#Local_News
Published_ 28 December 2022

 

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီး ဒီဇင်ဘာလ(၂၈) ရက်နံနက်ပိုင်းကအင်အား(၄.၁)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှသိရသည်၊၊

 

တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၃.၃၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၄)ဒီဂရီ၊ အနက်(၇၅)ကီလိုမီ တာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်၊၊

 

မြေငလျင်နှင့်ပတ်သက်၍ လတ်တလောတွင်စစ်ကိုင်းတိုင်းဒေသကြီး၌လှုပ်ခတ်မှုအများဆုံးဖြစ် နေပြီးစစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊မိထ္တီလာ၊ ရမည်းသင်း ၊ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group