#Local_News
Published 20 July 2023


ဇူလိုင်လ(၂၀)ရက်မနက်ပိုင်းမှစ၍ ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာပြီဖြစ် ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

 

မုတ်သုန်အားလည်းအလွန်ကောင်းနေပြီး လေဖိအားနည်းရပ်ဝန်း၏အရှိန်များလည်းသက်ရောက်မှုရှိမည်ဖြစ် သောကြောင့်ဒေသတော်တော်များများတွင် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊မိုးသီးကြွေခြင်းများ ဆက်တိုက် ဖြစ်ပေါ်မည်ဟုဆိုသည်။

 

ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများကျရောက်နိုင်ခြေလည်းရှိပြီး အထူးသဖြင့် မွန်၊ကရင်၊ တနင်္သာရီ ဒေသများနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းသိရသည်။

 

မိုးသည်းထန်မှုကြောင့် မြစ်ရေကြီးမှုများလည်းဖြစ်ပွားနိုင်သဖြင့် မြစ်နား၊ကမ်းနားနေထိုင်သူများလည်း အထူးသတိပြုနေထိုင်ကြရန်လိုအပ်ကြောင်းသိရသည်။

 

#tthl #လေပြင်းတိုက်ပြီးမိုးကြီးခြင်းများဖြစ်ပေါ်
#Yangon_Time