#Local_News
Published -23 February 2023

 

နေပြည်တော် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတစ်ဆင့်မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်၂၁လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းက သိရသည်။

 

ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာတွင် ညနေ ၄နာရီ ၃၀မိနစ်က ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ခဲ့ပြီး ယင်းမှတစ်ဆင့် နေအိမ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

"ဖယောင်းတိုင်မီးကနေတစ်ဆင့် လောင်ကျွမ်းတာလို့ သိရတယ်။နေအိမ် ၂၁လုံးလောင် မီးလောင်ဆုံးရှုံးသွားတယ်"ဟု မိုးစေတနာပရဟိတအသင်းမှ သိရသည်။

 

မီးလောင်ပြင်သို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ မိုးစေတနာပရဟိတအသင်း နေပြည်တော်မှ သွားရောက်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ပြီးညနေ ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

 

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့သော်လည်း မီးဘေးသင့်ပြည်သူ ၆၀ ကျော်ရှိပြီး ယင်းတို့မှာ စိမ်းစားပင်ရွာ ဘုန်းကြီးကျောင်းတွင် ခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။

 

#ymg/mt #Local_News #Myanmar_Fire #နေပြည်တော် #ဇေယျာသီရိမြို့ #မီးလောင်ပျက်စီး #YMG #Yangon-Media-Group