#Local_News
Published _ 11 September 2022
မြန်မာ့ဆန် ဝယ်လိုအားရှိတဲ့ ပြည်ပနိုင်ငံ ၂၀ ကျော်ထဲက တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပမာဏအများဆုံးနဲ့ ဝယ်ယူထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ ထုတ်ပြန်ပြောဆိုပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 11 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးမြင့်ထွန်း (Quality )မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းဥက္ကဌနှင့်အတူ
-"ဆုပြည့်စုံထွန်းစာပေ ထူထောင်ပြီး ကလေးစာပေ၊ရုပ်ပြစာအုပ်၊ဘာသာရေးစာပေများ ထုတ်ဝေခဲ့သလို ဆရာကြီးဒဂုန်ရွှေမျှားစာအုပ်များကို မူပိုင်ထုတ်ဝေခဲ့ကြောင်း
-ကိုဗစ်ကာလမှာ ထိုက်သင့်သလောက် စာအုပ်ဈေးကွက်အဆင်ပြေပြေလည်ပတ်ခဲ့ပြီး အထွေအထွေအကြပ်အတည်းများကြောင့် စာအုပ်ထုတ်ဝေရေးအခြေအနေ ၅၀% ရပ်တန့်ခဲ့ရကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published - 11 September 2022
ပြည်တွင်းလိုအပ်ချက်ရှိလာပါက ပြည်ပကနေ ကြက်သွန်နီ တင်သွင်းလေ့ရှိသော်လည်း ဒီနှစ်မှာတော့ တင်သွင်းချိန် နောက်ကျခဲ့တဲ့အတွက်ကြက်သွန်နီဈေးမှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
#Yangon_Media_Group
Published 11 Sept 2022
၇၉ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသူများက ဆုမယူခင် ကော်ဇော်နီပေါ် ဖြတ်သန်းလျှောက်လှမ်းခဲ့ကြပါတယ်။ အမေရိကန်ရဲ့ opioid ဘိန်းဖြူ အကျပ်အတည်းရဲ့နောက်က မိသားစုကို ထုတ်ဖော်ခဲ့တဲ့ လှုပ်ရှားပြောင်းလဲရေး အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် . "All the Beauty and the Bloodshed" က ရွှေခြင်္သေ့ ထိပ်တန်းဆုကြီးကို ရရှိခဲ့ပါတယ်။ အီတလီရုပ်ရှင်ဖန်တီးသူ လူကာ ဂါဒက် နီနိုဟာ အကောင်းဆုံး ဒါရိုက်တာဆုရရှိခဲ့ပြီး ကိတ် ဘလန်ချက်က အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့ပါတယ်။
Source: AFP
#79th_Venice_Film_Festival
#Red_carpet_Ceremony_For_Winners
#Vennice_Film_Festival_Italy
TV Yangon Times Matters အစီအစဉ်
Published - 11 Sep 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးမြင့်ထွန်း (Quality )မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းဥက္ကဌနှင့်အတူ
-"ဆုပြည့်စုံထွန်းစာပေ ထူထောင်ပြီး ကလေးစာပေ၊ ရုပ်ပြစာအုပ်၊ဘာသာရေးစာပေများ ထုတ်ဝေခဲ့သလို ဆရာကြီးဒဂုန်ရွှေမျှား စာအုပ်များကို မူပိုင်ထုတ်ဝေခဲ့ကြောင်း
-ကိုဗစ်ကာလမှာ ထိုက်သင့်သလောက် စာအုပ်ဈေးကွက်အဆင်ပြေပြေလည်ပတ်ခဲ့ပြီး အထွေအထွေအကြပ်အတည်းများကြောင့် စာအုပ်ထုတ်ဝေရေးအခြေအနေ ၅၀% ရပ်တန့်ခဲ့ရကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် -ဟင်္သာတ -ကြံခင်း အစုန်အဆန် အမြန်ရထားများကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တိုင်း ၉ က သိရသည်။
ပုသိမ်-ဟင်္သာတ-ကြံခင်း သို့ ၁၈၁ အဆန်အမြန်ရထားနှင့် ၁၈၂ အစုန် အမြန်ရထားများကို ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ပြီး ယနေ့တွင် ကြံခင်းဘက်မှ ပုသိမ်သို့ ကြံခင်းဘူတာမှ နံနက် ၆ နာရီကစ၍ ၁၈၂ အစုန်ရထားကို ပြေးဆွဲရာ ဟင်္သာတဘူတာသို့ ၁၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၈၂ အစုန် အမြန်ရထားသည် ပုသိမ်ဘက်သို့ လိုက်ပါမည့် ခရီးသွားပြည်သူ ခရီးသည် ၁၂၃၈ ဦးကို တင်ဆောင်လျက် ပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
Photo-KZ(HTD)
ymg/mt
#Yangon_Media_Group
Published 11 Sept 2022
အွန်လိုင်းနှင့် metaverse မက်တာဗတ်စ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ နက်ဒရက်ဂွန် ဝက်ဗ်ဆော့ဖ် NetDragon Websoft က သူတို့ဟာ ဉာဏ်ရည်တု(AI) နှင့်မောင်းနှင်တဲ့ လူသားသဏ္ဍန်စက်ရုပ်တစ်ခုကို ကုမ္ပဏီရဲ့ စီအီးအိုအဖြစ်ခန့်အပ်လိုက်ပါတယ်။
အဲဒီ မစ္စတန်ယုလို့ အမည်ပေးထားပြီး အဲဒီတရုတ်ကုမ္ပဏီအတွင်း ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ အထောက်အကူပြုမယ့် အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ဗဟိုနှင့် သုံးသပ်စိတ်ဖြာပေးတဲ့ကိရိယာအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။
တန်ယုဟာ ကုမ္ပဏီရဲ့ လုပ်ငန်းခွဲ ဖူကျန့် နက်ဒရက်ဂွန်ဝက်ဆော့ဗ်ကို ခေါင်းဆောင်မှာဖြစ်ပြီး ဒီလိုရာထူးပေးလိုက်တာဟာ ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုထဲ အေအိုင်ခေါ်ဉာဏ်ရည်တုကို ပေါင်းစပ်လိုက်တဲ့ အထင်ကရ ပြောင်းလဲမှုလို့ဆိုပါတယ်။
အဲဒီနည်းပညာကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ ဗွီဒီယိုဂိမ်းနှင့် မိုဘိုင်းအက်ပလီကေးရှင်းထုတ်လုပ်ရေးမှာ လေးစားသမှုအပြုရဆုံး ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၉၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။
သူတို့ဟာ အွန်လိုင်းမှာ လူစုံကစားရတဲ့ ဂိမ်း Heroes Evolved and Conquer အွန်လိုင်းဂိမ်း ဖန်တီးခဲ့ကြပြီး Android apps တွေဖြစ်တဲ့ Conquer Poker - Texas Hold'em တို့ကိုလည်း ဖန်တီးခဲ့ပါတယ်။
“ ဒီလိုခန့်အပ်လိုက်ခြင်းဟာ အေအိုင်(ဉာဏ်ရည်တု)ကို ကော်ပိုရိတ်စီမံခန့်ခွဲမှုအတွင်း ပထမဆုံးဦး ရှေ့ဆောင်အဖြစ် အသုံးပြုတာဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်မှုစွမ်းရည်ကို အဆင့်အသစ်တစ်ခုဆီခုန်ပျံကျော်လွှားစေမှာဖြစ်ပါတယ်” လို့ ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ တန်ယုကိုခန့်အပ်မှုဟာ ကုမ္ပဏီရဲ့ အေအိုင်+ စီမံခန့်ခွဲရေး” မဟာဗျူဟာကို ထင်ရှားစွာပြသတာဖြစ်ပြီး Metaverse အဖွဲ့အစည်းတစ်ခုသို့ ရှေ့ရှုနေတဲ့ ကုမ္ပဏီအတွက် အထင်ကရမှတ်တိုင်တစ်ခုကို ကိုယ်စားပြုနေပါတယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
နက်ဒရက်ဂွန်က တန်ယုရဲ့ တာဝန်အသေးစိတ်ကို ထုတ်ဖော်မပြောသေးပါဘူး။ အဲဒီအပြင် သူမက ကုမ္ပဏီကိုဘယ်လို စီမံဆောင်ရွက်မယ်ဆိုတာလည်း မသိရသေးပါဘူး။
ဒါပေမယ့် သူမဟာ ဒေါ်လာဘီလျံချီတန်တဲ့ အဖွဲ့အစည်းအတွင်း လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်တွေကို ကြီးကြပ်ကွပ်ကဲမှာဖြစ်တယ်လို့ ပြောပါတယ်။
တန်ယုဟာ လုပ်ငန်စဉ်စီးဆင်းမှုတွေကို တောက်လျောက်ကပ်ပါနေမှာဖြစ်ပြီး အရည်အသွေးရှိတဲ့အလုပ်တွေတိုးမြှင့်စေပြီး အကောင်အထည်ဖော်မှု အရှိန်ကိုလည်း တိုးတက်စေလိမ့်မယ်လို့ ဆက်ပြောပါတယ်။
တန်ယုဟာ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ဗဟိုအဖြစ်ရော၊ နေ့စဉ်လုပ်ငန်းတွေမှာ ဆုံးဖြတ်ချက်ချဖို့ ခွဲခြမ်း စိတ်ဖြာပေးတဲ့ကိရိယာအဖြစ်ရော ဆောင်ရွက်ပေးမှာပါ။ အန္တရာယ်စီမံခန့်ခွဲမှုစနစ်ကိုလည်း ပိုပြီး အကျိုးရှိအောင်လုပ်ပေး မယ်လို့လည်း ကုမ္ပဏီကပြောပါတယ်။
အဒီအပြင် ပါရမီထူးတဲ့လူတော်တွေမွေးထုတ်ဖို့ နှင့် ဝန်ထမ်းအားလုံးအတွက် မျှတပြီး အကျိုးရှိတဲ့ လုပ်ငန်းခွင်အသေအချာဖြစ်စေဖို့ တန်ယုဟာ အဓိက အခန်းကဏ္ဍကနေပါဝင်မှာဖြစ်တယ်လို့ပြောပါတယ်။
နက်ဒရက်ဂွန်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဒီကျန်းလျူက တန်ယုရဲ့နောက်မှာ metaverse အခြေခံတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့ အယ်ဂိုရစ်သမ်ကို ဆက်လက်တည်ဆောက်မယ်လို့ ဖွင့်ဟပြောကြားပါတယ်။
“ အေအိုင်ဟာ အနာဂတ်ရဲ့ ကော်ပိုရိတ်စီမံခန့်ခွဲမှုဆိုတာ ကျွန်တော်တို့နားလည်ထားပါတယ်။ မစ္စတန်ယုကို ကျွန်တော်တို့ခန့်အပ်တာဟာ ကျွန်တော်တို့ နေ့စဉ်လုပ်ငန်းတွေလည်ပတ်နေတဲ့နည်းလမ်းကို အေအိုင်အသုံးပြုပြောင်းလဲမယ့် ကတိကဝတ်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အနာဂတ်မဟာဗျူဟာမြောက်တိုးတက်မှုကို အဆုံးစွန်မောင်းနှင်ပေးမှာပါ” လို့လည်း သူကပြောပါတယ်။
ယခုနှစ်ဆန်းပိုင်းမှာ လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းက သုတေသနမှူးတွေက အေအိုင်ဟာ ဝန်ထမ်းတွေကို ခန့်ထားရာမှာ လူသားအထက်အရာရှိတွေ၊ဘော့စ်တွေထက် ပိုကောင်းချင်ကောင်းမယ်၊ဒါမှမဟုတ် တန်းတူရှိမယ်လို့ ပြောထားပါတယ်။
Source: Daily Mail
#AI_CEO
#NetDragon_Websoft
#Ms Tang Yu_Robot_CEO
#LocalNews
Published _ 11 September 2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အင်းတကော်ရပ်ကွက်၊ အင်းတကော်ကျေးရွာ၊ ညောင်အင်းပြည်သာစက်မှုဇုန်တွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ Melody Global ဘိနပ်စက်ရုံ၌ ဖြစ်ပွားခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၃)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ သနပ်ပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတိုဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ကြကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ရခိုင်ရိုးမရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် တရားမဝင်သစ်များ ဖမ်းဆီးမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်အချိန်က ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သို့ တရားမဝင်သစ်များ တင်ဆောင်လာသည် မော်တော်ယာဉ် တစ်စီးကိုတောင်ပုံကြီးပူးပေါင်းစစ်ဆေးဂိတ်၌ ယာဉ်အသွားအလာများစစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်တင်လာသောမော်တော်ယာဉ်မောင်း ဥသျှစ်ပင်မြို့နယ်နေ အသက် ၃၁ နှစ်အရွယ် စိုင်းဇော်စိုး(ခ)ကိုစိုင်း မောင်းနှင်လာသည့် Forland (အပြာရောင်)မော်တော်ယာဉ်ကို စစ်ဆေးစဉ် ဂျင်း(ချင်း)အိတ်များအောက်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းပြတင်းပေါက် ၆၅ ချပ်၊ ကျွန်းတံခါးရွက် ၆ ချပ်၊ ပျဉ်းကတိုးကျည်းဘောင် ၇၀ ချောင်း၊ စုစုပေါင်း ကာလတန်းဖိုး ၇၀၈,၁၈၀ ကျပ်ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။
သစ်ပိုင်ရှင်ဖြစ်သူမှာ ဇော်မင်းဦးဆိုသူဖြစ်ပြီး တောင်ကုတ်မြို့ဆိပ်ကမ်းသို့ ပို့ဆောင်ခိုင်းသဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၊ယခုအခါ ဖမ်းဆီးရမိသောသစ်များကို တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍ ဖမ်းဆီးရမိတရားခံ၊ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 11 September 2022
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၁၅၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဇော်ကိုမြင့် မောင်းနှင်ပြီး မျိုးသီဟလိုက်ပါ လာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄၅ သိန်း)၊ ဘိန်းစိမ်းအလေးချိန် ၉ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၀၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။
စစ်ဆေးရာတွင် ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဇော်ကိုမြင့်(၄၅)နှစ်နှင့် မျိုးသီဟ(၂၅)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published _ 11 September 2022
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီမြို့ရှိ ရေသန့်ဘူးစက်ရုံက အလုပ်ဖြုတ်လိုက်သော မြန်မာအလုပ်သမား ၂၉ ဦးအတွက် အလုပ်ရှင်က လျော်ကြေး ဘတ် ၉သိန်းကျော်ကို စက်တင်ဘာလ ၉ ရက်တွင် ပေးခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)က သိရသည်။
ယင်းတို့မှာ ယန္တယားများအကူအညီကို မယူဘဲ လုပ်အားတစ်ခုတည်းဖြင့်သာအလုပ်ခိုင်းစေနေမှုခံနေရသည့်အပေါ် အကူအညီမရသည့်အတွက် အလုပ်ရှင်အားတင်ပြရာ အလုပ်ရှင်ဘက်က လက်ခံဆွေးနွေးမှုမပြုဘဲ အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စကြောင့် အလုပ်သမားတွေက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)နှင့် ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(စဝါဒီကမ်)သို့ တိုင်ချက်ဖွင့်ခဲ့ရာ အလုပ်ရှင်က အလုပ်သမားတွေအား နစ်နာကြေးပေးရမည်ဟု စဝါဒီကမ်က အမိန့်ချခဲ့ခြင်းလည်း ဖြစ်သည်။
အမိန့်အပေါ် အလုပ်ရှင်က အမှတ်-၁ အလုပ်သမားတရားရုံး(စာရဘူရီ)တွင် အယူခံဝင်ခဲ့ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားများ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြရာ ၄၀ ရာခိုင်နှုန်း လျော်ကြေးပေးရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည့်အတွက် လျော်ကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
photo-MWRN
ymg/mt
#Yangon_Media_Group
Published 11 Sept 2022
ကြံရည်ဖန်ရည်ကောင်းလှတဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိပ်မက်ထဲကအလုပ်တစ်ခုကို တကယ်ရှာဖွေတွေ့ခဲ့ပါပြီ။ ဘာအလုပ်မှမလုပ်ဘဲ ဝင်ငွေရနေတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။
စာအုပ်ထုတ်ဝေရေးကုမ္ပဏီလုပ်သားတစ်ဦးဖြစ်ခဲ့တဲ့ ရှိုဂျီမိုရီမိုတိုဟာ အထီးကျန်နေတဲ့ လူတွေအတွက် သူတို့နှင့်အတူ ရိုးရိုးကလေး အဖော်လိုက်ပေးဖို့ သူ့ကိုယ်သူ အငှားလိုက်တဲ့လုပ်ငန်းနှင့် ဝင်ငွေရရှိနေတာပါ။ တစ်ခါတုန်းကဆိုရင် ခိုကိုးရာမဲ့ဖြစ်နေတဲ့ သူတစ်ဦးကို ဂွတ်ဘိုင်ဆိုပြီး လက်ဝှေ့ယမ်းနှုတ်ဆက်ပေးရုံနှင့် ပိုက်ဆံရခဲ့ပါတယ်တဲ့။
အခုအသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ မိရီမိုတိုဟာ အဖော်လိုက်ပေးရုံနှင့် ဖောက်သည်တစ်ဦးဆီကနေ ၇၁ ဒေါ်လာရပါတယ်။ အခုဆို ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့သူတွေဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း လူလေးထောင်အထိရှိခဲ့တဲ့အတွက် သူ့ဇနီးနှင့်သူ့ကလေးကို ထောက်ပံ့ကျွေးမွေးဖို့ လုံလောက်တဲ့ဝင်ငွေတွေရရှိခဲ့ပါတယ်။
“ အခြေခံအားဖြင့်ပြောရရင်တော့ ကျွန်တော့်ကိုယ်ကျွန်တော်ငှားတာပဲလေ” လို့သူကပြောပါတယ်။ “ ကျွန်တော်အလုပ်က ဖောက်သည်တွေ ဘယ်နေရာမှာ ရှိနေစေချင် အဖော်နေပေးရုံပဲ။ ဘာတစ်မှ မည်မည်ရရ လုပ်ပေးစရာကိုမလိုတာ” လို့ သူက ပြောပါတယ်။
သူ့အလုပ်တွေထဲမှာ တစ်ခါက ဖောက်သည်တစ်ဦးက သူနှင့်အတူ ပန်းခြံတစ်ခုထဲမှာ ဆီးဆောအတူစီးပေးရတာ၊ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိန္ဒိယဆာရီကြောင့် သူ့သူငယ်ချင်းတွေ ရှက်ကိုးရှက်ကန်းဖြ်မှာစိုးလို့ စားသောက်ဆိုင်တစ်ခုမှာ သူမနှင့်အတူထိုင်ပေးရတာစသဖြင့်ပါ။
“သူငယ်ချင်းတွေနှင့်အတူဆို ကျွန်မအနေနှင့် သူတို့ကိုဖျော်ဖြေပေးဖို့လိုလိမ့်မယ်လို့ခံစားရတယ်။ ဒါပေမယ့် အခု အငှားအဖော်လိုက်တဲ့သူနှင့်အတူဆိုတော့ လေဝင်ပေါဖို့မလိုတော့ဘူးလို့ ထင်မိတယ်လေ” လို့ အသက် ၂၇နှစ်အရွယ် အချက်အလက်သုတေသနမှူးတစ်ဦးက ပြောပါတယ်။
မိုရီမိုတိုရဲ့ အငှားအဖော်လိုက်ကြေးဟာ ယန်းတစ်သောင်းရှိပါတယ်။ ဒါဟာ သူ့ရဲ့ ပင်မဝင်ငွေဖြစ်နေပါပြီ။ ကိုဗစ်-၁၉ ကပ်ဘေးမဖြစ်ခင်တုန်းကဆိုရင် သူ့ရက် တစ်ရက်ဝင်ငွေဟာ ဒေါ်လာ ၃၀၀ နီးပါးအထိရှိခဲ့ပါတယ်။
“ တကယ်လို့ ဖောက်သည်တွေကို ဘာမှမလုပ်ပဲ အဖော်နေပေးတဲ့ ဝန်ဆောင်မှုကိုပေးနိုင်ရင် ဘယ်လိုဖြစ်မလဲ ကျွန်တော်စပြီး စဉ်းစားမိခဲ့တယ်။ လူတွေက ကျွန်တော်ဘာမှမလုပ်ဘဲနေတဲ့အတွက် တန်ဖိုးရှိတယ်လို့ထင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် အသုံးတည့်လို့လေ” လို့ သူကပြောပါတယ်။
ဒါပေမယ့် မိုရီမိုတိုမှာ ဘောင်တော့ခတ်ထားပါတယ်။ သူ့အနေနှင့် အခြား လိင်ပိုင်ဆိုင်းရာလိုမျိုး တောင်းဆိုတာတွေ လုပ်လိမ့်မှာမဟုတ်တာ။အလုပ်တွေဘေးဖယ်ပြီး ရေခဲသေတ္တာရွှေ့တာမျိုးနှင့် ကမ္ဘောဒီးယားကိုခရီးသွားတာမျိုးဖြစ်ပါတယ်တဲ့။
ဒါပေမယ့် ဒီလို ဆန်းဆန်းပြားပြားအလုပ်မျိုးလုပ်နေတာ ဂျပန်မှာ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး။
ဒီတစ်ပတ်စောစောပိုင်းမှာပဲ လူငယ်တွေ အရက်တွေသောက်စားမူးယစ်နိုင်အောင် ဦးဆောင်လှုံ့ဆော်နိုင်သူကို လစာပေးမယ်လို့ ရှာဖွေနေတာကို နယူးယေက်ပို့စ်က သတင်းရေးသားခဲ့ပြီးပါပြီ။
ယမကာလုပ်ငန်းကို ပြန်လည်ရှင်သန်လာဖို့ လူငယ်တွေ မူးယစ်သောက်စားနိုင်တဲ့ အစီအစဉ်ကို ရေးဆွဲတင်ပြနိုင်သူတွေကို ဂျပန်ရဲ့ အခွန်အေဂျင်စီက ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ဂျပန်ရဲ့ အရက်လုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ခြောက်သွေ့နေခဲ့ပါတယ်။ ဂျပန်ဟာ ယင်းရဲ့ထူထပ်နေတဲ့ ဒေါ်လာ ၈.၃ ထရီလီယမ်ကြွေမြီတွေကိုကူညီပေးဆောင်နိုင်ဖို့ အရက်ရောင်းအခွန်ကို တိုးမြှင့်ထားတပါ။
ဂျပန်နိုင်ငံသားတစ်ဦးစီဟာ ၁၉၉၅ုနှစ်အထိ တစ်နှစ်ကို အရက် ၂၂ ဂါလံပျှမ်းမျှသောက်သုံးမူးယစ်ကြပြီး ၂၀၂၀ အရောက်မှာတော့ တစ်ယောက်ကို တစ်နှစ် (၁၆)ဂါလံပဲသောက်သုံးကြတယ်လို့ ဘီဘီစီကသိရပါတယ်။
Source NY Post
#Japan_weird_Jobs
#Paid_for_“doing nothing”
#Japan_Culture
Page 1261 of 1643