#LocalNews
Published_ 19 February 2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း နစက ဆန့်ကျင်အဖွဲ့က ခရီးသည်တင်မော်တော်ယာဉ် ၁ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်က ဦးမင်းမင်းချမ်း မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့ သို့ ထွက်ခွာလာခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ အရောက်တွင် အထက်ပါအတိုင်း ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးနှင့် အသက် ၉ နှစ်အရွယ် ယောက်ျာလေး ၁ ဦးတို့တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ymg/mt
#Yangon_Media_Group

Published 19 Feb 2023
ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတွေမှာ ရွာသားတွေဟာ ရွှံ့နွံတွေထူထပ်နေတဲ့ ရေကန်ကြီးတစ်ခုအတွင်း စုပေါင်းငါးဖမ်းပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ ရိုးရာ ကိရိယာတွေကိုပဲ အသုံးပြုရတဲ့ အဲဒီပွဲတော်မှာ ဝါးတောင်းတွေ ပိုက်ကွန်တွေအသုံးပြုငါးဖမ်းခဲ့ကြပါတယ်။
သူတို့ဟာ ကောက်ရိုးဦးထုတ်တွေဆောင်း၊ အစင်းကျား ပိတ်ခေါင်းစည်းတွေနှင့် တောက်ပတဲ့နေရောင်အောက်မှာ ဆင်နွှဲခဲ့ကြတာပါ။ ရာပေါင်းများစွာသော ကလေးလူကြီးတွေဟာ ဖေဖော်ဝါရီ၁၈ ရက်စနေနေ့က ရေချိုငါးခူတွေနှင့်မြွေငါးတွေကို ဘိုအောင်ခရုမန်ကန်ကြီးထဲ ဖမ်းဆီးနေကြတာပါ။ အဲဒီနေရာဟာ မြို့တော် ဖနွမ်းပင်ကနေ ၁၅၅မိုင်ဝေးတဲ့ နေရာမှာတည်ရှိပါတယ်။
Source: AFP
#fishing_ceremony
#Cambodia
#Cambodia_Fishery_sector
#TV Yangon Times Matters အစီအစဉ်
Published - 19 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒါရိုက်တာကျော်ဟိန်းကျော်နှင့်အတူ
-"ကမ္ဘာကသိသည့်မြနန်းနွယ်ဇာတ်ကားကို ရိုက်ကူးဖို့ကြိုးစားဖြစ်ခဲ့တဲ့အကြောင်း
- ဇာတ်ကားအတွက် ရွှံ့ကိုင်ရင်ရွှေဖြစ်မယ့် မင်းသမီးတွေရှိရက်နဲ့ ပဌာန်းဆက်ရှိတဲ့ မင်းသမီးတွေကို ရွေးချယ်ဖြစ်ခဲ့တာက သမရိုးကျ ရုပ်ရှင်ကားတွေလိုမျိုးမဟုတ်ဘဲ အဘအာရုံနဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
- အပိုင်း (၆၀) ရိုက်ကူးပြီးစီးခဲ့ပြီး အပိုင်း (၂၀) ကျော်လောက် ရိုက်ကူးဖို့ကျန်ရှိနေသေးတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 February 2023
မိုးပြင်းထန်စွာရွာသွန်းနဲ့လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်မှုအခြေအနေတွေဖြစ်ပေါ်ပါက ရန်ကုန်တိုင်းအတွင်းက လူမှုကူညီရေးအသင်းတွေအနေနဲ့ ပူပေါင်းကူညီဖို့စီစဉ်ဆောင်ရွက်ထားတယ်လို့ တွဲလက်လူမှုကူညီရေးအသင်းက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 19 February 2023
လျှပ်စစ်သုံးယာဉ်များ Asia World ဆိပ်ကမ်းတွင် ထပ်မံရောက်ရှိနေကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။
Asia World ဆိပ်ကမ်းတွင် ထပ်မံရောက်ရှိနေသော လျှပ်စစ်သုံးယာဉ်များမှာ အဆိုပါကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd. ကတင်သွင်းပြီး BYD အမှတ်တံဆိပ် လျှပ်စစ်သုံး ယာဉ် ၂၅ စီးဖြစ်ကြောင်း၊ယင်းကို လျှပ်စစ်သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါအချက်အလက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ-၂၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်သုံးယာဉ် ၂၅ စီးထဲတွင် BYD Atto3 အမျိုးအစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား ၁၀ စီးဖြစ်ပြီး လူစီးယာဉ်အဖြစ်အသုံးပြုမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်း City Taxi အဖြစ်ပြေးဆွဲမည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်းကုမ္ပဏီတွင်မှာယူထားပြီး မတ်လအတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန်အတွက် Essential Motor Co., Ltd.အနေဖြင့် ရန်ကုန်ဘူတာကြီးအနီးတွင် Level 3 အဆင့် Charger ငါးစုံ၊ Dual Gun အသုံးပြုနိုင်သည့် Charging Station တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 19 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒါရိုက်တာကျော်ဟိန်းကျော်နှင့်အတူ
-"ကမ္ဘာကသိသည့်မြနန်းနွယ်ဇာတ်ကားကို ရိုက်ကူးဖို့ကြိုးစားဖြစ်ခဲ့တဲ့အကြောင်း
- ဇာတ်ကားအတွက် ရွှံ့ကိုင်ရင်ရွှေဖြစ်မယ့် မင်းသမီးတွေရှိရက်နဲ့ ပဌာန်းဆက်ရှိတဲ့ မင်းသမီးတွေကို ရွေးချယ်ဖြစ်ခဲ့တာက သမရိုးကျ ရုပ်ရှင်ကားတွေလိုမျိုးမဟုတ်ဘဲ အဘအာရုံနဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
- အပိုင်း (၆၀) ရိုက်ကူးပြီးစီးခဲ့ပြီး အပိုင်း (၂၀) ကျော်လောက် ရိုက်ကူးဖို့ကျန်ရှိနေသေးတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 19 February 2023
ပို့ကုန်ယာဉ်များ QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online က လျှောက်ထားခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က သိရသည်။
ပို့ကုန်ပစ္စည်းများကို နယ်စပ်မှတင်ပို့ရာတွင် ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြုနေစဉ်တွေ့ကြုံရသည့် အခြေအနေများ၊လုပ်ထုံးလုပ်နည်းဆိုင်ရာ ထုတ်ပြန်ချက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှင်းလင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန်စွာဆောင်ရွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်တင်ပို့သည့်ယာဉ်များက ကုန်ပစ္စည်းများသယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်များကို Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 19 February 2023
လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံနေတဲ့ ခွေးချင်းကိုက်ခိုင်းတဲ့ ခွေးတိုက်ပွဲ dog fight ပွဲကို မြန်မာနိုင်ငံက တိရစ္ဆာန်ချစ်သူတွေ၊ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေက လုံးဝကန့်ကွက်တယ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 19 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒါရိုက်တာကျော်ဟိန်းကျော်နှင့်အတူ
-"ကမ္ဘာကသိသည့်မြနန်းနွယ်ဇာတ်ကားကို ရိုက်ကူးဖို့ကြိုးစားဖြစ်ခဲ့တဲ့အကြောင်း
- ဇာတ်ကားအတွက် ရွှံ့ကိုင်ရင်ရွှေဖြစ်မယ့် မင်းသမီးတွေရှိရက်နဲ့ ပဌာန်းဆက်ရှိတဲ့ မင်းသမီးတွေကို ရွေးချယ်ဖြစ်ခဲ့တာက သမရိုးကျ ရုပ်ရှင်ကားတွေလိုမျိုးမဟုတ်ဘဲ အဘအာရုံနဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
- အပိုင်း (၆၀) ရိုက်ကူးပြီးစီးခဲ့ပြီး အပိုင်း (၂၀) ကျော်လောက် ရိုက်ကူးဖို့ကျန်ရှိနေသေးတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 19 February 2023
လူတွေဟာ သူတို့ရဲ့အချစ်ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖော်ကျူးကြရာမှာ ကန့်သတ်မှုတွေကို ကျော်လွန်လုပ်ဆောင်တတ်ကြတာသဘာဝပါ။ ပန်းတွေ၊ ချောကလက်တွေနှင့် လက်ဆောင်တွေဟာ ချစ်သူများနေ့ အတွက် အထူးသီးသန့်လေးတွေဖြစ်နေတတ်ကြပါတယ်။
ဒါပေမယ့် ထိုင်းအမျိုးသားတစ်ဦးကတော့ အခြားသူတွေနှင့်မတူဘဲ ကွဲပြားခြားနားမှုတစ်ခုနှင့် အချစ်ကိုဖော်ကျူးဖို့ စီစဉ်ခဲ့ပါတယ်။ “ ထိမ်းမြားလက်ထပ်ခြင်းဟာ ယောကျ်ားသားတွေကိုပြောင်းလဲပစ်နိုင်တယ်” ဆိုတဲ့ ဒဏ္ဍာရီဆိုရိုး တစ်ခုကို သူကသက်သေပြခဲ့ပါတယ်။ သူ့နာမည်က ဗဲလ်လို့ခေါ်ပါတယ်။
ဗဲလ်ဟာ ဆေးမင်ကြောင်ထိုးတဲ့ ဆိုင်တစ်ဆိုင်မှာ (၈)နာရီတိတိထိုင်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့လက် မောင်းပေါ်မှာ သူတို့ရဲ့ လက်ထပ်စာချုပ်ကို မင်ကြောင်ရေးထိုးပြသပြီး သူ့ ဇနီးသည်ကို ထူးခြားပြီးသီးသန့်ဖြစ်တဲ့ ခံစားမှုကို သူပေးချင်လို့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Khaosod မှာပါတဲ့သတင်းအရ ဗဲလ်ဟာ သူ့ဇနီးအတွက် သူ့ရဲ့အချစ်ကို သက်သေပြဖို့ ဒီနှစ်မှာ မတူတာတစ်ခုခုလုပ်ပြချင်ခဲ့ပါတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူဟာ Kaeng Khoi Saraburi ပြည်နယ်က ဆေးမင်ကြောင်ထိုးဖို့ မင်ကြောင် စတူဒီယိုတစ်ခုကို သွားရောက်ခဲ့ပါတော့တယ်လို့သတင်းစာကရေးပါတယ်။
သူဟာ လက်ထပ်စာချုပ်မှာပါတဲ့ ဘယ်လိုအသေးစိတ်အချက်ကိုမျှ မင်ကြောင်ထိုးရာမှာ ချန်မထားခဲ့ပါဘူး။ လှပတဲ့ပန်းပွင့်ဘောင်ကိုတောင်ထည့်သွင်းထိုးခဲ့တာပါ။အသေးစိတ်ပုံတွေအကုန်ပါပြီး ယုတ်စွအဆုံး မူရင်းစာချုပ်ထဲက တံဆိပ်တောင်ထည့်ပြီးမင်ကြောင်ရေးထိုးခဲ့ပါတယ်။
သူဟာ အဲဒီလက်ထပ်စာချုပ်ဆေးမင်ကြောင်ကို ဇနီးဖြစ်သူကိုပြသလိုက်တဲ့အခါ သူမဟာ တုန်လှုပ်အံ့ဩသွားပါတယ်။ အဲဒီနောက်တော့ ခင်ပွန်းဖြစ်သူရဲ့ အဆုံးမဲ့ချစ်ခြင်းအပေါ် သတိမူမိလိုက်ပါတော့တယ်။
ဒီလို လက်ထပ်စာချုပ် မင်ကြောင် ကို သူတစ်ခါမှ ထိုးမပေးဖူးဘူးလို့ ဆေးမင်ကြောင်ဆရာက သတင်းစာ ကိုပြောပါတယ်။ ဗဲလ်ရောက်လာပြီး အဲဒါကိုမင်ကြောင်ထိုးမယ်ပြောတော့ အချိန်အကြာကြီးထိုးပေးရမှာမို့ သူအံအားသင့် သွားရတယ်လို့လည်းပြောပါတယ်။
မင်ကြောင်ထိုးတဲ့လုပ်ငန်းစဉ်ကတော့ အခြားပုံတွေနှင့်အတူတူပဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ပထမဆုံး စာချုပ်တစ်ခုလုံးကို ဗဲလ်ရဲ့လက်မောင်းပေါ် သာမာန်မင်နှင့် မိတ္တူကူးလိုက်ပါတယ်။အဲဒီနောက်မှ မင်ကြောင်တံနှင့် အသေးစိတ်ပုံဖော်ပေးရတာဖြစ်ပါတယ်။
အဲဒီအကြောင်းကို ဗဲလ်က ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပါတယ်။ သူ့ကြိုးစားမှုကိုလူတွေက ချီးကျူးအားပေးကြပါတယ်။
“ အပြောထက်လက်တွေ့ကျဖို့အရေးကြိးတယ် ဆိုတဲ့ စကားကို ဒါကပြသလိုက်တာပဲ။ အချစ်ကို သက်သေပြတာဟာ အားလုံးရဲ့ ချီးမွမ်းမှုခံထိုက်ပါပေတယ်” လို့ ပို့စ်မှာ လူတစ်ဦးက ဝင်ရေးခဲ့ပါတယ်။
Source: WION
#Marriage certificate’_tattoo_on_arm
#Thailand
#Vall_Tatoo


Published 19 Feb 2023
နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်ကို ခေတ်စနစ်နှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ စတင်စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီအတွက် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့တစ်ဖွဲ့ကို နစက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဇန်နဝါရီ (၁၇)ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါဖွဲ့စည်းတဲ့ အမိန့်မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင်ခံစားခွင့်နှင့် သက်ဆိုင်တဲ့ တည်ဆဲဥပဒေ၊နည်းဥပဒေတွေကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေဖို့ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းရတာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
ယင်းအဖွဲ့ကို စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ကြပါတယ်။အဖွဲ့ဝင်(၁၁)ဦးထဲမှာ နစက ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့မှ တစ်ဦး၊ နစကရုံးညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ်၊နှင့် အခြား သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆက်စပ်တဲ့ ဌာနတွေရဲ့ညွှန်ကြားရေးမှူးချုပ်ပါဝင်ကြပါတယ်။
ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရတာဟာ ခေတ်စနစ်နှင့်လျော်ညီအောင်ဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အပြင် ပြင်ဆင်ဖြည့်စွက်မယ့် အချက်တွေဟာ နောင်မှာ ပြဋ္ဌာန်းမယ့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေနှင့်လိုက်လျောညီထွေဖြစ်ဖို့လည်းပါဝင်တယ်လို့သိရပါတယ်။
သုံးသပ်တွေ့ရှိချက်တွေကို နစကရုံးသို့တင်ပြပြီးတဲ့အခါ အတည်ပြုချက်ရရှိပါက ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း အမိန့်ကြော်ငြာစာထဲမှာ ဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၂ခုနှစ်မတ်လအထိ တပ်မတော်သား ပင်စင်စားများ အပါအဝင် ပင်စင်စားဦးရေ ၉၉၄၂၁၆ ဦးရှိပြီး ယင်းတို့အတွက် အသုံးစရိတ်မှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏စုစုပေါင်းအသုံးစရိတ်၏ ၃.၆၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရသိရှိရပါတယ်။
-ymg/knl
#Myanmar
#Myanmar_Pension_Law
#Local_News
Published_ 19 February 2023
နေပြည်တော်သို့ ရောက်ရှိနေကြသော မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံသံရုံးများမှ သံတမန် ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။
သံတမန်ကိုယ်စားလှယ်များသည် နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်ရှိ အေးချမ်းသာ စံပြကျေးရွာသို့ သွားရောက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာအတွင်း ရေ/မီး ရရှိရေးစနစ်များ၊ စာသင်ကျောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ယက္ကန်းလုပ်ငန်း တည်ထောင်ထားရှိမှုတို့ကို ကြည့်ရှုလေ့လာ ခဲ့ကြပြီး အေးချမ်းသာစံပြကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်သို့ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
ထို့နောက် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း သစ်တော သုတေသနဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည် ဖော်နေတဲ့ “Assessment of Toxic Organic Contaminants in Mekong River Basin of Myanmar” စီမံကိန်း၏ “ရေဓါတ်ခွဲခန်း” အား သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ခင်းကျင်းပြသ ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က အကောင်အထည်ဖော်လျက်ရှိတဲ့ စီမံကိန်း (၃) ခုအား သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။
ညနေပိုင်းတွင် သံတမန်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ M-Gallery Hotel ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group.
Page 1272 of 1919