#Local_News
Published _3 October 2022
အမြန်လမ်းတွင် MINI BUS တစ်စီး တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် နှစ်ဦးဒဏ်ရာရသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီခန့်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၆/၁)နှင့်(၇၆/၂) ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ HIGER MINI BUS (အဖြူရောင်)ယာဉ် တိမ်းမှောက်ရာနေ
ရာသို့ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၅)ဦးနှင့် ကလေး(၂)ဦးတို့အနက် အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရသွားသည့်အတွက် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#LocalNews
Published 2 Oct 2022
ကချင်ပြည်နယ်အတွင်း အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ဘိုးဘွား ၂၀၀ ဦးခန့်အား အောက်တိုဘာလ ၂ ရက်တွင် ထောက်ပံ့ဂါရဝပြုခဲ့ကြကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရဖွဲ့မှ သက်ကြီးဘိုးဘွားတစ်ဦးလျှင် လှူဒါန်းငွေ ကျပ်တစ်သိန်းစီနှင့် ငွေကျပ် ၅၀၀၀၀ တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ဂါရဝပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထောက်ပံ့ဂါရဝပြုအခမ်းအနားသို့ တက်ရောက်သည့် အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၅၀ ဦး ၊ တက်ရောက်နိုင်ခြင်းမရှိသည့် ပြည်နယ်အတွင်းမှ အသက် ၁၀၀ နှစ်နှင့် အထက် ဘိုးဘွား ၁၄၅ ဦးတို့ကို ထောက်ပံ့ဂါရဝပြု လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယင်းတွင် အသက်အကြီးဆုံး အသက် ၁၂၁ နှစ်အရွယ် တနိုင်းမြို့နယ်မှအဘွားတစ်ဦးအတွက် လှူဒါန်းငွေကျပ် ၂၅၀၀၀၀ ၊ အလားတူ ဒုတိယအသက်ကြီးဆုံးဖြစ်သည့် မြစ်ကြီးနားမြို့နယ်မှ အသက် ၁၁၂ နှစ်ရှိ အဘွားတစ်ဦးနှင့် မိုးညှင်းမြို့နယ်မှ အသက် ၁၁၀ နှစ်ရှိ အဘိုးတစ်ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀၀ စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
"သက်ကြီးဘိုးဘွားတွေရဲ့ ဘဝလုံခြုံမှုရှိစေရေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်တွေမှာထည့်သွင်းအသုံးပြုသွားနိုင်ဖို့အတွက်အခွင့်အလမ်းတွေ ဖန်တီးဆောင်ရွက်ပေးသွားမယ်"ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အခမ်းအနားတွင်ပြောကြားသွားသည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် အသက် ၁၀၀ နှစ် နှင့်အထက် အဘိုးအဘွားများအား ၂၀၁၅ ခုနှစ်က စတင်၍ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 2 Oct 2022
ရန်ကုန် တိုင်းဒေသကြီး ၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင် အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက ခေမာဗုဒ္ဓတက္ကသိုလ် (KHEMA BUDDHA UNIVERSITY) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အဖွင့်သြဝါဒကထာ မြွက်ကြားပြီးနောက် ဆရာတော်ကြီးများက ခေမာဗုဒ္ဓတက္ကသိုလ်၏ အဓိပတိမဟာနာယကချုပ်၊ ဩဝါဒါစရိယ၊ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ကထိက ဆရာတော်များအဖြစ် ခန့်အပ်လွှာများကို ဆရာတော်များထံ ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး အင်းတကော် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်ကစ္စာယနသာရက ခေမာဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းမြွက်ကြားကာ ဆရာတော်များအား လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ နိုင်ငံတော် သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘ ဒ္ဒန္တပညာဓဇက အနုမောဒနာတရား ဟောကြားခဲ့ကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)၊အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်(စွယ်တော်ရှေ့)၊မဟာသံဃာ့နာယကဥက္ကဋ္ဌဗန်းမော်ဆရာတော်နှင့် ဘာသာဗေဒပညာရှင် ဆရာကြီး ဦးမြင့်ဆွေတို့တည်ထောင်ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊မန္တလေး)၊သီတဂူဆရာတော်တည်ထောင်ဖွင့်လှစ်သည့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့သာ ရှိကြသော်လည်း လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပရိယတ္တိဆိုင်ရာဗုဒ္ဓတက္ကသိုလ်များ အလျှိုအလျှိုပေါ်ပေါက်လာခဲ့ကြရာ ၂၀၂၀ ပြည့်နှစ်၏ စာရင်းများအရ ဗုဒ္ဓတက္ကသိုလ်စာရင်းဝင်တက္ကသိုလ်ပေါင်း (၂၅) ခုထိရှိကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပရိယတ္တိဆိုင်ရာဗုဒ္ဓတက္ကသိုလ်များဥပဒေကို မပြဋ္ဌာန်းရသေးပေး။
ymg/mt
#Yangon_Media_Group
Published 2 Oct 2022
“ပန်းရောင်နတ်ဆိုး” တစ်ကောင် ဟာ ဘန်ကောက်ရဲ့ ရှုပ်ထွေးလှတဲ့ လမ်းတွေပေါ် ဒေါသတကြီးသွားနေပါတယ်။ သူဟာ တုတ်တုတ် လို့ခေါ်ကြတဲ့ သုံးဘီးကားတွေနှင့် မော်တော်ဆိုင်ကယ်တွေကို သည်းကြီးမည်းကြီး ပွတ်ကာသီကာ ကျော်ဖြတ်နေပါတယ်။ မြို့တော်ရဲ့ အလုပ်များလှတဲ့ ယာဉ်ကြောထဲ ချိုးမကွေ့ခင် ခရီးသည်တွေတက်ဆင်းလို့ရအောင် သူက အရှိန်လျှော့လိုက်ပါတယ်။ နံပါတ်(၈) ဘတ်စ်ကားလိုင်းကို စီးနင်းလိုက်ပါကြဖို့ ကြိုဆိုပါလိုက်ပါတယ်။
ထိုင်းမြို့တော်မှာ နာမည်ဆိုးနှင့်ကျော်ကြားလှတဲ့ ဘတ်စကား နံပါတ်(၈)လိုင်းကြောင့် တစ်တော့ခ်ပေါ်မှာ ယင်းကို လှောင်ပြောင်တဲ့ သီချင်းများစွာ ထွက်ပေါ်လာပါတယ်။ ယူကျုမှာလည်း အသည်းတစ်ယားယား ဗွီဒီယိုတွေကို မြင်တွေ့ရပါတယ်။ Fast & Furious လို ဇာတ်ကားတစ်ကားတောင်ထွက်လာပါတယ်။ အခုတော့ အဲဒီ ခေတ်ဟောင်းစတိုင် ဒီဇယ်ဘတ်စ်ကားကြီးတွေဟာ ရုပ်သိမ်းခံလာရပြီး သူ့နေရာမှာ သန့်ရှင်းတဲ့ လျှပ်စစ်ကားတွေ အစားထိုးပေးနေပါပြီ။
ဒါပေမယ့် အဲဒီပန်းရောင်နတ်ဆိုးလို့ခေါ်ကြတဲ့ ပန်းရောင်ဘတ်စ်တွေမှာ အခေါက်ရေများများရဖို့ လုပ်နေကြရတဲ့ အလုပ်ပိနေတဲ့ ယာဉ်မောင်းတွေအတွက် ခက်ခဲတဲ့ အခြေအနေတွေဖြစ်နေပါတယ်။
“ ပြိုင်ဆိုင်နေကြရတာဗျ” လို့ ယာဉ်မောင်း အဖီဆက် ဆိုမွီက ပြောပါတယ်။ သူဟာ လေအေးစက်မရှိတဲ့ ပူလောင်နေတဲ့ သူ့ကားကြီးကို မောင်းနှင်နေပါတယ်။ ယခင် ဆယ်စုနှစ်တွေက ပြတင်းဖွင့်စီးရတဲ့ ဘတ်စ်ကားတွေလိုတွေပါပဲ။
ဒီလိိုမျိုး ဘတ်စ်ကား အစီး ၆၀ခန့်ဟာ တစ်ခေါက်ကို ၁၈မိုင်ရှိတဲ့ လမ်းကြောင်းမှာ မောင်းနှင်ပေးနေကြပါတယ်။ ခရီးသည်တစ်ဦးကို ဘတ်စကားခ ၁၀ဘတ်( ဒေါ်လာ ၀.၂၇ဆင့်) ကောက်ပါတယ်။ ဘန်ကောက်ကို မြောက်ကနေ တောင် ပြေးဆွဲပေးနေပါတယ်။ ဒီလမ်းကြောင်းဟာ တစ်ရက်ကို လူခုနှစ်သိန်းသယ်ဆောင်ပေးနေတဲ့ ဘန်ကောက်ရဲ့ ကျယ်ပြန်တဲ့ဘတ်စ်ကွန်ယက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း လိုင်းနံပါတ်(၈)ကြောင့် ဆက်တိုက်လိုဖြစ်နေတဲ့ သေဆုံးမှုတွေကြောင့် လိုင်းကို ပြုပြင် ပြောင်းလဲမှုတွေလုပ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ အခုဆို ကုမ္ပဏီအသစ်တွေဟာ စနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။ ဝန်ဆောင်မှုပိုကောင်းစေရပါမယ်လို့ ကတိတွေပေးထားပြီး အဲဒီဘတ်စ်အဟောင်းတွေနေရာမှာ လျှပ်စစ်ကားတွေအစားထိုးပေးနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ယာဉ်မတော်တဆမှုတွေထဲမှာ ကိုးနိုင်ငံမြောက် အများဆုံး ဖြစ်နေတဲ့ အလျောက် ဘန်ကောက်ရဲ့ မြို့တော်ဝန်အသစ် ချက်ချတ်ဆစ်တီပန့်အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေနှင့် မွန်းကြပ်နေတဲ့ မဟာမြို့တော်ကို သန့်ရှင်းအောင် ကြိုးစားဆောင်ရွက်ဖို့ ခရီးရှည်ကြီးဖြစ်နေပါတယ်။
ပြီးတော့ (၈)လိုင်းအနေနှင့်လည်း နာမည်ကောင်းပြန်ရလာဖို့ဆိုတော့ သိပ်တော့ မလွယ်လှပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အစာထိုးထားတဲ့ ဘတ်စ်ကားအသစ်ကြီး သိပ်မကြာသေးခင်က တိုက်မှုဖြစ်ခဲ့ပါတယ်။ ကံကောင်းတာက တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့တာပါ၊
ပြဿနာက တကယ်တမ်းတော့ ဘန်ကောက်ရဲ့ ခရီးသည်ပို့ဆောင်ရေးအာဏာပိုင်ဆီကနေ ဘတ်စ်လမ်းကြောင်းတွေ အငှားချခွင့်ရရှိထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ်ပဲမူတည်နေတယ်လို့ ထိုင်းသယ်ယူပို့ဆောင်ရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဆူမက် အွန်ကစ်တီကူကပြောပါတယ်။ သူတို့ရဲ့ စီမံခန့်ခွဲမှုပုံစက ယာဉ်မောင်းတွေဟာ သူတို့လစာအပြင် လက်မှတ်ရောင်းလို့ရတဲ့အပေါ် အကျိုးခံစားခွင့်ပေးထားပါတယ်။ အဲဒါကြောင့် ယာဉ်မောင်းတွေက ခရီးသည်တွေ သူ့ထက်ငါပိုရအောင် အလုအယက်တင်ကြတာပဲ” လို့ သူကရှင်းပြပါတယ်။
(၈)လိုင်းက ယာဉ်မောင်း အာဖီဆက်က သူဟာ နေ့စဉ်လုပ်ခက ဘတ်၁၅၀ကနေ ၂၀၀အကြား (ငါးဒေါ်လာခန့်)ရပြီး နေ့စဉ်လက်မှတ်အရောင်းရဲ့ ၁၀ရာခိုင်နှုန်းရတယ်လို့ြောပါတယ်။
“ကျွန်တော်တို့ လုံလောက်တဲ့ဝင်ငွေရဖို့ တစ်ရက်ကို အနည်းဆုံးလေးခေါက်လောက် အပြိုင်မောင်းကြရတယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့် အခုပြုပြင်ပြောင်းလဲရေးကြောင့် ဒီလိုအပြူအမူမျိုး မရှိနိုင်တော့ဘူးလို့ သူက ထင်နေပါတယ်။ ကုမ္ပဏီအသစ်ဟာ ယာဉ်မောင်းတွေကို သင်တန်းပေးတာတွေကို ပိုအာရုံစိုက်သင့်တယ်။ ဒါမှ သူတို့ရဲ့ အပြုအမူတွေတိုးတက်လာမှာ လို့ သူကထပ်ပြောပါတယ်။
ဒါပေမယ့် (၈)လိုင်းရဲ့ နာမည်ဆိုးအပေါ် ယိုသင်ဝတ်တီဆက်ချိုင်ကူက ခုခံပြောဆိုပါတယ်။ သူ့မိသားစုဟာ နံပါတ်(၈)လိုင်းရဲ့ ခရီးစဉ်လမ်းကြောင်းတစ်ခုကို စီမံလုပ်ကိုင်နေတာပါ။ ဒီလိုမျိုးဝန်ဆောင်မှုမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောခဲ့တဲ့ အွန်လိုင်းပေါ်က မှတ်ချက်တွေကို ကန်ကွက်ပြောဆိုပါတယ်။
“ (၈)လိုင်းမှာ တကယ်ဖြစ်နေတာတွေကို တကယ်စီးတဲ့သူတိုင်းသိကြပါတယ်။ ပြိုင်ကြဆိုင်ကြတယ်ဆိုတာလည်း အန္တရာယ်ဖြစ်လောက်တဲ့အထိမဟုတ်ပါဘူး” လို့သူကပြောလိုက်ပါတယ်။
Source: AFP
#Pink_Devils
#Bangkok_Bus_No_8
#Public_Transport_Thailand
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘ၀"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံး တစ်ကိုယ်တော်သီချင်းခွေထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 October 2022
လတ်တလောမှာ ပုဂံဒေသရှိ စေတနာကြီးဘုရားအပါအဝင် ပုဂံဘုရား(၁၀)ဆူကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘ၀"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံး တစ်ကိုယ်တော်သီချင်းခွေထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 2 October 2022
တရုတ်နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းထုတ် ပင်မလိုင်း ဂျက်လေယာဉ်ကြီး C919 ဟာ အန္တရာယ်ကင်းရှင်းရေး၊ သက်သောင့်သက်သာဖြစ်မှုနှင့် စွမ်းအင်စွမ်းရည်တို့ တိုးတက်မှုကို အာရုံစိုက်ကာ နည်းပညာနှင့် ဒီဇိုင်းအားဖြင့် တည်ဆောက်ထားတာဖြစ်တယ်လို့ လေယာဉ်ပျံရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ် က ပြောပါတယ်။
C919 ဟာ လေးနှစ်ကြာစမ်းသပ်မှုတွေပြုလုပ်ပြီးနောက် ကြာသပတေးနေ့က တရုတ်နိုင်ငံ လေကြောင်းအာဏာပိုင်ထံမှ ပျံသန်းခွင့်လက်မှတ်ရရှိခဲ့ပါတယ်။
အဲဒီပျံသန်းခွင့်လက်မှတ်အပ်နှင်းတဲ့အခမ်းအနားကို ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာကျင်းပခဲ့ရာမှာ တရုတ် မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က လေယာဉ်ကို ပျံသန်းခွင့်လက်မှတ်ထုတ်ပေးခဲ့ပါတယ်။
တရုတ်အင်ဂျင်နီယာအကယ်ဒမီက ပညာရှင်လည်းဖြစ်၊ C919 ရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ်လည်းဖြစ်တဲ့ ဝူကွမ်ဟွေးက ဒီဇိုင်းအဖွဲ့အတွက် လေယာဉ်ရဲ့စိတ်ချလုံခြုံမှုတိုးတက်ကောင်းမွန်ရေးဟာ အဓိက အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
“ အားလုံးထဲမှာ ပထမဦးစားပေးက လုံခြုံစိတ်ချရဖို့ဖြစ်တယ်။ စံချိန်စံညွှန်းတွေအကြောင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ နောက်ဆုံးပေါ် လေယာဉ်ပျံသန်းမှုဆိုင်ရာ သတ်မှတ်ချက်တွေနှင့် ကိုက်ညီမှုရှိပါတယ်။ ဥပမာ .. ငှက်တွေဝင်တိုက်တာမျိုးကို ခံနိုင်ရည် တိုးတက်အောင်ပြုလုပ်ထားတာ၊ အရေးပေါ်ထွက်ခွာနိုင်စွမ်းတိုးတက်မှုရှိအောင်လုပ်ထားတာမျိုးဖြစ်တယ်။ လေယာဉ်ပြန်ပေးဆွဲတာမျိုးလိုမျိုးနှင့်တောင် ပြန်လည်တုန့်ပြန်နိုင်စွမ်းတွေပါဝင်ပါတယ်။ အဲဒါကြောင့် လုံခြုံစိတ်ချမှုအာမခံနိုင်ဖို့ တစ်ခုတည်းအတွက်နှင့် ကျွန်တော်တို့လေယာဉ်ဟာ ယခင်လေယာဉ်တွေထက် စမ်းသပ်မှုတွေ အများကြီးပိုလုပ်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်” လို့သူကပြောပါတယ်။
အရပ်သုံးလေယာဉ်တစ်စီးအတွက် ကုန်ကျစရိတ်ဟာ အလွန်အရေးကြီးတယ်လို့ ဝူက ပြောပါတယ်။ အဲဒါကြောင့် C919 ဒီဇိုင်းအဖွဲ့ဟာ ခေတ်မီပြီးဖြစ်တဲ့ ဒီဇိုင်နှင့်နည်းပညာများစွာကို ရယူခဲ့တယ်လို့ သူကပြောပါတယ်။
“ဥပမာအားဖြင့် အဲရိုဒိုင်းနမစ်ဒီဇိုင်းလိုမျိုး လောင်စာဆီသက်သာအောင် ကျွန်တော်တို့စနစ်သစ်တစ်ခုရယူခဲ့တယ်။ သုံးရတာ စရိတ်သက်သာသလောက် ထိန်းသိမ်းဖို့လည်း လွယ်ကူတယ်လို့ ပြောတယ်။ ခုခံမှုနည်းတော့ ပျံသန်းနေစဉ်အတွင်း ကန်အားများများစားစားမလိုတော့ ဆီစားသက်သာတယ်။ ဒီလေယာဉ်ဟာ အလေးချိန်ပေါ့ပါးတဲ့ အတွက် ကုန်စည်များများတင်နိုင်တယ်” လို့ ဝူကဆက်ပြောပါတယ်။
C919 ဒီဇိုင်းထုတ်လုပ်သူတွေဟာ ခရီးသည်တွေ သက်သောင့်သက်သာထိုင်နိုင်အောင်ကိုပါ အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူဒီဇိုင်းလုပ်ခဲ့ပါတယ်။
“ဥပမာ.. ကျွန်တော်တို့ဟာ နေရာပိုကျဉ်းတဲ့ လေယာဉ်ထဲမှာ အလယ်ခုံမှာ မထိုင်ချင်ကြဘူးမဟုတ်လား။ အဲဒါကြောင့် အလယ်ကလူပိုသက်သောင့်သက်သာဖြစ်အောင် အလယ်ခုံကို ပိုပြီးကျယ်ကျယ်ပေးထားလိုက်တယ်” လို့ ဝူကပြောပါတယ်
အဲဒီအပြင် အရပ်နိမ့်တဲ့လူတွေက ပစ္စည်းထည့်ဖို့အံကို ဆွဲယူရတာခက်တာမျိုးရှိခဲ့တော့ အဲဒီအံကိုဖွင့်လို့ရတဲ့ လက်ကိုင်ကို လူတိုင်းလက်လှမ်းမီနိုင်တဲ့ နေရာမှာထားပေးထားပါတယ်။
C919ဟာ ဆီစားသက်သာတဲ့အတွက် ကာဘွန်ထုတ်လုပ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုတဲ့ ပစ္စည်းတွေ ထည့်ထားပေးတယ် လို့ သူကဆိုပါတယ်။
ဒီလေယာဉ်ကို ပြည်တွင်းအတွက်သာမက နိုင်ငံတကာဈေးကွက်အတွက်ပါ ရည်ရွယ်ထုတ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။
လေယာဉ်ဟာ ၁၅၈ခုံမှ ၁၆၈ခုံအထိရှိပါတယ်။ ဝယ်ယူသူ ၂၈ နေရာမှ အစီးရေ ၈၁၅ စီးကြိုတင်အမှာရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
Source CCTV+
#Local_News
Published_2 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ၅ လကျော်ကာလအတွင်းမှာ ပြည်ပကိုပဲတန်ချိန် ၀ ဒသမ ၈သန်းနီးပါးတင်ပိုခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၁၄ ဒသမ ၃ သန်း ရရှိခဲ့တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘဝ"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံးတစ်ကိုယ်တော်သီချင်းခွေ ထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
စက်တင်ဘာ ၃၀ ရက် ညပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗိုလ်တထောင်မြို့နယ်၊ (၃) ရပ်ကွက်၊ ကမ်းနားလမ်းတွင် ပြည့်စုံအောင်(ခ)စိန်ကြီး မောင်းနှင်ပြီး မျိုးဦးနိုင်(ခ)မျိုးကြီး လိုက်ပါလာသည့် TOYOTA Corolla အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ခရီးဆောင်အိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ထို့နောက် စစ်ဆေးရာတွင် ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပြည့်စုံအောင်(ခ)စိန်ကြီး(၃၂)နှစ်နှင့် မျိုးဦးနိုင်(ခ)မျိုးကြီး(၃၂)နှစ်တို့အား ဗိုလ်တထောင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 2 Oct 2022
ပေါ်တူဂီ ဘောလုံးအကျော်ဇေယျဖြစ်တဲ့ လူးဝစ် ဖီဂိုနှင့် နိုင်ငံတကာ ဘောလုံးသမားတွေပါဝင်တဲ့ အသင်းတစ်သင်းဟာ အမြင့်မှာကစားတဲ့ ဘောလုံးပွဲအတွက် ဂင်းနက်စ်၏ ကမ္ဘာ့မှတ်တမ်းစံချိန်ချိုးဖို့ ကမ္ဘာ့ဆွဲအားသုည(ကမ္ဘာ့ဆွဲအားမရှိ)တဲ့ အခြေအနေတစ်ခုမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသခဲ့ကြပါတယ်။
မာစတာကတ်က ကမကထပြုလုပ်ပေးတဲ့ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်ကြိုးပမ်းမှုအဖြစ် ဖီဂိုနှင့် ကမ္ဘာတစ်လွှားက အားကစားသမားတွေဟာ ဩဂုတ်လ(၂၀)ရက်မှာလေယာဉ်ပေါ် ဘောလုံးကွင်းတစ်ကွင်း အထူးဖန်တီးပေးထားတဲ့ လေယာဉ်တစ်စီးဖြင့် လိုက်ပါ ခဲ့ကြပါတယ်။ အမြင့်ပေ ၂၀၂၃၀ မှာ ကမ္ဘာ့ဆွဲအားကင်းမဲ့ဘောလုံးကစားနိုင်အောင် လေယာဉ်ဟာ မျဉ်းကွေး ပျံသန်းမှု လမ်းကြောင်း parabolic flight path အတိုင်း ပျံသန်းပေးပြီး သုညကမ္ဘာ့ဆွဲအားဖြစ်အောင် ဖန်တီးပေးပါတယ်။ လေယာဉ် ပေါ်ပါ ဘောလုံးကွင်း ကလေးထဲမှာ သူတို့ အသင်းနှစ်သင်းခွဲ ဘောလုံး ကစားခဲ့ကြပါတယ်။ သူတို့ဟာ ကမ္ဘာ့ဆွဲအားသုညparabolic flight path ဖြင့် အမြင့်ဆုံးပျံသန်း ဘောလုံးကစားကြသူများအဖြစ် ဂင်းနက်စ် မှတ်တမ်း စံချိန်ချိုးခဲ့ပါတယ်။

“ဘောလုံးဟာ နယ်စည်းတွေကို ကျော်လွန်ပြီး ကမ္ဘာအနှံ့က ပြည်သူတွေကို ညီညွတ်စေတယ်။ ယဉ်ကျေးမှုတွေ၊ နိုင်ငံသားတွေဆိုတာတွေကို ဖြတ်ကျော်ပြီး စိတ်လှုပ်ရှားမှုတွေပြင်းထန်ပေါက်ကွဲတဲ့ သွင်းပြင်အခြေအနေရှိတဲ့ ဘောလုံး ကွင်းတွေမှာ ကျွန်တော် ဘောလုံးကစားကြတယ်။ မြေပြင်အထက် အမြင့်ပေနှစ်သောင်းမှာ ဒီ လှပတဲ့ ကစားပွဲကစားရ တာ အတွေ့အကြုံအတူတူလို့ခံစားရတယ်။ ကြောက်ရွံခြင်းကင်းတဲ့ ဘောလုံးအရူးအမူးဖြစ်သူတွေဟာ မကြုံစဖူး အမြင့် မှာ အားကစားပွဲအတွက် သူတို့ရဲ့ ပြင်းပြတဲ့ ဇောအဟုန်တွေနှင့် ကစားခဲ့ကြတယ်” လို့ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီဂိုက သတင်းထုတ်ပြန်ပါတယ်။
လေယာဉ်ပျံအတွင်းထဲမှာ တည်ဆောက်ထားတဲ့ ဘောလုံးကွင်းက ၇၅ စတုရန်းမီတာကျယ်ဝန်းပါတယ်။လေယာဉ်ကို အပေါ်တက်အောက်ဆင်း စက်ဝန်းပြတ်ပုံစံပျံသန်းပေးခြင်း parabolic flight path ဖြင့် ကမ္ဘာ့ဆွဲအားမဲ့အောင်ဖန်တီးယူ ရတာဖြစ်ပါတယ်။
တစ်ဖက်လေးဦးစီနှင်ကစားကြရမှာ ဖီဂိုပါတဲ့ အသင်းက နှစ်ဂိုး တစ်ဂိုးနှင့် အနိုင်ရရှိခဲ့ပါတယ်။ သူနင့်အတူ ကစားကြသူတွေဟာ ဥရောပ၊လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းကကစားသမားတွေဖြစ်ကြပါတယ်။









Source UPI/ESPN
#Oddly_News
#Zero_gravity_Soccer
#Luis_Figo
Page 1528 of 1947