#LocalNews
Published_24 October 2022
မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းတွေကို GACC လမ်းကြောင်းကနေတစ်ဆင့် တရုတ်နိုင်ငံကို မကြာခင်တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပါတယ်။
#Yangon_Media_Group
Published 24 October 2022
သိုးအုပ်တွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်လမ်းမတွေပေါ်မှာ နိုင်ငံမြောက်ပိုင်းက တောင်တန်းတွေဆီ ဆောင်းခိုဖို့ အတွက် စတင်ထွက်ခွာနေကြပါတယ်။ တောင်ပိုင်းက ယာခင်းတွေက ခြောက်သွေ့လာတဲ့အခါ သူတို့ဟာ မြောက်ပိုင်းကို ရွှေ့ပြောင်းလေ့ရှိကြတာဖြစ်ပါတယ်။ သိုးအုပ်တွေဟာ ကီလိုမီတာ ၁၀၀၀ကျော်(မိုင်၆၂၀ ကျော်)ခရီးကို လျှောက်လှမ်း ခရီးနှင်နေကြတာလို့ သိုးထိန်းတစ်ဦးဖြစ်တဲ့ ဂျေဆပ် ဂါဇွန် ဟေ့ဒ်က ပြောပါတယ်။ သိုးအုပ်တွေ အုပ်လိုက်အုပ်လိုက် ခရီးထွက်သွားကြတဲ့ မြင်ကွင်းဟာ ထူးခြားအံအားသင့်စရာကောင်းလှတာကို အေအက်ဖ်ပီကမှတ်တမ်းတင်ထားပါတယ်။
Source AFP
#LocalNews
Published_24 October 2022
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/ ၂၀၂၂) အစည်းအဝေးမှာ ကန်ဒေါ်လာ သန်းနှစ်ရာနီးပါးတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 24 October 2022
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံကို စံနှုန်းသတ်မှတ်ချက်မပြည့်မှီသေးတဲ့ စာရင်းထည့်သွင်းလိုက်တဲ့ ဂယက်ကြောင့် ပြည်တွင်းမှာရှိတဲ့ ကုန်ဈေးနှုန်းတွေ လှုပ်ခတ်လျက်ရှိနေခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 24 October 2022
၁။ စားအုန်းဆီဈေးနှုန်း ပြင်ပဈေးကွက်တွင် ၉၀၀၀ ကျပ်အထိ ပြန်တက်လာ
၂။ ကန်ဒေါ်လာ သန်းနှစ်ရာနီးပါးတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၃ ခု MIC ခွင့်ပြု
၃။မြန်မာ့ပြောင်းများကို GACC လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ မကြာခင်တင်ပို့မည်
၄။ ဂျပန်နိုင်ငံမှ သုတ်ပိုးလှူဒါန်းခြင်းဥပဒေမူကြမ်းကြောင့် အငြင်းပွားမှုဖြစ်ပေါ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published _24 october 2022
အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တန်ဆောင်တိုင်ကာလမှာ ခရီးသွားလာမှုအဆင်ပြေစေဖို့အတွက် လေအိတ်အထူးရထားတွေနဲ့ အထူးခရီးစဉ်တွေ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 24 October 2022
ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ်အတွင်းတွေ့ရှိသည့် ဆင်ကို ဆင်ဖြူ ဟုတ်မဟုတ် စိစစ်ရန် အချိန်ယူရမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်စက်တင်ဘာလ ဒုတိယပတ်က တိုက်ကြီးမြို့နယ်အတွင်း ကျက်စားသွားလာနေကြသည့် ဆင်အုပ်တစ်အုပ်ထဲတွင် အဖြူရောင် ဆင်တစ်ကောင်ပါလာခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေပြီး ယင်းဆင်ဖြူမှာ ဆင်ဖြူတော် ကြန်အင်လက္ခဏာနှင့် ပြည့်စုံမှု ရှိမရှိကို မသိရသေးကြောင်းနှင့် သက်ဆိုင်ရာက ကျုံးသွင်းဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
အဆိုပါ သတင်းများအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က "ဆင်ဖြူတော် ဟုတ်မဟုတ် စိစစ်ဆဲဖြစ်ပါတယ်။ မြေပြင်စိစစ်ရန်အတွက် တောတောင်ထဲဖြစ်သဖြင့် အချိန်ယူရမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူများက မျက်မြင်တွေ့ စိစစ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"ဟု မီဒီယာများကို ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးကို မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိရာမှ ယခုအခါ အသက် ၃ လသားတွင် အရပ်အမြင့် ၂ ပေ ၉ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ၊ ကိုယ်အလေးချိန် ၂၆၀ ပေါင်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ယင်းဆင်ဖြူကလေးကို လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်စေရန်၊ ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 24 October 2022
အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့မှာအထူးအစည်းအဝေးတစ်ရပ်ကျင်းပပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးကြမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမှာဖြစ်ပြီး မြန်မာ နစက နှင့် ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုံသဘောတူညီချက် အချက်ငါးချက်နှင့် ပတ်သက်လို့ အကောင်အထည်ဖော်မှုကိစ္စတွေကို ဆွေးနွေးကြမယ်လို့ လက်ရှိ အာဆီယဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ချမ်ဆောင်ရီကပြောတဲ့အကြောင်း ဟောင်ကောင်အခြေစိုက် တောင်တရုတ်နံနက်ခင်း သတင်းစာမှာဖော်ပြထားပါတယ်။
လာမယ့်လမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လို့ရှေ့သို့ တွန်းမလဲဆိုတာနှင့်ပတ်သက်တဲ့ ထောက်ခံတင်ပြချက်တွေကို အစည်းအဝေးမှာ ဆွေးနွေးရှာဖွေကြမယ်လို့ သူက ပြောပါတယ်။
မလေးရှာနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖုဒင် အဘူဒူလာက ငြိမ်းချမ်းရေးဘုံသဘောတူညီချက်ဟာ သုံးလို့ရသေးသလာဆိုတာကို နိုဝင်ဘာနောက်ဆုံးထားပြီး အာဆီယံက ဆုံးဖြတ်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့လက ပြောကြားထားတဲ့အကြောင်း သတင်းမှာရေးသားထားပါတယ်။
Source: SCMP/Reuters
#ASEAN_FM_Meeting
#Myanmar_Politics
#ASEAN_Myanmar
#Local_News
Published_ 24 October 2022
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ငွေကျပ် ၃၇၆၄ သိန်း တန်ဖိုးရှိ Ketamine နှင့် Happy Water စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ၂၁ ရက် နေ့လယ် ၃ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်ရှိ နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ နေထိုင်သည့် နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ၎င်းနှင့်အတူ အိပ်ခန်းအတွင်းမှ Ketamine အလေးချိန် ၂ ဒသမ ၉၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇၆ သိန်း)၊ အက်တက်စီဆေးပြား ၇၀၁၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၈၀၄ သိန်း)၊ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်(Happy Water)အလေးချိန် ၂၈၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် နိုင်လင်းအောင်(ခ)နိုင်လင်း(ခ)သီဟ(၂၈)နှစ်အား လှိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published_ 24 October 2022
ရခိုင်ပြည်နယ် စစ်တွေတွင် သုံးရက်ခန့်ကြာပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား သုံးဦးအနက် တစ်ဦးကို သေဆုံးလျက် ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်က တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ သေဆုံးနေသည့် အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းအနီးတွေ့ရှိခဲ့ကြောင်း ၊ ချောင်းပေါ်တွင် မျှောကာ ရေပေါ်ပေါ်နေသည့် အဆိုပါကျောင်းသားမှာ ဘုမေရွာ စစ်တွေတက္ကသိုလ်လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်ဖြစ်ကြောင်း၊အလောင်းကို ကျေးတောရွာမချောင်းထဲမှ ဆယ်ယူ၍ စစ်တွေဆေးရုံကြီးသို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သယ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးဖြစ်ကြသည့် ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နှင့် ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်တို့ ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းကပင် ထွက်ခွာကြပြီးနောက် ပျောက်ဆုံးနေကြခြင်းဖြစ်သည်။
လက်ရှိတွင် အခြားပျောက်ဆုံးနေသည့် ကျောင်းသားနှစ်ဦးကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group

Published 24 Oct 2022
Dove၊ Nexxus၊ နှင့် Suave တို့ကဲ့သို့သော အမှတ်တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ ယူနီလီဗာကုမ္ပဏီက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ဘင်ဇင်း benzene ဟာ အန္တရာယ်ရှိတဲ့ ပမာဏတွေ့ရှိရလို့ ယင်းရဲ့ ခေါင်းလျှော်ရည်အခြောက် dry shampoo တွေကို အမေရိကန်ဈေးကွက်နေ ဆန္ဒအလျောက် ပြန်သိမ်းယူဖို့ ကြေညာထားပါတယ်။
အမေရိကန် အစားအသောက်နှင့်ဆေးဝါးဌာန (အက်ဖ်ဒီအေ)က ဆန္ဒအလျောက်အဲဒီထုတ်ကုန်တွေကို ပြန်သိမ်းကြဖို့ ကြေညာထားတာလည်းဖြစ်ပါတယ်။
ယူနီလီဗာ-အမေရိကန်ပြည်ထောင်စုက သတ်မှတ်ရွေးချယ်ထားတဲ့ ကုတ်ဒ်နံပါတ်အတွဲတွေထဲက dry shampoo တွေကို ဆန္ဒအလျောက်ပြန်လည်သိမ်းယူစေဖို့ ကြေညာထားပါတယ်။ အဲဒီ ခေါင်းလျှော်ရည်အခြောက်တွေထဲမှာDove၊ Nexxus၊ Suave၊ TIGI(Rockaholic and Bed Head)နှင့် TRESemmé တို့ပါဝင်ပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဘင်ဇင်းဆိုတာ လူသား ကာဆီနိုဂျင်တစ်ခု ဖြစ်ပါတယ်။ အဲဒါကို ရှုရှိုက်မိတာ၊ ပါးစပ်ထဲဝင်တာနှင့် အရေပြားကတစ်ဆင့် အဲဒီဓာတုပစ္စည်းနှင့် ထိတွေ့မှုဖြစ်ရပါတယ်။ အဲဒီဓာတ်ဟာ သွေးကင်ဆာ၊ ရိုးတွင်းခြင်ဆီကင်ဆာတွေဖြစ်တတ်ပါတယ်။ အဲဒီအပြင် သွေးဓာတ်ပုံမမှန်ဖြစ်ပြီး အဲဒါဟာ အသက်အန္တရာယ်ရှိစေနိုင်ပါတယ်။
ဒီထုတ်ကုန်တွေပြန်သိမ်းရတာဟာ သတိကြီးစွာထားတဲ့အနေနှင့်သာဖြစ်ပြီး ဒီခေါင်းလျှော်ရည်တွေမှာ ပါတဲ့ ဓာတုပစ္စည်း အဲဒီပမာဏဟာ နေ့စဉ်ထိတွေ့ရုံနှင့် ကျန်းမာရေးဆိုးကျိုးရှိလာနိုင်ဖွယ်မရှိတာကို စမ်းသပ်တွေ့ရှိရတယ်လို့ ယူနီလီဗာက သတင်းထုတ်ပြန်ပါတယ်။
ဒီခေါင်းလျှော်ရည်တွေနှင့်ပတ်သက်လို့ ကျန်းမာရေးထိခိုက်မှုဖြစ်တဲ့ သတင်းပေးပို့မှုတွေကို ရရှိထားခြင်းလည်း မရှိပါဘူးလို့ ကုမ္ပဏီကပြောပါတယ်။
အဆိုပါခေါင်းလျှော်ရည်တွေကို ပြည်တွင်းမှာသာ ဖြန့်ချိတာဖြစ်ပြီး လက်လီဆိုင်တွေအနေနှင့် သူတို့ရဲ့အရောင်းစင်တွေပေါ်ကနေ ဒီပစ္စည်းတွေဖယ်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
ကနေဒါမှာလည်း အလားတူ ခေါင်းလျှော်ရည်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ ကနေဒါလာတဲ့ သတင်းတွေမှာလည်းဖော်ပြထားပါတယ်။
(သိမ်းဆည်းခိုင်းထားတဲ့ dry shampoo အမျိုးအစားနှင့် ထုတ်လုပ်တဲ့ အတွဲတွေကို ယူနီလီဗာရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပြီး ယခု ဒီသတင်းမှာ လည်းပူးတွဲဖော်ပြပေးထားပါတယ်)
Source: Miami Herald and other news outlets
#Unilever_Dry_shampoo
#benzene_cancer
#US_canada



#LocalNews
Published_24 October 2022
ယနေ့ (အောက်တိုဘာ ၂၄ ရက်) တွင်ကျရောက်သည့် '' ဒီပါဝလီနေ့ ''အတွက်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)မှရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံလူတန်းစားများဖြစ်သော တမီလ်ဟိန္ဒူ ဘာသာဝင်အိမ်ထောင်စုများ အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော ရန်ကင်း ၊အင်းစိန် ၊ခရမ်း၊ ဒလ၊ လှိုင်သာယာ၊ထန်းတပင်နှင့် ရွှေပြည်သာမြို့နယ်များအပါအဝင် မြို့နယ်စုစုပေါင်း ၁၅ မြို့နယ် ရှိ အခြေခံလူတန်းစားများဖြစ်သော အိမ်ထောင်စု ၂၅၀၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၁ လီတာတစ်ဗူး၊ ဂျုံ တစ်ပိသာ၊ ၊ကုလားပဲခြမ်း ၅၀ ကျပ်သား၊သကြား ၅၀ ကျပ်သားနှင့်ဆား ၅၀ ကျပ်သားတို့ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အနေဖြင့် နှစ်စဉ်ကျရောက်သည့် '' ဒီပါဝလီနေ့ ''မတိုင်မီတိုင်း တမီလ်ဟိန္ဒူ ဘာသာဝင်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် နှစ်စဉ်သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံများနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအတွက် ထမင်းဟင်းလျာများနှင့် အချိုပွဲများပါဝင်သော နေ့လည်စာနှင့်ညစာ ထမင်းဗူးများကို နေ့စဉ်ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group






Page 1532 of 1988