#Local_News
Published-23 February 2023

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက် (ယနေ့)တွင် EPSစနစ်ဖြင့် မြန်မာလုပ်သား ၃၉ ဦးထပ်မံ စေလွှတ်ခဲ့သောကြောင့် ယခုလအတွင်း မြန်မာလုပ်သား ၃၆၀ ကျော်စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။

 

အဆိုပါ ၃၉ ဦးမှာ Re-entry ကုန်ထုတ်လုပ်သား ၂၃ဦး၊ Re-entry စိုက်ပျိုး၊မွေးမြူရေးလုပ်သား ၁၆ဦး ဖြစ်ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က မြန်မာလုပ်သား ၁၂၆ဦး၊ ဖေဖော်ဝါရီလ ၁၄ရက် က မြန်မာလုပ်သား ၁၄၉ ဦး၊ ဖေဖော်ဝါရီလ ၉ရက်က မြန်မာလုပ်သား ၅၁ ဦး တို့ကို ပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ပြီးဖြစ်ရာ ယင်းတို့အား ကုန်ထုတ်လုပ်သား၊ CBT ကုန်ထုတ်လုပ်သား၊ စိုက်ပျိုး၊မွေးမြူရေးလုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ Re-entry ကုန်ထုတ်လုပ်သား၊ Re-entry စိုက်ပျိုး၊မွေးမြူရေးလုပ်သား အဖြစ် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာလုပ်သားများ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည့် အခါ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #မြန်မာလုပ်သား #EPS
#YMG #Yangon_Media_Group