#Local_News
Published_ 23 February 2023

 

ပြီးခဲ့ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုဟာ ၂၀၂၁ ခုနှစ် နှိုင်းယှဉ်ပါက တိုးတက်လာသည့်အတွက် ယခု ၂၀၂၃ ခုနှစ်မှာ ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်က တိုက်တွန်းပြောဆိုလိုက်သည်။ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ငွေဆောင်၊ ချောင်းသာကမ်းခြေဒေသများကို လာရောက်အပန်းဖြေကြသည့် ခရီးသည်များအဆင်ပြေစေဖို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆွေးနွေးပြောဆိုခဲ့တာလည်း ဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသည်များ တိုးတက်ဝင်ရောက်လာစေရန်အတွက် မူဝါဒပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတို့ကိုဟန်ချက်ညီစေဖို့နဲ့ ကမ်းခြေဒေသနဲ့ဆက်စပ်ပြီး ခရီးသွားဒေသများဖော်ထုတ်ဖို့ကိုလည်း တိုက်တွန်းထားသည်။

 

ကမ်းခြေဒေသများ၏ သဘာဝပတ်ဝန်းကျင်များကိုလည်း ပကတိအတိုင်းမပျက်စီးအောင် လုပ်ငန်းရှင်များအနေနှင့် ထိန်းသိမ်းဖို့လည်းတိုက်တွန်းထားသည်။ ကမ်းခြေဒေသများရှိ အမှတ်တရပစ္စည်းများ၊ကြိမ်ထည်နှင့် ဒေသထွက်ကုန်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းပြောဆိုခဲ့သည်။

 

#ymg/ynzw #Local_News #Travel
#Yangon_Media_Group