#Local_News
Published - 9 September 2022
အခု ဘဏ္ဍာနှစ် ၅ လနီးပါးအတွင်းမှာ ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၆၀ ကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 9 September 2022
၁။ ရေထွက်ကုန် ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိ
၂။ ရန်ကုန်တိုင်းတွင် ကိုဗစ်လူနာများသာမက ထိစပ်ခဲ့သူများ၊ ဆေးရုံဆေးခန်းပြသနေရသူများပါ နေ့စဉ်ပို့ဆောင်ပေးနေရ
၃။ ကားအရောင်းအဝယ် ပုံမှန်အတိုင်းပြန်ဖြစ်နေ
၄။ ဝိုင်အဆင့်သတ်မှတ်ခွဲခြားခြင်းက အကောင်းဆုံးဝိုင်ထွက်ရှိရာ ပြင်သစ်ရွာကို စည်းလုံးမှုပျက်ပြားစေခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-9 Setember 2022
မကြာခင်ဆန်သစ်ပေါ်လာတော့မှာဖြစ်ပြီး တချို့ဆန်သစ်တွေကလည်း ဈေးကွက်ထဲကို စတင်ဝင်ရောက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 9 September 2022
ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို အများပြည်သူများအနေဖြင့် ဗြိတိသျှသံရုံးရန်ကုန်၌ ဝမ်းနည်းမှတ်တမ်းလာရောက်ရေးသားနိုင်ကြောင်း သိရသည်၊၊
ဝမ်းနည်းမှတ်တမ်းစာအုပ်ကို ယနေ့စက်တင်ဘာလ (၉) ရက် ညနေ (၅) နာရီအထိ အမှတ် ၈၀ ၊ ကမ်းနားလမ်း ဗြိတိသျှသံရုံးရန်ကုန်၌ ဖွင့်လှစ်ထားပြီး စက်တင်ဘာ (၁၂) ရက်မှစက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်၊၊
အွန်လိုင်းမှတဆင့် ရေးသားလိုသူများအတွက် ဝမ်းနည်းခြင်း မှတ်တမ်းစာအုပ်ကို https://www.royal.uk/send-message-condolence တွင်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊
ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းရကြောင်းကို ဗြိတိသျှသံရုံးရန်ကုန်မှအကြီးအကဲရူရစ်ခ် မာစ်ဒန်ကလည်း"ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်။ သူမသည် ဘဝတစ်လျှောက်လုံးကို တိုင်းပြည်အတွက် အလုပ်လုပ်ပေးခဲ့သည်သာမက စစ်မှန်တဲ့ ကရုဏာ၊ အကြင်နာတရားနဲ့ ဉာဏ်ပညာအစရှိတဲ့ သမိုင်းဝင်အမွေအနှစ်တွေကိုပါ ချန်ထားခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်အားလုံးအတွက် စိတ်ထဲရင်ထဲမှလာသော ဝမ်းနည်းမှုမျိုးဖြင့် ဝမ်းနည်းမိပါကြောင်း ဗြိတိသျှသံရုံး ရန်ကုန်ကိုယ်စားဖော်ပြအပ်ပါတယ်"ဟု ရေးသားထုတ်ပြန်ခဲ့သည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _9 September 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုထုတ်သည့် စက်၊ငွေစက္ကူအတုနှင့်အတူ အမျိုးသား ၃ ဦးကို စက်တင်ဘာလ ၈ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် မောင်ပိုင်လင်းထွေး(ခ)ကာရံဖြိုး ၊အသက် ၂၇ နှစ်အရွယ် ပိုင်စိုးသူ(ခ)ကမား တို့နှစ်ဦးကို ငွေတစ်သောင်းတန်အတု ၂၇ ရွက်၊ YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန်အတု အရွက် ၁ဝဝ ပါ ၄ အုပ်၊ ငါးထောင်တန်အတု အရွက် ၁ဝဝ ပါ တစ်အုပ်၊ ဖုန်းနှစ်လုံးနှင့်တူ ကနဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့၏ ထွက်ဆိုချက်အရ အသက် ၂၁ နှစ်အရွယ် အောင်သူရဆိုသူထံမှ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန်အတု ၃၉၂ ရွက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer တစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် အဆိုပါ သုံးဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်နိုင်ရန် စီစစ်ဆောင်ရွက်နေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 9 September 2022
ယူကေနိုင်ငံတွင် မြန်မာနိုင်ငံသားများ စရိတ်ငြိမ်းဖြင့် တစ်နှစ်တာမဟာဘွဲ့တက်ရောက်နိုင်ရန် အတွက် Chevening ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ထုတ်ပြန်လိုက်သည်၊၊
အဆိုပါ Chevening ပညာတော်သင်ဆုရရှိနိုင်ရန်အတွက် လိုအပ်သည့်အကြံဉာဏ်ကောင်းများရရှိရန်လာမည့် စက်တင်ဘာလ (၁၃)ရက်ညနေ (၅)မှ (၇)နာရီအထိ zoomဖြင့် webinar တစ်ခုပြုလုပ်သွားမည်ဖြစ်သည်၊၊
ယင်း webinarကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီးhttps://bit.ly/3qfYoEPတွင် စာရင်းသွင်းနိုင်မည် ဖြစ်သည်၊၊
Chevening ပညာတော်သင်ဆုအကြောင်း သိကောင်းစရာများကို Webinar တွင် မြန်မာနိုင်ငံမှ Ma Yu Wai၊ U Kyaw Moe Aung ၊ Ma Hnin Thazinsoe တို့မှ ဟောပြောကြမည်ဖြစ်ပြီး "Chevening ပညာ တော်သင်ဆု ရရှိအောင် ဘာတွေဆောင်ရွက်ရမလဲနှင့် ယူကေ၌ ပညာသင်ယူခြင်း"ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်၊၊
Chevening ပညာတော်သင်ဆုတွင် အသက်အရွယ် ကန့်သတ်မှု၊ကိုးကွယ်မှုများ ခွဲခြားထားခြင်းမရှိဘဲ ရည်မှန်းချက်အောင်မြင်လိုသူများ၊ Leadership ပိုင်း စိတ်ဝင်စားသူများနှင့် မိမိနိုင်ငံအတွက် ကောင်းမွန်သော တိုးတက်မှုများရရှိအောင် ဆောင်ရွက်လိုသူများ အနေဖြင့်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published - 8 September 2022
ကလေးငယ်များ အပါအဝင် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့လာသည့် မြန်မာရွှေ့ပြောင်း ၃၄၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
အဆိုပါ မြန်မာရွေ့ပြောင်း လုပ်သား ၃၄၀ ကျော်ကို ရနောင်းကနေ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့မှ ယခု စက်တင်ဘာ ၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၃၃ ဦးနှင့် အမျိုးသမီး ၉၃ ဦးအပါအဝင် ကလေးငယ် ၁၉ ဦးကို ထိုင်းနိုင်ငံမှာရှိသည့် အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၂၁) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့တရားမဝင် သွား ရောက်လုပ်ကိုင်သူ များပြာလာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲသို့ တရားမဝင်ဝင်ရောက်သည့် အလုပ်သမားများကို တစ်လထက်မကျော်အချုပ်ထောင်ထဲတွင် နေရကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 9 Sept 2022
အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်တဲ့ သတင်း ကြာသပတေးနေ့က ထွက်ပေါ်လာပြီးနောက် ဘာကင်ဟမ်နန်းတော်အပြင်ဘက်မှာ မျက်ရည်တွေနှင့် လူအုပ်ကြီးဟာ ခိုကိုးရာမဲ့” "God Save the Queen" ဘုရားသခင် ဘုရင်မကြီးကို ကယ်တင်ပါ ဆိုတဲ့ တေးသီချင်းကို အော်ဟစ်သီဆိုကြပါတယ်။
လန်ဒန်က ဘုရင်မကြီးအိမ်တော်မှာ ယူနီယံဂျက်အလံ တိုင်ဝက်လျှော့ချတဲ့အခါ လူတွေက မျက်ရည်တွေကျလာပြီး တိတ်ဆိတ်စွာနေပေးကြပါတယ်။
လန်ဒန်မြို့ပြင်က ဝင်ဆာရဲတိုက်ကြီးမှာ အလံကိုတိုင်တစ်ဝက်လျော့ချတဲ့အချိန်မှာ သက်တန့်ကြီးပေါ်ထွန်းလာတယ်လို့ အေအက်ဖ်ပီကသတင်းရေးပါတယ်။
Source: AFP
#God_Save_the_Queen
#Queen_ Elizabeth_II
#Britain_Queen_Died
#World_Government
Published 9 September 2022
ဗြိတိန်ထီးနန်းကို ချားလ်စ်ဘုရင်ဆက်ခံလိုက်ပြီးနောက် နိုင်ငံရေးသမားများနဲ့ တက်ကြွလှုပ်ရှားသူများက ကာရစ်ဘီယံဒေသရှိ ကိုလိုနီနယ်ဟောင်းများအတွက် နိုင်ငံအုပ်ချုပ်သူအဖြစ်မှ ဘုရင်စနစ်ကိုဖယ်ရှားပေးရန်နဲ့ ဗြိတိန်အနေနဲ့ ကျွန်လျော်ကြေးပေးဆပ်ရန် ထပ်မံတောင်းဆိုလိုက်ပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ သက်တမ်းနှစ် ၇၀ အုပ်စိုးခဲ့တဲ့ ဘုရင်မကြီး'အဲလိဇဘက်'ကွယ်လွန်ပြီးနောက် သားဖြစ်သူ'ချားလ်စ်'က ထီးနန်းဆက်ခံခဲ့တာ ဖြစ်ပါတယ်။
ဂျမေကာဝန်ကြီးချုပ်က ဘုရင်မကြီး'အဲလိဇဘက်'အတွက် ဝမ်းနည်းပူဆွေးနေဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အန်တီဂွာနဲ့ ဘာတူဒါဝန်ကြီးချုပ်တို့ကလည်း မီးသင်္ဂြိုဟ်တဲ့နေ့မတိုင်ခင်အထိ အလံတိုင်တွေမှာ အလံတဝက်နှိမ့်ချထားရန် အမိန့်ပေးထားပါတယ်။
အချို့လူတွေကြား ၂၁ ရာစုမှာ ဝေးလံတဲ့နေရာဒေသမှ ဘုရင်စနစ်အုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး မလိုလားတဲ့သူတွေ ရှိနေပါတယ်။
ယခုနှစ်အစောပိုင်း ရဝမ်ဒါထိပ်သီးအစည်းအဝေးတုန်းက ဓနသဟာယခေါင်းဆောင်အချို့ဟာ ဘုရင်မကြီး'အဲလိဇဘက်'ထံမှ ၅၄ နိုင်ငံဦးဆောင်အုပ်ချုပ်ခွင့်ကို 'ချားလ်စ်'ထံ လွှပြောင်းမှုအား မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
မတ်လတုန်းက လက်ရှိထီးနန်းအရိုက်အရာခံ အိမ်ရှေ့မင်းသား'ဝီလီယမ်'နဲ့ ကြင်ယာတော်'ကိတ်'တို့ဟာ ဘီလစ်ဇ်၊ ဂျမေကာ၊ ဘဟားမားတို့ထံ ၈ ရက်တာခရီးသွားစဉ်တုန်းက ကျွန်လျော်ကြေးပေးဆပ်ရန် တောင်းဆိုခံခဲ့ရပါတယ်။
"အုပ်ချုပ်သူပြောင်းသွားပြီဆိုတော့ ဒီနေရာဒေသရဲ့ ကျွန်လျော်ကြေးအကြောင်းအရာများကို တိုးမြှင့်ဆွေးနွေးဖို့ အခွင့်အရေးမျှော်လင့်နေပါတယ်"လို့ ဘဟားမားအမျိုးသားလျော်ကြေးရေးရာ ကော်မတီဥက္ကဌ 'နိုင်ယမ်ဘီဟောလ်ကမ်းဘဲလ်'က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
'ဟောလ်ကမ်းဘဲလ်'က ဘုရင်မကြီးမိသားစုထံ ဝမ်းနည်းကြောင်းအသိပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဗြိတိန်အုပ်စိုးချိန်ကျော်လွန်ကာ ဘာဘဒိုစ်က ပြည်သူ့သမ္မတနိုင်ငံဖြစ်လာတဲ့ အချိန်မှာ ကျွန်စနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ချားလ်စ်က အသိအမှတ်ပြုခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
'ချားလ်စ်'က ကျွန်လျော်ကြေးအတွက် တရားမျှတမှုကို ဦးဆောင်လမ်းပြနိုင်မယ်လို့ ယုံကြည်ထားကြောင်း 'ဟောလ်ကမ်းဘဲလ်'က ဆိုပါတယ်။
၁၅ ရာစုနဲ့ ၁၉ ရာစုနှစ်တွေတုန်းက အာဖရိကလူမျိုး ၁၀ သန်းကျော်ကို ဥရောပနိုင်ငံတွေက အတ္တလန်တိတ်ကျွန်များအဖြစ် ရောင်းဝယ်ခေါ်ဆောင်ခဲ့ပြီး ကြမ်းတမ်းလှတဲ့ ခရီးစဉ်အတွင်း အသက်ရှင်ခဲ့သူများကို ကာရစ်ဘီယံနဲ့ အမေရိကတို့မှာ စိုက်ပျိုးရေးအတွက် အဓမ္မစေခိုင်းခဲ့ပါတယ်။
နန်းတက်လာတဲ့ဘုရင်အသစ်ကတော့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခြင်း မရှိသေးပါဘူး။
ဘုရင်မကြီးရဲ့ မြေးမြစ်တွေက လျော်ကြေးရေးရာပြောဆိုခွင့်ရှိနေကြောင်း ဂျမေကာလျော်ကြေးရှေ့နေ'ရိုဆယ်လီယာဟာမီလ်တန်'က ဆိုပါတယ်။
"တော်ဝင်မိသားစုထဲက ဘယ်သူပဲနန်းတက်သည်ဖြစ်စေ အာဖရိကလူမျိုးလျော်ကြေးများပေးဖို့ တောင်းဆိုခံရမှာဖြစ်ပါတယ်၊ ဗြိတိန်တော်ဝင်မျိုးနွယ်တွေ ကျွန်တော်တိုနိုင်ငံတွေကို အုပ်ချုပ်နေတာကို ဖယ်ရှားဖို့လုပ်ဆောင်သင့်ပါတယ်"လို့ ကာရစ်ဘီယံငြိမ်းချမ်းရေးလှုပ်ရှားမှု အထွေထွေအတွင်းရေးမှူးချုပ်'ဒေးဗစ်ဒန်နီ'က ပြောကြားလိုက်ပါတယ်။
ဩဂုတ်လက စစ်တမ်းကောက်ယူရာမှာ ဂျမေကာလူမျိုး ၅၆ ရာခိုင်နှုန်းက ဗြိတိန်ဘုရင်အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားဖို့ ဆန္ဒရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Archaeology
Published 9 September 2022
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၇၀၀ ကျော်က တရုတ်အထက်တန်းလွှာ လူတစ်ဦးရဲ့ အုတ်ဂူထဲမှာ ကမ္ဘာ့ရှေးအကျဆုံး အသားဖြူခဲမိတ်ကပ်ကို တွေ့ရှိခဲ့ပါတယ်။
ရှေးဟောင်းရောမလူမျိုးတွေ အသုံးမပြုခင် နှစ်ပေါင်း ၃၀၀ လောက်ကတည်းက ထိုတရုတ်ဒေသမှ လူများက အသားဖြူမိတ်ကပ်တွေ အသုံးပြုနေကြတာဖြစ်မယ်လို့ ယူဆရပါတယ်။
၇၇၀ ဘီစီမှ ၄၇၆ ဘီစီအတွင်းက တရုတ်မြောက်ပိုင်းရှိ အဆင့်မြင့်လူတန်းစားများမြှုပ်နှံတဲ့ သုဿာန်ထဲက အုတ်ဂူထဲမှာမြှုပ်ထားတဲ့ ကြေးသေတ္တာ ၆ ခုထဲမှာ အဖြူရောင်အမှုန်လေးတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဖြူမှုန်တွေက အုတ်ဂူတွေထက် သက်တမ်းပိုရင့်မယ်လို့ တရုတ်သိပ္ပံအကယ်ဒမီတက္ကသိုလ်(UCAS)မှ ရှေးဟောင်းသုတေသနပညာရှင်များက မှတ်ချက်ပြုလိုက်ပါတယ်။
၁၆၀၀ ပြည့်နှစ်တွေတုန်းကလည်း ဥရောပအထက်တန်းလူတန်းစားတွေမှာ အဆိပ်ရှိတဲ့ခဲနဲ့ ရှာလကာရည်ကိုရောနှောကာ ခဲမိတ်ကပ်ဖြူတွေကို သုံးစွဲခဲ့ကြပါတယ်။
ထိုမိတ်ကပ်အသုံးပြုတာကလည်း တန်ရာတန်ကြေးပေးဆပ်ရပြီး ကျန်းမာရေးဆိုးရွားမှုများ ဖြစ်ပေါ်လာပါတယ်။
ပါဝင်တဲ့ရောင်ခြယ်ပစ္စည်းတစ်မျိုးက ခဲဆိပ်ဖြစ်စေကာ အရေပြားထိခိုက်စေပြီး အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။
ဒါပေမဲ့ တရုတ်ရှေးဟောင်းလက်ရာများအရ အသားဖြူခြင်းကို အလွန်တန်ဖိုးထားကြပါတယ်။
အီဒီမိတ်ကပ်ထဲက ဆဲရူဆိုက်သတ္တုမှာ ခဲကာဗွန်ပါဝင်ပြီး ခဲပမာဏမြင့်မားတဲ့ ပစ္စည်းဖြစ်ကာ လူ့ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။
တော်ဝင်မျိုးနွယ်တွေနဲ့ အထက်တန်းစားတွေသာမက ဂျပန်ဆာမူရိုင်းတွေလည်း ဒီမိတ်ကပ်ကိုသုံးစွဲခဲ့ကြပြီး မွေးဖွားလာတဲ့ ကလေးတွေကို ဘေးဖြစ်စေပါတယ်။
ထိုအသိုင်းအဝိုင်းမှမွေးလာတဲ့ ကလေးတွေဟာ အမေတွေအသုံးပြုခဲ့တဲ့မိတ်ကပ်တွေကြောင့် ခဲဆိပ်သင့်ကြပြီး ကိုယ်လက်အင်္ဂါချို့တဲ့ယိုယွင်းစေပါတယ်။
ဂျပန်သဘာဝပတ်ဝန်းကျင်ကျန်းမာရေး တက္ကသိုလ်က ဆာမူရိုင်းတွေနဲ့ သူတို့ကလေးတွေ သေဆုံးရတဲ့အကြောင်းအရင်းကို လေ့လာနေကြပါတယ်။
ကလေးအလောင်းတွေရဲ့အရိုးတွေကို ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ လူကြီးတွေပါဝင်တဲ့ ခဲပမာဏထက် အဆပေါင်းဒါဇင်နဲ့ချီပြီး ပိုများနေကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
၃ နှစ်အောက်ကလေးတွေမှာ ပိုဆိုးပြီး အရိုး ၁ ဂရမ်မှာ ခဲ ၁,၂၄၁ မိုက်ခရိုဂရမ်နှုန်းပါဝင်ကာ ဒါဟာ အာရုံကြောချို့တဲ့တဲ့ ပြဿနာဖြစ်နိုင်တဲ့ သတ်မှတ်ချက်ထက် အဆ ၁၂၀ ကျော်ပိုများနေတာဖြစ်ပါတယ်။
#Source: Daily Mail
#Yangon_Media_Group
#Local_News
Published _9 September 2022
မော်လမြိုင်သို့ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်တစ်စီး ယနေ့ နံနက်ပိုင်း တစ်နာရီ မထိုးမီအချိန် မိုင်းဆွဲခံရကာ တစ်ဦးပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်း အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။
မိုင်းဆွဲခံရသည့်ယာဉ်မှာ အဆိုပါအသင်းမှ ယာဉ်ဖြစ်ကြောင်း၊
သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် ယာဉ်မောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လူနာတင်ယာဉ် နံပါတ်(၃) ပျက်စီးကျေမွသွားကြောင်း အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 September 2022
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လုပ်ငန်းကော်မတီအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကိစ္စရပ်များကို ဆောင်ရွက်နေကြောင်း၊ တိုးတက်မှုရလဒ်များကို နိုင်ငံတကာသို့ ပြသနိုင်ရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် အသိုက်အဝန်းများ၏ လူနေမှုဘဝ အမှန်တကယ် အဆင်ပြေချောမွေ့စေရေးအတွက် လက်တွေ့တွင် လုပ်ဆောင်ပေးရန်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နေရပ်စွန့်ခွာသူများ စိစစ်လက်ခံပြီးနောက် ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါတယ်။
ယင်းနောက် ကော်မတီအတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ ကော်မတီ၏ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို လည်းကောင်း၊ တွဲဘက်အတွင်းရေးမှူးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဝန်ကြီးက ရခိုင်ပြည်နယ်အတွက် အကူအညီများကို ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရယူရာတွင် မိမိတို့လိုအပ်ချက်နှင့်အညီ ရယူ၍ မြေပြင်တွင် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1265 of 1643