#World_Health
Published 24 February 2023
'ဟယ်သာရန်ဒူလစ်'ဟာ အသက် ၂၂ နှစ်အရွယ်တုန်းက လေဖြတ်ခြင်း ၅ ကြိမ်ခံစားခဲ့ရပါတယ်။
လေဖြတ်ခြင်းဆိုတာက ဦးနှောက်ထံ သွေးနဲ့အောက်ဆီဂျင် ထောက်ပံ့မှုပြတ်တောက်တဲ့ အခြေအနေဆိုးဖြစ်ပါတယ်။
ဒါပေမဲ့ ဟယ်သာကတော့ အာရုံကြောနည်းပညာသစ်အကူအညီဖြင့် ကျောရိုးမကြီးကို လှုံ့ဆော်ပြီးနောက် ၉ နှစ်အကြာမှာ လက်ကို မ'နိုင်ခဲ့ပါတယ်။
ထိုအာရုံကြောနည်းပညာက ကျောရိုးမကို ချက်ချင်းလှုံ့ဆော်ပေးကာ လက်မောင်းနဲ့ လက်လှုပ်ရှားမှုကို တိုးတက်စေတယ်လို့ ပစ်ဘာ့ဂ်နဲ့ ကာနယ်ဂီမယ်လွန်တက္ကသိုလ်တို့မှ အကြံပြုခဲ့ပါတယ်။
ဒါ့အပြင် လေဖြတ်ဝေဒနာခံစားရသူတွေကို အထောက်အကူမပါဘဲနဲ့ နေ့စဉ်လှုပ်ရှားမှုများပြုလုပ်နိုင်အောင် ကူညီပေးပါတယ်။
ထိုအာရုံကြောနည်းပညာမှာ လျှပ်ကူးပစ္စည်းမျှင်တစ်စုံပါဝင်ပြီး လည်ပင်းတလျှောက် စိုက်ထည့်ထားတာဖြစ်ပါတယ်။
ဒီနည်းလမ်းဖြင့် လူနာတွေဟာ လက်သီးဆုပ်နိုင်ခြင်း၊ လက်မြှောက်နိုင်ခြင်း၊ ဇွန်းခရင်းအသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
လေဖြတ်ခြင်းဖြစ်တဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုမှာ အကန့်အသတ်ရှိလာပါတယ်။
လေ့လာချက်များအရ အသက် ၂၅ နှစ်အထက် လူ ၄ ယောက်မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပြီး ဒီထဲက ၇၅ ရာခိုင်နှုန်းက လက်လှုပ်ရှားထိန်းချုပ်ရာမှာ အခက်အခဲရှိကြပါတယ်။
လေဖြတ်ပြီးနောက် ၆ လအကြာလောက်မှာ နာတာရှည်အကြောသေ စတင်ဖြစ်ပေါ်လာပါတယ်။
ယခုနည်းပညာအသစ်ဖြင့် ဆိုးရွားတဲ့အကြောသေဝေဒနာနဲ့ နာကျင်ခြင်းတို့ကို ကုသရာမှာ အသုံးပြုနေကာ ကျောရိုးမလှုံ့ဆော်ပေးခြင်းဖြင့် ကျောရိုးမကြီးထိခိုက်သူတွေမှာ ခြေထောက်လှုပ်ရှားမှုကို ပြန်လည်ရရှိစေကြောင်း သက်သေပြထားနိုင်ပါတယ်။
နည်းပညာအသစ်ဖြင့် လေဖြတ်လူနာရှင်များကို သက်သာပျောက်ကင်းအောင် အသုံးပြုဖို့အတွက် အခက်အခဲတွေ ရင်ဆိုင်ရဦးမှာပါ။
စက်ပစ္စည်းရဲ့ ရေရှည်သက်ရောက်မှုတွေကိုလည်း သုတေသီတွေ ခန့်မှန်းထားကာ ခန္ဓာကိုယ်အပေါ်ပိုင်းလက်အင်္ဂါ သက်သာပျောက်ကင်းစေရန်အတွက် အထောက်အကူဖြစ်မယ်လို့ အကြံပြုကြပါတယ်။
#Source:_WION #World_Health #အာရုံကြောနည်းပညာအသစ်
#နောက်(၉)နှစ်အကြာ #YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေရရှိမှုတွေများနေတဲ့ ITPEC စာမေးပွဲတွေကို လာမယ့်ဧပြီလ (၃၀)ရက်မှာ ပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သိရပါတယ်၊၊
#Local_News #IT #Exam
#YMG #Yangon_Media_Group
#World_Technology
Published 23 February 2023
မက္ကဆီကိုစီးတီးမှာလည်း အခြားနိုင်ငံတွေလိုပဲ ရဲတပ်ဖွဲ့ဟာ သုံးဖက်မြင် 3D မြင်ကွင်းပုံဖော်မှုဖြင့် ဓားစာခံဖမ်းဆီးခံထားရတဲ့ အမှုကိစ္စကို လေ့ကျင့်ဖြေရှင်း နေကြပါတယ်။
#World_Technology #မက္ကဆီကို
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အခြေခံပညာကျောင်းတွေမှာ ဝိဇ္ဇာတွဲယူသူတွေနည်းပါးတဲ့အတွက် ဝိဇ္ဇာတွဲသင်ကြားပေးမယ့် ကျောင်းတွေရှားပါးလာတဲ့အတွက် ဝိဇ္ဇာတွဲယူထားတဲ့ တက္ကသိုလ်ဝင်တန်းဖြေမယ့် မျက်မမြင်ကျောင်းသားတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်၊၊
#Local_News #ဝိဇ္ဇာတွဲ #မျက်မမြင်ကျောင်းသား
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၇ သိန်း ၉ သောင်းနဲ့ ရောင်းချပေးဖို့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေကိုမေတ္တာရပ်ခံထားပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ပြင်ပရွှေပေါက်ဈေးကတော့ ၂၈ သိန်း ၅ သောင်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Local_News #Gold #Market_Price #မီးလင်းအခေါက်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညပိုင်းစာကြည့်ချိန် ညနေ(၅)နာရီမှ(၁၀)နာရီအတွင်း အများပြည်သူအုပ်စုအတွင်းမှ ဓာတ်အားသုံးစွဲနေသည့် လုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ လုပ်ငန်းတွေဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #Exam #Education #လျှပ်စစ်ဓာတ်အား
#YMG #Yangon_Media_Group
#DailyNews
Published_ 23 February 2023
၁။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကန့်သတ်ချိန်အတွင်းလျှပ်စစ်ဓာတ်အားဖြင့်လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြား
၂။ အခေါက်ရွှေ ၂၇ သိန်း ၉ သောင်းသတ်မှတ်ထားပေမယ့် ပြင်ပရွှေဈေးတွင် ၂၈ သိန်း ၅ သောင်းဝန်းကျင်ဖြစ်ပေါ်နေ
၃။ ဝိဇ္ဇာတွဲသင်ကြားပေးသည့် ကျောင်းများနည်းလာ၍ မျက်မမြင်ကျောင်းသားများ အခက်ကြုံနေ
၄။ မက္ကဆီကို စီးတီးရဲများ သုံးဖက်မြင် 3D ပုံဖော်ကွန်ပျူတာစနစ်ဖြင့် မှုခင်းဖြစ်ရပ်များလေ့ကျင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 23 February 2023
ကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ လူတစ်ယောက် လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၁၀ နာရီ လောက်ကကန်တော်ကြီးပန်းခြံအတွင်းမှာ လေ့ကျင့်ခန်းလုပ်နေရင်း မေ့လဲကျခဲ့တာကြောင့် သျှင်ပါကူဆေးခန်းကို ယူတဲ့အခါ ဆေးခန်းကို မရောက်ခင်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ အဲ့ဒီအမျိုးသားကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ကိုကျော်မျိုးနိုင်က ပြောပါတယ်။
#Local_News #ကန်တော်ကြီးပန်းခြံ #Crime
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
ပြီးခဲ့ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုဟာ ၂၀၂၁ ခုနှစ် နှိုင်းယှဉ်ပါက တိုးတက်လာသည့်အတွက် ယခု ၂၀၂၃ ခုနှစ်မှာ ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်က တိုက်တွန်းပြောဆိုလိုက်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ငွေဆောင်၊ ချောင်းသာကမ်းခြေဒေသများကို လာရောက်အပန်းဖြေကြသည့် ခရီးသည်များအဆင်ပြေစေဖို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆွေးနွေးပြောဆိုခဲ့တာလည်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသည်များ တိုးတက်ဝင်ရောက်လာစေရန်အတွက် မူဝါဒပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတို့ကိုဟန်ချက်ညီစေဖို့နဲ့ ကမ်းခြေဒေသနဲ့ဆက်စပ်ပြီး ခရီးသွားဒေသများဖော်ထုတ်ဖို့ကိုလည်း တိုက်တွန်းထားသည်။
ကမ်းခြေဒေသများ၏ သဘာဝပတ်ဝန်းကျင်များကိုလည်း ပကတိအတိုင်းမပျက်စီးအောင် လုပ်ငန်းရှင်များအနေနှင့် ထိန်းသိမ်းဖို့လည်းတိုက်တွန်းထားသည်။ ကမ်းခြေဒေသများရှိ အမှတ်တရပစ္စည်းများ၊ကြိမ်ထည်နှင့် ဒေသထွက်ကုန်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းပြောဆိုခဲ့သည်။
#ymg/ynzw #Local_News #Travel
#Yangon_Media_Group
#Local_News
Published -23 February 2023
နေပြည်တော် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတစ်ဆင့်မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်၂၁လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းက သိရသည်။
ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာတွင် ညနေ ၄နာရီ ၃၀မိနစ်က ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ခဲ့ပြီး ယင်းမှတစ်ဆင့် နေအိမ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
"ဖယောင်းတိုင်မီးကနေတစ်ဆင့် လောင်ကျွမ်းတာလို့ သိရတယ်။နေအိမ် ၂၁လုံးလောင် မီးလောင်ဆုံးရှုံးသွားတယ်"ဟု မိုးစေတနာပရဟိတအသင်းမှ သိရသည်။
မီးလောင်ပြင်သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မိုးစေတနာပရဟိတအသင်း နေပြည်တော်မှ သွားရောက်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ပြီးညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့သော်လည်း မီးဘေးသင့်ပြည်သူ ၆၀ ကျော်ရှိပြီး ယင်းတို့မှာ စိမ်းစားပင်ရွာ ဘုန်းကြီးကျောင်းတွင် ခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။
#ymg/mt #Local_News #Myanmar_Fire #နေပြည်တော် #ဇေယျာသီရိမြို့ #မီးလောင်ပျက်စီး #YMG #Yangon-Media-Group
#World_Politics
Published 23 February 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'ကို ရုရှားသို့ လာရောက်ရန် သမ္မတ'ပူတင်'က အသိပေးလိုက်ကာ တရုတ်နဲ့ရုရှားတို့ သဘောတူနားလည်ချက်အသစ်တွေ ရရှိထားခြင်းအပေါ် ပူတင်က အသိအမှတ်ပြုလိုက်ပြီးနောက် တရုတ်နဲ့ရုရှားတို့ကြား ဆက်ဆံရေးပိုမိုအားကောင်းလာတဲ့အပေါ် အမေရိကန်က စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ယခုအချိန်မှာ တရုတ်က ယူကရိန်းစစ်ပွဲအတွင်း ရုရှားအသုံးပြုနိုင်ရန် လက်နက်များထောက်ပံ့ပေးဖို့ ချင့်ချိန်လျက်ရှိရာ ရုရှားနဲ့တရုတ်က တစ်ဖက်၊ ယူကရိန်းနဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုး(NATO)စစ်မဟာမိတ်အဖွဲ့က တစ်ဖက်ဖြင့် ပဋိပက္ခအဖြစ်ကနေ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာနိုင်ချေရှိနေပါတယ်။
ဗုဒ္ဓဟူးနေ့က ပူတင်ဟာ တရုတ်ထိပ်သီးသံတမန်'ဝမ်ယိ'ကို ရုရှားကနေ ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးက မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်လျက်ရှိကာ မကြာခင်မှာ တစ်နှစ်အတွင်း ဒေါ်လာ ၂၀၀ ဘီလီယံအထိရှိလာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
"တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီးလာရောက်လည်ပတ်မှာကို စောင့်မျှော်နေပါတယ်၊ ဒီကိစ္စကို သဘောတူထားပြီးဖြစ်ပါတယ်၊ အဖက်ဖက်မှာ တိုးတက်လျက်ရှိပြီး နားလည်မှုအသစ်တွေရရှိတော့မယ်" လို့ ပူတင်က ဝမ်ယိကိုပြောကြားခဲ့ပါတယ်။
စစ်ပွဲတစ်နှစ်ပြည့်မတိုင်ခင်နေ့မှာ ရုရှားသို့ ဝမ်ယိသွားရောက်လည်ပတ်တာက ရုရှားနဲ့တရုတ်တို့ရဲ့ ဆက်ဆံရေးခိုင်မြဲခြင်းကို ပြသရာရောက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'နက်ဒ်ပရိုက်စ်'က ပြောကြားလိုက်ပါတယ်။
"ထိုနှစ်နိုင်ငံက ရည်မှန်းချက်တူညီနေတာကို ကျွန်တော်တို့စိုးရိမ်မိပါတယ်၊ သူတို့ဦးတည်ချက်က အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေကို အနိုင့်ကျင့်မယ်၊ နယ်နိမိတ်စည်းမျဉ်းတွေကို အတင်းအဓမ္မပိုင်းခြား သတ်မှတ်မယ်၊ အာဏာပါဝါကိုသုံးပြီး အမှန်တရားဖြစ်အောင်လုပ်မယ့် ခေတ်ကို ရောက်ရှိစေမှာပါ" လို့ ဆိုပါတယ်။
"တရုတ်က ရုရှားအတွက် သေစေနိုင်လောက်တဲ့ ထောက်ပံ့မှုမျိုးပေးပို့တာ မတွေ့ရသေးသလို ငြိမ်းချမ်းရေးစကားဝိုင်းကနေလည်း မထွက်ခွာသေးပါဘူး"
တရုတ်က ပဋိပက္ခဖြေရှင်းရေးမှာ တက်ကြွတဲ့ကဏ္ဍက ပါဝင်ပြီး မျှတစွာလုပ်ဆောင်ချင်တဲ့ သူတို့ရဲ့ချဉ်းကပ်ပုံကို တန်ဖိုးထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပေမယ့် သူတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်အကြောင်း မဆွေးနွေးခဲ့ဘူးလို့ သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလ ယူကရိန်းသို့ ရုရှားတပ်များမဝင်ရောက်မီအချိန်၌ ရှီကျင့်ဖင်နဲ့ပူတင်တို့ တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အကန့်အသတ်မရှိ မိတ်ဖက်ဆောင်ရွက်ခြင်းအကြောင်း သဘောတူခဲ့ကြရာ အနောက်နိုင်ငံအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
တရုတ်အနေနဲ့ ရုရှားကျူးကျော်မှုကို အထောက်အပံ့ပေးပါက အကျိုးဆက်တွေကြုံတွေ့ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က ဝမ်ယိကို သတိပေးခဲ့ကာ တရုတ်ဘက်က ဒါမျိုးမထောက်ပံ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
#Source:_Reuters #World_Politics #ရှီကျင့်ဖင် #ပူတင်
#YMG #Yangon_Media_Group
#Local_News
Published-23 February 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက် (ယနေ့)တွင် EPSစနစ်ဖြင့် မြန်မာလုပ်သား ၃၉ ဦးထပ်မံ စေလွှတ်ခဲ့သောကြောင့် ယခုလအတွင်း မြန်မာလုပ်သား ၃၆၀ ကျော်စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
အဆိုပါ ၃၉ ဦးမှာ Re-entry ကုန်ထုတ်လုပ်သား ၂၃ဦး၊ Re-entry စိုက်ပျိုး၊မွေးမြူရေးလုပ်သား ၁၆ဦး ဖြစ်ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က မြန်မာလုပ်သား ၁၂၆ဦး၊ ဖေဖော်ဝါရီလ ၁၄ရက် က မြန်မာလုပ်သား ၁၄၉ ဦး၊ ဖေဖော်ဝါရီလ ၉ရက်က မြန်မာလုပ်သား ၅၁ ဦး တို့ကို ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ပြီးဖြစ်ရာ ယင်းတို့အား ကုန်ထုတ်လုပ်သား၊ CBT ကုန်ထုတ်လုပ်သား၊ စိုက်ပျိုး၊မွေးမြူရေးလုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ Re-entry ကုန်ထုတ်လုပ်သား၊ Re-entry စိုက်ပျိုး၊မွေးမြူရေးလုပ်သား အဖြစ် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားများ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည့် အခါ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း သိရသည်။
#ymg/mt #Local_News #မြန်မာလုပ်သား #EPS
#YMG #Yangon_Media_Group
Page 1266 of 1919