#Local_News
Published-18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို ပဲတင်ပို့မှုမှာ တန်ချိန် သုည ဒသမ ၈၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၀၁ သန်းဝင်ငွေရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 18 Oct 2022
မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန်စီစဉ်နေတယ်လို့ နစကဥက္ကဋ္ဌကပြောကြားပါတယ်။
အောက်တိုဘာ ၁၈ ရက် က မွန်ပြည်နယ်မော်လမြိုင်တွင် ကျင်းပသည့် မွန်ပြည်နယ်ရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး MSMEလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“မော်လမြိုင်မှာ ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိတော့ပါဘူး။ အဲဒါကြောင့် မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ချက်ရှိနေပါတယ်။ အလားတူပဲ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေပါတယ်။ နောင်တစ်ချိန်မှာ မော်လမြိုင်ဒေသသကို ခရီးသွားတွေပိုမိုဝင်ရောက်လာစေဖို့နှင့် လေကြောင်းမှ ကုန်စည်စီးဆင်းမှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ပြည်ပမှ သွင်းကုန်တွေထိန်းချုပ်ပေးတဲ့အတွက် ပြည်တွင်းစက်မှုလုပ်ငန်းတွေ အားကောင်းလာပြီး အလုပ်အကိုင်တွေ ပိုများလာကြောင်း၊နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစပြီး စီးပွားရေးကျဆင်းခဲ့ပေမယ့် ယခုအခါ နိုင်ငံရဲ့ စီးပွားရေးဟာ ပြနလည် တည်ငြိမ်ကောင်းမွန်လာပြီဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တွေက လိုအပ်ချက်တွေနှင့် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးစေလိုတဲ့ အခြေအနေတွေကိုလည်းဆွေးနွေးတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
သူတို့ရဲ့တင်ပြချက်တွေထဲမှာ ရော်ဘာလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ပံ့ပိုးကူညီပေး စေလိုရေး၊ဆားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ဆားကို ပြည်တွင်းပြည်ပရောင်းချရာမှာ အဆင့်မြင့်ဆားတွေထုတ်လုပ်နိုင်ဖို့ နိုင်ငံတော်ကကူညီပေးရေး၊ ငါးမွေးမြူရေး၊ စက်မှုဇုန်လုပ်ငန်းများနှင့် ယက်ကန်းလုပ်ငန်းများတွင် အရင်းမပျောက်မတည်ချေးငွေများနှင့် အတိုးနှုန်းသက်သာသည့်ချေးငွေတွေထုတ်ချေပေးရေး၊ သံရည်ကျိုလုပ်ငန်းနှင့် သတ္ထုထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာရရှိစေရေးတွေပါဝင်တယ်လို့သိရပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်မှု၊စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း အလားအလာများနှင့် ဆောင်ရွက်သင့်တာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနှင့် ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းခန့် ကွာဟနေတာတွေ့ရပြီး ယင်းသည် တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းကြောင့်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုပြီး အချို့သော EAO ဟာ တရားမဝင်ကုန်သွယ်ရေးတွေမှာ ပါဝင်လျက်ရှိနေတယ်လို့လည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဟာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသေးစား၊အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းMSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်တိုက်တွေ့ဆုံမှုတွေပြုလုပ်နေတာဖြစ်ပြီး ယမန်နေ့ကလည်း ကရင်ပြည်နယ်က လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံခဲ့ပါတယ်။
-ymg/knl
#Mon_State_Myanmar
#Myanmar_MSME
#SG_Min_Aung_Hlaing


#World_Agriculture
Published 18 October 2022
ပြင်သစ်နိုင်ငံ ဟော့တီဆွန်းမှာ နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားတွေအောက်ကနေ ပဲပိစပ်တွေကို ကောက်ရိတ်စက်ဖြင့် အခက်အခဲမရှိ ရိတ်သိမ်းနိုင်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 18 october 2022
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ Down town မြို့နယ်တွေဖြစ်ကြတဲ့ ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ လသာ စတဲ့မြို့နယ်တွေမှာ အိမ်အဌားတွေပိုများလာတယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 18 Oct 2022
ကမ္ဘာပေါ်မှာ အကြီးဆုံးစိန်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ရွှေကနေရီလို့အမည်ပေးထားတဲ့ ညိုဝါရောင် စိန်တစ်ပွင့်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ဆာသူဘီကုမ္ပဏီမှာ ပြသထားပါတယ်။ အဲဒီ ရွှေကနေရီစိန်ပွင့်ကြီးဟာ အလေးချိန်အားဖြင့် ၃၀၃.၁ ကာရက်ရှိပါတယ်။
အဆိုပါစိန်ကြီးဟာ အပြစ်အနာအဆာကင်းပြီး အမေရိက ကျောက်မျက်သိပ္ပံက အတွင်းမှာ အပြစ်အနာအဆာကင်းတဲ့ စိန် အဖြစ် အဆင့်အတန်းသတ်မှတ်ပေးထားပါတယ်။
ဒီလို ရင်သပ်ရှုမောစရာ စိန်ကြီးရဲ့အရွယ်အစားအတိုင်းက ကမ္ဘာပေါ်မှာ ရှာတွေ့ထားတာ စုစုပေါင်း စိန်ပွင့်ကြီးငါးပွင့်ပဲ ရှိပါသေးတယ်။ နောက်ပြီးထူးခြားချက်က ရွှေကနေရီစိန်ကြီးဟာ အဲဒီကြီးမားတဲ့ စိန်ပွင့်ကြီးထွေတဲက တစ်ပွင့်ကနေ ပြန်လည်ဖြတ်တောက်သွေးယူထားတာဖြစ်ပါတယ်။
Source AFP
#Golden_Canary
#Brownish-yellow_Diamond
#Sotheby_Dubai
#Local_News
Published_18 October 2022
ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (PPST) က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ၂၀၂၂ ခုနှစ် မကုန်မီ တွေ့ဆုံမှာ ဖြစ်တယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကိုရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 18 October 2022
၁။ ၆ လကျော်အတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၃၆၁ ဒသမ ၈၃ သန်းရရှိထား
၂။ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲများနှင့် ယခုနှစ်မကုန်မီ တွေ့ဆုံမည်ဟုဆို
၃။ ရန်ကုန်ရှိ Down Town မြို့နယ်များတွင် အိမ်အဌားများ ပိုများလာဟုဆို
၄။ ဆိုလာပြားများအောက် စိုက်ပျိုးထားသည့် ပဲပိစပ်များအား ပေါင်းစပ်ကောက်ရိတ်စက်ဖြင့်ရိတ်သိမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-18 October 2022
လက်ရှိရွှေဈေးကွက်အတွင်းမှာ ဒေါ်လာဈေးတွေငြိမ်နေတာကြောင့် ရွှေအရောင်းအဝယ်မှာလည်း အရောင်းအေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_18 October 2022
ရန်ကုန်ဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘောငါးစီး အပါအဝင် စုစုပေါင်း သင်္ဘော ၂၃ စီး ဆိုက်ကပ်ကာ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်း၌ ကွန်တင်နာတင်သင်္ဘောနှစ်စီး၊ အထွေထွေကုန်စည်တင် သင်္ဘော ၁၅ စီး၊ စက်သုံးဆီတင်သင်္ဘောငါးစီးနှင့် စားသုံးဆီသင်္ဘောတစ်စီးတို့ ပါဝင်ပြီး သင်္ဘောစုစုပေါင်း ၂၃ စီး ဆိုက်ကပ်ကာကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။
ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ အထည်အလိပ်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကော်စေ့ စသည်တို့ကို တင်သွင်းပြီး ရေထွက်ကုန်၊ ချုပ်ပြီးအဝတ်အထည်၊ ကောက်ပဲသီးနှံထွက်ကုန်၊ သစ်တောထွက်ကုန်နှင့်ရော်ဘာတို့ကို တင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ယခုလ(အောက်တိုဘာ) အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့်လျာထား ကုန်သေတ္တာတင်သင်္ဘောများအနက် လက်ရှိအချိန်ထိ လျာထားချက်၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 18 october 2022
ယနေ့ နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတစ်ခုမှာ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အနက် ကျူးလွန်ခဲ့သည့် မော်တော်ယာဉ်ဘက်မှ တာဝန်ယူဖြေရှင်းပေးသွားမည်ဟု အကြောင်းပြန်လာကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်အချိန်က မုံရွာမြို့နယ်၊ မန္တလေးလမ်းပိုင်းရှိ မြေနဲရွာတံတားအနီးမှာ သံဃာပိုင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိကာ မောင်းပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ ကားပေါ်ပါလာတဲ့ ဘုန်းကြီးက ရပ်ဖို့ပြောတယ်။ ဒါပေမယ့် မောင်းလာတဲ့ ကျောင်းသားက ကြောက်လန့်ပြီး မောင်းပြေးသွားတာလို့ပြောတယ်။ အခုဖြစ်သွားတဲ့အမှုအတွက် အစအဆုံး တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ နစ်နာသူတွေရဲ့မိသားစုတွေဆီကို ဆက်သွယ်လာပါတယ်" လို့ မုံရွာ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက YMG ကိုပြောသည်။
ဖြစ်စဉ်မှာ မြေနဲရွာတံတားအနီးရှိ နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော ကလစ်ဆိုင်ကယ်တစ်စီးအား 4w အမျိုးအစား အနက်ရောင်ကားက တိုက်မိပြီးနောက် မြောက်ဘက်(မုံရွာဘက်)သို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။


#ymg/NN
#Yangon_Media_Group
#Local_News
Published _18 October 2022
နေတိုးနှင့် ဥရောပသမဂ္ဂတို့အပေါ်တွင် ပြင်သစ်၏ ရပ်တည်ချက်ကို ပြောင်းလဲရန်အတွက် ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ပါရီမြို့လယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ကြီးမားသည့် ချီတက်ဆန္ဒပြမှုကြီးကို ပြင်သစ်အမျိုးသားလွှတ်တော်၏ အမျိုးသားစုဝေးပွဲ လက်ထောက်ခေါင်းဆောင်ဟောင်း ဖလော်ရီယန် ဖီလီပေါ့တ် ဦးဆောင်သည့် လက်ယာယိမ်းပါတီဖြစ်သည့် The Patriots မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဥရောပတစ်ဝန်းတွင် လူနေမှုစရိတ်အကျပ်အတည်းများ ကြုံတွေ့လာရပြီးနောက် ပြင်သစ်နှင့် ဂျာမဏီအပါအဝင် အချို့ဥရောပနိုင်ငံများတွင် လူအများအပြား ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဥရောပနိုင်ငံများ၌ ဆန္ဒပြမှုတွင် ရေနံချက်စက်ရုံများမှ အလုပ်သမားသမဂ္ဂများလည်း ပါဝင်ပူးပေါင်းခဲ့ကြသည်။ ထိုသို့ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် နေတိုးနှင့် ဥရောပသမဂ္ဂတို့ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် နေတိုးနှင့် ဥရောပသမဂ္ဂတို့သည် ယူကရိန်းဘက်မှ ရပ်တည်ပြီး ရုရှားနှင့် အတိုက်အခံများ ပြုလုပ်ခဲ့ကြသည်။ ရုရှားမှလည်း တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ ဥရောပအပေါ် စွမ်းအင်တင်ပို့မှုများကို ဖြတ်တောက်ခဲ့သည်။ ထိုသို့ စွမ်းအင်တင်ပို့မှု ဖြတ်တောက်လိုက်သည့်အခါ ဥရောပတစ်ဝန်း စွမ်းအင်ဈေးနှုန်းများမြင့်တက်လာပြီး လူနေမှုစရိတ် အကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့သည်။
ရုရှား၏ ဥရောပအပေါ် စွမ်းအင်တင်ပို့မှု ဖြတ်တောက်ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်၏ စွမ်းအင်ကုမ္ပဏီကြီး TotalEnergies က ဥရောပ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန် ကြိုးစားခဲ့သည်။ သို့သော် TotalEnergies ၏ ကြိုးပမ်းမှုသည် အရာမထင်ဘဲ ပြင်သစ်နိုင်ငံအတွင်းမှာပင် စက်သုံးဆီပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံတွင်းဖြစ်ပွားနေသည့် စွမ်းအင်အကျပ်အတည်းနှင့်ပတ်သက်ပြီး ထိတ်လန့်ကြောက်ရွံမှု မရှိကြရန် ပြောကြားခဲ့သည်။
မြို့တော် ပါရီမြို့လယ်မှ ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ဥရောပသမဂ္ဂအဖွဲ့မှ ပြင်သစ်ထွက်ခွာရန် ရည်ညွှန်းသည့် တောင်းဆိုချက် ဆိုင်းဘုတ်ငယ်များကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး၊ ဆန္ဒပြသူအများအပြားသည် ပြင်သစ်နိုင်ငံတော်အလံကို ဝှေ့ယမ်းခဲ့ကြသည်။
ထို့အပြင် ဆန္ဒထုတ်ဖော်သူများသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့် နေတိုးအဖွဲ့ကိုလည်း ဆန္ဒပြခဲ့ကြပြီး၊ နေတိုးအဖွဲ့သည် စီးပွားရေးကို အနှောက်အယှက်ပေးပြီး စွမ်းအင်နှင့် ကျန်းမားရေးကန့်သတ်ချက်များကို ဖြစ်ပေါ်စေခဲ့သည်ဟု ရှုတ်ချခဲ့ကြသည်။
ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့လယ်ရှိ ပါလီမန်အဆောက်အဦအနီးအထိ ဆန္ဒပြသခဲ့ကြပြီး၊ ပြင်သစ်အာဏာပိုင်များသည် အဆိုပါ ကြီးမားသည့် ဆန္ဒပြသူများနှင့်ပတ်သက်ပြီး မှတ်ချက်ပြုခြင်းမရှိခဲ့သလို ပြင်သစ်မီဒီယာများမှလည်း အဆိုပါဆန္ဒပြမှုများကို မဖော်ပြဘဲ လျစ်လျူရှုခဲ့ကြသည်။
နေတိုးနှင့် ဥရောပသမဂ္ဂတို့၏ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် ပြင်သစ်နိုင်ငံသည် လက်ရှိအချိန်တွင် စွမ်းအင်အကျပ်အတည်းနှင့် ကြုံတွေ့ရလျက်ရှိနေပြီး၊ လာမည့် ဆောင်းရာသီတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နိုင်ချေ မြင့်တက်နေသည်။
လက်ယာယိမ်း နိုင်ငံရေးသမားများကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် အလုပ်မဖြစ်နိုင်ဘဲ စွမ်းအင်အကျပ်အတည်းများကြောင့် ပြင်သစ်ပြည်သူများနှင့် ဥရောပတစ်ဝန်းရှိ ပြည်သူများကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားထားကြသည်။
#Yangon_Media_Group
Page 1522 of 1968