Published 13 January 2023

ထိုင်းနိုင်ငံမြောက်ပိုင်းက တောအုပ်တစ်ခုအတွင်း သေနတ်ပစ်ခတ်ရင်း မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးသူတွေလို့ သံသယဖြစ်ဖွယ်ရှိတဲ့ လူ(၅)ဦးကို ထိုင်းစစ်တပ်က သတ်ပစ်လိုက်တယ်လို့ ဇန်နဝါရီ ၁၃ရက်သောကြာနေ့မှာ ထိုင်းအရာရှိတွေက ပြောပါတယ်။  ဒါဟာ (၂)လအတွင်း တတိယအကြိမ်မြောက် ကြောက်ဖက်ဖွယ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ထိုင်း၊လာအိုနှင့်မြန်မာ သုံးနိုင်ငံနယ်စပ် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေနှင့်  နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ရွှေတြိဂံအနီး ထိုင်းနိုင်ငံနယ်စပ် ချင်းရိုင်မှာ ကြာသပတေးနေ့ မနက်စောစောပိုင်းက အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

ထိုင်းစစ်တပ် ကင်းလှည့်အဖွဲ့တစ်ဖွဲ့ဟာ ကျောပိုးအိတ်တွေလွယ်ထားတဲ့ သံသယဖြစ်စရာ လူငါးဦးပါးအုပ်စုတစ်စုကို ရှာဖွေဖို့ ကြိုးစားရာမှာ သူတို့က အရှာမခံတဲ့အပြင် အမျိုးအမည်မသိလက်နက်နှင့် စတင်ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

“ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်မှာ အလွန်ပျံ့နှံ့နေတယ်။ ဒါပေမယ့် တိုင်းမှူးက တရားဥပဒေစိုးမိုးရေးကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့ မကြာသေးခင်က အမိန့်ပေးထားပါတယ်” လို့ ဖမောင်းလုပ်ငန်းအဖွဲ့ အရာရှိ ပရမ်ချိုင်း ပရမ်ကာမိုက အေအက်ဖ်ပီကိုပြောပါတယ်။

ပစ်ခတ်မှုဟာ ငါးမိနစ်လောက်ပဲကြာပြီး ထိုင်းစစ်သားတစ်ဦးမျှ ထိခိုက်မှုမရှိခဲ့ဘူးလို့ လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီအုပ်စုထံမှ မီသမ်ဖက်တမင်း ဆေးလုံး ငါးသောင်းနှင့် သေနတ်တလက်သိမ်းဆည်းရမိပါတယ်။

ယခုပစ်ခတ်မှုမတိုင်ခင် ဒီတစ်ပတ်စောစောပိုင်းမှာ မူးယစ်ကုန်ကူးသူ (၆)ဦးနှင့် ဒီဇင်ဘာမှာ (၁၅)ဦးတို့ကိုလည်း အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပါတယ်။

အာရှဒေသမှာ ၂၀၂၁ခုနှစ်အတွင်း  ဆေးပြားပေါင်း တစ်ဘီလျံအထိ စံချိန်တင်ဖမ်းဆီးရမိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Source: AFP

#Thai_oldiers_kill_drug_traffickers

#Golden_Triangle

#Drug_traffickers_Thailand_Myanmar_Laos

Published 13 January 2023 ထိုင်းနိုင်ငံမြောက်ပိုင်းက တောအုပ်တစ်ခုအတွင်း သေနတ်ပစ်ခတ်ရင်း မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးသူတွေလို့ သံသယဖြစ်ဖွယ်ရှိတဲ့"/>