#Local_News
Published_ 30 May 2023
သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ရည်ရွယ်၍ MSME လုပ်ငန်းများကိုအားပေးခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂၉ ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင် များနှင့် ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်ခြင်းမှာ ကုန်ထုတ်လုပ်မှုများ တိုးတက်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတွင်း၌ ထုတ်ကုန်များ ပြည့်မီစေရန် လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ယင်းအပြင် ပအိုဝ်းဒေသသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် ဒေသသို့ လာရောက် လည်ပတ်သူများ များပြားလာစေရေး ၊ပအိုဝ်းဒေသ၌ တစ်ဧကချင်းအထွက်နှုန်းများတိုးတက်ရေး ဆောင် ရွက်ရာတွင် အထွက်နှုန်းကောင်းမွန်သည့်မျိုးများ အသုံးပြုခြင်း၊ မြေကို ကောင်းမွန် အောင်ပြုပြင်ခြင်းနှင့် မြေဩဇာများသုံးစွဲခြင်း၊ အောင်ရေများ ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ခြင်းနှင့် နည်းစနစ်တကျစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပအိုဝ်းဒေသအတွင်း၌ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေး ထွက်ကုန်များ ထွက်ရှိပြီးဖြစ်၍ ဒေသတွင်း မွေးမြူရေးအစားအစာ များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပြီး မွေးမြူရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ရေးအတွက်လည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။
နစက ဥက္ကဌက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ် ကောင်းများလိုအပ်သော်လည်း ပညာသင်နှစ်အလိုက် ပညာသင်ကြားသည့် ကျောင်းသား ဦးရေများ နည်းပါးလာသည်ကိုတွေ့ရကြောင်း၊ယခုအခါ ခရိုင် ၅၀ ရှိအထက်တန်းကျောင်း ၅၁ ကျောင်းတွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းများကို သင်ကြားနိုင်ရေး ဖွင့်လှစ်လျှက်ရှိပြီး ယင်းမှတစ်ဆင့် ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ ပညာရပ်များ အလိုက်အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #သွင်းကုန်အစားထိုးနိုင်ရေး #ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့နိုင်ရေး #နစကဥက္ကဌ
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
မြန်မာနိုင်ငံရှိ ရထားလမ်းများအားလုံး ကီလိုမီတာ ၁၀၀ အမြန်နှုန်း အထိမောင်းနှင်နိုင်ရန်မူလရည်မှန်းချက်အဖြစ်ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင် တွင်အဆိုပါအမြန်နှုန်းထက်ပိုမိုပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်အတွက် အင်ဂျင်နီယာ ရှုထောင့်မှ သုံးသပ်ဆောင်ရွက်ကြရန် နစက ဥက္ကဌက ပြောသည်။
မေလ ၂၉ ရက်က ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရထားအသုံးပြု၍ပြေးဆွဲခြင်းသည် Public Transportation ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို သက်သာစေပြီး အများပြည်သူ သွားလာမှု၊ ကုန်ပစ္စည်းများတင်ပို့မှုအတွက် များစွာအထောက်အကူပြုသဖြင့် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ် ကြောင်း၊လူအများသွားလာခြင်းအတွက်ဖြစ်သကဲ့သို့ ကုန်ပစ္စည်းများတင်ပို့မှုအတွက်လည်း အသုံးပြုသောကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အားကောင်းမွန်အောင် စနစ်တကျတည် ဆောက်ရန်၊ရထားလမ်းတစ်လျှောက်ရှိတံတားများကိုခံနိုင်ရည်ရှိစေရေးတည်ဆောက်ရန် ထည့်သွင်း ပြောကြားခဲ့သည်။
သာစည်-ရွှေညောင်လမ်းပိုင်း တွင် ယခင်ကရထား များပြေးဆွဲသည့်အမြန်နှုန်းမှာ သတ်မှတ်ထားသည်ထက် နှေးကွေး သည်ဟု သိရှိရသောကြောင့်ရထားများကို တောင်ပေါ်တွင်မောင်းနှင်သည့် ပုံမှန် အမြန်နှုန်းများအတိုင်း မောင်းနှင်ပြေးဆွဲနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေး ဘရိတ် စနစ်များကို ပြင်ဆင်ဆောင်ရွက်ရန်၊ရထားလမ်းများကို ထပ်မံ အဆင့်မြှင့် တင်မှုများပြုလုပ်နိုင်ရေး ရထားလမ်းနယ်များကို ကြိုတင်သတ်မှတ်ဆောင် ရွက်၍ လမ်းနယ်အမှတ်အသားများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင်ရထား လမ်းတစ်လျှောက် ဘေးဘယ်ညာရှိ နိုင်ငံပိုင်မြေများတွင် သစ်တောများ စိုက်ပျိုးနိုင်ရန်လို သဖြင့် သစ်တောဥပဒေများရေးဆွဲပြီး စနစ်တကျဖြင့်ဆောင်ရွက်ရန်၊ မြန်မာ့မီးရထားသည် အရှေ့တောင် အာရှတွင် ပထမဆုံး ဖောက်လုပ်ပြေးဆွဲခဲ့သည့် မီးရထားလမ်းဖြစ်၍ခေတ်နှင့်လျော်ညီသည့် အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်၊ရထားများယခုထက် အမြန် နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေးနှင့် လူစီးရထားများကို RBE တွဲများဖြင့်ပြေးဆွဲနိုင်ရေး၊ရထားလမ်းများအား မြန်နှုန်းမြှင့်၍ ပြေးဆွဲနိုင်ရန်နှင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
အလားတူ လျှပ်စစ်ရထား ပြေးဆွဲရေးအတွက် ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ခြင်း၊လျှပ်စစ်ရထားစက်ခေါင်းတွဲများကိုလည်းစမ်းသပ်ဆောက်လုပ်နေခြင်းတို့ကိုလည်း ပြုလုပ်နေကြောင်း ၊ ရထား စက်ခေါင်းများနှင့် ရထားတွဲများကို ပြည်တွင်းမှ ထုတ်လုပ်ရရှိသည့် စက်ပစ္စည်းများကို ပေါင်းစပ်၍ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်၊ မီးရထားလမ်းများအဆင့်မြှင့်တင်ရေး အတွက် မီးရထားအင်ဂျင်နီယာ များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းရန်တို့ကိုလည်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #မြန်မာနိုင်ငံ #ရထားလမ်းများ #ကီလိုမီတာ၁၀၀အမြန်နှုန်း
#YMG #Yangon_Media_Group




#World_News
Published_ 30 May 2023
မြောက်ကိုရီးယားအနေနဲ့ ဇွန်လအတွင်း ထောက်လှမ်းရေးစပိုင်ဂြိုဟ်တုတစ်လုံး လွှတ်တင်သွားမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ရန် ကင်းထောက်ဂြိုဟ်တုလိုအပ်ကြောင်း မြောက်ကိုရီးယားကပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မေလ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြုံယမ်းက ဂြိုဟ်တုလွှတ်တင်လာနိုင်ချေရှိကြောင်း ဂျပန်ဘက်က ပြောကြားလာသလို တကယ်တမ်းကတော့ မြောက်ကိုရီးယားက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖီဆန်တဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုမျိုး စီစဉ်နေတာဖြစ်နိုင်တယ်လို့ ဂျပန်က သတိပေးလိုက်ပါတယ်။
စစ်ရေးကင်းထောက်ဂြိုဟ်တုနံပါတ် ၁ ကို ဇွန်လမှာ လွှတ်တင်သွားမယ်လို့ အာဏာရပါတီဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ'ရီပြုံချောလ်'ရဲ့ပြောကြားချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် ဗဟိုသတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့ပါတယ်။
အသစ်စမ်းသပ်မယ့် ထောက်လှမ်းရေးဂြိုဟ်တုက အမေရိကန်နဲ့ လက်အောက်ခံတပ်များရဲ့ အန္တရာယ်ပြုစစ်ဘက်ဆိုင်ရာလုပ်ရပ်များကို ခြေရာခံစောင့်ကြည့်ရန်နဲ့ အချိန်နဲ့တပြေးညီ သိရှိစေရန်အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဆင်မခြင်မှုများကို ရည်ရွယ်ကာ မြောက်ကိုရီးယားအနေနဲ့ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေးလက်နက်အမျိုးမျိုး မြှင့်တင်ရန်၊ အချက်အလက်များ ပိုမိုသိရှိရန်၊ စစ်ရေးပြင်ဆင်မှုများမြှင့်တင်ရန် လိုအပ်နေတယ်လို့ခံစားရကြောင်း ရီပြုံချောလ်က ဆိုလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ အနီးတဝိုက်မှာ အမေရိကန်တို့ ရန်ဆောင်တဲ့လေကြောင်းလျှို့ဝှက်လှုပ်ရှားမှုများ လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
ဂြိုဟ်တုတစ်ခုအနေနဲ့ ဖော်ပြထားပေမယ့် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်တာနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားသတိပေးချက်တွေကို စုဆောင်းဖို့ တာဝန်ရှိသူတွေကို မှာကြားထားတယ်လို့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က ပြောပြထားပါတယ်။
"ဂြိုဟ်တုလို့ဖော်ပြထားပေမယ့် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုပြီး လွှတ်တင်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာကျတယ်" လို့ ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်တယ်ဆိုပြီး ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်တဲ့နမူနာတွေရှိပါတယ်။
၂၀၁၂ နဲ့ ၂၀၁၆ တို့မှာ မြောက်ကိုရီးယားကပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ဂျပန်တောင်ပိုင်းအိုကီနာဝါဒေသကို ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။
ယခုလအတွင်း လွှတ်တင်ရန်ပြင်ဆင်နေချိန်မှာ နိုင်ငံရဲ့ပထမဆုံးစစ်ရေးသူလျှိုဂြိုဟ်တုကို မြောက်ကိုရီးယားခေါင်းဆောင်'ကင်မ်ဂျုံအန်'က စစ်ဆေးခဲ့ပြီး အနာဂတ်လုပ်ဆောင်ချက် အစီအစဉ်များအတွက် ခွင့်ပြုပေးလိုက်ပါတယ်။
Source: WION
#World_News #မြောက်ကိုရီးယား #စပိုင်ဂြိုဟ်တုလွှတ်တင်မည်
#YMG #Yangon_Media_Group
#World_Science
Published 30 May 2023
မာဆာချူဆက်နည်းပညာတက္ကသိုလ်နဲ့ မက်မာစတာတက္ကသိုလ်တို့မှ သုတေသီတို့က AI ဉာဏ်ရည်တုနည်းပညာကိုအသုံးပြုကာ ဆေးယဉ်ပါးရောဂါပိုးကူးစက်မှုဖြစ်စေတဲ့ ဘက်တီးရီးယားကို တိုက်ဖျက်နိုင်မယ့် ပဋိဇီဝဆေးအသစ်ကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။
အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ အခြားရောဂါကူးစက်မှုများဖြစ်စေပြီး ဆေးရုံတွေမှာတွေ့ရတတ်တဲ့ Acinetobacter baumannii ဘက်တီးရီးယားကို အဆိုပါဆေးက ကူညီတိုက်ဖျက်နိုင်ဖွယ်ရှိပါတယ်။
ထိုဘက်တီးရီးယားကပဲ ဒဏ်ရာရတပ်သားများမှာ ရောဂါပိုးကူးစက်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်နေပါတယ်။
A. baumannii ဘက်တီးရီးယားကြီးထွားမှုကို ဟန့်တားနိုင်ခြင်းရှိမရှိ အကဲဖြတ်ပေးဖို့ ဖန်တီးလေ့ကျင့်ပေးထားတဲ့ AI ကိုအသုံးပြုပြီး ဆေးဒြပ်ပေါင်း ၇ ထောင်ခန့်ထဲမှ ဆေးအသစ်တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။
Acinetobacter က အတွေ့များတဲ့ဘက်တီးရီးယားဖြစ်ပြီး ဆေးရုံတံခါးလက်ကိုင်တွေ၊ ပစ္စည်းကိရိယာတွေမှာ အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်ကာ ပတ်ဝန်းကျင်မှ ပဋိဇီဝယဉ်ပါးမျိုးရိုးဗီဇတွေ ရရှိလာပါတယ်။
AI နည်းပညာဖြင့်လေ့ကျင့်သင်ယူတဲ့နည်းလမ်းဟာ ဓာတုနေရာလွတ်များကို အလျင်အမြန်ရှာဖွေနိုင်ကာ ဘက်တီးရီးယားဆန့်ကျင်မော်လီကျူးအသစ်တွေကို ရှာတွေ့နိုင်ချေများပါတယ်။
ဆေးမျိုးစုံယဉ်ပါးနေတဲ့ လူတွေရဲ့နံပါတ် ၁ ရန်သူ Acinetobacter ကို အဓိကအာရုံစိုက်နေကြပါတယ်။
သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ A. baumannii ကိုမွေးမြူကာ မတူညီတဲ့ ဓာတုဒြပ်ပေါင်း ၇,၅၀၀ နဲ့ထိတွေ့စေပြီး ဘယ်ဟာက ဘက်တီးရီးယားဖွံ့ဖြိုးမှုကို တားဆီးနိုင်လဲဆိုတာကို လေ့လာခဲ့ပြီး မော်လီကျူးတစ်ခုစီရဲ့တည်ဆောက်ပုံကို AI မှာထည့်သွင်းခဲ့ပါတယ်။
ကြွက်တွေမှာစမ်းသပ်ရာမှာ abaucin လို့အမည်ပေးထားတဲ့ဆေးက A. baumannii ကြောင့်ဖြစ်တဲ့ကူးစက်ဒဏ်ရာတွေကို ကုသပေးပြီး အခြားဆေးယဉ်ပါးကူးစက်မှုများမှာလည်း အလုပ်ဖြစ်ပါတယ်။
Source: India Today
#World_Science #ဆေးယဉ်ပါးရောဂါပိုး #ရှားပါးပဋိဇီဝဆေး #AIနည်းပညာ
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၃၁)ဦးကို မေလ၃၀ရက်(ယနေ့) စေ လွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သည့်မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉)ဦး ပါဝင်ကြောင်း သိရသည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
မေလ၁၆ရက်ကလည်း EPSစနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၃၅ဦး၊ စိုက်ပျိုး/မေွးမြူရေးလုပ်သားသစ်၁၅ဦး၊ စုစုပေါင်း(၁၅၀)ဦးကို စေလွှတ်ခဲ့ကြောင်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group

#World_Health
Published_ 30 May 2023
နှစ်ပေါင်းများစွာသုတေသနပြုချက်များအရ အစိမ်းရောင်ဟင်းသီးဟင်းရွက် များများစားသုံးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေရုံမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
အများကြီးစားစရာမလိုဘဲ နေ့စဉ်အသီးအနှံ ဟင်းသီးဟင်းရွက် အနည်းငယ်ပိုစားသုံးပေးရုံဖြင့် စိတ်ပိုင်းဆိုင်ရာတိုးတက်စေမှာဖြစ်ပါတယ်။
၂၀၂၃ ဗြိတိန်လေ့လာချက်တစ်ခုမှာ အသီးအနှံများများစားပေးခြင်းဖြင့် စိတ်တည်ငြိမ်မှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ခွန်အားရရှိစေခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
၂၀၂၂ ဩစတြေးလျလေ့လာချက်မှာ အမျိုးသမီး ၄ ထောင်ကျော်ကို စမ်းသပ်ခဲ့ရာ နေ့စဉ် ဟင်းသီးဟင်းရွက် ၅ ကြိမ်စားသုံးခြင်းဖြင့် တစ်ကြိမ်ထက်ပိုပြီး မစားတဲ့သူထက်စာရင် ၁၅ နှစ်တာကာလအတွင်း စိတ်ဓာတ်ကျအန္တရာယ်ဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။
အသီးအနှံကို ၄ ကြိမ်စားသုံးသူတွေကတော့ စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်းလျော့နည်းနေပါတယ်။
ဟင်းသီးဟင်းရွက် ၁၀၀ ဂရမ်စားသုံးတိုင်းမှာ စိတ်ကျရောဂါလက္ခဏာဖြစ်နိုင်ချေ ၃ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
ဟင်းသီးဟင်းရွက် ပိုမိုစားသုံးလို့ရရှိတဲ့အကျိုးကျေးဇူးဟာ ကာလကြာရှည်စွာအလုပ်မရှိဘဲဖြစ်နေရာမှ အလုပ်အသစ်ရသွားတဲ့စိတ်ခံစားမှုမျိုးနဲ့ နှိုင်းယှဉ်ဖော်ပြကြပါတယ်။
နေ့စဉ်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို တစ်ကြိမ်ခန့်ပိုပြီးစားသုံးပေးရုံဖြင့် ၈ ရက်အတွင်း ၁၀ မိနစ်ကြာလမ်းလျှောက်ခြင်းကြောင့် ရရှိတဲ့စိတ်ကျန်းမာရေးတိုးတက်မှုနဲ့ တူညီနေကြောင်း ဗြိတိန်မှသုတေသီများ တွေ့ရှိခဲ့ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ပိုမိုစားသုံးခြင်းဖြင့် စိတ်ကျန်းမာရေး၊ စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေကြောင်း အထောက်အထား အများအပြားတွေ့ရှိလာပါတယ်လို့ အမေရိကန် မာဆာချူဆက်အထွေထွေဆေးရုံမှ 'အူမာနိုင်ဒူ'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health #ဟင်းသီးဟင်းရွက်နှင့်အသီးအနှံ #စိတ်ကျန်းမာရေး #
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၄၅ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။
#Local_News #ပြင်ပရွှေဈေးသိန်း၃၀ကျော် #ရန်ကုန်ရွေအသင်း
#YMG #Yangon_Media_Group
#World_Military
Published_ 29 May 2023
အီရန်နိုင်ငံက ခီဘာလို့ခေါ်တဲ့ နောက်ဆုံးပေါ် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကိုကြာသပတေးနေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြသလိုက်ပါတယ်။
#World_Military #နောက်ဆုံးပေါ် ပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည် #အီရန်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် #YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
လတ်တလောကာလ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေမှာ ဥရောပနဲ့ အမေရိကန်တို့က အပ်ထည်အများစုကို လက်ခံချုပ်ပေးနေရတယ်လို့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News ##မြန်မာ့အထည်ချုပ်လုပ်ငန်း #အမေရိကန် #အော်ဒါအပ်ထည်များ
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းမတီအနေနဲ့ မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၄ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၆၀ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် စျေးနူန်းကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီ #အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း #အရင်အပတ်ထက်စျေးကျ
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
ဟိုးအရင်တုန်းက ပုဂ္ဂလိကပညာရေးဥပဒေမရှိသေးတဲ့အတွက် ပုဂ္ဂလိကကျောင်းအချိုဟာ စည်ပင်နဲ့အခြားအစိုးရဌာနတွေမှာမှတ်ပုံတင်ပြီးဖွင့်လှစ်ခဲ့တာတွေရှိခဲ့ဖူးပါတယ်၊၊
#Local_News #ပုဂ္ဂလိကပညာရေးဥပဒေ #ပုဂ္ဂလိကကျောင်းအားလုံး #ပညာရေးဝန်ကြီးဌာန
#YMG #Yangon_Media_Group
#Daily_News
Published_ 29 May 2023
၁။ ပုဂ္ဂလိကပညာရေးဥပဒေ ရှိလာ၍ ပုဂ္ဂလိကကျောင်းအားလုံး ပညာရေးဝန်ကြီးဌာနမှာပဲမှတ်ပုံတင်ဖွင့်လှစ်ရမည်ဟုဆို
၂။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ်၃၉၆၀ သတ်မှတ်အရင်အပတ်ထက် စျေးကျ
၃။ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေမှာ ဥရောပနဲ့ အမေရိကန်က အော်ဒါအပ်ထည်အများစုရရှိ
၄။ နောက်ဆုံးပေါ် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်အား အီရန်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1265 of 2054