#Local_News
Published_ 22 May 2023
အခုနှစ်မှာ မုတ်သုန်အဝင်ရက်ပိုင်းနောက်ကျနေပြီးမုတ်သုန်စဝင်ချိန်မှာ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မုတ်သုန်အဝင် #တနင်္သာရီတိုင်းနှင့်ဒေသအချို့ #မိုးသက်လေပြင်းတိုက်ခတ်နိုင်
#YMG #Yangon_Media_Group
#Asia_Technology
Published 20 May 2023
တရုတ်နိုင်ငံမှာ စိုက်ပျိုးရေးကစလို့ ဆိပ်ကမ်းထောက်ပံ့ပို့ဆောင်ရေးနဲ့ လုပ်ငန်းလည်ပတ်ရေး ကဏ္ဍတိုင်းမှာ ဉာဏ်ရည်တု(AI)ကို အသုံးချနေပါတယ်။
#Asia_Technology #တရုတ်နိုင်ငံ #ဉာဏ်ရည်တု(AI)စနစ်
#YMG #Yangon_Media_Group
Published 22 May 2023
အာဆီယံ ဟင်းသီးဟင်းရွက်အသစ်မျိုးစုံကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်းအထူးအုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီကုန်စည်ပြပွဲမှာ ကြက်ဟင်းခါးသီး၊ သခွားသီး၊ သပွတ်သီး၊ ခရမ်းချဉ်သီး၊ခရမ်းသီး၊ငရုတ်ကောင်း၊ပဲသီးတောင့်တွေလို အမယ်သစ်ဟင်းသီးဟင်းရွက်မျိုးစုံ ၁၁၂၉မျိုးအပြင် ကွမ်ရှီးနှင့် အခြားဒေသတွေက ထွက်ရှိတဲ့ ဟင်းရွက်မျိုးစုံကိုလည်းပြသထားပါတယ်။ အဲဒီအထဲမှာ တာရိုရွှေဖရုံသီး၊ ဘေးဘေး ရွှေဖရုံသီးမျိုးတွေစသဖြင့် အကောင်းဆုံး၁၆၅မျိုးပါဝင်ပါတယ်။
Source CCTV+
#YangonMediaGroup
#တရုတ်_အာဆီယံ_ဟင်းသီးဟင်းရွက်_ကုန်စည်ပြပွဲ
#Local_News
Published_ 22 May 2023
ပင်မဆဲလ် Stem Cell တွေကို သိမ်းဆည်းလိုတဲ့ မြန်မာတွေအတွက် မြန်မာနိုင်ငံမှာပဲ ပင်မဆဲလ်ထုတ်ယူပြီး ထိုင်းနိုင်ငံကို ပေးပို့သိမ်းဆည်းပေးတဲ့ ဝန်ဆောင်မှုတွေပေးနေပြီလို့ ပင်မဆဲလ်ဘဏ်လုပ်ငန်းဖြစ်တဲ့ Cryoviva(ခိုင်အိုဗီဗာ)မှ သိရပါတယ်၊၊
#Local_News #ပင်မဆဲလ် Stem Cell #ဝန်ဆောင်မှုရယူနိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ယခုတစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားအပြောင်းအလဲမရှိတည်ငြိမ်နေပြီး ၉၂ တစ်လီတာလျှင် ၂၀၀၅ ကျပ်ပေါက်ဈေးရှိနေကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေး #တည်ငြိမ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မုန်တိုင်းသင့်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆလောက်မြင့်တက်နေတယ်လို့ ဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #ရခိုင်ပြည်နယ် #မုန်တိုင်းသင့်
#YMG #Yangon_Media_Group
#Daily_News
Published_ 22 May 2023
၁။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆမြင့်တက်
၂။ စက်သုံးဆီနှုန်းဈေး ၂၀၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေ
၃။ ပင်မဆဲလ်Stem Cell များကို သိမ်းဆည်းလိုသူများ မြန်မာနိုင်ငံ၌ဝန်ဆောင်မှုရယူနိုင်၊ ရောဂါကုသရန်နှင့် အလှအပရေးရာတွင်ပြန်လည်အသုံးပြုနိုင်ဟုဆို
၄။ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေလုပ်ငန်းတွင် ဉာဏ်ရည်တု(AI)စနစ်များ တွင်ကျယ်စွာအသုံးပြုအောင်မြင်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 22 May 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနဲ့ မေလ ၂၂ ရက်နေ့ကနေ ၂၈ရက်နေ့အထိ လက္ကားရည်ညွှန်းသတ်မှတ်စျေး တစ်ပိဿာ ၄၁၆၅ကျပ် ဖြစ်ပြီး အရင်အပတ်ထက် ငွေကျပ် ၂၀၀ ကျော် စျေးကျလာပါတယ်။
#Local_News #စားအုန်းဆီအခြေခံလက်ကားဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း ယနေ့နံနက်ပိုင်းက အဆိပ်ချခံရသဖြင့် မွေးမြူထားသည့် ရွှေငါးအကောင်ရေ အများအပြား သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၂၂ ရက်၊ ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့ရှိ၊ ဒေသခံများအပန်းဖြေရာ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း မွေးမြူထားသည့် ရွှေငါးအချို့ သေဆုံးနေကြောင်း တွေ့ရှိသဖြင့် အနီး၌ ရှိနေသူများက စစ်ဆေးကြည့်ရာမှ ငါးအကောင်ရေ အမြောက်အများ သေဆုံးနေမှုကို တွေ့ခဲ့ရကြောင်း သိရသည်။
"ငါးအကောင်ရေက သိန်းချီရှိတယ်။ ရွှေငါးတွေရော တခြားငါးတွေရော အများကြီးမွေးထားတာ အကုန်သေသွားတာ။ စီးပွားဖြစ်မွေးတာ မဟုတ်ဘူး။ ဒီတိုင်းမွေးရင်းနဲ့ သူ့ဟာသူ အကောင်တွေပေါက်ပြီး များလာတာ။ နှစ်တွေ ဆယ်နဲ့ချီပြီးတော့မှ မွေးထားတာ“ ဟု ကန်အတွင်း ရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့သည့် မိုးစေတနာ ပရဟိတအသင်း(တိုက်ကြီး)မှ တာဝန်ရှိသူတစ်ဦးက YMG သို့ပြောသည်။
သေဆုံးခဲ့သည့် အလှမွေးငါးများမှာအကောင်ရေငါးထောင်ခန့်လက်တလောဆယ်ယူရရှိပြီးအနေအထားကို သုံးသပ်ချက်အရ ကန်အတွင်း အဆိပ်ချခံရသည့်အတွက် သေဆုံးခြင်းဖြစ်နိုင်ကြောင်းသိရသည်။
"ငါးသေတဲ့အနေအထားကို ကြည့်တော့ ယင်ကောင်တွေ ဘာတွေ မနားဘူး။ သုံးသပ်ကြည့်ရတာတော့ အဆိပ်ခတ်ခံရတဲ့ ပုံစံမျိုးပါ"ဟု ၎င်းက ပြောသည်။
ယနေ့နေ့လည်ပိုင်းအထိ ကန်အတွင်းမှ သေဆုံးနေသည့် ငါးအများအပြားကို ဆယ်ယူထားကာ တိုက်ကြီးသုသန်တွင်ထပ်မံမြေမြှုပ်သွားမည်ဟုလည်း ဒေသခံလူမှုကူညီရေး အဖွဲ့တစ်ခုထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်ပြီး သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနနှင့်မွေးမြူရေးလုပ်ငန်းဌာနတို့မှ ငါးအသေကောင်နှင်ရေနမှုနာများ ကောက်ယူသွားပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


#ymg/ppk #Local_News #ရန်ကုန်တိုက်ကြီး #နိဗ္ဗာန်ချမ်းသာမင်္ဂလာကန် #ရွှေငါးအများအပြားသေဆုံးမှုဖြစ် #YMG #Yangon-Media-Group
#Local_News
Published_ 22 May 2023
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အတွင်း မေလ ၂၁ က ဂဠုန်မင်းရွှေဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးမူကြောင့် ၂ ဦးဖမ်းမိခဲ့တယ်လို့ ဒေသခံများရဲ့ပြောဆိုချက်အရ သိရသည်။
မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းအချိန်က ဖျာပုံမြို့နယ်၊ ၆ရပ်ကွက်ရှိ ဂဠုန်မင်း စိန်၊ ရွှေ ရတနာဆိုင်ကို အမည်မသိလူ ၄ဦးက ဆိုင်ကယ်နှစ်စီးဖြင့် သေနတ်ပစ်ဖောက်ကာ ဓါးပြတိုက်မှုပြလုပ်ခဲ့တာဖြစ်သည်။ ဖမ်းမိသူနှစ်ဦးကို စစ်ဆေးမေးမြန်းမူအရ သံသယ ရှိသူ ၈ဦးကို ထပ်မံဖော်ထုတ် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ဓါးပြမှုကျူးလွန်သူ ၄ဦး ဆိုင်အပြင်သို့ ပြန်ထွက်လာတဲ့အချိန်မှာ အနီးဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့တာကြောင့် ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရသည်။
ဂဠုန်မင်းရွှေဆိုင် ဓါးပြတိုက်ခံရမှုဖြစ်စဉ်မှာ မည်မျှပါသွားတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘဲ ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးကို ဖမ်းဆီးရမိရေး ရှာဖွေမှုတွေပြုလုပ်နေကြောင်း သိရသည်။
#ymg/ynzw #Local_News #ဖျာပုံမြို့ #ဂဠုန်မင်းရွှေဆိုင်၌ သေနတ်ပစ်ဖောက် ဓါးပြတိုက်
#YMG #Yangon-Media-Group
#Local_News
Published_ 22 May 2023
ပရဟိတ မင်းသမီးတစ်ဦးဖြစ်သော သရုပ်ဆောင်ခိုင်နှင်းဝေက မိုခါမုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ကလေးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ အလှူငွေ ကျပ် သိန်း ၂၀၀ ကို မေ ၂၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် ခိုင်နှင်းဝေက ခုနစ်ရက်သားသမီး စုပေါင်းအလှူအဖြစ် ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီ၊ အဝတ်အထည်ထည့်ပုံးများအပါအဝင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မေ ၂၀ ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ကလေးများအတွက် ငွေကျပ် သိန်း၂၀၀ နှင့်အတူ ထိန်းသိမ်းစောင့်ရှောက်ရန် အကူအညီလိုအပ်နေသော ကလေးများအတွက် မိဘများကိုယ်စား ခြောက်လအထိ ယာယီထိန်းသိမ်းစောင့်ရှောက်ခြင်းများလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေက ပြောသည်။
သရုပ်ဆောင် ခိုင်နှင်းဝေသည် လက်ရှိတွင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ကာ မိဘမဲ့ကလေးများနှင့် စွန့်ပစ်ခံရသော ကလေးငယ်လေးများအား ပြုစုစောင့်ရှောက်လျက်ရှိသူဖြစ်ပြီး ယခုကဲ့သို့လိုအပ်သော နေရာများ၊ ခက်ခဲနေသော ပြည်သူများအတွက် လှူဒါန်းမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

#ymg/ppk #Local_News #သရုပ်ဆောင်ခိုင်နှင်းဝေ #အလှူငွေကျပ်သိန်း၂၀၀မတည်လှူဒါန်း
#YMG #Yangon-Media-Group
#Local_News
Published_ 22 May 2023
လာမည့်ဇွန်လအတွင်း အားအနည်းငယ်မှအား အသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှမေလ(၂၂)ရက်တွင်ထုတ်ပြန် လိုက်သည်၊၊
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုသည်၊၊
ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေကြောင်း၊
နိုင်ငံတကာ မိုးလေဝသဌာနများ ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇွန်လအတွင်း အားအနည်းငယ်မှ အား အသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ သည်ဟုဖော်ပြထားသည်၊၊
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်၊၊
#ymg/tthl #Local_News #အယ်လ်နီညို #အပူချိန်မြင့်မားဦးမည်
#YMG #Yangon_Media_Group
Page 1276 of 2054