#LocalNews
Published_ 23 March 2023
မြန်မာနိုင်ငံကို ပြည်ပမှလေကြောင်းခရီးနဲ့ ပြန်လည်ဝင်ရောက်လာမယ့်သူတွေ လိုက်နာရမည့်ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်တွေကို မတ်လ(၂၂)ရက်ရက်စွဲနဲ့ ထပ်မံထုတ်ပြန်လိုက်တယ်လို့သိရပါတယ်၊
#YMG#Yangon_Media_Group
#World_Fashion
Published 22 March 2023
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မြောက်ဘက်ထန်းတောတစ်ခုမှာ ဖက်ရှင်မော်ဒယ်လ်တွေက လျှောက်လမ်းညီပေါ်မှာ တစ်ပတ်ရစ်အဝတ်အစားများဝတ်ဆင်ကာ မော်ဒယ်လ်ရှိးလျှောက်ပြခဲ့ကြပြီး ဖက်ရှင်လောကရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို သတိပြုမိစေရန် ကြိုးပမ်းလာကြပါတယ်။
#YMG#Yangon_Media_Group
Published 23 March 2023
ယူကေနှင့် ဆွစ်ဇာလန်တို့က ပညာရှင်နှစ်ဦက ဒီမိုကရေစီရဲ့အနှစ်သာရအပေါ်အမြင်တွေကို ပြောကြားခဲ့ကြပါတယ်။ ပြည်သူတွေဟာ သူတို့ဘဝတွေအတွက် ရလာဒ်တွေအပေါ် ပိုပြီးစိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့လည်း ပြောလိုက်ပြီး တရုတ်နိုင်ငံရဲ့ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ဟာ အနောက်နိုင်ငံတွေထက် ပိုပြီးဒီမိုကရေစီဆန်တယ် လို့လည်း သူတို့က ဆိုကြပါတယ်။
Source: CCTV+
#တရုတ်ဒီမိုကရေစီ
#ဆွစ်ဇာလန်နှင့်ယူကေပညာရှင်
#YangonMediaGroup
#LocalNews
Published_ 23 March 2023
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်ကဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရာမှာ ပါဝင်သူတစ်ဦးက YMG ကို ပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 23 March 2023
သင်္ကြန်နားနီးလာချိန်မှာ ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာပွဲတွေမှာအသုံးပြုဖို့အတွက် မြန်မာ့အိုးစည်ဒိုးပတ်တွေ အဝယ်လိုက်လာပြီး ရောင်းအားတွေတက်လာတယ်လို့ အိုးစည်ဒိုးပတ် အရောင်းလုပ်ငန်းတွေထံမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
Published 23 March 2023
ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်းခန့်၌ Really Cool လို့ အမည်ပေးထားတဲ့ လေကြောင်းလိုင်းအသစ် စတင်ပျံသန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
Really Cool လေကြောင်းလိုင်းဟာ ယင်းရဲ့ခရီးစဉ်တွေကို ဇွန်လမှာ ကြေညာပေးဖြစ်ပြီး နိုင်ငံတကာခရီးစဉ်တွေကို ပျံသန်းသွားမှာဖြစ်တယ်လို့ စီအီးအို ပက်တီဆာရာဆင်က ပြောပါတယ်။
“ Really Cool ကို မိတ်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေလို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ကျွန်တော်တို့ လေကြောင်းလိုင်းဟာ ခရီးသည်တွေအတွက် ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
Really Cool လေကြောင်းရဲ့ဆောင်ပုဒ်က အနာဂတ်ကို ကျွန်ုပ်တို့ပျံသန်းသည်"We Fly the Future" ဖြစ်ပြီး ဇိမ်ခံနှင့် ဘတ် ဂျက် လေကြောင်းနှစ်မျိုးရဲ့ ကြားအလယ်အဆင့်မှာထားရှိပျံသန်းမယ်လို့ဆိုပါတယ်။
လေကြောင်းလိုင်းအသစ်ဟာ ယခင်ရှိခဲ့တဲ့စံနှုန်းတွေကို ကျော်လွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်လို့ ယခင် ဈေးနှုန်းချိုလေကြောင်းလိုင်း Nok Air မှာ စီအီးအိုလုပ်ခဲ့တဲ့ မစ္စတာ ပက်တီကဆက်လက်ပြောဆိုပါတယ်။
“ ခရီးသည်တွေကို ထူးခြားကောင်းမွန်တဲ့ အတွေ့အကြုံပေးရုံမျှမဟုတ်ဘဲ ဒီလေကြောင်းလိုင်းသစ်ဟာ ထိုင်းရဲ့ ခရီးသွား လုပ်ငန်းကို ပြန်လည်ရှင်သန်လာစေမှာဖြစ်တယ်” လို့ လေကြောင်းလိုင်းသစ်ကြေညာတဲ့ပွဲကို တက်ရောက်လာတဲ့ ဘန်ကောက်မြို့တော်ဝန် ချက်ချတ် စစ်တီပန့်က ပြောပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ၂၀၂၃ခုနှစ်မှာ နိုင်ငံခြားသား ခရီးသည် သန်း၃၀ ဝင်ရောက်ဖို့ မျှော်မှန်းထားတယ်လို့ နေရှင်းသတင်းဌာနကရေးသားပါတယ်။
ဒီမျှော်မှန်းချက်ရရှိဖို့အတွက် ထိုင်းနိုင်ငံဟာ လေကြောင်းလိုင်းနှင့် ခရီးစဉ်တွေကို တိုးချဲ့ရလိမ့်မယ်လို့ အဆိုပါ သတင်းဌာနက ဆက်လက်ရေးသားပါတယ်။
Source CNA-
#Really Cool လေကြောင်းလိုင်းသစ်
#ထိုင်းလေကြောင်းလိုင်းသစ်
#ထိုင်းခရီးသွားလုပ်ငန်း
#YangonMediaGroup
#LocalNews
Published_ 22 March 2023
မတ်လ ၂၂ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်ပိရှန်းဒေမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လျှပ်စစ်သုံးယာဉ် EV ကားထုတ်လုပ်မှုအခြေအနေများကို မြန်မာလုပ်ငန်းရှင်များနဲ့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာလာရောက်ဆွေးနေပါတယ်။
#YMG#Yangon_Media_Group
#DailyNews
Published_ 23 March 2023
၁။ EV လျှပ်စစ်ကားထုတ်လုပ်မှုအတွက် တရုတ်နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးနေ
၂။ သင်္ကြန်နားနီးလာ၍ မြန်မာ့အိုးစည်ဒိုးပတ်များ ရောင်းအားတက်လာ၊ ထိုင်းရောက်မြန်မာများ ဝယ်ယူမှုများပြား
၃။ အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ်ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး၊ ဒဏ်ရာရသူများပြား
၄။ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်္ကေတအဖြစ် ဘဂ္ဂဒက်တွင် တစ်ပတ်ရစ်အဝတ်အစားများဖြင့် ဖက်ရှင်ရှိးပွဲပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 23 March 2023
သင်္ကြန်တွင်းမှာ မြို့တွင်းစားသောက်ဆိုင်တွေပုံမှန်ထက်အရောင်းပါးနိုင်ပေမယ့်လည်းခရီးသွား site နေရာတွေက စားသောက်ဆိုင်တွေရောင်းအား ကောင်းလာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 23 March 2023
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ (ဒုတိယအဆင့်) အုပ်စုမဲခွဲရာ မြန်မာလက်ရွေးစင်အမျိုးသမီး ယူ-၂၀ အသင်းအုပ်စု (ခ)တွင် ကျရောက်ခဲ့သည်။
ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားကြသည့် တရုတ်၊ ဩစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ နီပေါ၊ တရုတ် (တိုင်ပေ)၊ လက်ဘနွန် အမျိုးသမီး ယူ-၂၀ အသင်းများကို ယနေ့ မတ်လ ၂၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အုပ်စုမဲခွဲပွဲခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ) အသင်းတို့နှင့်အတူ ကျရောက်ခြင်းဖြစ်သည်။
အုပ်စု (က)တွင် ဩစတြေးလျ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်တို့ ကျရောက်နေပြီး ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group

#LocalNews
Published_ 23 March 2023
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ ယာတဲ၌ ဖောက်ခွဲရေးလုပ်ငန်းများလုပ်မည့် ဦးဆောင်သူ ရဲရင့်ကျော် (ခ)စွန်ရဲ (၃၃)နှစ်အပါအဝင် အဖွဲ့ဝင်များဖြစ်သည့် ကျော်ဆန်းဦး (၂၀) နှစ်၊ ကိုကိုအောင်(ခ)တစ်ထောင်(၁၉)နှစ်၊ ဝေယံထက်(ခ)ဇီးကွက်(၁၈)နှစ်၊ စိုးစိုး(ခ) မောင်စိုး (၃၇)နှစ်၊ နေလင်းအောင်(ခ) ဥသြ (၁၇)နှစ်၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန် (၁၈)နှစ်၊ ကျော်ရဲသူ(ခ)ကျားလေး(၁၇)နှစ်၊ အောင်ဇော်ထက်(ခ)ကိုကောင်း(၂၃) နှစ်၊ ရာပြည့်(၁၈)နှစ်နှင့် အကြမ်းဖက်သမား များအား ကူညီထောက်ပံ့ပေးနေသည့် ကြည်မင်း (၄၈)နှစ်၊ ခင်နှင်းစိုး(၄၅)နှစ်၊ ကိုမြင့် (၅၅)နှစ်နှင့် စိုးစိုး (၄၅)နှစ်၊ စုစု ပေါင်းတရားခံ ၁၄ ဦးအား လက်လုပ် သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည် မျိုးစုံ ၁၇၆ တောင့်၊ အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းတို့ကို ဖေဖော်ဝါရီ လ ၁၅ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားသည့် အရပ်သား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နှင့် ကလေးငယ် ၁ ဦး တို့ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသား ၁ ဦးသည် မုံရွာမြို့ပေါ်၌ ထောင်ထားသည့်မိုင်းများကို တွေ့ရှိသဖြင့် ဖြုတ်ယူခဲ့သောကြောင့် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုတစ်စုလုံးကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျန် အမျိုးသား ၁ ဦးမှာ ငွေကြေးတောင်းခံနိုင်ရန်အတွက် ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရသည်ကို နစက အနေဖြင့် အထက်ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ က အများပြည်သူနှင့် သက်ဆိုင်သောနေရာများဖြစ်သည့်မုံရွာမြို့၊ ထန်းတောကျွန်းဆွယ် ရပ်ကွက်၊ အင်းဖြတ်လမ်းတွင် လက်လုပ်မိုင်းတစ်လုံး၊မုံရွာမြို့၊ စက်မှုဇုန်လမ်းဆုံတွင် လက်လုပ်မိုင်း ၃ လုံး တို့ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလက မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးကိုလက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း၊ ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊မတ်လ ၁၂ ရက်က မုံရွာမြို့၊ ရွှေဂုံးရပ်ကွက်၊ အင်းစပ်လမ်းတွင် လက်လုပ်မိုင်း ၂ လုံး ကိုလည်းကောင်း အသီးသီး ဖောက်ခွဲခဲ့ကြောင်း သိရသည်။
၎င်းအပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ဦးဂျစ်တူး ဆိုသူအား ဒလန်ဟုစွပ်စွဲ၍လည်းကောင်း၊၂၀၂၃ ခုနှစ် ဇန်နဝါရီလက မုံရွာမြို့နယ်၊ ကတို့ကုန်းကျေးရွာနေ ဦးကျော်မိုး ဆိုသူအား ဒလန်ဟုစွပ်စွဲ၍ လည်းကောင်း၊ဖေဖော်ဝါရီလက ရေဦးမြို့နေ နက်တူး ဆိုသူအား ဒလန်ဟုစွပ်စွဲ၍ လည်းကောင်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့ ထောင်ထားသည့် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ဘိုးဘွားရိပ်သာအဝိုင်းအနီး လမ်းဘေးဘယ်ညာတွင် လက်လုပ်မိုင်း ၇ လုံး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ “စိမ်းရောင်စုံ” ဘီယာဆိုင်အနီးတွင် လက်လုပ်မိုင်း ၂ လုံးထောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကြည်မင်း၊ ခင်နှင်းစိုး၊ ကိုမြင့်နှင့် စိုးစိုးတို့က မုံရွာမြို့နယ် အတွင်းဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နိုင်ရန် အတွက် လိုအပ်သည့် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများကို မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်များမှ သွားရောက်ဝယ်ယူပေးခြင်း၊ အကြမ်းဖက်သမားများအတွက် ရိက္ခာများ စုဆောင်းပေးခြင်း၊ ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို ဖမ်းဆီးရန် ဒလန်ဟုပြော၍ သတင်းပေးခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း ဖော်ထုတ်သိရှိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group







#LocalNews
Published_ 23 March 2023
ရန်ကုန်သင်္ကြန်ပွဲတော်အတွက် ရေကစားစရာပစ္စည်းများ စတင်ဝင်ရောက်နေပြီး အရောင်းသွက်နေသည့်အတွက် ပစ္စည်းပြတ်နေကြောင်း ကစားစရာပစ္စည်းရောင်းချသည့် ဆိုင်များမှသိရသည်။
ယခင်နှစ်က ယခုလိုအချိန်တွင် အရောင်းအဝယ်အေးခဲ့ပေမယ့် ယခုနှစ်တွင် ပြန်လည်အရောင်းအဝယ်ဖြစ်လာကြောင်း ရန်ကုန်မြို့ ၂၄ လမ်းအတွင်း ရေကစားစရာရောင်းချသည့်ဆိုင်များကို မေးမြန်းချက်အရသိရသည်။
ယခုနှစ်တွင် လူကြိုက်များသည့် မျက်နှာဖုံး၊ ရေပြွတ်၊မျက်မှန်၊ ပန်းကုံး၊ရေဖလားအစရှိသော ရေကစားပစ္စည်းများ အရောင်းသွက်လာကြောင်းသိရသည်။
ရန်ကုန်သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေပြည်တော်ကောင်စီနေပြည်မှာလည်း လမ်းလျှောက်သင်္ကြန် ထည့်သွင်းဖို့စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါသည်။
yng/ynzw
#Yangon_Media_Group






Page 1275 of 1957