#Local_News
Published_ 22 February 2023

 

ဆန်ဈေးကြီးမြှင့်တက်မှု အခြေအနေကြောင့် အခြေခံအလုပ်သမား၊ဝန်ထမ်းမိသားစုများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် ဧည့်မထဆန် (10Kg) (၅)ပြည်ခန့်တစ်အိတ်ကို ကျပ်တစ်သောင်းဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဝင်ငွေနည်းပါးသော အခြေခံဝန်ထမ်း မိသားစုများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးမည့် အစီအစဉ်ဖြစ်ပြီး 10Kg ရှိ ဆန်အိတ်ရေ စုစုပေါင်း (၂၁၆၆၀၀)ခန့်ကို ရောင်းချပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်၊၊

 

ငွေပေးသွင်းဝယ်ယူနိုင်ရန်လည်းကောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာစက်ရုံများသို့ မှာယူသည့် အရေအတွက်အပေါ်မူတည်၍ အရောက်ပို့ပေးခြင်း၊ သို့မဟုတ်သတ်မှတ်နေရာ၌လာရောက်ထုတ်ယူခြင်းများစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ဖုန်း 09400067270 ၊viber 09400067260 သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊

 

#ymg/tthl #Local_News #Rice #အလုပ်သမား
#YMG #Yangon_Media_Group