#Local_News
Published_ 14 January 2023

 

ဘရာဇီး MMA ဖိုက်တာ Gilberto Galvao နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့စပါးအုံးဟု လူသိများသော ONE Championship ချန်ပီယံဟောင်း ကချင်တိုင်းရင်းသား အောင်လအန်ဆန်တို့ ယနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပမည့် ONE on Prime Video 6 ပွဲစဉ်တွင်ထိုးသတ်ကြရာ ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်က အနိုင်ရရှိခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship MMA ကိုယ်ခံပညာဘက်စုံသုံး ထိုးသတ်ပွဲတွင် မြန်မာကိုယ်စားပြုယှဉ်ပြိုင်ခဲ့သော ကချင်တိုင်းရင်းသား အောင်လအန်ဆန်အနေဖြင့် ဂျပန်ဖိုက်တာ အိုကာမီအား ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သေးသည်။

 

၎င်းအနေဖြင့် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှစ်ဆုလုံးကို လက်လွှတ်ဆုံးရှုံးထားခဲ့ရသူဖြစ်ပြီး အဆိုပါပွဲတွင် အိုကာမီအား အနိုင်ရခဲ့ပြီးနောက် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ပြန်လည်စိန်ခေါ်ထိုးသတ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group