်သမားမှာ အသက် ၅၁ နှစ်အရွယ်၊ ပကျွတ်ခီရီခန်ပြည်နယ်၊ ကော့လတ်ခရိုင်ခွဲတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာလုံခြုံရေးသင်တန်းအောင်မြင်ခဲ့ကာ ခရိုင်မှူးခန့်အပ်ထားသည့် ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ဝတ်ဆင်ထားသော ဒေသန္တရကျေးရွာလုံခြုံရေး ဝတ်စုံနှင့် ၁၂ လက္မအရှည် သေနတ်နှင့် ကျဉ် ၈ တောင့် ၊ လက်မောင်းတံဆိပ်၊အခြားသော အသုံးဆောင်ပစ္စည်းများဖြင့် လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦး တင်ဆောင်လာသော ယင်းမော်တော်ယာဉ်က စစ်ဆေးရေးဂိတ်မှ ဖြတ်ကျော်မောင်းနှင်ထွက်ပြေးလာစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published 09 May 2022
လအနည်းငယ်အတွင်း ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် သက်သက်လွတ်စားသုံးသင့်ပါတယ်။
သုတေသီများက လေ့လာချက်တစ်ခုပြုလုပ်ခဲ့ရာ အသီးအရွက်ကိုသာ ပြောင်းလဲစားသောက်ခဲ့တဲ့ အဝလွန်သူတွေက ပထမ ၃ လအတွင်း ၂၁ ပေါင်ကျဆင်းခဲ့ကြောင်းတွေ့ရှိရပါတယ်။
ဒီလိုကိုယ်အလေးချိန်ကျရတဲ့ အကြောင်းအရင်းက အဆီအနှစ်များတဲ့ အစားအစာတွေ မစားဖြစ်တာကြောင့်လို့ ယူဆခဲ့ကြပါတယ်။
သက်သက်လွတ်အစားအစာအကြောင်း သိပ္ပံနည်းကျစမ်းသပ်မှု ၁၁ ခုပြုလုပ်ပြီး အဝလွန်သူ သို့မဟုတ် ဆီးချိုရောဂါဒုတိယအမျိုးအစားရှိနေတဲ့သူ အယောက် ၈၀၀ နီးပါးမှာ ကိုယ်အလေးချိန်လျော့ခဲ့တဲ့အကြောင်းကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
လေ့လာချက်တွေထဲမှာ သက်သက်လွတ်စားသုံးခြင်းနဲ့ အနောက်တိုင်းအစားအစာ စားသုံးခြင်းတို့ကို နှိင်းယှဉ်ခဲ့ကြပြီး အခြားလေ့လာချက်မှာတော့ အလေးချိန်ကျတယ်လို့ ခေတ်စားနေတဲ့ပေါ်ပင်အစားအစာ စားသုံးခြင်းတို့ကို နှိင်းယှဉ်ခဲ့ကြပါတယ်။
အသားတွေ ဆက်လက်စားသုံးသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ သက်သက်လွတ်စားသုံးသူတွေက ၁၂ ပတ်အတွင်း ၂၁ ပေါင်ကျဆင်းခဲ့ပါတယ်။ ပေါ်ပင်အစားအစာ စားသုံးသူတွေနဲ့နှိုင်းယှဉ်တဲ့အခါ ၉ ပေါင်ကျဆင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း သက်သက်လွတ်စားသုံးခြင်းက အခြားအစားအစာတွေထက် သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောဓာတ်တွေမှာ ထူးခြားသက်သာတာမျိုးမဟုတ်ဘဲ အနည်းငယ်သာတိုးတက်တာဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ကြပါတယ်။
ကိုပင်ဟေဂင်တက္ကသိုလ်ဆေးရုံမှ ဦးဆောင်စာတမ်းပြုစုသူ'အန်းဒစ်တေတာမန်ဆန်'က "သက်သက်လွတ်သမားတွေ ဝိတ်ကျတာဟာ စားသောက်တဲ့အထဲမှာပါတဲ့ အဆီပမာဏနည်းပါးပြီး ကယ်လိုရီနည်းတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခြားဖြစ်စဉ်အထောက်အထားတွေလည်း လိုအပ်နေပါသေးတယ်" လို့ ပြောပြသွားပါတယ်။
သက်သက်လွတ်စားသုံးခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်နိုင်တယ်လို့လည်း သိထားသင့်ကြောင်း ယူကေမှပညာရှင်များက သတိပေးလိုက်ပါတယ်။
အသားတွေထဲမှာပါတဲ့ ဗိုက်တာမင်ဒီ၊ ဗိုက်တာမင်ဘီ-၁၂၊ အိုင်အိုဒင်းတို့လို အဟာရဓာတ်တွေမရရှိနိုင်တာကို ထည့်တွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် အသီးအရွက်အချို့မှာပါတဲ့ သကြားဓာတ်က ဆီးချိုရောဂါရှင်လို လူမျိုးတွေမှာ အန္တရာယ်များနိုင်ပါတယ်။
ရက်ဒင်းတက္ကသိုလ်မှ အဟာရဓာတ်ပညာရှင်ပရော်ဖက်ဆာ'ဂန်တာကုနဲလ်'က သက်သက်လွတ်သီးသန့်စားသုံးခြင်းက ကိုယ်အလေးချိန်ကျစေတယ်ဆိုတာမျိုး လက်တွေ့မသိရှိရသေးကြောင်းသတိပေးလိုက်ပါတယ်။
ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထည့်မစဉ်းစားဘဲ သက်သက်လွတ်ပြောင်းစားတာမျိုး သတိထားသင့်ကြောင်း အက်စ်တန်တက္ကသိုလ်မှ ဒေါက်တာ'ဒူယန်မယ်လာ'က သတိပေးခဲ့ပါတယ်။
အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့သူတွေမှာ သက်သက်လွတ်ပြောင်းစားမယ်ဆိုရင် အစားအစာအကြံပေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းထားပါတယ်။
အမေရိကန်မှာ အရွယ်ရောက်ပြီးသူလူဦးရေ ၇၃.၆ ရာခိုင်နှုန်းက အဝလွန်နေကြကြောင်း ခန့်မှန်းရပါတယ်။
Source: DailyMail.
#Yangon_Media_Group
#WorldHealth
Published 09 May 2022
Johnson & Johnson ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဖြင့် ရှားပါးသွေးခဲခြင်းဖြစ်စဉ်ဖြစ်ပေါ်လေ့ရှိတာကြောင့် အဆိုပါကာကွယ်ဆေးထိုးနှံခွင့်ကို အမေရိကန်မှ တာဝန်ရှိသူများက ကန့်သတ်ထိန်းချုပ်လိုက်ရပါတယ်။
အခြားကာကွယ်ဆေးထိုးနှံလို့ မရတဲ့လူမျိုးနဲ့ J&J ကာကွယ်ဆေးမှ သီးသန့်ထိုးနှံချင်သူများကိုသာ ထိုးနှံပေးသင့်ကြောင်း အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့ J&J ကာကွယ်ဆေးအစား ဖိုင်ဇာ သိုမဟုတ် မိုဒါနာကာကွယ်ဆေးကို ထိုးနှံသင့်ကြောင်း အမေရိကန်အာဏာပိုင်များ အကြံပြုထားတာကြာခဲ့ပါပြီ။
ကာကွယ်ဆေးထိုးခြင်းရဲ့ သွေးခဲခြင်းဖြစ်စဉ်ကနေ အသက်အန္တရာယ်ပါထိခိုက်စေလောက်တဲ့အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် J&J ကာကွယ်ဆေးကို ကန့်သတ်ထိန်းချုပ်ဖို့ဆုံးဖြတ်ခဲ့ကြကြောင်း FDA ကာကွယ်ဆေးအကြီးအကဲ ဒေါက်တာ'ပီတာမာ့ခ်စ်'က ပြောကြားခဲ့ပါတယ်။
"ကိုဗစ်ရောဂါရဲ့ပြင်းထန်တဲ့ အနေအထားကို အလားတူကာကွယ်နိုင်မယ့် အခြားနည်းလမ်းမျိုးရှိမယ်ဆိုရင် ရွေးချယ်ကြည့်ရမှာပါပဲ" လို့ ဆိုပါတယ်။
သွေးခဲခြင်းပြဿနာက ကာကွယ်ဆေးထိုးပြီး ၂ ပတ်အတွင်းဖြစ်ပေါ်လေ့ရှိတာကြောင့် လနဲ့ချီသည်အထိ ဘာပြဿနာမှ မဖြစ်ရင်တော့ စိတ်ပူစရာ မလိုတော့ပါဘူး။
J&J ကိုဗစ်ကာကွယ်ဆေးကို FDA က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အသက် ၁၈ နှစ်နဲ့အထက် လူတွေမှာထိုးနှံခွင့်ပြုခဲ့ပါတယ်။
J&J ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးနှံရတာကြောင့် ကပ်ရောဂါကိုတိုက်ဖျက်ဖို့အရေးပါတယ်လို့ အစကသတ်မှတ်ခဲ့ကြပေမယ့် တစ်ကြိမ်တည်းထိုးနှံရခြင်းကပဲ နှစ်ကြိမ်ထိုးနှံရတဲ့ ဖိုင်ဇာ၊ မိုဒါနာတိုလောက် ထိရောက်မှု မရှိဘူးလို့ မြင်တွေ့နေရပါတယ်။
မတ်လလယ်လောက်အထိ သွေးခဲခြင်းဖြစ်ပေါ်ခဲ့တဲ့သူ ၆၀ ဦးကိုတွေ့ရှိခဲ့ပြီး ၉ ဦးက အသက်သေဆုံးလောက်သည်အထိ အန္တရာယ်ရှိခဲ့ပါတယ်။
J&J ကာကွယ်ဆေးထိုးနှံသူအယောက် ၁ သန်းမှာ ၃.၂၃ ဦးက သွေးခဲခြင်းဖြစ်ပေါ်နိုင်ချေရှိနေပါတယ်။
ဒီပြဿနာက အသက် ၅၀ အောက်အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ထိုးနှံသူ ၁ သန်းမှာ သေဆုံးမှု ၁ ယောက်ဖြစ်နိုင်ချေရှိကြောင်း 'မာ့ခ်စ်'ကဆိုပါတယ်။
J&J ကာကွယ်ဆေးအသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးအကျိုးဆက်တွေကို သေချာစွာ သတိပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။
အခြားကာကွယ်ဆေးနဲ့ မတည့်သူများနဲ့ နောက်တစ်ကြိမ်ထိုးနှံလို့ မရသူများအနေနဲ့ J&J ကာကွယ်ဆေးကို FDA ရဲ့ ညွှန်ကြားချက်အသစ်များအတိုင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
mRNA ကာကွယ်ဆေးတွေဖြစ်တဲ့ ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေး မထိုးချင်တဲ့သူတွေအတွက် J&J ကာကွယ်ဆေးက ရွေးချယ်စရာဖြစ်နေပါတယ်။
အမေရိကန်မှာ J&J ကာကွယ်ဆေးထိုးပြီးသွေးခဲခြင်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာဟာ ပြီးခဲ့တဲ့နွေဦးတုန်းကဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက J&J ကာကွယ်ဆေးထိုးခြင်းရဲ့အကျိုးအာနိသင်က ဘေးထွက်ဆိုးကျိုးထက်ပိုများတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။
J&J ကြောင့် သွေးခဲခြင်းဟာ ဦးနှောက်ကလာတဲ့သွေးကြောလို ဖြစ်လေ့ဖြစ်ထမရှိတဲ့နေရာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး တစ်ပတ်နှစ်ပတ်အတွင်း သွေးခဲခြင်းဖြစ်တဲ့သူတွေမှာ အပြင်းအထန်ခေါင်းကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေခြင်းတိုဖြစ်ပေါ်တတ်ပါတယ်။
နယူးဂျာစီအခြေစိုက် နယူးဘရွန်စ်ဝစ်ကုမ္ပဏီက ယခုနှစ်အတွင်း ကာကွယ်ဆေးရောင်းချရခြင်းမှ အမြတ်ရရှိဖို့ မမျှော်လင့်ထားကြောင်း၊ ရောင်းချခြင်းကိုလည်း ဆိုင်းငံ့ထားကြောင်း ကြေညာသွားပါတယ်။
Source: AP News
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 8 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က အနုပညာရှင် သရုပ်ဆောင် နေဆန်း +မချောစု နှင့်အတူ
_"အနုပညာလောကသို့ စတင်၀င်ရောက်ခဲ့ပုံများ
_ နယူးချစ်တီးဆိုင်ကို ပဲ့ကိုင်ခဲ့ပုံများ
_လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အလှူဒါနများအကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 8 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က အနုပညာရှင် သရုပ်ဆောင် နေဆန်း +မချောစု နှင့်အတူ
_"အနုပညာလောကသို့ စတင်၀င်ရောက်ခဲ့ပုံများ
_ နယူးချစ်တီးဆိုင်ကို ပဲ့ကိုင်ခဲ့ပုံများ
_လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အလှူဒါနများအကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 8 May 2022
စနေနေ့က ဘရိုက်တွန်နှင့်ကစားတဲ့ပွဲမှာ လေဂိုးဂိုးမရှိနှင့်ရှုံးနိမ့်ခဲ့ရလို့ မန်ယူအသင်းရဲ့ ကစားပုံအလွန်ညံ့ဖျင်းမှုအတွက် အသင်း မန်နေဂျာ ရပ်ဖ်ရန်နစ်ခ်က တောင်းပန်လိုက်ပါတယ်။
အစကနေအဆုံးအထိ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ ရန်နစ်ခ်ကပြောပါတယ်။
ဘရိုက်တွန်အယ်ဘီယွန်မန်နေဂျာ ဂရေဟမ်ပေါ်တာကလည်း သူဟာ တော့တင်ဟမ်ရဲ့ မန်နေဂျာ အန်တိနီယိုကွန်တီရဲ့ နေရာကို ဝင်ယူမယ်လို့ သတင်းတွေ ထင်ကြေးပေးထွက်ပေါ်နေတာကို ငြင်းဆိုလိုက်ပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 8 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က အနုပညာရှင် သရုပ်ဆောင် နေဆန်း +မချောစု နှင့်အတူ
_"အနုပညာလောကသို့ စတင်၀င်ရောက်ခဲ့ပုံများ
_ နယူးချစ်တီးဆိုင်ကို ပဲ့ကိုင်ခဲ့ပုံများ
_လှူဒါန်းမှုတွေပြုလုပ်နေတဲ့ အလှူဒါနများအကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 May 2022
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိတဲ့နေရာများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော် အမှတ် (၁) ပင်မဓာတ်အားခွဲရုံနှင့် Solar Power Plant တည်ဆောက်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ နေရာများသို့ နစက လျှပ်စစ်စွမ်းအားနှင့်စွမ်းအင်ဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိတဲ့ နေရာများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ၂ဝ၁၉ ခုနှစ် ဇွန်(၂၇)ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း ဖြစ်တဲ့ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ (၅)ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1538 of 1687