Published 26 March 2023
မြန်မာနှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လျှပ်စစ်စွမ်းအားဆိုင်ရာ စီမံကိန်းများကို ဆက်လက်ကူညီသွားမယ်လို့ တရုတ်အစိုးရကပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့တဲ့ နစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့(National Energy Administration- NEA) နှင့်တွေ့ဆုံစဉ် အဖွဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန်ကပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းတွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ကိုလည်း မစ္စတာရန်ဂျင်းဒန်ကပြောပါတယ်။ အဆိုပါ စီမံကိန်းဟာ နောင်တွင် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုအပ်ပါက ရောင်းချနိုင်ရန်ဖြစ်ပြီး ပိုမိုထုတ်လုပ်နိုင်ချိန်တွင် ဝယ်ယူရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မြန်မာဝန်ကြီး ဦးသောင်းဟန်က ယခုကာလတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေသော်ငြား ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဆွေးနွေးပြောကြားပါတယ်။ အဲဒါကြောင့် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံရန် လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုးပေးဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဖလှယ်သည့် ဆွေးနွေးပွဲနှင့် သင်တန်းများကိုလည်း ဖိတ်ခေါ်ပေးဖို့ တရုတ်ဘက်ကို မေတ္တာရပ်ခံပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အများဆုံးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်းများကို ထုတ်လုပ်ဆောင် ရွက်ရန် လိုအပ်တယ်လို့ NEA ဒုတိယဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးပေးခဲ့ပါတယ်။
ယခု ၂၀၂၃ ခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု (၇၃)နှစ်မြောက် ဖြစ်သကဲ့သို့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု Belt and Road (၁၀)နှစ် ပြည့်မြောက်သောနှစ် ဖြစ်သည့်အလျောက် မဟာဗျူဟာမြောက် ဆက်ဆံရေးများကို နက်နက်ရှိုင်းရှိုင်း တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အခွင့်သင့်ပါက NEA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပါကြောင်းလည်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မလျှပ်စစ်စွမ်းအားဝန်ကြီးဟာ တရုတ်နိုင်ငံမှာရှိနေစဉ်အတွင်း တရုတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း တွေကိုသွားရောက်လေ့လာခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာလျှပ်စစ်ကဏ္ဍရင်းနှီးမြှပ်နှံနေတဲ့ တရုတ်ကုမ္ပဏီတွေနှင့်လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို လေ့လာနိုင်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြား ချက်အရ မတ် ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ပေကျင်းမြို့များသို့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်တရုတ်နိုင်ငံသွားရောက်လေ့လာ
#တရုတ်နိုင်ငံအမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့
#မြန်မာ_တရုတ်_လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု
#YangonMediaGroup


#World_Technology
Published 26 March 2023
မွေးလာမယ့်ကလေးကို လိုချင်တဲ့အတိုင်း ယောက်ျားလေး ဒါမှမဟုတ် မိန်းကလေးရရှိစေရန်အတွက် ၈၀ ရာခိုင်နှုန်းအထိ ထိရောက်ဘေးကင်းစေတဲ့ နည်းပညာအသစ်ကို သုတေသီများထုတ်လုပ်လိုက်ကြပါတယ်။
ဒီနည်းပညာက အလွန်ဘေးကင်းစိတ်ချရသလို အကုန်အကျမများဘဲ ထိရောက်မှုရှိကြောင်း သုတေသီများဖြစ်တဲ့ ပရော်ဖက်ဆာ'ဂျန်ပီယာရိုပါလာမို'က ဆိုပါတယ်။
ဒါပေမဲ့ ယောက်ျားလေးမိန်းကလေးရွေးချယ်တဲ့ ကိစ္စက ကျင့်ဝတ်ဆိုင်ရာပြဿနာတွေရှိနေပြီး နိုင်ငံအများအပြားမှာ ယောက်ျားလေးမိန်းကလေးပေါ်မူတည်ပြီး သန္ဓေသားရွေးချယ်ခြင်းက တရားမဝင်ပါဘူး။
အမေရိကမှာ ကလေးတစ်ယောက်ရဲ့ ကျား/မအခြေအနေကို ရွေးချယ်တဲ့နည်းပညာအသုံးပြုခြင်းက တရားမဝင်တာမျိုးမဟုတ်ပေမယ့် အငြင်းပွားဖွယ်ဖြစ်နေပါသေးတယ်။
ကျား/မရွေးချယ်ရာမှာ X ခရိုမိုဆုန်းနဲ့ Y ခရိုမိုဆုန်းပါဝင်မှုကို မူတည်နေကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်မှာ ကလေးမမွေးခင် ယောက်ျားလေးမိန်းကလေးရွေးချယ်တဲ့ နည်းပညာအသုံးပြုခြင်းကို ကန့်သတ်ထားခြင်းမရှိပါဘူး။
စမ်းသပ်မှုပြုလုပ်ရာမှာ စုံတွဲပေါင်း ၁,၃၁၇ ကို နှစ်ဖွဲ့ခွဲကာ မိန်းကလေးလိုချင်တဲ့ စုံတွဲ ၅၉ တွဲက ၇၉.၁ ရာခိုင်နှုန်း ထိရောက်ခဲ့ပါတယ်။
ယောက်ျားလေးလိုချင်တဲ့ စုံတွဲ ၄၆ တွဲကတော့ ၇၉.၆ ရာခိုင်နှုန်း ထိရောက်မှုရှိခဲ့ပါတယ်။
အရင်ဆယ်စုနှစ်တွေက နည်းလမ်းများစွာရှိခဲ့ပေမယ့် ထိရောက်မှုနည်းပါးသလို ဘေးအန္တရာယ်ရှိတတ်ပါတယ်။
ယခုနည်းပညာအရ သုတ်ပိုးတွေကိုအသုံးပြုပြီး သန္ဓေသားတွေရဲ့ ကျား/မ သဘာဝကို ဆုံးဖြတ်နိုင်ပြီဖြစ်ကြောင်း အင်္ဂလန် အင်ပီရီယယ်ကောလိပ်လန်ဒန်မှ ဒေါက်တာ'ချန်နာဂျာယာဆယ်နာ'က ပြောပြခဲ့ပါတယ်။
အဆိုပါနည်းပညာဖြင့် အနာဂတ်မှာ အသားအရည်၊ မျက်လုံးအရောင်စတဲ့ ခန္ဓာကိုယ်ပုံစံတွေကိုပါ ရွေးချယ်လာနိုင်ဖွယ်ရှိပါတယ်။
ဒီသုတေသနကနေ ကျင့်ဝတ်ပြဿနာတွေ ရှိလာပြီး အာဏာပိုင်တွေဖြင့် အလျင်စလိုဖြေရှင်းဖို့လိုအပ်နေပါတယ်။
ဖန်ပြွန်သန္ဓေသားဖြင့် ကိုယ်ဝန်ဆောင်ချင်တဲ့သူတွေက အစကတည်းက သန္ဓေသားရဲ့ မျိုးရိုးဗီဇဆိုင်ရာမူမမှန်မှုများကို ကြည့်ရှုနိုင်ပြီး ကျား/မသိနိုင်ပြီဖြစ်ပါတယ်။
Source: Daily Mail.
#Yangon_Media_Group
Published 26 March 2023
ရုရှားနှင့်ယူကရိန်းစစ်ပွဲဖြစ်ပွားနေပြီး ၁၃ လအကြာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အနေဖြင့် နည်းဗျူဟာ မြောက် နျူကလီးယားလက်နက်များကို အိမ်နီးချင်း မဟာမိတ် ဘယ်လာရုစ်နိုင်ငံအတွင်းတွင် ဖြန့်ကျက်ချထားမယ်လို့ မတ်၂၅ ရက် စနေနေ့က ပြောကြားလိုက်ပါတယ်။
ဒါဟာ ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ အမေရိကန်ဟာ ဒါမျိုးကို ဆယ်စုနှစ်များစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်၊ သူတို့ရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေကို သူတို့ရဲ့မဟာမိတ်နိုင်ငံတွေရဲ့ပိုင်နက်ထဲမှာ ထားရှိခဲ့တာ ကြာပြီဖြစ်တယ်လို့ ပူတင်ကပြောပါတယ်။
ယခုကိစ္စနှင့်ပတ်သက်လို့ သူ့အနေနှင့် ဘီလာရုစ်သမ္မတ အဲလက်ဇင်းဒါး လူကာရှန်ကို ပြောဆိုပြီးဖြစ်ကာ ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူကြတယ်လို့လည်း ပူတင်ကပြောပါတယ်။
“ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို မဖောက်ဖျက်ပဲ အတူတူလုပ်ကြဖို့သဘောတူခဲ့ကြပါတယ်။ နျူကလီးယား လက်နက်မပြန့်ပွားရေး နိုင်ငံတကာတာဝန်ဝတ္တရားတွေကို မဖောက်ဖျက်ပဲဆောင်ရွက်မယ်ဆိုတာ ကျွန်တော်အလေးအနက်ပြောလိုပါတယ်” လို့သူကပြောပါတယ်။ ဘယ်လာရုစ်ခေါင်းဆောင်က ဒီလိုထားရှိဖို့ကို နှစ်များစွာကတည်းကပြောဆိုထားတာဖြစ်တယ်လို့လည်း ပူတင်ကဆက်လက်ပြောဆိုပါတယ်။
နည်းဗျူဟာမြောက် လက်နက်တွေကို ထားရှိဖို့ အဆောက်အအုံကို ဇူလိုင်(၁)ရက်နောက်ဆုံးထား အပြီး ဆောက်လုပ်မယ် လို့ ပူတင်ဆီကနေသိရပါတယ်။ ဒါပေမယ့် လက်နက်တွေထိန်းချုပ်ကိုင်တွယ်ဖို့ကိုတော့ ရုရှားက ဘယ်လာရုစ်ကိုလွှဲပေးမှာ မဟုတ်ဘူးလို့လည်း ပူတင်ကပြောပါတယ်။ မော်စကိုဟာ နျူကလီးယားလက်နက်တွေပစ်ခတ်နိုင်တဲ့ အိုက်စကန်ဒါ နည်း ဗျူဟာမြောက်ဒုံးကျည်စနစ်တွေကို ယခင်ကတည်းက ပေးထားပြီးဖြစ်ပါတယ်။ အဲဒီအပြင် နည်းဗျူဟာမြောက် နျူကလီး ယား လက်နက်တွေသယ်ဆောင်နိုင်တဲ့ လေယာဉ်ဆယ်စင်းကိုလည်း ဘယ်လာရုစ်မှာထားရှိပြီးဖြစ်တယ်လို့ ပူတင် ပြောဆိုမှု အရ သိရပါတယ်။
Source: WION
#ရုရှား_နည်းဗျူဟာမြောက်နျူကလီးယားလက်နက်
#ရုရှား_ဘယ်လာရုစ်
#YangonMedia
#LocalNews
+++++++++++++++++++++++++++++++++++
Published_ 25 March 2023
ကမ္ဘာ့ရွှေဈေးဟာ မတ်လ ၂၅ ရက်နေ့မှာ တစ်အောင်စကို ၁၉၇၈ ဒေါ်လာ ဈေးပိတ်ခဲ့ကြောင်း ရွှေဈေးကွက်ထဲမှ သိရပါတယ်။ကမ္ဘာ့ရွှေဈေးဟာ မတ် တတိယအပတ် တစ်ပတ်လုံး ၁၉၀၀ အထက်မှာရှိခဲ့ပြီး မတ်လ၂၄ ရက်နေ့လည်ပိုင်းမှာ ၂၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 25 March 2023
မြဝတီမြို့သင်္ဃန်းညီရဲစခန်း၊ကုန်သွယ်ဇုန် နဲ့ ဌာနဆိုင်ရာ ရုံးတချို့ကို ဒီကနေ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
#YMG#Yangon_Media_Group
#World_Society
Published 25 March 2023
ကာဂျစ္စတန်မှ တစ်ခုတည်းသော အမျိုးသမီးပြစ်ဒဏ်စီရင်ရေးကိုလိုနီမှာ အယ်လ်ယိုနာနဲ့ အမျိုးသမီးတစ်ဒါဇင်ခန့်က နေရောင်ရတဲ့ဥယျာဉ်ငယ်ထဲမှာ သူတိုရဲ့အကျဉ်းသားအချင်းချင်းအတွက် ကခုန်အားပေးနေကြပါတယ်။
#YMG#Yangon_Media_Group
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာတဲ့မြန်မာ့လူ့အဖွဲ့အစည်းဖြစ်ဖို့ ရေကိုဘယ်လိုအကျိုးရှိရှိအသုံးပြုသင့်သလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
မတ်လ(၂၄)ရက်ညပိုင်းအချိန်မှာတော့ လနဲ့သောကြာ ဂြိုဟ်ကြယ်တို့ နီးကပ်စွာရှိနေခဲ့တာကိုတွေ့မြင်ခဲ့ကြရပါတယ်၊၊
#YMG#Yangon_Media_Group
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-မြန်မာနိုင်ငံမှာ ရေဟာ ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုအဖြစ်ရှိနေဆဲပဲလား??
#YMG#Yangon_Media_Group
#DailyNews
Published_ 25 March 2023
၁။လနှင့် သောကြာဂြိုဟ်ပူးခြင်းကြောင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် ကောင်းမွန်သောပြောင်းလဲခြင်းများ ဖြစ်လာနိုင်ဟုဆို
၂။မြဝတီမြို့ သဃန်းညီရဲစခန်း၊ ကုန်သွယ်ဇုန်နှင့် ဌာနဆိုင်ရာ ရုံးအချို့ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရဟု သိရ
၃။ ကမ္ဘာ့ရွှေဈေး ၁၉၇၈ ဒေါ်လာနှင့်ဈေးပိတ်၊ ပြည်တွင်းရွှေဈေး ၂၃ သိန်း ၃ သောင်းကျော် ရန်ကုန်ရွှေအသင်း သတ်မှတ်
၄။ကာဂျစ္စတန်ရှိ တစ်ခုတည်းသောအမျိုးသမီးအကျဉ်းထောင်တွင် နွေဦးအထိမ်းအမှတ်ပွဲတော်ကျင်းပကာ အကျဉ်းသားများ ခဏတာပျော်ရွှင်ခွင့်ရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာရေးအတွက် ရေဟာ ဘယ်လောက်အရေးကြီးပါသလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့အနီးတွင် မတ်လ(၂၅)ရက်နေ့လည်ပိုင်းက အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် မတ်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၁)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကြံခင်းမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းဖော်ပြထားသည်၊၊
အခုလပိုင်းအတွင်းစစ်ကိုင်းတိုင်းအပါအဝင် ဒေသအချို့တွင်မြေငလျင်ငယ်များ၊မြေငလျင်လတ်များ မကြာခဏလှုပ်ခတ်လေ့ရှိပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌တစ်ကျော့ပြန်ငလျင်ကြီးများလည်းလှုပ် ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊တာဝန်ရှိသူများထံမှသိရသည်၊၊
ymg/tthl
Yangon_Media_Group
Page 1271 of 1957