#World_Health
Published 2 June 2023
မိသားစုတစ်စုထံမှ သားဖြစ်သူဟာ အလွန်တက်ကြွပြီး အားကစားလိုက်စားသူဖြစ်ပေမယ့် သွေးကင်ဆာရောဂါကို ရှာဖွေတွေ့ရှိပြီး ၂၄ နာရီအကြာပဲ သေဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် ကင်ဆာဟာ ဒီလိုအချိန်တိုအတွင်းမှာပဲ သေဆုံးစေနိုင်သလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
အသက် ၁၆ နှစ်ရှိ 'ကိုင်လ်လင်ပါ'ဟာ ဧပြီအစောပိုင်းက ဘတ်စ်ကတ်ဘောကစားပြီးနောက် နောက်ကျောမှာ နာကျင်မှုစတင်ခံစားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ မတ်တပ်မရပ်နိုင်တော့တဲ့အထိ နာမကျန်းဖြစ်လာပါတယ်။
အစပိုင်းမှာ လက္ခဏာမပြပေမယ့် ကင်ဆာကို နောက်ဆုံးတွေ့ရှိချိန်မှာ သူ့ရဲ့အင်္ဂါတွေ စတင်ပျက်စီးနေပြီဖြစ်ပြီး ရောဂါတွေ့ရှိပြီး နာရီပိုင်းအတွင်း ဧပြီ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
သွေးကင်ဆာက လျင်မြန်စွာပျံ့နှံ့ပြီး နောက်ပိုင်းအဆင့်ရောက်မှ လက္ခဏာတွေ့ရှိတာကြောင့် ရောဂါတွေ့ရှိပြီး ၂၄ နာရီအတွင်းမှာပဲ သွေးကင်ဆာလူနာတွေ သေဆုံးနိုင်ကြောင်း အမေရိကန်ကင်ဆာအဖွဲ့အစည်းမှ ဒေါက်တာ'အာရစ်ဖ်ကာမယ်'က ပြောကြားခဲ့ပါတယ်။
ဒီကင်ဆာမျိုးက သွေးဖြူဥတွေက ခန္ဓာကိုယ်တွင်းမှာ ထိန်းမနိုင်သိမ်းမရကြီးထွားလာကာ သွေးကြောတွေနဲ့ အရေးကြီးအင်္ဂါများဆီ ပျံ့နှံ့သွားပါတယ်။
ဒီလိုလူနာအနေနဲ့ ပင်ပန်းလွယ်ပြီး အလွန်အမင်းအိပ်စက်တတ်ကာ ကိုယ်အလေးချိန်ကျဆင်းသွားတတ်ပါတယ်။
အားကစားသမားတွေကတော့ နာကျင်ကိုက်ခဲမှုတွေကို အမှုမဲ့အမှတ်မဲ့ဖြစ်တတ်တာကြောင့် အစောပိုင်းလက္ခဏာတွေ မသိရှိခဲ့တာဖြစ်နိုင်ပါတယ်။
ပုံမှန်သွေးဖြူဥအရေအတွက်က သွေးတစ်မိုက်ခရိုလီတာမှာ ၄,၅၀၀ နဲ့ ၁၁,၀၀၀ အတွင်းရှိပါတယ်။
သွေးကင်ဆာလူနာတွေမှာတော့ တစ်ပတ်အတွင်းမှာပင် သွေးဖြူဥ ၂ သိန်းလောက်အထိ မြင့်တက်လာနိုင်ပါတယ်။
ရောဂါရှာဖွေတွေ့ရှိပြီး မကြာခင်အတွင်း သေဆုံးနိုင်သလားကို မေးမြန်းရာမှာ နောက်ကျမှသိရှိခြင်းနဲ့ ကုသမှုနောက်ကျခြင်းတို့ကြောင့်ဖြစ်ပါတယ်။
သွေးဖြူဥတွေက အာရုံကြောများ အဆစ်များနားမှာ စုပြုံလာသလို အရွယ်အစားလည်းကြီးမားလာပါတယ်။
ကိုင်လ်လင်ပါကတော့ သူ့ရဲ့အတွင်းအင်္ဂါတွေပျက်စီးပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
Source: The Jerusalem Post
#YMG #Yangon_Media_Group
#Local_News
Published_ 1 June 2023
ဆန်ကြမ်းတစ်ပြည်ကို ၃ထောင်ကျော်နေပြီး တစ်အိတ်ကို တစ်သိန်းနီးပါးဈေးမြင့်နေတယ်လို့ စားသုံးသူပြည်သူတွေက YMG ကိုပြောပါတယ်။
#Local_News ##ဆန်ကြမ်းတစ်အိတ် #တစ်သိန်းနီးပါးမြင့်တက်နေ
#YMG #Yangon_Media_Group
#World_Miss
Published_ 1 Jun 2023
'ဆိုဖီယာဆော်လိုမွန်'က သူမအတွက် သမိုင်းဝင်ဖြစ်လာမယ့်ပွဲအတွက် ရေကူးဝတ်စုံ၊ ညနေခင်းဝတ်စုံတိုဖြင့် ဓာတ်ပုံရိုက်ကူးရန် အာရုံစူးစိုက်ကာ ပြင်ဆင်နေပါတယ်။
#World_Miss #ပထမဆုံးလိင်အင်္ဂါပြောင်းဗင်နီဇွဲလားအလှမယ် #ဆိုဖီယာဆော်လိုမွန်
#YMG #Yangon_Media_Group
#Local_News
Published_ 1 Jun 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းဈေးနူန်းများအရ တစ်အောင်စကို ၁၉၅၇ဒေါ်လာ ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ် ပြန်လည်မြင်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 1 Jun 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၈၃၂၂ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉) လူနာသစ် ၇၁ ဦး ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ဝဒဿမ၈၅ရာခိုင်နူန်း
#YMG #Yangon_Media_Group
#Local_News
Published_ 1 june 2023
ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်းတွေအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေ့တိုင်း ကျန်းမာရေးဌာနကို အကြောင်းကြားမှ ရောဂါကွင်းဆက် ဖြတ်နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #သွေးလွန်တုပ်ကွေးရောဂါ #တိုက်ဖျက်ရေးဗျူဟာသစ်
#YMG #Yangon_Media_Group
#Daily_News
Published_ 1 Jun 2023
၁။ သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးဗျူဟာသစ်များ ဆောင်ရွက်နေ
၂။ ကိုဗစ်လူနာသစ် (၇၁) ဦး ထပ်တွေ့ရှိပြီး ရာခိုင်နူန်းဖြင့် ၀ ဒဿမ ၈၅ ရာခိုင်နူန်းရှိ
၃။ ကမ္ဘာ့ရွှေဈေး ကျဆင်းနေပြီး ပြင်ပရွှေပေါက်ဈေးသိန်း၃၀ အထက်မှာ ပဲရှိ
၄။ ပထမဆုံးလိင်အင်္ဂါပြောင်းဗင်နီဇွဲလားအလှမယ်ဖြစ်လာရန် ဆိုဖီယာဆော်လိုမွန်မျှော်လင့်နေ0 .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 june 2023
မြန်မာနိုင်ငံမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်လူခြောက်သောင်းကျော်သေဆုံးနေရသလို စီးပွားရေးအရလည်း နှစ်စဉ်မြန်မာကျပ်ငွေ(၂.၆)ထရီလီယံဆုံးရှုံးမှုရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ဆေးရွက်ကြီး #အခြားသီးနှံများ စိုက်ပျိုးနိုင်အောင်တွန်းအားပေး
#YMG #Yangon_Media_Group
#local_news
Published_ 1 June 2023
၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို လေ့လာ သည့် သုတေသနအရ မြန်မာနိုင်ငံတွင်ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုးနေရပြီး စီးပွားရေးအရနှစ်စဉ်ဆုံးရှုးမှု တန်ဖိုးသည် မြန်မာ ကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံနှင့် ညီမျှနေကြောင်း သိရပါတယ်။
၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို မေ ၃၁ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးက နှစ်စဉ်မေလ ၃၁ ရက်နေ့သည် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ ဖြစ်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါနှင့်လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်ရောဂါ စသည့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည့် အပြင် ရှောင်လွှဲ၍ရနိုင်သော အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုကျဆင်းရေးကို ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများကို ၁၉၈၉ ခုနှစ်မှစတင်၍ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာ ဖြင့် “We need food, not tobacco” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီးတို့မလို၊ စားရေရိက္ခာကိုသာလို”ဟု ပြန်ဆိုထားပါတယ်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းထုတ် လုပ်သူများသည် ဖွံဖြိုးပြီးနိုင်ငံများ တွင် ဈေးကွက်ရှာဖွေရန်ခက်ခဲလာသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ်ထား ဈေးကွက်ချဲ့ထွင်လာတာတွေ့ရပါတယ်။
ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်သူ ဦးရေကျဆင်းလာသော်လည်း ဖွံဖြိုးဆဲဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်း ကဲ့သို သောဆေးရွက်ကြီးသုံးစွဲမှု အဆမတန်များပြားလာပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကွမ်းစားသူ၊ ဆေးရွက်ကြီးငုံသူ ၉၀ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ygm_mnn
#local_news #ဆေးလိပ်နှင့်ဆေးရွက်ကြီး #အသက်ဆုံးရှုံးနေ #မြန်မာနိုင်ငံ
#YMG #Yangon_Media_Group
#World_Politics
Published 1 June 2023
တရုတ်ခေါင်းဆောင်'ရှီကျင့်ဖင်'က အဆိုးဆုံးအခြေအနေများနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေးထိပ်တန်းအရာရှိများကို သတိပေးလိုက်ကာ ပြည်တွင်းနဲ့ပြည်ပခြိမ်းခြောက်မှုများကို တုန့်ပြန်မယ့် ကွန်မြူနစ်ပါတီရဲ့အားထုတ်မှုမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲကြီးတွေအတွက် ကြိုတင်ပြင်ဆင်ထားရန် တောင်းဆိုလိုက်ပါတယ်။
ယခုရင်ဆိုင်နေရတဲ့ နိုင်ငံတော်လုံခြုံရေးပြဿနာများရဲ့ ရှုပ်ထွေးခက်ခဲမှုက သိသိသာသာ တိုးများလာကြောင်း ပါတီရဲ့ နိုင်ငံတော်လုံခြုံရေးကော်မရှင်အစည်းအဝေးမှာ ရှီကျင့်ဖင်က ပြောကြားခဲ့ကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
"အောက်ဆုံးထစ်အခြေအနေနဲ့ အဆိုးဆုံးဖြစ်ရပ်များအတွက် စဉ်းစားထားရမှာဖြစ်ပြီး လှိုင်းလေပြင်းကြမ်းများ၊ ကြမ်းတမ်းတဲ့ပင်လယ်ရိုက်ခတ်မှုများကို စမ်းသပ်ကျော်ဖြတ်ဖို့ အသင့်ပြင်ထားရမှာဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အခုအချိန်မှာတရုတ်က စီးပွားရေးရုန်းကန်နေရပြီး နိုင်ငံတကာအသိုင်းအဝိုင်းကနေ ရန်ဆောင်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ရှုပ်ထွေးဆိုးရွားတဲ့ အခြေအနေကိုရင်ဆိုင်နေချိန်မှာ တရုတ်အနေနဲ့ နိုင်ငံတော်လုံခြုံရေးစနစ်နဲ့ လက်တွေ့တိုက်ခိုက်စွမ်းရည်များကို ခေတ်မီဆန်းသစ်အောင် အရှိန်မြှင့်လုပ်ဆောင်ရမယ်လို့ ရှီကျင့်ဖင်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်လုံခြုံရေးအန္တရာယ်စောင့်ကြည့်ရေးနဲ့ ကြိုတင်သတိပေးစနစ်တည်ဆောက်ရေးတို့မှာ တွန်းအားပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအုပ်ချုပ်မှုကဏ္ဍတိုင်းနီးပါးမှာ ထည့်သွင်းထားတဲ့ နိုင်ငံတော်လုံခြုံရေးကို ရှီကျင့်ဖင်က အဓိကပြဿနာအဖြစ် သတ်မှတ်ထားပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ ဂေဟစနစ်၊ ဆိုက်ဘာစပေ့အထိ အားလုံးနဲ့သက်ဆိုင်နေတဲ့ နိုင်ငံတော်လုံခြုံရေးအယူအဆကို ပြောပြခဲ့ပါတယ်။
တရုတ်အနေနဲ့ ပွင့်လင်းမြင်သာတဲ့ လုံခြုံရေးထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံခြုံရေးဆိုင်ရာပေါင်းစည်းမှုကို မြှင့်တင်ရန်အတွက် ဘေးကင်းစိတ်ချရသော ပတ်ဝန်းကျင်ပုံဖော်ရမယ်လို့ အင်္ဂါနေ့အစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ကွန်ရက်အချက်အလက်နဲ့ ဉာဏ်ရည်တုလုံခြုံရေးအုပ်ချုပ်မှုအဆင့်ကို မြှင့်တင်ရန်လိုအပ်ကြောင်း ဆိုလိုက်ပါတယ်။
ရှီကျင့်ဖင်လက်ထက်မှာ တရုတ်အနေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများ အမြစ်ပြတ်လုနီးပါးဖြစ်နေကာ တက်ကြွလှုပ်ရှားသူများနဲ့ အစိုးရဆန့်ကျင်သူများ ထွက်ပြေးပျောက်ကွယ်ကုန်ကြပါတယ်။
Source: WION
#World_Politics #အဆိုးဆုံးအခြေအနေများ #တရုတ်ထိပ်သီးအရာရှိများ #ရှီကျင့်ဖင်သတိပေး
#YMG #Yangon_Media_Group
#Local_News
Published-1 June 1
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့လေးတောင်မြို့တွင် မေလ၃၁ရက်က မွန်းလွဲပိုင်းက ဖုန်းဖြင့်ဂိမ်းဆော့နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူ ရှစ်တန်း (Grade 8) ကျောင်းသားတစ်ဦးနှင့် စနစ်သစ် ၁၁တန်း (Grade 11) ကျောင်းသားတစ်ဦးကို ဇွန်လ၁ရက်(ယနေ့)သဂြိုလ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
သေဆုံးသွားသူများမှာ လေးတောင်မြို့အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်နေ ဦးမောင်မဲ၏သားဖြစ်သူ ရှစ်တန်း ကျောင်းသား မောင်လင်းလင်းထွန်း နှင့် ဦးကြံရွှေမောင်၏သားဖြစ်သူ ၁၁တန်း ကျောင်းသား မောင်မြင့်မြတ်မောင်တို့ ဖြစ်ကြောင်းသိရပြီး၎င်းတို့နှစ်ဦးမှာ မေလ၃၁ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်က နဂါးရပ်ရပ်ကွက်ရှိ ဦးမောင်မဲ၏နေအိမ်တွင် ဖုန်းအားသွင်းလျက် ဂိမ်းဆော့နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၂ဦးကို ဇွန်လ၁ ရက်(ယနေ့) သဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။
လေးတောင်မြို့တွင် မတ်လ၃၀ရက် မွန်းလွဲပိုင်းကရုတ်တရက် မိုးရွာသွန်းပြီး လေပြင်းလည်း တိုက်ခတ်နေရာ လျှပ်စီးများလည်း အဆက် မပြတ်လက်နေခဲ့ကြောင်း ဒေသခံများထံကသိရသည်။
မေလ ၃၀ ရက် ညနေ လေးနာရီခွဲခန့်ကလည်း ကျောက်ဖြူမြို့နယ်တွင် စက်လှေတစ်စီး မိုးကြိုးပစ်ခံရ၍ မင်းချောင်းကျေးရွာမှ ဦးထွန်းဝင်းချေ (၄၄ နှစ်) မှာသေဆုံးခဲ့ပြီး တရွာတည်းနေသူ ကိုမောင်မောင်တင် ဆိုသူသည်လည်း မိုးကြိုးပစ်ခံရ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#World_Science
Published_ 1 June 2023
နော်ဝေအနီး ဘဲရန့်စ်ပင်လယ်ရှိ ယော်နိုယာကျွန်းမှာ မီသိန်းနဲ့ ရွှံ့များအဆက်မပြတ်ထုတ်လွှတ်နေတဲ့ ရေအောက်မီးတောင်တစ်ခုကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နောက်ဆုံးရေခဲခေတ်အဆုံး ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် ပေါ်ပေါက်လာဟန်ရှိခဲ့တဲ့ ဧရာမပေါက်ကွဲထိပ်ဝအတွင်းမှာ မီးတောင်တည်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘိုရီယယ်လစ်မက်ဒ်မီးတောင်လို့ အမည်ပေးထားကာ နော်ဝေရေပြင်မှာ ရှာဖွေတွေ့ရှိဖူးတဲ့ ဒုတိယမြောက်မီးတောင်ဖြစ်ပါတယ်။
ပင်လယ်ကြမ်းပြင်မှ မီသိန်းလိုဓာတ်ငွေ့တွေ အရည်တွေအဆက်မပြတ် ထုတ်လွှတ်ပြီးနောက် ရေအောက်ဘူမိအစိုင်အခဲကြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ပင်လယ်ကြမ်းပြင် ရှာဖွေခြင်းနဲ့ မီသိန်းအသစ်တွေ့ရှိခြင်းတို့က ကွယ်ပျောက်နေတဲ့ရတနာတွေ ရှာဖွေတွေ့ရှိသလိုပါပဲလို့ နော်ဝေအာတိတ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'စတီဖန်ဘန့်ဇ်'က ပြောကြားလိုက်ပါတယ်။
အသစ်တွေ့ရှိထားတဲ့ မီးတောင်ဟာ ၈ ပေမြင့်ပြီး အချင်း ၂၃ ပေကျယ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈,၀၀၀ ခန့်က မီသိန်းပေါက်ကွဲပြီးနောက် ၃၀၀ မီတာအကျယ်ရှိပြီး ၂၅ မီတာနက်တဲ့ ပေါက်ကွဲထိပ်ဝကြီးအတွင်းမှာ မီးတောင်ရှိနေတာဖြစ်ပါတယ်။
ဒီမီးတောင်ကို မေလ ၇ ရက်နေ့မှာ သုတေသီတွေက အဝေးမှထိန်းချုပ်တဲ့ရိုဗာယာဉ်ဖြင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပင်လယ်ကြမ်းပြင်မှာရှိတဲ့ ရွှံ့မီးတောင်အရေအတွက်က တစ်ကမ္ဘာလုံးအနေနဲ့ ထောင်ချီပြီးရှိနိုင်တယ်လို့ သုတေသီတွေခန့်မှန်းထားပါတယ်။
ဒါပေမဲ့ တွေ့ရှိရန်အလွန်ခက်ခဲပြီး အစောပိုင်းက နော်ဝေရေပြင်မှာ ဟာကွန်မော့စ်ဘီရွှံ့မီးတောင်ကို တွေ့ရှိခဲ့ကြပါတယ်။
ရေအောက်ရွှံ့မီးတောင်များလေ့လာခြင်းဖြင့် လူသားတွေအနေနဲ့ ယခင်ကမ္ဘာမြေပေါ်က ပတ်ဝန်းကျင်နဲ့ အခြေအနေများကို အကဲဖြတ်နိုင်စေမှာဖြစ်ပြီး အခြားဂြိုဟ်တွေရဲ့အခြေအနေတွေကို သုတေသီများစူးစမ်းလေ့လာနိုင်ရန်လည်း အကူအညီဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများယုံကြည်ထားပါတယ်။
Source: WION
#World_Science #နော်ဝေရေပြင် #မီသိန်းထုတ်လွှတ် #ရေအောက်မီးတောင်
#YMG #Yangon_Media_Group
Page 1262 of 2055