Published 9 Oct 2022
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ခက်ခဲတဲ့ လမ်းခွဆုံကို ရောက်နေပြီလို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ က သတိပေးလိုက်ပါတယ်။ ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်ခြင်း၊အတိုးနှုန်းများတက်နေခြင်းနှင့် ကျယ်ပြန့်လာနေတဲ့ အကြွေးအကျပ်အတည်းတွေအပါအဝင် များလှစွာသော ဆိုးရွားမှုတွေရိုက်ခတ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတစ်ခုရောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော့ဂီဗာ က ပြောပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းကို ခံနိုင်ရည်ရှိစေဖို့ အဖွဲ့အစည်းတွေဟာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားနေတယ်လို့လည်း သူမက ပြောပါတယ်။
Source AFP
#IMF
#Global_Economy
#Global_Economy_Crisis
TV Yangon Times Matters အစီအစဉ်
Published - 9 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဌေးအောင်(ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ)နှင့်အတူ
-"၁၉၅၄ ခုနှစ်က အနုပညာအလုပ်စလုပ်ခဲ့တာ အနုပညာသက်တမ်း ၆၈ နှစ်ရှိပြီဖြစ်ကြောင်းအသံတိတ်ရုပ်ရှင်ခေတ်လည်း မီခဲ့သူဖြစ်ကြောင်း
-ယဉ်ကျေးမှုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဝိဇ္ဇာဘွဲ့ရခဲ့ယူပြီး အနုပညာသင်တန်း(၁၂)ခုတွင် သင်တန်းပို့ချ ပေးလျှက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင်များစွာ မွေးထုတ်ပေးလျှက်ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 9 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဌေးအောင်(ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ)နှင့်အတူ
-"၁၉၅၄ ခုနှစ်က အနုပညာအလုပ်စလုပ်ခဲ့တာ အနုပညာသက်တမ်း ၆၈ နှစ်ရှိပြီဖြစ်ကြောင်းအသံတိတ်ရုပ်ရှင်ခေတ်လည်း မီခဲ့သူဖြစ်ကြောင်း
-ယဉ်ကျေးမှုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဝိဇ္ဇာဘွဲ့ရခဲ့ယူပြီး အနုပညာသင်တန်း(၁၂)ခုတွင် သင်တန်းပို့ချ ပေးလျှက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင်များစွာ မွေးထုတ်ပေးလျှက်ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published-9 October 2022
ယနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြန်လည်မြင့်တက်လာပြီး 92 တစ်လိတာကို ၂၀၀၀ အထက် ပြန်လည်ရောက်ရှိလာတယ်လို စက်သုံးဆီအရောင်းဆိုင်တွေရဲ့ဈေးနှုန်းအရ သိရပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 9 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးဌေးအောင်(ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာ)နှင့်အတူ
-"၁၉၅၄ ခုနှစ်က အနုပညာအလုပ်စလုပ်ခဲ့တာ အနုပညာသက်တမ်း ၆၈ နှစ်ရှိပြီဖြစ်ကြောင်းအသံတိတ်ရုပ်ရှင်ခေတ်လည်း မီခဲ့သူဖြစ်ကြောင်း
-ယဉ်ကျေးမှုတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဝိဇ္ဇာဘွဲ့ရခဲ့ယူပြီး အနုပညာသင်တန်း(၁၂)ခုတွင် သင်တန်းပို့ချ ပေးလျှက်ရှိပြီး ရုပ်ရှင်သရုပ်ဆောင်များစွာ မွေးထုတ်ပေးလျှက်ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 9 October 2022
အသက်၂၃ နှစ်အရွယ် အင်္ဂလိပ်အမျိုးသားတစ်ဦးဟာ သူ့ဘဝတစ်လျောက်လုံးမှာ ဘယ်မိန်းကလေးကိုမှ မချိန်းတွေ့ဖူးပါဘူး။ သူ့မှာရည်းစားလည်းမရှိပါဘူး။ အဲဒါကြောင့် သူဟာ သူ့ရဲ့မြို့ကလေးအနီးက အဝေးပြေးလမ်းမကြီးပေါ်မှာ ဘီဘုတ်ခ် ကြေညာဆိုင်းဘုတ်ကြီးတစ်ခုကို ငှားပြီး သူ့ကိုယ်သူ ကြေညာလိုက်ပါတော့တယ်။
အက်ဒ်ချက်မင်းဟာ သူ့ရဲ့ဆယ်ကျော်သက်ရွယ်ဘဝ၊ အသက် ၂၀စွန်းစအထိ ရည်းစားကောင်မလေးကို သမားရိုးကျနည်းလမ်းမျိုးစုံနှင့် လူမှုပွဲလမ်းတွေနှင့် ချိန်းဆိုပေးတဲ့ အက်ပလီကေးရှင်းတွေလိုမျိုးနှင့် ရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒါကြောင့် လိဒ်မြို့သား သူဟာ ဒီအချိန်မှာတော့ မတူတဲ့နည်းလမ်းသုံးမှပဲရတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်သူဟာ M621 အမြန်လမ်းမကြီးအနီးမှာ ကြီးမားတဲ့ ကြေညာဘုတ်ကြီးတစ်ခုကို ငှားလိုက်ပါတယ်။ အဲသလိုလုပ်လိုက်တဲ့အတွက် သူ့ဘဝမှာ တစ်ခါမျှမကြုံစဖူးတဲ့ အောင်မြင်မှုကိုရရှိလိုက်ပါတယ်။ သူ့ဆီကို ရည်းစားဖြစ်နိုင်တဲ့ ကောင်မလေးတွေ အများကြီးဆီက မက်ဆေ့ချ်တွေ ရောက်ရှိလာလို့ဖြစ်ပါတယ်။
“ အနည်းဆုံးရည်စားတစ်ယောက်လောက်တော့ ရှိခဲ့သင့်ပြီဆိုတဲ့ အသက်ကို ကျွန်တော်ရောက်လာပြီ။ ဒါပေမယ့် ၂၃နှစ်လုံးလုံး ကျွန်တော့်မှာ တစ်ယောက်တည်းနေခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော်နှင့် ရည်စားတော်ချင်တဲ့ သူတစ်ဦးဦး ရှာဖို့ ကျွန်တော်အဆင်သင့်ဖြစ်ခဲ့တာပါ” လို့ ချက်မင်းကပြောပါတယ်။
“ ကျွန်တော် ချိန်းတွေတဲ့ ဒိတ်တင်း အက်ပလီကေးရှင်းတွေ သုံးကြည့်သေးတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် အဆင်မပြေဘူးဗျ။ အဲဒါကြောင့် မတူတဲ့နည်းလမ်းနှင့်လုပ်ကြည့်မှရမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ကိုယ်ပိုင် ဘီဘုတ်နှင့်ဆိုရင် လူတွေကိုတွေ့နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်တွေးမိပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
ကိုယ့်ရဲ့မျက်နှာကြီးကို ဘီဘုတ်ပေါ်တင်ပြီး “ ကျွန်တော်နှင့်ချိန်းတွေ့ပါ” လို့ စာရေးကြေညာရတဲ့အလုပ်အတွက် အတော်သတ္တိကောင်းဖို့တော့လိုပါတယ်။ အထူးသဖြင့် တစ်ခါမှ ချိန်းမတွေ့ဖူးတဲ့သူတွေအတွက်ပိုလိုပါတယ်။ ဒါပေမယ့် အက်ဒ်ရဲ့ကိစ္စမှာတော့ စွန့်စားရကျိုးနပ်သွားတဲ့သဘောရှိပါတယ်။ ဘီဘုတ်တင်လိုက်တဲ့ ပထမဆုံးနေ့မှာပဲ သူနှင့်ချိန်းတွေ့ဖို့ စိတ်ဝင်စားတဲ့ အမျိူးသမီးတစ်ဦးဆီက ပထမဆုံးမက်ဆေ့ချ်ကို သူရရှိလိုက်ပါတယ်။
“ ကြော်ငြာဘုတ်တင်တဲ့ ပထမနေ့မှာတင်ပဲ ပထမဆုံးမက်ဆေ့ရပါတယ်။ အဲဒီကတည်းက အသက် ၁၈နှစ်နှင့် ၄၈နှစ်အကြား အမျိုးသမီး တွေဆီက မက်ဆေ့အချို့ ကျွန်တော်ဆက်ပြီးရခဲ့ပါတယ်” လို့ သူက ကာတာစ် သတင်းဌာနကိုပြောပါတယ်။
“ ဒါဟာ ရောသမမွှေတစ်ခုပဲ၊ စိတ်လှုပ်ရှားဖို့တော့ တကယ်ကောင်းတယ်ဗျ။ ပြီးတော့ ဒါဟာ ကျွန်တော့်အတွက် အကောင်းတွေလာတော့မယ်ဆိုတဲ့ သဘောလက္ခဏာပဲ” လို့သူကပြောပါတယ်။
ဘီဘုတ်နှင့် အချစ်ကိုရှာတာ သူ့အရင်မှာလည်းရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒိတ်တင်း အပလီကေးရှင်းနှင့် အလုပ်မဖြစ်တဲ့ အင်္ဂလိပ်တစ်ယောက်အဲသလိုသုံးခဲ့ပါတယ်။ ၂၀၁၉မှာလည်း ဒီနည်းအတိုင်း ထူးခြားဆန်းကြယ်တဲ့ မာမွန်မီလျံနာတစ်ဦးလုပ်ခဲ့ပါတယ်။၂၀၁၃ခုနှစ်တုန်းက တစ်ခါ အိမ်ထောင်မရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘုတ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
Source: dailymail.uk
#Ed_Chapman
#Billboard_find_love
#UK
#LocalNews
Published_9 October 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့ သီတင်းကျွတ်လပြည့်နေ့နံနက်ပိုင်းက စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်း ဆွမ်းဆန်တော်လောင်းလှူပွဲတွင် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်ကာ ဝင်္ကပါကွင်းတစ်ပတ် လမ်းတစ်လျှောက် ကြွရောက်လာသော စစ်တွေမြို့ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အပါး ၅၀၀ ကျော်နှင့် သီလရှင် ၁၀၀ ကျော်တို့အား ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် အလှူဝတ္ထုပစ္စည်းများကို စေတနာထက်သန်စွာဖြင့် ကုသိုလ်ယူလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_9 October 2022
ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို ယနေ့ အောက်တိုဘာလ ၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လာရောက်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို အောက်တိုဘာလ ၈ ရက် မှ အောက်တိုဘာလ ၁၄ ရက် အထိ လက်ရှိ COVID-19 ကူးစက်ကပ်ရောဂါကြောင့် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဇာတ်ပွဲများ စသည့် ပျော်ပွဲရွှင်ပွဲများထည့်သွင်း မကျင်းပဘဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲဖြင့် အကျဉ်းချုံးသာ ကျင်းပနေခြင်းဖြစ်ကြောင်းလည်း ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကသိရ သည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့ နံနက်အစောပိုင်း ဆွမ်းအိုးမျှောခြင်းကိုလည်း ပြုလုပ်ခဲ့ကြကြောင်း၊COVID-19 ကူးစက်ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။
Photo -Myint Soe
ymg/mt
#Yangon_Media_Group
Published 9 October 2022
မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ရဉ်ရွယ်ပြီး ကြီးကြပ်မှုကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။ အဲဒီ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ် မှုကော်မတီကို ၂၀၂၂ခုနှစ် ဩဂုတ် ၂၇ ရက်မှာ နစက,က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ တစ်ဦးက ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါတယ်။
Published 9 October 2022
တစ်ယောက်နှင့်တစ်ယောက်အမြဲ ယှဉ်ပြီးအပြောခံနေရတဲ့ ဂျပန်နိုင်ငံကအမြွှာညီအစ်မနှစ်ယောက်ဟာ အဲဒါကို မခံစားနိုင်တော့တဲ့အဆုံး နောက်ဆုံးမှာ နှစ်ယောက်စလုံး မျက်နှာပြင်ခွဲစိတ်ဖို့သဘောတူကြပြီး ခွဲစိတ်မှုခံခဲ့ကြပါတယ်။
အမြွှာညီအစ်မ ချီနှင့် ချီကာယိုရှီကာဝါတို့ဟာ သူတို့လိုချင်တဲ့ မျက်နှာသွင်ပြင်ရရှိအောင် မျက်နှာပြင်ခွဲစိတ်မှုကို ထပ်ကာလုပ်ခဲ့ကြတာတွေကြောင့် သူတို့ရဲ့ မွေးရပ်မြေ ဂျပန်နိုင်ငံမှာ လူသိများကျော်ကြားနေကြပါတယ်။
အသက်နှစ်ဆယ်စွန်းတုန်းက သူတို့ပုံတွေနှင့် ယခုအသက် ၃၄နှစ်အရွယ်ပုံတွေကြည့်လိုက်ရင် သူတို့နှစ်ဦးဟာ လုံးဝမတူတဲ့ အမျိုးသမီးငယ်တွေအဖြစ် အသွင်ပြောင်းလဲသွားကြတာကိုတွေ့နိုင်ပါတယ်။သူတို့ဟာ အင်စတာဂရမ်နှင့် တွစ်တာမှာပုံတွေတင်ဖို့ မိတ်ကပ်တွေနှင့် အလှပြင်ခဲ့ကြပေမယ့် သေသေချာချာကြည့်ရင် သူတို့ရဲ့ မျက်လုံးနှင့် နှာခေါင်း ပုံသဏ္ဍာန်တွေဟာ မူလရုပ်နှင့်လုံးဝမတူကွဲပြားသွားတာသိသာပါတယ်။
ညီအစ်မနှစ်ယောက်ဟာ မျက်နှာပြင်ခွဲစိတ်အလှပြုပြင်ရေးအတွက် တစ်ဦးကို ယန်းသန်း၄၀ (ဒေါ်လာ နှစ်သိန်းခုနှစ်သောင်း ငါးထောင်) အကုန်အကျခံခဲ့ကြတာပါ။ အဲဒီခွဲစိတ်မှုတွေမှာ filler injections ၊မျက်နှာပြင်မတင်တာက အစ နှာခေါင်းပြုပြင်တာ မျက်ရစ်ခွဲစိတ်တာတွေအထိပါဝင်ပါတယ်။
သူတို့နှစ်ဦးဟာ ငယ်စဉ်တုန်းက အမြဲယှဉ်အပြောခံရတာကို သတိရနေကြပါတယ်။ တစ်ယောက်ကို ပိုချစ်စရာ ကောင်းတယ်လို့ အပြောခံရတာမျိုး၊ တစ်ယောက်ကစာပိုတော်တယ်အပြောခံရတာမျိုး၊ တစ်ယောက်က ပိုပြီးစမတ်ဖြစ်တယ်ဆိုတာမျိုး၊ တစ်ယောက်က အားကစားပိုတော်တယ်လိုမျိုး အမြဲအပြောခံခဲ့ကြရတာလို့ သူတို့ကပြောပါတယ်။
အဲသလိုနှိုင်းအပြောခံရတာတွေဟာ သူတို့ရဲ့စိတ်ကျန်းမာရေးအပေါ် မကောင်းတဲ့ဆိုးကျိုးဖြစ်စေပါတယ်။ သူတို့ဟာ သူတို့ရဲ့မျက်နှာတွေကို မှန်မှာကြည့်ပြီး မလှတဲ့အစိတ်အပိုင်းတွေကို ရှာခဲ့ကြပါတယ်တဲ့။ သူတို့ဟာ ခွဲစိတ်လို့ရတဲ့ အရွယ်ရောက်တဲ့အခါ အကြီးမ ချီက အရင်ဆုံးခွဲစိတ်ခံပါတယ်။ ချီရဲ့ ရလာဒ်ကိုကြည့်ပြီး အငယ်မ ချီကာက ဆက်ပြီး ခွဲစိတ်ခံတာဖြစ်ပါတယ်။ နှစ်ယောက်ခွဲစိတ်ခံရတဲ့ အဆင့်တွေမတူကြပေမယ့် နှစ်ယောက်စလုံးက တစ်ယောက်ကို ယန်းသန်း၃၀ဆီမျှခံကြတာပါလို့ပြောပါတယ်။
အစပထမမှာတော့ သူတို့ဟာ နှိုင်းယှဉ်အပြောခံရတာတွေမုန်းလို့ နှစ်ယောက်စလုံးချွတ်စွတ်တူအောင်လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူတို့တစ်ယောက်စီမှာမတူတဲ့ အလှကလေးတွေရှိတယ်လို့ သဘောပေါက်သွားကြပါတယ်တဲ့။
သူတို့ဟာ ပထမအကြိမ်မျက်နှာပြင်ခွဲစိတ်ပြုပြင်ပြိးနောက် ဆိုရှယ်မီဒီယာတွေပေါပုံတွဲတင်ပါတယ်။ ကြည့်ရသူတွေက ဝေဖန်ကြတာကိုနားထောင်ပြီး ပြန်ပြင်လိုက် နားထောင်လိုက်ခဏခဏလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူ့အလို နတ်မလိုက်နိုင်တာလို အားလုံးအကြိုက်တော့မဖြစ်နိုင်ဘူးဆိုတာသိလို့ အဲဒီအလုပ်ကိုရပ်လိုက်တယ်လို့ ပြောပါတယ်။
အခုအသက် ၃၄နှစ်အရွယ်ရောက်ပြီဖြစ်တော့ ချီနှင့်ချီကာတို့က အလှအပစံညွှန်းတွေနှင့် လူကြိုက်ဦးတည်ရာတွေဟာ အမြဲပြောင်းလဲနေလို့ ကိုယ့်ကိုကိုယ်စိတ်ကျေနပ်ဖို့အတွက် အဲဒီအပြောင်းအလဲတွေနောက် အမြဲလိုက်စရာမလိုတော့ဘူးဆိုတာကို သိမြင်သဘောပေါက်လာကြပါတယ်လို့ သတင်းကရေးသားပါတယ်။
Source: aramajapan.com
#Chie_Chika
#Twin_Girls_plastic_surgery
#Japan_Beauty_industry
#Local_News
Published_ 9 October 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ အောက်တိုဘာ ၉ ရက် နံနက် ၄ နာရီခွဲက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင် ထားဝယ်မြစ်ကမ်း၌ ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲတွင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အရှင်ဥပဂုတ္ထမထေရ်မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံပြည်သူများက ထားဝယ်ရိုးရာ သပိတ်မျှော မုခ်ဦးမှစ၍ အကွေ့များပါ သောဝင်္ကဘာကို ပျှော်ရွှင်စွာဖြတ်ကျော်ကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ယူခဲ့ကြပါတယ်။
သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲ လာရောက်သူများကို စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံအငယ်လွှတ်တင်ခြင်း၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲအက၊ ရွှေဝယ်သူများ ရေအိုးရွက် ယိမ်း အက၊ သမိုင်းအလှ တနင်္သာရီအက၊ ရှေးထားဝယ်ရိုးရာ ယိမ်းအက၊ ရွှေဝယ်သူများ ရေခပ် သွားအက၊ အိုးစည်အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်ကြပါတယ်။
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စသည့်လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတု မိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယခုတိုင် သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ခြင်းဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1266 of 1697