#Local_News
Published_ 23 February 2023

 

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် နစကဆန့်ကျင်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ပခန်းငယ်)၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးနေစဉ် အဆိုပါ အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက် အန္တရာယ်ထိခိုက်စေရန်နှင့် ပညာသင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သော အဆိုပါအဖွဲ့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#ymg/mt #Local_News #ရေစကြို #လက်နက်ငယ်များဖြင့်ပစ်ခတ်
#YMG #Yangon_Media_Group