#Local-News
Published_30 September 2022
လျှပ်စစ်ကားများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းရန်လုပ်ဆောင်နေကြောင်း စက်မှုဝန်ကြီးဌာနက မီဒီယာများအား ပြောသည်။
လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြု ထုတ်ပြန်နိုင်ရေးတို့အတွက် “အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ”ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဖွဲစည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကော်မတအနေဖြင့် လုပ်ငန်းအထောက်အကူပြုနိုင်ရေးအတွက် “လုပ်ငန်းကော်မတီ” (၅)ခုကို ဖွဲ့စည်းထားရှိကြောင်း၊ လုပ်ငန်းကော်မတီ(၅)ခုအနက် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ”ဥက္ကဋ္ဌအဖြစ် လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက Focal ဝန်ကြီး ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
"လက်ရှိမှာ ကော်မတီအနေနဲ့ သတ်မှတ် စံချိန်စံညွှန်းများနဲ့အညီ တင်သွင်းဖိုအတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများကို ဦးစားပေး မြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ (Promoted Sector)မှာ ထည့်သွင်းသတ်မှတ်နိုင်ရန်အမိန့်ကြော်ငြာစာထုတ်ပြန်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ပြဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက မီဒီယာများအား ပြောသည်။
ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော အကောက်ခွန်နှင့်ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူများအား ခံစားခွင့်ပြုခြင်း၊ ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီ၊ (ပုဂ္ဂလိက၊ အစိုးရပုဂ္ဂလိက ဖက်စပ်) နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 30 September 2022
ရှေးခေတ်ကာလတုန်းက ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကနေ ကျန်ခဲ့တဲ့ ကြွက်ခရိုမိုဆုန်းထဲက မျိုးရိုးဗီဇဆဲလ် ၂ မျိုးဟာ ဦးနှောက်ထဲက ရောဂါကူးစက်မှုအသစ်တွေကို တိုက်ခိုက်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒီအချက်အလက်က ယနေ့ခေတ် ဆေးပညာလောကအတွက် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း ဂျပန်နိုင်ငံမှ သုတေသနလေ့လာချက်ကို Development ဇီဝဗေဒဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ကြပါတယ်။
retrotransposon Gag-like' 5 နဲ့ 6 (Rtl5 နဲ့ Rtl6) မျိုးရိုးဗီဇတွေကို နို့တိုက်သတ္တဝါတိုင်းနီးပါးမှာ တွေ့ရှိရပါတယ်။
သူတို့ဟာ HIV လို retro ဗိုင်းရပ်စ်တွေမှာ တွေ့ရတဲ့မျိုးရိုးဗီဇတွေနဲ့ ဆင်တူတာတွေရှိနေပါတယ်။
ဒီဗိုင်းရပ်စ်တွေက ဗိုင်းရပ်စ်မျိုးရိုးဗီဇဆဲလ်တွေဖြစ်ပေမယ့် နှစ်ပေါင်းသန်း ၁၀၀ ကျော်သည့်တိုင်အောင် နို့တိုက်သတ္တဝါမျိုးရိုးဗီဇထဲမှာ ရှင်သန်နေတာကြောင့် အရေးကြီးတဲ့လုပ်ဆောင်ချက်တွေ ရှိနေနိုင်တယ်လို့ သုတေသီများက ယူဆနေကြပါတယ်။
သိပ္ပံပညာရှင်များ လေ့လာကြည့်ရာမှာတော့ ထိုမျိုးရိုးဗီဇတွေဟာ မိုက်ခရိုဂလီယာဆဲလ်တွေ ဖြစ်ပါတယ်။
မိုက်ခရိုဂလီယာဆဲလ်တွေက ပင်မအာရုံကြောစနစ်ရဲ့ အဓိကရောဂါခုခံကာကွယ်ရေးအဖြစ် ဆောင်ရွက်ပေးပါတယ်။
"လွန်ခဲ့တဲ့ ၁၅ နှစ် စတင်လေ့လာခဲ့တုန်းက Rtl6 နဲ့ Rtl5 တို့က မိုက်ခရိုဂလီယာတွေလို လုပ်ဆောင်လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး၊ Rtl6 က မိုက်ခရိုဂလီယာမျိုးရိုးဗီဇဖြစ်ပေမယ့် သူ့ရဲ့အရေးပါပုံကို နားမလည်ခဲ့ကြပါဘူး" လို့ တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ဦးဆောင်သုတေသီဒေါက်တာ'ကာနဲကိုအီရှီနို'က ပြောပြခဲ့ပါတယ်။
ဒေါက်တာ'အီရှီနို'က ကြွက်ဦးနှောက်ကို သေချာဖယ်ရှားခွဲစိတ်နေစဉ်မှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဦးနှောက်ပျက်စီးသွားတယ်ဆိုရင် Rtl6 ကို လှုံ့ဆော်ပေးလိုက်လို့ ရပါတယ်။
မျိုးရိုးဗီဇဆဲလ်တွေက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာသိရဖို့ ကြွက်ဦးနှောက်တွေမှာ ရောဂါကူးစက်စေခဲ့ပါတယ်။
Rtl5 က ဘက်တီးရီးယားလို ရောဂါကူးစက်မှုတွေကို တုံ့ပြန်နိုင်ပြီး Rtl6 ကတော့ ဘက်တီးရီးယားရော ဗိုင်းရပ်စ်တွေပါ တုံ့ပြန်နိုင်တယ်ဆိုတာကို သတိထားမိခဲ့ကြပါတယ်။
နောက်ထပ်စမ်းသပ်မှုမှာတော့ Rtl5 နဲ့ Rtl6 တွေကို ဖယ်ရှားလိုက်ရာမှာ ကြွက်တွေက ရောဂါကူးစက်ခံရခြင်းကနေ မသက်သာတော့ပါဘူး။
ဒါကြောင့် ဒီမျိုးရိုးဗီဇဆဲလ်တွေဟာ ဦးနှောက်ရဲ့ အဖြစ်အများဆုံးရောဂါကူးစက်မှုတွေကို အဓိကကာကွယ်ပေးတဲ့နေရာမှာ ပါဝင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
"ဗိုင်းရပ်စ်ကနေရရှိတဲ့ မျိုးရိုးဗီဇဆဲလ်တွေက ခရိုမိုဆုန်းတွေရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး နို့တိုက်သတ္တဝါတွေနဲ့ လူသားဖွံ့ဖြိုးတိုးတက်လာရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်" လို့ သုံးသပ်ပြထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published 29 September 2022
မြောက်ဦးရှေးဟောင်းပြတိုက်နဲ့ ရှေးဟောင်းစေတီတွေရဲ့ အချက်အလက်တွေကို သိရှိနိုင်ဖို့ QR Code စနစ်လုပ်ဆောင်နိုင်ရေးကို စီစဉ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Technology
Published 29 September 2022
တရုတ်နိုင်ငံမှ ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ မီးသတ်လေယာဉ် AG600M ဟာ ရေ ၁၂ တန်ဖြည့်ခြင်းနဲ့ ရေဖြန့်ကျဲခြင်းတို့ကို အင်္ဂါနေ့က စမ်းသပ်အောင်မြင်ခဲ့ပြီး တကယ်လက်တွေ့အသုံးချနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 29 Sept 2022
ဘရာဇီးနိင်ငံ မြောက်ပိုင်း အမေဇုန်နာ့စ်ပြည်နယ်၊ကဲရီယိုမြို့ က တံတားတစ်စင်း ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ရာ အနည်းဆုံး လူ(၃)ဦး သေဆုံးကာ ၁၅ ဦးပျောက်ဆုံးနေပါတယ်။
အမေဇုန်နာ့စ် မီးသတ်ဌာနဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ အဲဒီံတံတားဟာ ကဲရီယိုမြို့ကို ဖြတ်သွားတဲ့ BR-319 အမြန်လမ်းမကြီးပေါ်မှာ ရှိပါတယ်။ ကဲရီယိုမြို့ဟာ ပြည်နယ်မြို့တော် မန်နော့စ်မြို့မှ ၆၂ မိုင် အကွာမှာရှိပါတယ်။
တံတားပြိုကျချိန်မှာ အချို့ကားတွေဟာ တံတားပေါ်ကဖြတ်သန်းမောင်နှင်နေတာကြောင့် လူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ တံတားမပြိုကျခင် တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုရှိခဲ့လို့ တံတားဟာ အက်ကြောင်းရာထင်ခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများကပြောကြပါတယ်။
Source AFP/Reuters
#Amazonas_Brazil
#Bridge_Collapse
#Brazil
#Local_News
Published_29 September 2022
COVID-19 ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID-19 Economic Relief Plan) ကနေ ခရီးသွားကဏ္ဍကို ငွေကျပ် ၃ ဘီလီယံကျော် ထုတ်ချေးထားတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 29 Sept 2022
မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင် ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားပါတယ်။
မန္တလေးစက်မှုဇုန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနှင့် ယနေ့ စက်တင်ဘာ ၂၉ ရက်ကတွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီးယားစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ပါတယ်။ မိမိတို့နိုင်ငံ တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ရေအရင်း အမြစ်များစွာ ရှိပါတယ်။၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းသည် အရင်းအနှီးကြီးမားသော်လည်း ရေရှည် အတွက် ကောင်းမွန်သည့်လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်လည်း များစွာအကျိုး ဖြစ်ထွန်းစေပြီး မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင် ရေးအတွက် လျှပ်စစ် ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးကပြောခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည် သာယာ ဝပြောခြင်းဖြစ်ကြောင်း၊ စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်၍ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စားသောက်ဖွယ်ရာ များသာမက တစ်ကိုယ်ရေ သုံး ပစ္စည်းများသည်လည်း ရိက္ခာတွင်ပါဝင်ကြောင်းလည်း နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပါ တယ်။
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ၊မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ၊မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်း၊အသေးစား၊ကျောက်ဆစ်လုပ်ငန်းအသင်း၊ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်းနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်တွေက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက် လိုအပ်မှု အခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး အတွက် လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ဈေးကွက်ရရှိရေး၊ ဝါစိုက်တောင်သူများ အရင်းအနှီးရရှိရေးအတွက် သက်သာသောအတိုးနှုန်းထားဖြင့် ရင်းနှီးမတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့်ချေးငွေများ သက်တမ်းတိုးမြှင့်ပေးစေလိုမှု၊ ကျောက်ဆစ်လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်း လိုအပ်မှု၊ ရိုးရာလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် တင်ဒါစနစ်အစား လက်ခစနစ်ဖြင့် ဆောင်ရွက် ပေးစေလိုမှု၊ ရက္ကန်း လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော် မှရင်းနှီးမတည်ငွေ များထုတ်ချေး ပေးစေလိုမှု၊ စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာ တစ်ခုတည်ထောင် ပေးစေလိုမှု၊ စက်မှုလုပ်ငန်း များဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိ အောင်ဆောင်ရွက် ပေးစေလိုမှု၊ နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်း ပါဝင်ဆောင်ရွက် မှုများဖြင့် စက်မှုဇုန်များတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ကုန်ချောပစ္စည်းများ ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများ ကြောင့် ပြည်တွင်းကုန်ချောထုတ်လုပ်သူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှုအပေါ်တွင် ထိုက်သင့်သည့် အခွန်ငွေများ ကောက်ခံ ရန်နှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုအပေါ် အခွန်ငွေများလျှော့ခ ကောက်ခံမည် ဆိုပါက ပြည်တွင်းကုန်ချောထုတ်လုပ်မှုအပေါ် အထောက်အကူပြုနိုင်မှု၊ ထုတ်ကုန်များ အတွက် Exhibition များပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ်များကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်သူများအဆင်ပြေစေမည့် အခွန်စနစ်ဆောင်ရွက်ပေးရန် လိုအပ်မှု၊ MRCCI အသင်းနှင့်ညီနောင်အသင်းများအတွက် ရုံးခန်းများ တစ်စုတစည်းတည်းဖွင့်လှစ် နိုင်ရေးအဆောက်အဦ မြေနေရာအတွက် နိုင်ငံတော်မှသတ်မှတ်သောနှုန်းဖြင့် မြေနေရာ စီစဉ်ပေးနိုင်ရေး အခြေအနေတွေကို အသီးသီးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့ကလည်း လုပ်ငန်းရှင်များ၏ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နိုင်မည့်ကိစ္စတွေကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။
အဆင့်မီဝါများထွက်ရှိရေး အတွက် အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များရရှိအောင် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများစွာရှိသည့် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီ မှုများ ဆောင်ရွက်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စက်မှုကုန်ကြမ်းများအတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့် သစ်ကုန်ကြမ်းများရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ထုတ်ကုန်ပြပွဲများကျင်းပနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန် ထုတ်လုပ်မှုကို အားပေးခြင်း သည် ပြည်တွင်းစီးပွားရေးကိုအားပေးခြင်းဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ကုန်ထုတ်လုပ်မှုများ တွင် ပြည်ပမှဝင်ရောက်ဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်မှုများကို အားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင်ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှစိုက်ပျိုးရေးချေးငွေများကို ယခင်ကတည်းထုတ်ချေးပေးခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးသည်များလည်းရှိကြောင်း၊ နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ် ရန်ကာလကို သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရမှုများ နည်းပါးလာ မည်ဖြစ် ကြောင်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် နစကဥက္ကဋ္ဌနှင့်အဖွဲ့ဟာ မန္လေးတိုင်းဒေသကြီး စက်မှုဇုန်(၁)အတွင်းက ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေက ဘုရင်ဘီစကစ်စက်ရုံ၊ အောင်နိုင်သူ တွင်နှင့်သံရည်ကျို လယ်ယာသုံးရေပန့် သံမဏိသွန်းထည်လုပ်ငန်း၊မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပြီး လုပ်ငန်းတွေရဲ့ လုပ်ငန်းရှင်တွေနှင့် စီမံခန့်ခွဲသူတွေက ထုတ်လုပ်နေမှုအခြေအနေတွေကို တင်ပြခဲ့ကြရာ ဗိုလ်ချူပ်မှူးကြီးက အကြံပြုဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source SAC’s press release
#SG_Min_Aung_Hlaing
#Myanmar_MSME
#Myanmar



#Local_News
Published_ 29 September 2022
အခုပွင့်လင်းရာသီမှာ စီမံချက်အနေနဲ့ ရွှေတိဂုံရှိအရံစေတီတော် (၆၈)ဆူအနက် ပျက်ဆီးမှုများတဲ့ အရံစေတီတော်(၂၀)ဆူကို ရွှေသင်္ကန်းအသစ်ကပ်လှူပူ ဇော်သွားဖို့ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 September 2022
ငြုတ်သီးစိုက်ပျိုး၊ တင်ပို့ရောင်းချတဲ့ ဒေသတွေမှာ အခုလက်ရှိအနေအထားအရ အခြောက်ခံရောင်းချမှုထက် ငြုတ်သီးအစိုကိုသာ တင်ပို့ရောင်းချတာတွေ ပိုများနေတယ်လို့ ငြုတ်သီးအစို၊ အခြောက် ရောင်းဝယ်ရေးကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 29 September 2022
၁။ နယ်ဘက်တွင် ငြုတ်သီးအစိုရောင်းချမှု ပိုများနေ၍ ငြုတ်သီးအခြောက်ဈေး ၂သောင်းကျော်သို့ မြင့်တက်နေနေ
၂။ ရွှေတိဂုံရှိပျက်ဆီးမှုများသည့် အရံစေတီတော်(၂၀)ဆူကို ယခုနှစ်အတွင်းရွှေသင်္ကန်းအသစ် ကပ်လှူပူဇော်မည်
၃။ ကိုဗစ်-၁၉ ရန်ပုံငွေမှ ခရီးသွားကဏ္ဍကို ငွေကျပ် ၃ ဘီလီယံ ထုတ်ချေးထား
၄။ တရုတ်နိုင်ငံ၏ AG600M မီးသတ်လေယာဉ် ရေဖြည့်ခြင်းနှင့် ရေဖြန်းချခြင်းတို့အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published 29 September 2022
နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၈ ဆိုင်နဲ့ CNG ဆိုင် တစ်ဆိုင်ကို ကာလရှည်ငှားရမ်းဖို့ စွမ်းအင်ဝန်ကြီးဌာနက စီစဉ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_29 September 2022
တောင်တွင်းကြီးမြို့ရှိ ရတနာဗိမာန်ဂူဘုရားကြီးအားအမိုးအကာပြုလုပ်သည့်ကိစ္စ ဌာန၏မူလခွင့်ပြုချက်များနှင့် ကွဲလွဲနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယခု စက်တင်ဘာလ ၂၃ ရက်က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မကွေး ဌာနခွဲ၊ ဗိဿနိုးဌာနစုနှင့် သရေခေတ္တရာဌာနစုတို့မှ အင်ဂျင်နီယာအဖွဲ့များက သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ဘုရားကြီးအမိုး ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ၎င်းတို ဆောင်ရွက်ထားရှိမှုများသည် ဌာန၏မူလခွင့်ပြုချက်များနှင့် ကွဲလွဲမှုအချို့ရှိခြင်း၊ မူလရှေးဟောင်း ပုံသဏ္ဌာန်ထိခိုက်နိုင်သည့် Visual Impact ဖြစ်နိုင်သည်များ တွေ့ရှိရခြင်း၊ ယခုကဲ့သို့ အမိုး ပြုလုပ်ခြင်းကြောင့် မူလအုတ်ရိုးများကဲ့သို့ တန်ပေါင်းများစွာ အလေးချိန်မရှိတော့သော်လည်း ကြံ့ခိုင်မှုနှင့် ရေရှည်တည်တံ့နိုင်မှုအတွက် အချို့ အစိတ်အပိုင်းများ ပြုပြင်ရန် လိုအပ်ချက်များရှိခြင်းတို့ကို စိစစ်တွေ့ရှိရသဖြင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့ကို စေလွှတ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရတနာဗိမာန်ဂူဘုရားကြီးမှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၊ ရတနာဗိမာန် ကျောင်းဝင်းအတွင်းတည်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘက်ဂျက်ငွေလုံးငွေရင်းရန်ပုံငွေကျပ်သိန်းဖြင့် ရေရှည်တည်တံ့ကြံ့ခိုင်စေရန် ရှေးဟောင်းအုတ် အရွယ်အစားအတိုင်း အုတ်အစားဖြည့်စီခြင်း၊ အနားသတ်ကြားသိပ်ခြင်း၊ ရေပိတ်လွှာလောင်းခြင်း လုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဂူဘုရားအတွင်းရှိ ရုပ်ပွားတော်လေးဆူကိုလည်း ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဒါယကာ၊ ဒါယိကာမများ စုပေါင်း အလှူငွေ ကျပ်(၁၃၈)သိန်း ဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ဆရာတော်ဘုရားကြီး ငယ်စဉ်ကိုရင်ဘဝက နေထိုင်ခဲ့ဖူးသည့်အဆိုပါကျောင်းဝင်းအတွင်းရှိ ရတနာဗိမာန်ဘုရားကြီးအား မိုးဒဏ်မှကာကွယ်နိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကခွင့်ပြုနိုင်သည့် ပုံစံဖြင့်ဆောင်ရွက်လိုကြောင်း ဆရာတော်ကြီးနှင့် တပည့်ဒါယကာ၊ ဒါယိကာမများကတင်ပြလာသဖြင့် ဘုရား အကျိုးဆောင်အဖွဲ့တာဝန်ရှိသူများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဂူဘုရားကြီး၏ အုတ်နံရံပေါ်တွင် ရေပိတ်လွှာ(Slab)လောင်းရန်၊ မြင်ကွင်းမရှုပ် စေရန်(Visual Impact)၊ တိုင်များထည့်သွင်းမဆောင်ရွက်ရန်၊ Steel Structure Polycarbonate Sheet (သို့မဟုတ်) Steel Structure Acrylic Plastic ဖြင့် အမိုးအား Transparent Sheet ဖြင့် မိုးရန်နှင့်အမိုး၏ အလေးချိန်ကြောင့် ဘုရားအား ထိခိုက်မှုမရှိအောင်ဆောင်ရွက်ရန်၊ လေဝင် လေထွက်ကောင်းစေရန်နှင့် ရေဆင်းကောင်းအောင်ဆောင်ရွက်ရန် စသည့်အချက်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အကြံပြုခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုပ်ငန်းဆောင်ရွက်ရာတွင်ကြီးကြပ်ဆောင်ရွက်ခဲ့သည့် ပညာရှင်မှာ နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာဇာခြည်မင်း ဖြစ်ပြီး ၎င်း၏တင်ပြချက်အရ ဌာနမှ အကြံပြုခဲ့သည့် Polycarbonate / Acrylic Sheet အသုံးပြု ဆောင်ရွက်လျှင် Weight ပေါ့ပါးပြီး အမိုးကိုထမ်းမည့် Structure frame ၏ Weight ကို လျှော့ချနိုင် သော်လည်း ရေရှည်တွင် လေဒဏ်၊ မိုးဒဏ်၊ နေဒဏ် ခံနိုင်အား ကျဆင်းလွယ်ပြီး ရေရှည်တွင် အရောင်များမှေးမှိန်၍ အရည်အသွေး ကျဆင်းလာနိုင်ခြင်း၊ ရေရှည်တွင် ကျွတ်ဆတ်လာ၍ ကျိုးလွယ်ခြင်း၊ ကျိုးကြေသော အပိုင်းအစများ သည် ဘုရားဖူးများကို ထိခိုက်နိုင်ခြင်း၊ အမိုးကို သန့်ရှင်းရေးပြုလုပ်ရန်မလွယ်ကူခြင်း စသည့်အချက်များကြောင့် Tempered Laminated မှန်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Tempered Laminated မှန်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အဆောက်အအုံအတွင်း ဝင်ရောက်မည့် UV နှင့် Heat အပူကို ဖြတ်နိုင် ခြင်း၊ အပေါ်မှန်/အောက်မှန် (၂)ထပ်တွဲပြီး အတွင်း Laminate ကော်ပြားပါရှိသဖြင့် လွယ်ကူစွာ မကွဲခြင်း၊ နေ/လေ/မိုးဒဏ်ကို ကောင်းစွာခံနိုင်ခြင်း၊ ဘုရားဖူးများအန္တရာယ်ဖြစ်မှုအနည်းဆုံးဖြစ်ခြင်း၊ နှစ်ရှည်ခံနိုင်ရည်ရှိခြင်း၊ လိုအပ်သော အလင်းရောင်အမှန်အတိုင်းရရှိခြင်း၊ သန့်ရှင်းရေးလွယ်ကူစွာ လုပ်နိုင်ခြင်း၊ ရေရှည်တွင် ပြင်ဆင်စရိတ်သက်သာခြင်း စသည့်အားသာချက်များကြောင့် Tempered Laminated မှန်ကို အသုံးပြု၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆောက်အအုံသည် brick masonary structure ဖြစ်ပြီး existing အုတ်ရိုးဖွဲ့စည်းပုံသည် လှေကားထစ်များကဲ့သို့ ဖြစ်ပေါ်နေခြင်းနှင့် roof beam မရှိသည့်အတွက် အမိုး structure တင်နိုင်ရန် short colum ဖြင့် level ချိန်ညှိပြီး သံ frame beam ကို တပ်ဆင်ပါကြောင်း၊ အဆောက်အအုံပေါ်တွင် ကျရောက်သော steel structure frame ၏ အလေးချိန်မှာ မြောက်ဘက်တွင် steel structure frame (၁.၂၅)တန်နှင့် alu+glass (ဝ.၁+ဝ.၂၉) တန်၊ အလယ်အမိုးတွင် steel structure frame (ဝ.၇၅)တန်နှင့် alu+glass (ဝ.၃၉+၃.၅၆) တန် ရှိပါကြောင်း၊ တောင်ဘက်အမိုးသည် အဆောက်အအုံတည်ဆောက်ပုံအရ stand alone columns အတွင်း (၄)တိုင်၊ အပြင်(၂)တိုင်ဖြင့် အမိုးကို တပ်ဆင်ထားသည့်အတွက် weight မှာ အဆောက်အအုံအပေါ်သို့ တိုက်ရိုက်မသက်ရောက်ပါကြောင်း၊ အဆောက်အအုံ၏ ထုထည် ကြီးမားမှုကြောင့် အမိုးနှင့် frame weight ကို ကောင်းစွာခံနိုင်ရည်ရှိသော အဆောက်အအုံဖြစ်ကြောင်း တင်ပြခဲ့သည်ဟုယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#yangon_Media_Group
Page 1533 of 1946