#Local_News
Published_ 23 February 2023

 

နစက ဆန့်ကျင်သူများက လူ ၅ ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားမှု ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းတွင် လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သိရသည်။

 

"မနေ့ညက ဖြစ်ခဲ့တာ၊ ဟုတ်တယ်။ အွန်လိုင်းရှော့ပင်းလုပ်တဲ့ မိသားစုက အပစ်ခံရတာ။ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်က ပစ်သွားတာပါ၊ အခုတော့ သက်ဆိုင်ရာက ပစ်ခတ်သူတွေကို ဖမ်းမိဖို့လုပ်နေကြတယ်"ဟု အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

 

ပစ်ခတ်ခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှဖြစ်ပြီး သုံးနှစ်သား ကလေးငယ်တစ်ဦး၊ ၈၅ နှစ်ရွယ် အမျိုးသားတစ်ဦးတို့ အပါအဝင် မိသားစု ၅ ဦး ဖြစ်ကြောင်း သိရသည်။

 

#ymg/mt #Local_News #လှည်းကူးမြို့#သေနတ်ဖြင့်ပစ်ခတ် #လူ၅ဦး
#YMG #Yangon_Media_Group