#Local_News
Published_ 28 December 2022

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင် ပြီးမြောက်သဖြင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ Beijing Construction Engi-neering Group Co.,Ltd မှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

 

အခမ်းအနားတွင် တာဝန်ရှိသူများက အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို ဖွင့်လှစ်ပေး ကြပြီးနောက် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြင်ဆင်မွမ်းမံမှု အဆင့်ဆင့်မှတ်တမ်း Video Clip ကိုပြသကာ သံအမတ်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။

 

မကြာမီအချိန်တွင် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ယခုကျင်းပတဲ့ အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသည် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရာရောက်သည့် အခမ်းအနားဖြစ်တဲ့အတွက် တရုတ်နိုင်ငံ ပြည်သူများကို မြန်မာနိုင်ငံကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ဝန်ကြီးက ပြောကြားပါတယ်။

 

အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်း တိတိ) ကုန်ကျခဲ့ကာ အသစ်တည်ဆောက် ပေးသကဲ့သို ခေတ်မီဇာတ်ရုံအင်္ဂါရပ်များ ပြည့်စုံစွာထည့်သွင်းပေးထားပြီး အမျိုးသား ဇာတ်ရုံရှိ ဝန်ထမ်းများကိုလိုအပ်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးခဲ့ ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group