Published 1 Oct 2022
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စက်တင်ဘာ ၃၀ရက်က ယူကရိန်း ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ခြင်းအပေါ် ပြစ်တင်ဝေဖန်ဖို့ အမေရိကန် ကမကထပြုလုပ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုနှင့်ပယ်ချလိုက်ပြီး တရုတ်နှင့်အိန္ဒိယ တို့က မဲမပေးဘဲ နေခဲ့ပါတယ်၊
ရုရှားတပ်တွေက သိမ်းယူခဲ့တဲ့ ယူကရိန်းရဲ့ဒေသလေးခုမှာ ရုရှားနိုင်ငံနှင့် ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးနောက် ရုရှားနိုင်ငံအောက်ရောက်ရှိကြောင်း ရုရှားသမ္မတပူတင်ကကြေညာခဲ့ပါတယ်။ အဲသလိုကြေညာအပြီး နာရီပိုင်းအကြားမှာ လုံခြုံရေးကောင်စီကနေ ပြစ်တင်ရှုတ်ချဖို့ အမေရိကန်ကမကထပြုလုပ် ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းခဲ့တာပါ။
ယူကရိန်းက တွဲဖက်ကမကထပြုလုပ်တဲ့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၀) နိုင်ငံက ထောက်ခံပြီး တရုတ်၊ဘရာဇီး၊အိန္ဒိယနှင့်ဂါဘွန်တို့က မဲမပေး(ကြားနေ)ခဲ့ကာ ရုရှားက ဗီတိုဖြင့်ပယ်ချခဲ့ပါတယ်။
“ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ကြပ်သင့်တယ်” လို့ တရုတ်သံအမတ်ကြီး ကျန်းဂျွန်က ပြောပါတယ်။
“ သက်ဆိုင်သူအားလုံး သည်းခံကြဖို့ တရုတ်ကတိုက်တွန်းပါတယ်။ တင်းမားမှုတွေ ပိုပိုဆိုးရွားလာနေခဲ့တဲ့ ဆောင်ရွက်မှုတွေကို ရှောင်ကြဉ်ပြီး သံတမန် စေ့စပ်ညှိနှိုင်းခြင်းကနေတစ်ဆင့် အဖြေရှာရေး အခြေအနေထားရှိဖို့” သူက ပြောကြားပါတယ်။
“ ဒီလို မူကြမ်းမျိုးကို ရုရှားက ထည့်သွင်းစဉ်းစား ထောက်ခံပေးမယ်လို့ ခင်ဗျားက လေးလေးနက်နက်မျှော်လင့်တာလား” လို့ ရုရှား သံအမတ်ကြီး နီဘင်ဇီယာက သတင်းထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။ ဒီကြေညာချက်က အမေရိကန်ကို တိုက်ရိုက်ရည်ညွန်းတာဖြစ်ပါတယ်။ “ အဲသလိုမဟုတ်ဘူးဆိုရင်တော့ ခင်ဗျာတို့က ရုရှားဟာ ဗီတိုအခွင့်အရေးကို အလွဲသုံးစားလုပ်တယ်ဆိုပြီး တမင်ပြချင်လို့ပဲဖြစ်ရမယ်” လို့ သူကပြောပါတယ်။
အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က အစည်းအဝေးစစချင်းမှာပဲ “ ဒါဟာ လုံခြုံရေးကောင်စီက လုပ်ဖို့ကိစ္စ အတိအကျပဲ။ အချုပ်အခြာအာဏာကို ကာကွယ်မှု၊ နယ်မြေတည်တံ့ခိုင်မြဲရေး အကာအကွယ်ပေးမှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတိုးမြှင့်ဖို့ ဖြစ်တယ်”လို့ ပြောပါတယ်။
ကုလသမဂ္ဂဆိုတာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံရဲ့ နယ်မြေပိုင်နက်ကို အင်အားသုံးတာကို ဘယ်တော့မှ ခွင့်မပြုဘူး ဆိုတဲ့ အိုင်ဒီယာနှင့် တည်ဆောက်ခဲ့တာလို့လည်း သူမကပြောပါတယ်။
Source: Agencies News
#UNSC
#Russia_Veto
#Russia_UKraine

#Local_News
Published 1 Oct 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့နယ် တာလေ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က ပါးခါးနွဲ့ကျေးရွာအနီးအရှိန်ပြင်းစွာမောင်းနှင်လာသော မော်တော်ကားတစ်စီး နမ့်လွေမြစ်အတွင်းသို့ ပြုတ်ကျခဲ့ပြီး လူ( ၄)ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
တာချီလိတ်- ကျိုင်းတုံသွားပြည်ထောင်စုလမ်းမ မိုင်တိုင် ၇၃၇ ကီလိုမီတာနှင့် ၇၃၈ ကြား တာချီလိတ်ဘက်မှ ကျိုင်းတုံဖက်သို့
အရှိန်ပြင်းစွာမောင်းနှင်လာသော VIGO မော်တော်ကားတစ်စီး အရှိန်မထိန်းနိုင်၍ နမ့်လွေမြစ်အတွင်းသို့ ထိုးကျခဲ့ကာမော်တော်ယာဉ်ပေါ်လိုက်ပါလာသည့် လူ ၆ ဦးအနက် လူကြီး (၃ )ဦး၊ ကလေး (၁ )ဦး ပေါင်း ၄ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ တာလေမြို့နယ် လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းမှ ချောင်းထဲပြုတ်ကျသွားသော မော်တော်ယာဉ်နှင့်အတူ လူများအား ကူညီကယ်ဆယ်ခဲ့ပြီး တာလေဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရှိရသည်။


ymg/ys-tcl
#Yangon_Media_Group
#Covid_Vaccine
Published 1 Oct 2022
ဂျပန်နိုင်ငံမှ ရှီယိုနိုဂီကုမ္ပဏီလိမိတက်က သူတို့ရဲ့ ကိုဗစ်ကုသရေးသောက်ဆေးဟာ အာရှမှာစမ်းသပ်ခဲ့တဲ့ တတိယအဆင့်စမ်းသပ်မှုနဲ့နှိုင်းယှဉ်ရင် ရောဂါလက္ခဏာများ သိသိသာသာ လျော့ကျသွားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ကိုဗစ်ရောဂါအပျော့စားနဲ့ သာမန်မျှသာဖြစ်ပွားနေတဲ့ လူနာတွေမှာ စမ်းသပ်ခဲ့ရာမှာ ensitrelvir ဆိုတဲ့ဆေးက လိုချင်တဲ့အနေအထားအတိုင်း ထိရောက်မှုရှိခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အစောပိုင်းတုန်းက ရှီယိုနိုဂီရဲ့ရှယ်ယာတန်ဖိုး ကျဆင်းနေခဲ့ရာ ကြေညာချက်အပြီးမှာ တိုကျိုအတွင်း ၁.၁ ရာခိုင်နှုန်းပြန်တက်လာခဲ့ပါတယ်။
စမ်းသပ်ချက်ရဲ့ရည်မှန်းချက်အတိုင်း Ensitrelvir ဆေးက အိုမီခရွန်မျိုးဗီဇကွဲရဲ့ လက္ခဏာ ၅ မျိုးကို ၇၂ နာရီအတွင်း သက်သာစေခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ဂျပန်မှ ဆေးဝါးထိန်းချုပ်ရေးအာဏာပိုင်များက ထိုဆေးအတွက် အရေးပေါ်အသုံးပြုခွင့်ကို များမကြာမီက ငြင်းပယ်ခဲ့ဖူးကာ ဆေးရဲ့ထိရောက်မှုအချက်အလက်တွေ ထပ်မံလိုအပ်သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိရိစ္ဆာန်တွေမှာ လေ့လာခဲ့တဲ့ အချက်အလက်များအရ ဆေးက ကိုယ်ဝန်ဆောင်တွေမှာ အန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် ရှီယိုနိုဂီက သူတို့ရဲ့ဆေး အသိအမှတ်ပြုခွင့်ရရန် တတိယအဆင့်လေ့လာချက်များမှရရှိတဲ့ ထိပ်တန်းအချက်အလက်များကို ဂျပန်ဆေးဝါးထိန်းချုပ်ရေးထံ မျှဝေခဲ့ပါတယ်။
ရှီယိုနိုဂီကုမ္ပဏီဟာ Xocova လို့ခေါ်တဲ့ S-217622 ဆေးနဲ့လည်း ကမ္ဘာတဝှမ်းမှာ နာမည်ရရှိထားပါတယ်။
ဒီဆေးဟာ ဖိုင်ဇာနဲ့ မာ့ခ်ကုမ္ပဏီတို့မှ ကိုဗစ်သောက်ဆေးတွေနဲ့အပြိုင်ဖြစ်နေပြီး ဂျပန်နဲ့ အချို့နေရာတွေမှာ အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။
ကုမ္ပဏီက အစိုးရထံ ဆေးဝါးပေါင်း တစ်သန်းရောင်းချရန် သဘောတူလက်မှတ်ရေးထိုးထားပေမယ့် အစိုးရက အသိအမှတ်ပြုဖို့ ဆိုင်းငံ့ထားပါသေးတယ်။
အမှုဆောင်ချုပ်'အီဆာအိုတဲရှီရိုဂီ'က နှစ်စဉ် ဆေးဝါးပေါင်း ၁၀ သန်းထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီဟာ ကမ္ဘာတဝှမ်းမှာ တတိယအဆင့်စမ်းသပ်ချက်ပြုလုပ်ဖို့ အမေရိကန်အစိုးရရဲ့ ထောက်ခံချက်ကိုရရှိထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _ 1 October 2022
ဩဂုတ်လ ၁၅ ရက် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် မိမိပိုင်ဆိုင်သည့်နိုင်ငံခြားငွေအား AD လိုင်စင်ရဘဏ်များတွင် အခြားကဏ္ဏရရှိလာသည့် နိုင်ငံခြားငွေရောင်းဝယ်မှုနှင့်ထပ်တူ မိမိနိုင်ငံခြားဘဏ်စုငွေစာရင်းသို့ ဝင်ရောက်လာသည့်လစာငွေအား ၂၁ ရက်အတွင်း လွတ်လပ်စွာ မိမိလက်ခံသည့်ငွေလဲနှုန်းထားဖြင့်ရောင်းနိုင်သည်ဟု ဖေါ်ပြထားရှိသည်။
ယခုအခါတွင် SRPS အချို့သည် နားလည်မူအားနည်းသည့် သင်္ဘောသားနှင့် မိသားစုများအား ဗဟိုဘဏ်ညွန်ကြားချက်အရ အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့်သာ လဲလှယ်ပေးသည့် သတင်းများ သင်္ဘောသားတွေအကြားဖြစ်ပေါ်နေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါငွေလဲလှယ်နှုန်းဖြစ်သည့် တစ်ဒေါ်လာ ၂၁၀၀ ကျပ်သာရသည့်မိသားစုများသည် အဖွဲ့ချုပ်ထံသို့လာရောက်တွေ့ဆုံတင်ပြအကြံတောင်းခံမှုများရှိလာခဲ့သည်။
လက်ရှိအချိန်တွင် တစ်ဒေါ်လာ လျှင် ကျပ် ၂၉၀၀ နှင့် ၃၃၀၀ ကျပ်အကြားငွေလဲလှယ်နှုန်းရှိချိန်တွင် ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်ပေးနေခြင်းသည် MLC 2006, ILO, ITF နှင့် နိုင်ငံတော်မှပြဌာန်းထားသည့် လုပ်ခလစာအား အလုပ်ရှင် သို့မဟုတ်အလုပ်ရှင်ကိုယ်စားလည်မှ ဖြတ်တောက်ရယူခြင်း မပြုရဆိုသည့်အချက်အား ပြောင်ပြောင်တင်းတင်းဖေါက်ဖျက်နေခြင်းပင် ဖြစ်သည်။
အလားတူ လစာဖြတ်တောက်ရယူသည့် ကိစ္စကြုံတွေ့နေရသူများလည်းအဖွဲ့ချုပ်သို့ လာရောက်တိုင်ပင်နိုင်ကြောင်းလည်း MSF မှ ထုတ်ပြန်ထားရှိသည်။
#ymg/NN
#Yangon_Media_Group
#World_Pet
Published 1 October 2022
ခွေးပိုင်ရှင်အများစုက သူတို့ခွေးလေးတွေရဲ့ မျက်လုံးထဲကြည့်တဲ့အခါ ခွေးတွေက ခေါင်းယိမ်းလေ့ရှိတာကို သတိထားမိကြပါတယ်။
အကြောင်းကတော့ ခေါင်းစောင်းတဲ့အခါ ပိုင်ရှင်ရဲ့ပါးစပ်အနေအထားကို ကောင်းစွာကြည့်ရှုနိုင်လို့ ဖြစ်ပါတယ်။
ပိုင်ရှင်ရဲ့အပြုံးကိုမြင်တွေ့ရရင် ခွေးတွေမှာ စိတ်အေးသွားပြီး စိုးရိမ်ကြောက်ရွံစိတ်ရှိတယ်ဆိုရင်တော့ စိတ်ချမ်းသာအောင် လုပ်ပေးချင်ကြပါတယ်။
လူသားတွေက ခွေးကိုပွတ်သပ်ပေးတဲ့အခါ ခွေးရောလူရောရဲ့သွေးပေါင်ချိန်ကျဆင်းသွားပါတယ်။
ခွေးတွေက ပိုင်ရှင်ရဲ့အသက်ရှူထုတ်လိုက်တဲ့လေနဲ့ ချိုင်းကြားချွေးနံ့ကိုတောင် အနံ့ခံကြပါတယ်။
ခွေးတွေရဲ့ ဦးနှောက်ထဲက အနံ့ခံအစိတ်အပိုင်းက လူတွေထက် အဆ ၄၀ ပိုကောင်းတာကြောင့် အဝေးကြီးကနေတောင် ကျွမ်းကျင်စွာအနံ့ခံနိုင်ပါတယ်။
မြောက်အိုင်ယာလန်တက္ကသိုလ်တစ်ခုမှ သုတေသီအဖွဲ့က လေ့လာချက်ကို ဖော်ပြထားရာမှာ ခွေးတွေက သူတိုရဲ့ပိုင်ရှင်တွေ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အနံ့ခံသိရှိနိုင်ပြီး ခံတွင်းနံ့နဲ့ ချွေးနံ့ကို ခွဲခြားသိရှိနိုင်ကာ တိကျမှု ၉၃.၇၅ ရာခိုင်နှုန်းရှိပါတယ်။
"ခန္ဓာကိုယ်ထဲက ဓာတုလှုံ့ဆော်မှုကြောင့် ထွက်လာတဲ့အနံ့တွေကနေ ဆက်သွယ်ရေးကြားခံအဖြစ် ပြောင်းလဲသွားပါတယ်၊ ခွေးတွေက အံ့ဩဖွယ်ကောင်းလောက်အောင် အနံ့ခံအာရုံကောင်းပြီး လူသားတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့် စိတ်ဖိစီးမှုအခြေအနေတွေ၊ စိတ်ထိခိုက်ခြင်းတွေမှာ အထောက်အကူပေးပါတယ်"လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
လေ့လာမှုပြုလုပ်ရန် ဆေးလိပ်မသောက်တဲ့စမ်းသပ်ခံမယ့်သူတွေ ခေါ်ယူခဲ့ကာ မစားမသောက်ရသေးခင် ခံတွင်းနံ့နဲ့ ချွေးနမူနာတို့ကို ရယူခဲ့ပါတယ်။
ထို့နောက် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတို့ကို တိုင်းတာခဲ့ရာ စမ်းသပ်မှုလုပ်မယ့်စိတ်အခြေအနေကြောင့် ၃၆ ယောက်က စိတ်ဖိစီးမှုအခြေအနေ ကြုံခဲ့ရပါတယ်။
ခွေးတွေကို သူတိုရဲ့နမူနာတွေနဲ့ အနံ့ခံစမ်းသပ်ခိုင်းခဲ့ရာမှာ ၉၃.၇ ရာခိုင်နှုန်းမှန်ကန်စွာ တွေ့ရှိခဲ့ပါတယ်။
လူတွေ စိတ်ဖိစီးမှုကနေ ထွက်လာတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းပြောင်းလဲမှုတွေကအနံ့ကို ခွေးတွေက အာရုံခံမိတာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
လက်ရှိမှာတော့ ထိုကဲ့သို့လူ့စိတ်အခြေအနေများကို သိရှိအောင် ခွေးတွေကို လေ့ကျင့်သင်ကြားပေးနေပါတယ်။
လူသားနဲ့ ခွေးတွေရဲ့ရင်းနှီးမှုမှာ ခွေးတွေရဲ့အမူအကျင့် ၇ မျိုးက အလွန်အရေးပါကြောင်း ဖော်ပြခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 1_October 2022
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၃၀ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဦးစွာ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်ရေးအတွက် ခေတ်မီတပ်မတော်များအဖြစ် အပြိုင်အဆိုင် တည်ဆောက်လျက်ရှိရာ အရည်အသွေးပြည့်ဝသည့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် အားဖြည့်ရုံသာမကဘဲ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ်ဖြစ်စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မလျော့သော ဇွဲ၊ လုံ့လ ရှိမှုများအပြင် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှုရှိစေရေးအတွက် အစဉ်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ်နှင့် မသန်စွမ်းဘောလုံးအားကစားနည်းတို့တွင် စုစုပေါင်းဆုတံဆိပ် ၄၃ ခုရရှိခဲ့ပြီး ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုနှင့် နိုင်ငံအလိုက်အဆင့် ၆ တွင် ရပ်တည် နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရရှိသူများအနက် တပ်မတော်သား အားကစားသမား ၉ ဦးက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်းဆုတံဆိပ်မျိုးစုံ ၁၈ ခုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် International Army Games တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ် အပါအဝင် ၅ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂၀၁၉ ခုနှစ် Division-2 တွင် ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ် Division-2 တွင် ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄၊ ၂၀၂၁ ခုနှစ် Division-2 တွင် ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၃ ရရှိခဲ့ပြီး ယခုနှစ် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၁ ရရှိခဲ့ကြောင်း၊ တစ်ဆက်တည်း၌ပင် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၌ အသင်းလိုက်စွမ်းရည်ပြိုင်ပွဲ တတိယဆု၊ အမြန်ဆုံးလက်ဖြောင့်စစ်သည်ပြိုင်ပွဲတွင် တတိယဆုတိုရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် အဆင့် ၄ နေရာ၊ ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲတွင် ဇွဲသတ္တိဆုရရှိခဲ့ပါတယ်။
ယခုနှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲလည်းပါဝင်ခဲ့ကြောင်း၊ ယင်းပြိုင်ပွဲတွင် မိမိတိုနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ဂီတကိုဖော်ကျူးနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး တီးခတ်မှု တူရိယာပြိုင်ပွဲတွင် ပထမဆု၊ ရုရှားသီချင်း စုံတွဲအဆိုပြိုင်ပွဲတွင် ပထမဆု၊ တစ်ဦးချင်း အမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာအကပြိုင်ပွဲတွင် တတိယဆုတို့အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှု People's Choice Award ၌ ပထမဆု၊ ယဉ်ကျေးမှုပြခန်းပြိုင်ပွဲတွင် တတိယဆု၊ ယဉ်ကျေးမှုပြခန်းခင်းကျင်းမှု အကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံး ပထမဆုနှင့် စစ်ဘက်ဆိုင်ရာချစ်ကြည် ရင်းနှီးမှုတည်တံ့စေမှုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၇ နိုင်ငံအနက် အဆင့် ၇ နေရာကိုရရှိခဲ့ပါတယ်။
ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd World Cadet Games) တွင် အားကစားနည်း ၇ မျိုးအနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရိုင်ဖယ်သေနတ်ပစ်တစ်ဦးချင်းအမြန်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပထမဆု၊ ရိုင်ဖယ်သေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယဆု၊ ပစ္စတိုသေနတ်ပစ်တိကျပစ်ခတ်ခြင်း အသင်းလိုက် ပြိုင်ပွဲတွင် တတိယဆုနှင့် ပစ္စတိုသေနတ်ပစ် အသင်းလိုက်အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၈ နေရာ ရရှိခဲ့ပါတယ်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲဝင်များသည် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့ကြသည့် တပ်မတော်သားများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။





#ygm_mnn
#Yangon_Media_Group
Published 30 Sept 2022
ဟာရီကိန်းအိုင်ယန်ဟာ မြို့တွေကို ရေတွေလွှမ်းမိုးသွားပြီး သန်းပေါင်းများစွာသော ဒေသခံတွေ လျှပ်စစ်မီးပြတ်တောက်မှု နှင့်ကြုံနေရပါတယ်၊ ရွှေ့ပြောင်းသူတွေဟာ သူတို့စီးလာတဲ့ လှေတစ်စီး မှောက်ပြီး ပျောက်ဆုံးနေပါတယ်။ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒါဟာ နှစ်ပေါင်း ၅၀၀ တစ်ခါကြု့ရတဲ့ အဖြစ်အပျက်လို့ဆိုပြီး ပျက်စီးဆုံးရှုံးမှုတွေကို တွက်ချက်နေပါတယ်။
နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဒီမုန်တိုင်း တိုက်ခတ်ပြီးနောက် အရာရှိတွေဟာ ကြီးမားတဲ့ အရေးပေါ်ကယ်ဆယ်တုန့်ပြန်ရေးတွေလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ ရေလွှမ်းမိုးခံခဲ့ရတဲ့ ကျွန်းတွေ၊ ကမ်းခြေမျက်နှာမူမြို့တွေနှင့် အခြားဒေသတွေကနေ လူတွေကို ကူညီကယ်ထုတ်ပေးနေပါတယ်။
အသက်ရှုမှားလောက်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ကနဦးကြည့်ပြီးနောက် ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က ကမ်းခြေမြို့တွေဖြစ်တဲ့ ဖို့တ် မိုင်ယာနှင့် ကပ်လျက်မြို့ ကိတ်ကောရယ်လ်တို့ဟာ မုန်တိုင်းကြောင့် တကယ့်ကို အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ဟာရီကိန်းကြောင့်ဖြစ်နိုင်ဖွယ်ရှိတဲ့ သေဆုံးသူ နှစ်ဦးရှိတာကို အတည်ပြုနိုင်တယ်လို့ သူကပြောပါတယ်။
ကြာသပတေးနေ့ကတော့ အမျိုးသားဟာရီကိန်း စင်တာက အိုင်ယန်ကို အပူပိုင်းမုန်တိုင်းတစ်ခု အဖြစ် အဆင့်လျှော့ချပေးခဲ့ပါတယ်။ ဒါပေမယ့် ဆက်လက်ပြီး ရုတ်တရက်ရေလွှမ်းမိုးတာတွေရှိခဲ့ပြီး နောက်ထပ် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ရေလွှမ်းမိုးမှု၊ပင်လယ်ဒီရေတက်မှုနှင့် လေပြင်းထန်မှုတွေ ဖလော်ရီဒါ အလယ်ပိုင်းနှင့် အရှေ့ပိုင်း၊ ဂျော်ဂျီယာနှင့် တောင်ကာရိုးလိုင်းနားမှာ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဟာရီကိန်းတိုက်ခတ်စဉ်အတွင်း ရွှေ့ပြောင်းလာသူတွေကို သယ်ဆောင်လာတဲ့ သင်္ဘောတစ်စီး ပင်လယ်ထဲမှာ နစ်မြုပ်ခဲ့လို့ လူ၂၀ ပျောက်ဆုံးနေတယ်လို့ အမေရိကန် နယ်ခြားစောင့်ပတ္တရောင်က ပြောပါတယ်။ ကျူးဘားလေးဦးဟာ ဖလော်ရီဒါက ကျွန်းကြီးတွေဆီ ကူးခတ်လာခဲ့ကြပြီး ကမ်းခြေစောင့်တပ်က အခြားသုံးဦးကို ကယ်တင်ပေးလိုက်ကြပါတယ်။
အိုင်ယန်ရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို ဖလော်ရီဒါရဲ့ အနောက်ဘက်ကမ်းခြေတစ်လျောက်မှာတော့ သာဓက အများဆုံးကျန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပန်တာဂေါ်ဒါဆိုရင် မုန်တိုင်းကြောင့် အားလုံး မှောင်အတိကျသွားခဲ့ရတာပါ။
ထူးကဲစွာတိုက်ခဲ့တဲ့လေကြောင့် သစ်ပင်တွေပြိုလဲကျတာတွေ အမြစ်ကနေ ကျွတ်ထွက်သွာတာတွေနှင့်အတူ တစ်မြို့လုံး အပျက်အစီးပုံကြီးဖြစ်ပြီးကျန်ခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က ဖလော်ရီဒါဟာ ကြီးမားတဲ့ ဘေးဒုက္ခကျရောက်ကြောင်း ကြေညာခဲ့ပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဖက်ဒရယ်ရန်ပုံငွေကို ထုတ်သုံးနေပါတယ်။ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က ဖလော်ရီဒါရဲ့ နေရာအများစုဟာ ခြိမ်းခြောက်မှုအောက်မှာရှိနေတုန်းပဲလို့ သတိပေးလိုက်ပါတယ်။
ရေတွေကမြင့်တက်ပြီး မုန်တိုင်းဖြတ်နေလို့ ဒီနေ့အထိဆက်ရှိနေဦးမယ်လို့လည်း သူကပြောပါတယ်။
အမျိုးသား အစောင့်တပ်က အင်အား ၅၀၀၀ခန့်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ဖလော်ရီဒါကိုလွှတ်ထားပါတယ်။
မနှစ်က အမေရိကန်ပြည်ထောင်စုမှာ ဟာရီကိန်းမုန်တိုင်း လေးကြိမ် ကျရောက်ခဲ့ပြီး စုစုပေါင်း ရာသီဥတုဆိုင်ရာ ဘေးဆိုး အကြိမ် ၂၀ကြုံတွေ့ခဲ့ရပါတယ်။ ယင်းဖြစ်ရပ်တွေကြောင့် အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ တစ်ဘီလျံနှင့်အထက် ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။
Source AFP
#Hurricane_Ian
#US_Hurricane
# Florida
#Local_News
Published_ 30 September 2022
စစ်ကိုင်းတိုင်းအပါအဝင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိဒေသ (၅) နေရာမှာ မြေငလျင်အန္တရာယ်သတိပြုဖို့ လိုအပ်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်၊၊
#Yangon_Media_Group
#World_Tradition
Published 30 September 2022
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်တာဝေးကွာနေရတဲ့ ထိုင်းနိုင်ငံသက်သက်လွတ်ပွဲတော်ဟာ အင်္ဂါနေ့မှာ ပြန်လည်ကျင်းပနိုင်ခဲ့ပြီး တာအိုဘာသာကိုးကွယ်သူတွေက သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဓားတွေ အချွန်တွေနဲ့ ဖောက်ထွင်းလေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 September 2022
မြန်မာနိုင်ငံရဲ့ဒေသအသီးသီးက မျက်စိဝေဒနာရှင်တွေကို Contributions to Community C2C အဖွဲ့အနေနဲ့ အခမဲ့မျက်စိစစ်ဆေးပေးပြီး မျက်မှန်တွေ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 September 2022
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) အနေနဲ့ YBS ယာဉ်စီးကို ပြောင်းလဲကောက်ခံတာမျိုးမဟုတ်ဘဲ ဘတ်စ်ကားစီးသူတွေအနေနဲ့ ကတ်စနစ်ကို ပိုမိုသုံးစွဲလာစေဖို့အတွက် ကတ်စနစ်နဲ့ စီးသူတွေကို ပုံမှန်ယာဉ်စီးခထက် ငွေကျပ် ၂၀ လျော့ချပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 30 Sept 2022
ယနေ့ မနက်ပိုင်းက လွိုင်ကော်လေဆိပ်တွင် မြန်မာအမျိုသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် အရပ်ဖက်လေယာဉ် ATR-72 ဆင်းသက်စဉ်ပစ်ခတ်ခံရမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။(သတင်းများဖော်ပြပြီး)
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ဇော်မင်းထွန်း၏ ရှင်းလင်းချက် အပြည့်အစုံကို ရုပ်သံတင်ဆက်ထားပါတယ်။
#Myanmar
#Loikaw_Airport
#MNA_Airlines
Page 1531 of 1946