#World_Health
Published 22 October 2022
၁၀ နှစ်သားအရွယ်ကလေးတစ်ယောက်ဟာ ပုံမှန်အသက်ရှူဖို့နဲ့ စကားပြောဆိုနိုင်ဖို့ မနက်တိုင်းမှာ သူ့ရဲ့မေးရိုးကို တစ်လက်မရဲ့ ၄ ပုံ ၁ ပုံလောက် မူလီကြပ်ပေးရပါတယ်။
အီလီနွိုက်စ်မှ 'ဘရိုင်ဆန်ရိုက်'ဟာ မွေးပြီးလို့ မကြာခင်မှာပဲ Goldenhar syndrome ရောဂါရှိကြောင်း သိခဲ့ရကာ သူ့ရဲ့ညာဘက်နားရွက်နဲ့ ညာဘက်မေးရိုးတို့က ဖွံ့ဖြိုးမှုအားနည်းနေပါတယ်။
နှစ်အနည်းငယ်ကြာတော့ အဆိုပါမေးရိုးက ဖွံ့ဖြိုးမှုရပ်တန့်သွားခဲ့ကာ ခွဲစိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ကလေးက မေးရိုးချဲ့စက်တပ်ဆင်ထားရကာ အမေဖြစ်သူ'ဘရီယာနာ'က မနက်တိုင်း မေးရိုးချဲ့စက်ကို လှည့်ပေးရပါတယ်။
ထိုစက်ကြောင့် 'ဘရိုင်ဆန်'အတွက် မနာကျင်ရပေမယ့် ကျောင်းမသွားရဘဲ ဖြစ်နေပါတယ်။
အိပ်နေစဉ် အသက်ရှူရကြပ်လာတတ်တဲ့ အခြေအနေ သက်သာစေရန် မေးရိုးကြီးမားလို့လိုအပ်နေပါတယ်။
မေးရိုးချဲ့စက်ဖြင့် မေးရိုးနေရာကျယ်ပြန့်လာကာ အစာစားနိုင်၊ အသက်ရှူနိုင်လာမှာ ဖြစ်ပါတယ်။
Goldenhar syndrome က မွေးဖွားလာတဲ့ ကလေးငယ် ၃,၅၀၀ ကနေ ၂၅,၀၀၀ မှာ တစ်ယောက်နှုန်း ရှားရှားပါးပါးဖြစ်လေ့ရှိပြီး ဦးခေါင်း၊ ကျောရိုး၊ အချို့သောအင်္ဂါတို့က ကောင်းစွာမဖွံ့ဖြိုးတတ်တဲ့ ရောဂါဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းအရင်း သေချာမသိရှိကြသေးဘဲ မိခင်ဝမ်းဗိုက်ထဲမှာ ကြီးထွားမှုပြဿနာရှိခဲ့တာကြောင့် ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
ဒီရောဂါက မွေးကတည်းက ဖြစ်လာတာဖြစ်ပြီး နားရွက်၊ မျက်လုံး၊ ကျောရိုးတို့မှာ အဓိကဖြစ်တတ်ပါတယ်။
လူနာတွေက အကြားအာရုံချို့တဲ့ခြင်း၊ စကားပြောရခက်ခဲခြင်း၊ အသက်ရှူပြဿနာများ ခံစားရတတ်ပါတယ်။
ဝေဒနာခံစားရတဲ့အပေါ်မူတည်ပြီး ကုသမှုပြောင်းလဲမှုရှိတတ်ကာ ခွဲစိတ်မှုပြုလုပ်ရလေ့ရှိပါတယ်။
'ဘရိုင်ဆန်'ကတော့ အမြင်အာရုံနဲ့ ကျောရိုးတို့မှာ ပြဿနာတစ်စုံတစ်ရာ မရှိပါဘူး။
ခွဲစိတ်မှုပြုလုပ်ရာမှာတော့ ဆရာဝန်များက ပါးစပ်အနောက်ဘက်နားက မေးရိုးကိုဖြတ်လိုက်ကာ မူလီဖြင့်ဆက်လိုက်ကြပါတယ်။
ဒီနောက် ပါးနားမှာကပ်ပြီးရှိနေမယ့် သတ္တုချောင်းကို ချိတ်ဆက်လိုက်ကြပါတယ်။
သူ့အမေက မနက်တိုင်း ထိုစက်ကို ၈ ချက်လှည့်ပေးရကာ မေးရိုးကျယ်လာအောင် ပြုလုပ်ပေးရပါတယ်။
၁၃ ပတ်ကြာပြီးနောက် ဖယ်ရှားရမှာဖြစ်ပြီး လူပျိုဖော်ဝင်တဲ့အချိန်ကျမှ နောက်တစ်ခါ ထပ်ချဲ့ရမှာဖြစ်ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကလေးငယ်ဟာ ကျောင်းနားထားရပြီး အနာသက်သာစေတဲ့ ဆေးများသုံးစွဲနေရပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_21 October 2022
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၂ ဘီလျံကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Health
Published 21 October 2022
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကျော် စီတန်းလှည့်လည်ပွဲ မပြုလုပ်ခဲ့ရတဲ့ ပီရူးနိုင်ငံမှာ ပြီးခဲ့တဲ့အင်္ဂါနေ့က လီမာမြို့လမ်းတွေမှာ အံ့ဘွယ်အရှင်သခင်ပုံတော်နဲ့အတူ ဆုတောင်းသူများနဲ့ ထောင်ပေါင်းများစွာသော ပီရူးကက်သလစ်များဟာ ဖြည်းဖြည်းချင်းလှည့်လည်ခဲ့ကြပါတယ်။
#Yangon_Media_Group
Published 21 Oct 2022
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် စစ်စည်းရုံးထားတဲ့ ရုရှားတွေအတွက် လေ့ကျင့်ရေးဌာနတစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ စက်တင်ဘာ ၂၁ရက်မှာ ပူတင်က တစ်စိတ်တစ်ပိုင်းအနေအထား စစ်ထဲဝင်ရန်အမိန့်ထုတ်ပြန်ကြေညာအပြီး သွားရောက်ခဲ့တဲ့ခရီးဖြစ်ပါတယ်။
ပူတင်ဟာ မော်စကိုမြို့တော်ရဲ့ အရှေ့တောင်ဖက် ရာဇန်ဒေသမှာရှိတဲ့ ပစ်ခတ်ကွင်းတစ်ခုကို သွားရောက်ခဲ့တာတွေ ရုရှား နိုင်ငံပိုင်ရုပ်သံကထုတ်လွှင့်ပြသခဲ့ပါတယ်။ အနက်ရောင်ဝတ်ဆင်ထားတဲ့ ပူတင်ဟာ အသစ်ထုတ်လုပ်ထားတဲ့ လက်ဖြောင့် ရိုင်ဖယ်သေနတ်ကို ပစ်ခတ်ခဲ့ပြီး စစ်သည်တွေကိုလည်း ပွေ့ဖက်ခဲ့ပါတယ်။
Source AFP
#Vladimir_Putin
#Mobilised_Russians_Training
#Russia_Military
#Local_News
Published_ 21 October 2022
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှာ'မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_21 October 2022
ကိုဗစ်ကြောင့် (၂)နှစ်ကြာ ရပ်ထားရတဲ့ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ဒီနှစ်မှာ ပြန်စမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 21 Oct 2022
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်စ်သည် ရုရှားကိစ္စ၊ယူကရိန်းကိစ္စတို့တွင် မိတ်ဖက်ကောင်း တစ်ဦး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူဟာ ပဲင်စီလ်ဗေးနီးယားမှာ ဆီးနိတ်အမတ်လောင်း ဂျွန် ဖက်တာမင်းဘေးရပ်တည်ပေးဖို့ အိမ်ဖြူတော်မှ မထွက်ခွာခင် သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။
Source AFP
#Joe_Biden
#Liz_Truss
#UK_Politics
#Local_News
Published _ 21 october 2022
နေရာထိုင်ခင်း အခက်အခဲရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ပြင်ပဌားရမ်းခထက် သက်သာတဲ့နှုန်းထားတွေနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီဌားရမ်းပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 October 2022
၁။ ရှမ်းပြည်နယ်ရှိ နေစရာအခက်အခဲရှိသူများကို တည်ဆောက်ပြီး အဆင့်မြင့်တိုက်ခန်းများအား ဌားရမ်းပေးသွားမည်
၂။ (၂)နှစ်ကြာ ရပ်ထားရသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်စမည်
၃။ ဗိုလ်တထောင်စေတီတော်တွင်'မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ဆက်ကပ်ပူဇော်ပွဲ' ပြန်လည်ကျင်းပမည်
၄။ ကိုဗစ်ကပ်ရောဂါအလွန် ပီရူးမြို့တော်၌ အံ့ဘွယ်အရှင်သခင်စီတန်းလှည့်လည်ပွဲအား ပြန်လည်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 October 2022
YBS 37 ယာဉ်လိုင်းအပါအဝင် ဘတ်စ်ကားလိုင်း ၁၄ လိုင်း တာဝန်ယူလုပ်ကိုင်နေတဲ့ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(YBPC)ဟာ အစုရှယ်ယာတစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ပြန်ဝယ်ဖို့ စီစဉ်နေတယ်လို့ အဆိုပါကုမ္ပဏီက အသိပေးကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published_21 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိသက်ဆိုင်ရာ Terminal များ၌ အောက်တိုဘာ ၁၉ ရက်တွင် စက်သုံးဆီ ဂါလန် စုစုပေါင်း ၁၀ ဒသမ ၉၄ သန်းခန့် ဆီချထားပြီးဖြစ်ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
အလားတူ အောက်တိုဘာ ၁၇ ရက်တွင် MT Glory Star သင်္ဘောသည် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၃၉ သန်း ဆီချခဲ့ပြီး ဓာတ်ဆီ 92 Ron ဂါလန် ၀ ဒသမ ၅၀ သန်း နှင့် MT Fly Marlin သင်္ဘောမှ ရိုးရိုးဒီဇယ်ဆီဂါလန် ၁ ဒသမ ၁၂ သန်း ၊MT Beluga Pacific သင်္ဘောမှရိုးရိုး ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇၃ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၂ ဒသမ ၅၅ သန်း ၊ MT Yu Hai သင်္ဘောမှ ဓာတ်ဆီ 92 Ron ဂါလန် ၁ ဒသမ ၈၄ သန်း ၊ ရိုးရိုးဒီဇယ်ဆီဂါလန် ၂ ဒသမ ၁၄ သန်းနှင့် ပရီမီယံဒီဇယ်ဆီဂါလန် ၁ ဒသမ ၀၆ သန်း တင်ဆောင်လာသည့် နိုင်ငွတကာသင်္ဘောများသည် သက်ဆိုင်ရာ Terminal များသို့ ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းအပြင် ရန်ကုန် သီလဝါသိုလှောင်ကန် ၊ စက်သုံးဆီအရောင်းဆိုင်များနှင့်ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိပြီး ယခုရက်ပိုင်းအတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အနည်းငယ်စာဈေးမြင့်တက်နေကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _21 October 2022
ကော့ကရိတ်မြို့အတွင်း လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်းက ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ ခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၏ မြောက်ဘက်မှမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာနအဆောက်အဦများအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်သည့် အဖွဲ့မှာ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းတို့အနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူနေထိုင်လျက်ရှိသော လူနေရပ်ကွက်များအတွင်းနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင် နေသူများအား ရက်စက်မိုက်မဲစွာ အကြမ်းဖက်လုပ်ရပ်မှုလုပ်ဆောင်ရွက်ခဲ့သည်မှာ ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု( Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
Page 1537 of 1988