#Local_News
Published_ 28 December 2022

 

(၁၁) ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရေးမြို့နယ် ထားဝယ်ခရိုင် ဝယ်ဇင်းကျေးရွာတွင် ကျင်းပပြုလုပ်လျက်ရှိရာ၊ဒေသအတွင်းရှိလက်နက်ကိုင်အချင်းချင်း ပစ်ခတ်မှုများ မပြုလုပ်ကြရန် မွန်လူငယ်ဆုံရပ်(MYF)က မေတ္တာရပ်ခံ အသိပေးထားသည်။

 

အဆိုပါ မေတ္တာရပ်ခံချက်တွင် လူမှုရေးအရ ထောက်ရှုခြင်းဖြင့် ရေးမြို့နယ်အတွင်းရှိနေသော လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ကြပါရန် နှင့် မွန်မွန်လူငယ်တို့၏ လုံခြုံရေးကိုရှေးရှုပေးကြပါရန် အသိပေးထားခြင်းဖြစ်သည်။

 

ထို့အပြင် မွန်လူငယ်နေ့ အခမ်းအနားကျင်းပရာ ဝယ်ဇင်ကျေးရွာသို့ ရောက်ရှိနိုင်ရန် မွန်လူငယ်အဖွဲ့အသီးသီးတို့က ရေးမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းလမ်းများနှင့် ရေးမြို့ကို အဓိက ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း မွန်လူငယ်ဆုံရပ်က အသိပေးထုတ်ပြန်ထားသည်။

 

ပြီးခဲ့သော မွန်လူငယ်နေ့ (၉)ကြိမ်မြောက်နှင့် (၁၀)ကြိမ်မြောက် အခမ်းအနားများကို ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ရေးမြို့နှင့်မော်လမြိုင်မြို့တို့တွင် အကျဉ်းချုံးပြုလုပ်ခဲ့ရကြောင်း ဒေသခံမဠန်လူငယ်တစ်ဦးက ဆိုသည်။

 

မွန်ပြည်နယ်အတွင်း အခြားဒေသများကဲ့သို့ တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း လုံခြုံရေးအရ တင်းကြပ်ထားမှုများရှိနေသည်။

 

#ymg/myn
#Yangon_Media_Group