#Local_News
Published 20 July 2023

ဂျပန်နိုင်ငံတွင်ကျင်းပခဲ့သည့် (၆၄)ကြိမ်မြောက် နိုင်ငံတကာ သင်္ချာအိုလံပစ် ပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသား (၂)ဦး ဂုဏ်ပြုလက် မှတ် (Honorable Mention) ရရှိခဲ့ကြကြောင်း သိရသည်။

 

ဂျပန်နိုင်ငံ၊ ချီဘမြို့တွင် အဆိုပါပြိုင်ပွဲကို ဇူလိုင်လ ၂ရက် မှ (၁၃)ရက်အထိ ကျင်းပခဲ့ရာတွင် မောင်စိုးသွေးကိုနှင့် မဆုဝတ်ရည်တို့ (၂)ဦးသည် အဆင့် (၈၈)ဖြင့် ဂုဏ်​ြပ ုဆုလက် မှတ် ရရှိခဲ့ကြောင်းသိရပြီး ၎င်းတို့၂ဦးသည်အသက်အရွယ်အရ နောက်ထပ် ၂ နှစ် အင်္ဂလန်နိုင်ငံတွင် ကျင်းပမည့် (၆၅)ကြိမ်မြောက် IMO 2024 , ဩစတေးလျနိုင်ငံတွင် ကျင်းပမည့် (၆၆)ကြိမ်မြောက် lMO 2025 တို့တွင် ထပ်မံယှဉ်ပြိုင်ရန် အခွင့်အရေးများ ရှိနေသေးကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် တရုတ်နိုင်ငံကအမှတ်ပေါင်း (၂၄၀)အဆင့်(၁)ရရှိခဲ့ပြီး အမေရိကန်က (၂၂၂)မှတ်ဖြင့် အဆင့်(၂)ရရှိခဲ့သည်ဟု သိရပြီး ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်ကြသည့် နိုင်ငံများမှာ တောင်ကိုရီးယား၊ ရိုမေးနီးယား၊ ကနေဒါ၊ ဂျပန်၊ ဗီယက်နမ်၊ တူရကီ၊ အိန္ဒိယနှင့် ထိုင်ဝမ်တို့ ဖြစ်ကြကြောင်းသိရသည်။

 

အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ဗီယက်နမ်က အဆင့်(၇)နှင့် ထိပ်ဆုံးတွင် ရှိနေပြီး စင်္ကာပူက အဆင့်(၁၂)၊ ထိုင်းက အဆင့်(၁၉)၊ ဖိလစ်ပိုင်က(၂၆)၊ အင်ဒိုနီးရှား(၃၉)၊ မလေးရှား(၄၄)တို့ ဖြစ်ကြ၍ နိုင်ငံပေါင်း( ၁၁၂)ပါဝင်ကြောင်းသိရသည်။

 

International Mathematical Olympiad (IMO) ဆိုသည်မှာ တက္ကသိုလ် မတက်ရသေးသည့် ကျောင်းသားများ တစ်နည်းအားဖြင့် အထက်တန်းကျောင်းသားများအတွက် ကျင်းပပေးသည့် နိုင်ငံတကာသင်္ချာပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာ့ပထမဆုံး နိုင်ငံတကာ သိပ္ပံဆိုင်ရာ အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်သည်။

#Local_News #နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲတွင်မြန်မာကျောင်းသားနှစ်ဦးဂုဏ်ပြုလက်မှတ်ရရှိ
#Yangon_Times/BM