Published_ 27 July 2023

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မာလာ မြိုင်မှတ်တိုင်တွင် ယနေ့နံနက်က YBS ကားမီးလောင်မှုဖြစ်ခဲ့ပြီး ကားတစ်စီးလုံးနီးပါး ထိခို​က်ပျက်စီးမှုဖြစ်ခဲ့သော်လည်း လူထိခိုက် မှု တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း အနာဂတ် အလင်းတန်းပရဟိတအသင်း တာဝန်ရှိသူကပြောကြားသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၂၇ ရက် နံနက် ၉နာရီ ၅၀မိနစ်အချိန်ခန့်က ဝါယာရှော့ဖြစ်၍ ကားအနောက်အင်ဂျင်ခန်း အပိုင်းမှ မီးခိုး၊ မီးစများထွက်လာ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသည်။

" မြို့ထဲကနေ လှည်းတန်းဘက်အသွား မဟာမြိုင်မှတ်တိုင် YBS ကား မှတ်တိုင်ပေါ့။.ဘေးပတ်ဝန်းကျင်ပြောပုံအရ မှတ်တိုင်မှာရပ်ချိန်မှာပေါ့ စက်နောက်ဖုံးကနေ မီးခိုးနဲ့မီးစတွေထွက်လာလို့ ဆင်းကြည့်တာနဲ့ မီးလောင်တယ်လို့သိရတယ်။

လူထိခိုက် မှု တစ်စုံတစ်ရာမှ မရှိပါဘူး"ဟု အဆိုပါပရဟိတအသင်း တာဝန်ရှိသူက ပြောကြားသည်။

မီးလောင်မှုသတင်းအရ မီးသတ်ဦးစီးဌာနတာဝန်ရှိသူများနှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းကထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times