#LocalNews
Published - 18 June 2022
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက ရန်ကုန်တွင် ကလေးအထူးကုဆေးရုံများဖြစ်သည့် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်)၊ရန်ကင်းကလေးဆေးရုံကြီးနှင့် ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်ရှိသော အစိုးရဆေးရုံများ၊ ကလေးကုသရေးဌာနရှိသော ပုဂ္ဂလိကဆေးရုံများတွင်ကုသနိုင်ကြောင်း သိရသည်၊၊
"ကလေးကုသရေးဌာနတွေ၊ ကလေးဆရာဝန်တွေရှိတဲ့ အစိုးရဆေးရုံတွေမှာကုသနိုင်တယ်၊၊ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတို့မှာ ကုသလို့ရတယ်၊၊ ကလေးကုသရေးဌာနနှင့် ကလေးဆရာဝန်များရှိတဲ့ သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးတွေမှာလည်း ကုသနိုင်တယ်၊၊ မြောက်ဥက္ကလာမှာဖြစ်ရင်တော့ နီးတဲ့ မြောက်ဥက္ကလာဆေးရုံကြီးမှာပဲကို ကုသလိုရတယ်၊၊ ကလေးကုသရေးဌာနနဲ့ ကလေးဆရာဝန်ရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာလည်းကုသလို့ရပါတယ်"လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက YMG ကို ပြောသည်၊၊
သွေးလန့်သည့်အဆင့်ရောက်နေသည့်ကလေးများ အတွက်တော့ ကလေးဆရာဝန်ကြီးများ၊ ကုသရေး ပစ္စည်းများစုံလင်သည့် ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)၊ ရန်ကင်းကလေးဆေးရုံကြီးတွင် ကုသနိုင်ပါကအကောင်းဆုံးဖြစ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားကဆက်လက် ပြောသည်၊၊
အစိုးရဆေးရုံများဖြစ်သည့် သင်္ဃန်းကျွန်းဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် ကလေးကုသရေးဌာနရှိသည့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများကို ကုသနိုင်ကြောင်းကိုတော့သိရှိသူ နည်းပါးနေသေးကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#WorldScience
Published 18 June 2022
ဒေါ်လာသန်း ၁၈၀ တန် စကိုင်းအိုင်းတယ်လီစကုပ်ကို အသုံးပြုရာမှာ ကမ္ဘာမြေပြင်ပမှ သက်ရှိလိုယူဆရတဲ့ အရာတွေရဲ့လှုပ်ရှားမှုတွေ တွေ့ခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
တရုတ်နိုင်ငံကွေ့ကျိုးဒေသမှာရှိတဲ့ ၁,၆၄၀ ပေအချင်းရှိတဲ့ စကိုင်းအိုင်းတယ်လီစကုပ်ဟာ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို တွေ့ရှိခဲ့ကြောင်း၊ ကမ္ဘာမြေပြင်ပမှ ဂြိုဟ်သားတွေတည်ရှိရာနေရာကနေ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်ပါတယ်။
ဒီသတင်းကို ပေကျင်းမှာရှိတဲ့ သိပ္ပံနဲ့နည်းပညာနေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဘလွန်းဘာ့ဂ်သတင်းဌာနရဲ့ဖော်ပြချက်အရ သိပ္ပံနဲ့နည်းပညာသတင်းစာဟာ သတင်းဖော်ပြပြီးခဏအကြာမှာပဲ ပြန်လည်ဖယ်ရှားပစ်ခဲ့ပါတယ်။
"စကိုင်းအိုင်းတယ်လီစကုပ်က ကမ္ဘာမြေပြင်ပက သက်ရှိလှုပ်ရှားမှုတွေကို ဖမ်းယူခဲ့ပြီး သတင်းမှာဖော်ပြခဲ့ပြီးနောက် ပြန်လည်ဖျက်ပစ်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ်က ဖော်ပြခဲ့ပါတယ်။
ဒီသတင်းဟာ ဆိုရှယ်မီဒီယာတွေနဲ့ သတင်းဌာနတွေမှာ ချက်ချင်းပျံ့နှံသွားခဲ့ပါတယ်။
ပြင်ပသက်ရှိလှုပ်ရှားမှုသုတေသနအဖွဲ့က ၂၀၂၀ ခုနှစ်က သံသယဖြစ်ဖွယ်လှုပ်ရှားမှု ၂ ခုတွေ့ရှိခဲ့ပြီး ၂၀၂၂ အတွင်းမှာလည်း နေအဖွဲ့အစည်းစနစ်အပြင်ဘက်က ဂြိုဟ်တွေမှာ နောက်ထပ်သံသယဖြစ်ဖွယ်လှုပ်ရှားမှု တွေ့ရှိခဲ့ပါတယ်။
ဒီလှုပ်ရှားမှုတွေက ရေဒီယိုလှိုင်းနှောင့်ယှက်မှုကြောင့် ဖြစ်နိုင်တာကြောင့် နောက်ထပ်လေ့လာခဲ့ကြပါသေးတယ်။
လက်ရှိအချိန်မှာ ကမ္ဘာမြေအပြင်ဘက်က သက်ရှိထင်ရှားရှိမှုမျိုးမတွေ့ရှိရသေးပေမယ့် ကမ္ဘာ့အပြင်ဘက် စကြဝဠာကြီးမှာ သက်ရှိတွေလုံးဝမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
စကိုင်းအိုင်းစက်ဝိုင်းတယ်လီစကုပ်ကြီးဟာ ဂြိုဟ်သားလှုပ်ရှားမှုမျိုးကို တွေ့ရှိနိုင်တဲ့ကိရိယာကြီးဖြစ်ပါတယ်။
အချင်း ၁,၆၄၀ ပေရှိကာ ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ်ကြီးဖြစ်ပါတယ်။
စကိုင်းအိုင်းတယ်လီစကုပ်ဟာ ပူအာတိုရီကိုက တယ်လီစကုပ်ထက် ၃ ဆကနေ ၅ ဆလောက်ပိုမိုတွေ့ရှိနိုင်ပြီး ဂြိုဟ်သားသက်ရှိတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
စကိုင်းအိုင်းတယ်လီစကုပ်မဆောက်လုပ်ခင်မှာ ရွာတစ်ရွာဖျက်ဆီးခံလိုက်ရပြီး လျှပ်စစ်သံလိုက်လှိင်းနှောင့်ယှက်တာမျိုး မဖြစ်ဖို့အတွက် ၃ မိုင်ပတ်ပတ်လည်က လူပေါင်း ၉ ထောင်ကျော်ကိုပြောင်းရွှေ့ခိုင်းခဲ့ကာ တစ်ဦးစီကိုနစ်နာကြေးအဖြစ် ၁,၈၀၀ ဒေါ်လာပေးခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
#LocalNews
Published_18 June 2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့၊သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး အသက် ၃၄ နှစ်ခန့်အရွယ် ဦးဘိုဝင်း နှင့် သူ၏လက်ထောက်ဆရာမ အသက် ၂၃ နှစ်အရွယ်ခန့်ရှိ ဒေါ်ဥမ္မာကျော် တို့နှစ်ဦးအား မြန်မာငွေ သိန်းတစ်ထောင်ခန့်တန်ဖိုးရှိမည့် တာကာငွေသိန်း ၅၀ ဖြင့် ပြန်ပေးဆွဲသွားကြောင်း သိရသည်။
အဆိုပါ ဆရာနှင့်ဆရာမတို့နှစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဇီးပင်ချောင်းကျေးရွာအနီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး နောက်နေ့တွင် ကျောင်းအုပ်ဆရာကြီး၏ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်လာကာ အဆိုပါငွေဖြင့် ပြန်ရွေးရမည်ဖြစ်ကြောင်းနှင့် ပြန်မရွေးပါက အသက်အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။
"ဆရာနဲ့ ဆရာမကို ဘယ်နေရာမှာထားတယ်ဆိုတာ မသိရသေး။အခု တွေ့ခွင့်ရအောင်လုပ်နေကြတယ်။သူတို့တောင်းတဲ့ ပိုက်ဆံကိုလည်း စုဆောင်းနေကြတယ်။သိန်းတစ်ထောင်လောက်ရှိမယ်ဆိုတော့ ပမာဏကလည်း များနေတယ်လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေက လူမျိုးရေးကိစ္စတွေဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ဒီအတိုင်းဆိုရင် မလွယ်ဘူး။လက်ရှိမှာတော့ နယ်ခြားစောင့်တပ်ရယ်၊အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေရယ်နဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။တခြားလူမျိုးစုဘက်က ခေါင်းဆောင်တချို့နဲ့လည်း ညှိနှိုင်းပြီး အကူအညီပေးနိုင်မလားဆိုတာတွေကို လုပ်နေကြတယ်"ဟု အဆိုပါကိစ္စအပေါ်လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ဆရာကြီးဦးဘိုဝင်းနှင့် ဆရာမဒေါ်ဥမ္မာကျော်တို့ ပျောက်ဆုံးခဲ့ပြီးနောက် ရှာဖွေကြရာတွင် ယင်းတို့စီးလာသည့်ဆိုင်ကယ်ကို ဖျက်ဆီးခံထားရသည့်အနေအထားဖြင့် တွေ့ရကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 18 June 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောာင်းသားကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ဇွန်လ ၁၇ ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၂ ခုနှစ် စာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဦးရေ ၁၃၀၀၀၀ ကျော်ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ ၂၈၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 18 June 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ အရင်မျိုးဗီဇကွဲတွေလောက် ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်နိုင်ချေနည်းပါးကြောင်း ယူကေမှလေ့လာတွေ့ရှိခဲ့ပါတယ်။
လန်ဒန်ကင်းစ်ကောလိပ်မှ သုတေသီများလေ့လာချက်အရ ရောဂါကူးစက်အပြီး ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်နိုင်ချေဟာ ဒယ်လ်တာကူးစက်မှုလှိုင်းတုန်းကထက်စာရင် အိုမီခရွန် ကူးစက်မှုလှိုင်းမှာ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။
အဆိုပါ တွေ့ရှိမှုက လူနာရဲ့အသက်အရွယ်နဲ့ နောက်ဆုံးကိုဗစ်ကာကွယ်ဆေးထိုးခဲ့တဲ့အချိန်အပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်နိုင်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ နုံးချည့်ခြင်းကနေ စိတ်အုံမှိုင်းမှုများအထိ ခံစားရနိုင်ပြီး ရက်သတ္တပတ်လများအထိ တာရှည်နိုင်ပါတယ်။
ဒီဝေဒနာတွေကို ပြည်သူ့ကျန်းမာရေးတစ်ရပ်အနေနဲ့ရှုမြင်လာကြပြီး အိုမီခရွန်က ကိုဗစ်နောက်ဆက်တွဲ လက္ခဏာဖြစ်နိုင်ချေများလားဆိုတာကို သုတေသီတိုက အရေးတကြီးရှာဖွေလေ့လာနေကြပါတယ်။
ကင်းစ်ကောလိပ်ရဲ့လေ့လာချက်အရ အိုမီခရွန်က ကိုဗစ်နောက်ဆက်တွဲ လက္ခဏာဖြစ်နိုင်ချေနည်းတယ်လို့ဆိုပေမယ့် နောက်ဆက်တွဲလက္ခဏာခံစားရသူတွေ နည်းသွားတာတော့မဟုတ်ပါဘူး။
ယူကေအမျိုးသား အချက်အလက်ရုံးရဲ့ဖော်ပြချက်အရ ယူကေမှာ အိုမီခရွန်ကူးစက်ပြီး ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူ ၄၃၈,၀၀၀ ဦးရှိနေကာ ဝေဒနာခံစားရသူအားလုံးရဲ့ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။
လန်ဆက်ဂျာနယ်မှာ ဇွန်လ ၁၆ ရက်နေ့ကဖော်ပြရာမှာ ဒယ်လ်တာနဲ့အိုမီခရွန်ကိုနှိုင်းယှဉ်ကြည့်တဲ့အခါ အခြားမျိုးဗီဇကွဲများအကြား ကိုဗစ်နောက်ဆက်တွဲဖြစ်နိုင်ချေ ကွာခြားချက်ကြီးကြီးမားမားမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
အိုမီခရွန်ကူးစက်မှုက ဘာကြောင့်နောက်ဆက်တွဲဝေဒနာဖြစ်နိုင်ချေနည်းတာလဲဆိုတာကို သိရဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
Source: CNA
#Yangon_Media_Group
#WorldTechnology
Published 17 June 2022
ချဲအော့ပ်စ်ပိရမစ်ကြီးရဲ့အတွင်းပိုင်းနေရာများအထိဝင်ရောက်ကာ နိုင်းလ်မြစ်ကိုကနူးလှေဖြင့်သွားခြင်းနဲ့ ဖာရိုးခေတ်ရဲ့အငွေ့အသက်တွေကိုခံစားနိုင်ဖို့အတွက် ပဲရစ်မြို့က အာရပ်ကမ္ဘာအင်စတီကျု(IMA)မှာ သုံးဖက်မြင်ကွန်ပျူတာသရုပ်ဖော်ပုံဖြင့် အင်္ဂါနေ့ကစပြီး ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 17 June 2022
တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောကြီး ဖူကျင်းကို ရှန်ဟိုင်းမှာ ရေချလိုက်ပါတယ်။
သင်္ဘောရဲ့အမည်ကို တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေက ဖူကျင်းပြည်နယ်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပြီး သောကြာနေ့ မနက်၁၁နာရီမှာ ကျန်းနန် သင်္ဘောကျင်းကနေ ရေချခဲ့တာပါ။ တက်ရောက်သူတွေက နိုင်ငံတော်အလံကို လွှင့်ထူတဲ့အခါ တရုတ်နိုင်ငံတော်သီချင်းကို သီဆိုကြပါတယ်။
အဲဒီနောက် အမည်ပေးလက်မှတ်ကိုအပ်နှင်းပြီးနောက် စစ်တပ်နှင့်အရပ် အရာရှိတွေဟာ စစ်သင်္ဘောကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပါတယ်။
ရှန်ပိန်ပုလင်းတစ်လုံးကို ဖူကျင်းရဲ့ ဦးပိုင်းမှာ ဖောက်ခဲ့ပြီး ရောင်စုံတံခွန်တိုင်တွေနှင့် ရောင်စုံမီးခိုးတွေ၊ရေပန်းတွေ နှင့်အတူ ဖွင့်ပွဲကို ဆင်နွှဲကြပါတယ်။
အဲဒီနောက် လေယာဉ်တင်စစ်သင်္ဘောဟာ ဥဩဆွဲပြီး သင်္ဘောကျင်းကနေ ဖြည်းညှင်းစွာ ထွက်ခွာခဲ့ပါတယ်။
သင်္ဘောကြီးဟာ ဆိုက်ကပ်မှုနှင့်ပင်လယ်တွင်းလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
Source CCTV+
#LocalNews
Published - 17 June 2022
လက်ရှိ ပညာသင်နှစ်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းအပ်ထားတဲ့ ကျောင်းသားစုစုပေါင်း ဦးရေဟာ ၂၆၀၀၀၀ ကျော်ရှိပေမဲ့ အမှန်တကယ်ကျောင်းတက်ရောက်သူဦးရေဟာ ၇၂၀၀၀ ကျော်ပဲရှိတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 June 2022
မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းတွင် ကျောင်းသား(၁၀၀)ကျော် ပြန်တက်နေပြီဖြစ်ပြီး အခုနှစ်မှာကျောင်းသား(၁၅၀)လောက် ပြန်တက်ဖို့မှန်းထားပြီး လာတက်မယ့်သူတွေကို စောင့်ဆိုင်းပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 17 June 2022
နည်းပညာဆိုင်ရာဝါသနာပါသည့် မြန်မာလူငယ်များ အနေဖြင့်အာဆီယံဒစ်ဂျစ်တယ်နည်းပညာစွမ်းဆောင်ရည်မြှင့် အွန်လိုင်းသင်တန်းကို တက်ရောက်နိုင်ကြောင်းသိရသည်၊၊
အဆိုပါသင်တန်းကို အာဆီယံဖောင်ဒေးရှင်းနှင့် ဂျာမနီနိုင်ငံ SoftWare ကုမ္ပဏီ SAP တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး မြန်မာအပါအဝင်အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကအသက်(၁၈)နှစ်မှ (၃၀)ကြားလူငယ်များ တက်ရောက်နိုင်မည်ဖြစ်သည်၊၊
ပညာရေးသတ်မှတ်ချက်အနေဖြင့် အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုရေးသားနိုင်ရမည်ဖြစ်ပြီး တက္ကသိုလ်နောက်ဆုံးနှစ်(ဒီပလိုမာ၊ ဘွဲ့ကြို ၊ဘွဲ့လွန်)နှင့် ဘွဲ့ရလူငယ်များ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလ(၆)လကြာမြင့်မည်ဖြစ်သည်၊၊
လျှောက်ထားလိုသူများ အနေဖြင့် ဇွန်လ၂၀ ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး bit.ly/ASEANDEForm မှ တစ်ဆင့်အမည်စာရင်းပေးသွင်းနိုင်ကြောင်း၊ilan.asqolani@aseanfoundation.
orgကို ဆက်သွယ်မေးမြန်းနိုင်သလို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _17 June 2022
ပြည်တွင်း အခေါက်ရွှေဈေးမှာ ကျပ်သိန်းနှစ်ဆယ့်ငါးသောင်းကျော်အထိ ဆက်လက်မြင့်တက်လာနေကြောင်း ရန်ကုန်ရွှေဈေးကွက်မှ သိရသည်။
၁၆ပဲရည် (အကယ်ဒမီ) အခေါက်ရွှေဈေးမှာ ဇွန်လ ၁၇ ရက်တွင် တစ်ကျပ်သားကို ကျပ် ၂၀,၅၅,၅၀၀ ဝန်းကျင်ဖြင့် ဈေးထပ်မံမြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။
ကမ္ဘာ့ရွှေဈေးမှာမူ လတ်တလောတွင် အမြင့်ဈေး၌ ရှိနေပြီး ဇွန်လ ၁၇ ရက် တွက်ချက်နှုန်းအရ 1 Ounce ကို ၁၈၄၅ ဒေါ်လာအထိ မြင့်တက်နေကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်ဈေးကို ထိန်းချုပ်လိုက်ပြီး ရွှေဈေးကွက်အား ရည်ညွှန်းဈေးဖြင့် ဈေးကွက်ဖွင့်ရန် သတ်မှတ်ခဲ့ပြီးနောက် ရွှေဈေးသည် ပြင်ပပေါက်ဈေးနှင့် ကွာဟမှုအချို့ရှိ လာကာ ရွှေဆိုင်များအနေဖြင့် ဈေးနှုန်းဖော်ပြမှုမရှိဘဲ ဆိုင်သို့လာရောက်ဝယ်ယူမှသာ ဈေးနှုန်းပြော ရောင်းချမှုများ ရှိလာကြောင်း ယင်းစျေးကွက်မှတစ်ဆင့် သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published 17 June 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၄၉)ဦး၊ အမျိုးသမီး(၄၀)ဦးစုစုပေါင်း(၁၈၉)ဦးကို ယနေ့နံနက်(၁၁)နာရီအချိန် မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
အဆိုပါ နေရပ်ပြန်များကို ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး စံလင်းဖြိုး Quarantine Centre တွင် (၄)ရက်ထားရှိကာ (၃)ရက်မြောက်နေ့တွင် ကိုဗစ် ၁၉ နှင့်ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက် ရှိ/မရှိ ကျန်းမာရေးစစ်ဆေးပြီးနောက် ရောဂါပိုးကင်းစင်သူများကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။
ရွေ့ပြောင်းမြန်မာအလုပ်သမားများကို စံလင်းဖြိုး Quarantine Centre ၌ ထားရှိစဥ်အတွင်း ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းက အုပ်ချုပ်ရေးနှင့် လူမှုရေးကူညီစောင့်ရှောက်ပေးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/ys-tcl
#Yangon_Media_Group
Page 1521 of 1742