Published 16 Oct 2022
အိန္ဒိယနိုင်ငံက ကျန်းမာရေးအာဏာပိုင်တွေဟာ နယူးဒေလီက ဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ချောင်းဆိုးနှင့်အအေးမိရောဂါကုဆေးရည်တွေဟာ ဒါဇင်ပေါင်းများစွာသော ကလေးငယ်တွေ သေဆုံးမှုနှင့် ဆက်နွယ်မှုရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုပြီးတဲ့နောက် အဆိုပါ ဆေးဝါးကုမ္ပဏီရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
အဆိုပါ Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးဖြစ်တဲ့ Promethazine Oral Solution၊Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့အထဲမှာ ဦးနှောက်၊အဆုပ်၊အသည်းနှင့်ကျောက်ကပ်တွေကို ပျက်စီးစေနိုင်တဲ့ ဓာတုပစ္စည်းတွေ လက်မခံနိုင်စရာပမာဏာပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယရှိနေပါတယ်။
ဂမ်ဘီယာ၊အာဖရိကက ကလေးငယ် ၆၀၀ကျော်နှင့် အင်ဒိုနီးရှားက ကလေးငယ် ၂၀ကျော် သေဆုံးခဲ့ရမှုနှင့် အဲဒီဆေးဝါး တွေ ဆက်နွယ်မှုရှိနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေက ယုံကြည်နေကြပါတယ်။
Maiden Pharmaceuticals ဆေးဝါးကုမ္ပဏီဟာ GMP လို့ခေါ်တဲ့ ကောင်းမွန်သော ထုတ်လုပ်မှုလမ်းစဉ်လိုအပ်ချက် အမျိုးမျိုးကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆေးဝါးတွေကို ထုတ်လုပ်ခဲ့ စမ်းသပ်ခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံ ဗဟို ဆေးဝါး စံချိန်စံညွှန်း ထိန်းကျောင်းရေးအဖွဲ့က ဗုဒ္ဓဟူးနေ့တုန်းက ပြောခဲ့ပါတယ်။
“ စုံစမ်းစစ်ဆေးမှုများအတွင်း တွေ့ရှိရတဲ့ စည်းကမ်းဖောက်ဖျက်မှု အတိုင်းအတာနှင့် အရည်အသွေး၊ ဘေးကင်းရေးနှင့် ဆေးဝါးအာနိသင်တို့အပေါ် အန္တရာယ်ရှိနိုင်ခြေတို့ကြောင့် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုလုပ်ငန်းအားလုံး ချက်ခြင်းရပ်တန့်ပစ်ရမည်” လို့ အဖွဲ့က အမိန့်ထုတ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါ ချောင်းဆိုပျောက်ဆေးရည်လေးမျိုးကို နောက်ပိုင်းတွင် ဓာတ်ခွဲကြည့်ခဲ့ရာမှာ ဦနှောက်၊အဆုပ်၊အသည်းနှင့်ကျောက်ကပ်တွေကိုပျက်စီးစေနိုင်တဲ့ ဒိုင်ယာသလင်းဂလိုင်ကောလ် diethylene glycol နှင့် အက်သလင်းဂလိုင်ကော ethylene glycol တွေဟာ လက်မခံနိုင်တဲ့ ပမာဏပါဝင်ကြောင်းတွေ့ရှိခဲ့ပါတယ်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကလည်း အဲဒီဆေးလေးမျိုးရဲ့ နမူနာ ၂၃ပုလင်းကိုစစ်ဆေးရာမှာလည်း ဒိုင်ယာသလင်း ဂလိုင်ကောလ် သို့မဟုတ် အက်သလင်းဂလိုင်ကောလ်ပါဝင်နေတာ တွေ့ခဲ့ရပါတယ်။
အဲဒီဆေးတွေကို အခြားနိုင်ငံတွေက ဖြန့်ချိရောင်းချထားတာတွေရှိနိုင်ပြီး အဲဒါတွေကို ရောင်းဝယ်နေခြင်းကနေ ဖယ်ရှားပစ်ဖိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံအကြံပြုထားပါတယ်။
အဆိုပါဆေးတွေနှင့်ပတ်သက်ပြီး စတင်သိရှိတာက ဂမ်ဘီယာနိုင်ငံဖြစ်ပြီး အဲဒီက ကလေးငယ်တွေဟာ ကျောက်ကပ် ပျက်စီးသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။အင်ဒိုနီးရှားမှာလည်း ကလေးငယ် ၂၀ကျော် ကျောက်ကပ်ပျက်စီးသေဆုံးခဲ့ရတာတွေရှိခဲ့ပြီး သေဆုံးသူတွေအားလုံးဟာ အဆိုပါဆေးရည်ကိုသောက်သုံးထားသူတွေ ဖြစ်တယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။
Source CNN/Agencies
#Maiden_Pharmaceuticals
#Cough_Syrups
#Children_deaths
#LocalNews
Published _15 October 2022
ထိုင်း-မြန်မာ နယ်စပ် မဲ့ဆောက် မြဝတီ အမှတ် ၁ တံတားအနီး ယနေ့ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကားနှစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။
"အသံအတော်ကျယ်ကျယ်ကြားရပါတယ်။ ပထမတစ်လုံး နဲ့ ဒုတိယတလုံး က ဆယ်မိနစ်လောက် ခြားမယ်ထင်တယ်၊မရှေးမနှောင်းမှာ ပေါက်တာဗျ"ဟုမြဝတီမြို့ခံတစ်ဦးကဆိုသည်။
ကိုဗစ်ကြောင့် ပိတ်ထားရသော အဆိုပါ အမှတ် ၁ တံတားကို ယခုတိုင်ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
ymg/mt
#Yangon_Media_Group

#Local_News
Published_ 15 October 2022
ရာသီဥတု အကူးအပြောင်းကာလဖြစ်တဲ့အတွက် အဖျားကြီးတဲ့ကလေးလူနာတွေ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တဲ့ ကလေးလူနာတွေကို ဆေးရုံတွေကို ပို့ဆောင်ပေးနေရတာများတယ်လို့ ပုလဲအရန်မီးသတ်အဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-15 October 2022
ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်စည်းကမ်းတွေသတ်မှတ်ထားတာကြောင့် သကြားတင်ပို့နိုင်ခြင်း မရှိတော့ဘူးလို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Yangon_Media_Group
#World_Event
Published 14 October 2022
ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ပထမ ၂ ပတ်အတွင်း မြို့တော်ဒိုဟာမှာ လိုက်ပါအားပေးသူ အလွန်များပြားနိုင်တာကြောင့် လမ်းပိတ်ခြင်းများ ကြုံတွေ့နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
#Yangon_Media_Group
Published 15 Oct 2022
တူရကီနိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးသတ္တုမိုင်းတစ်ခု သောကြာနေ့က ပေါက်ကွဲခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၄၀ ဦးသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဆူလီမန်ဆွိုင်လုက အောက်တိုဘာ ၁၅ ရက်က ပြောပါတယ်။
သတ္တုတွင်းပေါက်ကွဲမှုဟာ တူရကီနိုင်ငံရဲ့ ပင်လယ်နက် ကမ်းခြေပေါ်က အမ်မာဆရာ သတ္တုမြို့ကလေးရဲ့ ကျောက်မီးသွေးမိုင်းတစ်ခုမှာ သောကြာနေ့ နေမဝင်ခင်ကလေးမှာ ဖြစ်ပွားခဲ့တာပါ။
“ အခုသေဆုံးသူတွေ တွက်ကြည့်တာ ၄၀ ဦးရှိပြီ။ မိုင်းလုပ်သား ၅၈ ဦးကတော့ ထိခိုက်မှုမရှိဘဲတွင်းထဲက ထွက်လာနိုင်ကြပါတယ်။ ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်” လို့ သူကပြောပါတယ်။
ယခုကျောက်မီးသွေးသတ္တုမိုင်းပေါက်ကွဲမှုဟာ တူရကီနိုင်ငံမှာ အဆိုးရွားဆုံး စက်မှုလုပ်ငန်းမတော်တဆမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
မျက်ရည်တွေကျနေတဲ့စွမ်းအင်ဝန်ကြီး ဖာ့တီဒွန်မက်က “ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်တော့မှာပါ” လို့ ပြောပါတယ်။
အဲဒီမြေအောက်ကျောက်မီးသွေးမိုင်းထဲမှာ လုပ်သား ၁၁၀ကျော် အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ဥမင်တစ်ခုထဲမှာ မီးထလောင်ခဲ့ပါတယ်။ အဲဒီဥမင်တွေဟာ မြေအောက် မီတာ ၃၀၀မှ ၃၅၀ အနက်မှာတည်ရှိနေပါတယ်။
မိုင်းလုပ်သားသမဂ္ဂက ပေါက်ကွဲမှုဟာ မီသိန်းဓာတ်ငွေ့တွေများလာတာကြောင့်လို့ပြောပေမယ့် အခြားအရာရှိတွေကတော့ အကြောင်းရင်းကို ကောက်ချက်ဆွဲဖို့ စောသေးတယ်လို့ပြောနေခဲ့ပါတယ်။
တူရကီသမ္မတ ရီဆက်တာရစ်အာဒိုဂန်ဟာ မိုင်းမတော်တဆမှုဖြစ်တဲ့နေရာကိုသွားရောက်ခဲ့ပါတယ်။
Source AFP
#Turkey_mine_blast
#Amasra_Turkey
#Turkey
#Local_News
Published _ 15 October 2022
လက်ရှိအချိန်တွင် မြန်မာ့ရေချိုငါးမြစ်ချင်းတွေက အဝယ်ပြန်လိုက်နေပြီး ဈေးကွက်အနေအထားကတော့ ပုံမှန်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 October 2022
ကထိန်ပွဲတွေနဲ့ကျောက်ဆည်ဆင်ပွဲအတွက် ဆင်နဲ့ပတ်သက်တဲ့ ရွှေချည်ထိုးအသုံးအဆောင်တွေဖြစ်တဲ့ဆင်ချိုးရွှေချည်ထိုးတွေ အမှာများနေတယ်လိုသိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 15 October 2022
၁။ သီတင်းကျွတ်ပိတ်ရက်နောက်ပိုင်းများ၌ ရေချိုငါးမြစ်ချင်း အဝယ်ပြန်လိုက်လာဟုဆို
၂။ တရုတ်ဘက်မှ ကိုဗစ်စည်းကမ်းများ ဖြေလျှော့ပေးပါက ပုံမှန်အတိုင်းသကြားပြန်လည် တင်ပို့နိုင်မည်ဟုဆို
၃။ အဖျားကြီးသည့် ဝမ်းပျက်ဝမ်းလျောဖြစ်သည့် ကလေးလူနာများကိုဆေးရုံပို့ဆောင်ပေးရခြင်းများလာ
၄။ ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွင်း လမ်းပိတ်ခြင်းမဖြစ်စေရန် စီစဉ်သူများ ကြိုတင်ဆောင်ရွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published-15 October 2022
လက်ရှိပဋိပက္ခများဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် ၊ NLD ၊အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် နစက ကို မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်ကြောင်း အဆိုပါ ပါတီက အောက်တိုဘာလ ၁၅ ရက်(ယနေ့)တွင် ထုတ်ပြန်လိုက်သည်။
လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပါဝင်သင့်ပါဝင်ထိုက်သည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန် လိုအပ်ကြောင်း ၊ ငြိမ်းချမ်းရေး အမြန်ဆုံးရနိုင်ရန် မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးတွေ့ဆုံဆွေးနွေးကြရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်က မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌနိုင်အောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နေပြည်တော်သို့ ရောက်ရှိကာ အောက်တိုဘာလ (၁၂)ရက်မှ (၁၄)ရက်ထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့နှင့် (၃)ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းလည်း ရေးသားထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌနှင့် အောက်တိုဘာလ (၁၁)ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်စေသည့် အကြောင်းတရားမှာနိုင်ငံရေးပြသနာကြောင့်သာဖြစ်၍ မိမိတို့ မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရမည်ဟု ယုံကြည်ကာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ခြင်းဖြစ်ကြောင်း ၊တွေ့ဆုံဆွေးနွေးရေးအတွက် အခြားလက်နက်ကိုင်အဖွဲ့အစည်း၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်စေလိုကြောင်း ပြောကြားခဲ့သည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ဇယား (၁) ပြည်ထောင်စုဥပဒေပြုစာရင်း၊ဇယား(၂) တိုင်းဒေသကြီး (သို့) ပြည်နယ်ဥပဒေပြုစာရင်း၊(၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေး ရမည့် ၂ဝ၂ဝ အလွန်အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ(ဇယား-၂)၊ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁၊ ၂၊ ၃)တို့ပါ သဘောတူညီမှူများကိုဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိမရှိတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ယင်းအချက်များကို မွန်ပြည်သစ်ပါတီဘက်ကပါတီအတွင်း အသေးစိတ်ဆွေးနွေးပြင်ဆင်ရန် လိုအပ်နေသောကြောင့် နောင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။
ymg/mt
#Yangon_Media_Group



Published 15 Oct 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုတိုင်းမှာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ရလာဒ်တွေရရှိခဲ့တယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားပါတယ်။
အောက်တိုဘာ ၁၅ ရက်နံနက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA )ချုပ်ဆိုခြင်း (၇)နှစ်မြောက်အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Source: Local Channels
#NCA_EAO_Myanmar
#SG_Min_Aung_Hlaing
#Myanmar_Politics
#Local_News
Published _ 15 october 2022
တောင်ကိုရီးယားနိုင်ငံသို့ လာမည့် တပတ်ကျော်အတွင်း၌ မြန်မာလုပ်သား ၃၀၀ ကျော်ထပ်ပြီး စေလွှတ်သွားရန်ရှိနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ထုတ်ပြန်ထားသည်။
စေလွှတ်မယ့်လုပ်သားများမှာ အောက်တိုဘာလ ၂၄ရက်တွင် ကုန်ထုတ်လုပ်ငန်းအတွက် ၁၃၀ ဦး၊ စိုက်ပျိုးရေးလာပ်ငန်းအတွက် ၁၉ဦးတို့ဖြစ်ကြောင်း POEAရဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းအပြင် အောက်တိုဘာလ ၂၆ရက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ၃ဦး၊ ကုန်ထုတ်လုပ်ငန်းအတွက် ၁၅၉ဦးတို့အား စေလွှတ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သွားရောက်လုပ်ကိုင်ခွင့်ရှိသူများရဲ့ အမည်စာရင်းတွေပါ POEA မှ ထုတ်ပြန်ထားပြီး စာရင်းပါသူများအနေနှင့် ကြိုတင်အာမခံကြေး၊ လေယာဉ်လက်မှတ်ခနှင့် ဝန်ဆောင်ခပေးသွင်းရန် လာမည့် အောက်တိုဘာလ ၁၈ရက်မတိုင်မီ ရုံးသို့လာရောက်ဆက်သွယ်ရန်လည်း အသိပေးထားရှိသညိ။
ယခုစေလွှတ်မည့် အလုပ်သမားများဟာ အလုပ်သမားအသစ်များဖြစ်ကြပြီး လုပ်သားဟောင်းတွေ ပါဝင်ခြင်းမရှိပါဘူး။
တောင်ကိုရီးယားနိုင်ငံဟာ ဒီနှစ်ဆန်းကစပြီး မြန်မာလုပ်သားများ ဆက်တိုက်ပြန်လည်ခေါ်ယူနေပြီး လက်ရှိ အဆိုပါနိုင်ငံတွင် မြန်မာလုပ်သား ၄၅,၀၀၀ လောက် တရားဝင်ရောက်ရှိ လုပ်ကိုင်လျှက်ရှိနေကြောင်း မှတ်တမ်းတွေအရ သိရသည်။
#ymg/NN
#Yangon_Media_Group
Page 1527 of 1968