#Local_News
Published_ 28 December 2022

 

လာမည့် ၂၀၂၃ခုနှစ်အတွင်း ကလေးငယ်များ အပါအဝင် လူဉီးရေ ၆သိန်းကျော်အား စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများအတွက် ကူညီပံ့ပို့သွားရန်ရှိကြောင်း Unicef MYanmar က ယခု ဒီဇင်ဘာလအတွင်း အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ဆယ်ကျော်သက်လူငယ်များ၊ မိဘများပါဝင်သည့် လူဉီးရေ ခြောက်သိန်းကျော်အား ရပ်ရွာအခြေပြု စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ လက်လှမ်းမီရရှိနိုင်ရန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ကလေးငယ် ၅ဒဿမ ၆ သန်းအပါအဝင် နိုင်ငံအတွင်း လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

 

ယခု ၂၀၂၂ ခုနှစ်အတွင်း၌လည်း မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသောဒေသများအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မသန်စွမ်းကလေးငယ် (၁,၀၀၀) ကျော်ကို အကျုံးဝင်ပညာရေးနှင့် အရေးပေါ်အခြေအနေပညာရေးပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

 

#ymg/myn
#Yangon_Media_Group