Published_ 27 July 2023

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာ၌ မြန်မာနိုင်ငံသားတစ်ဦး ငါးရှာရင်း ဓါတ်လိုက်သေဆုံးမှု ယမန်နေ့ ဇူလိုင်လ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချမ်းမွန် ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံ၊ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာတွင် ပန်ရံအလုပ်လုပ်ကိုင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဒေသခံများက လူတစ်ဦး ရေမြောင်းဘေးတွင် သေဆုံးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ စွမ်ဖလစ်ထိုင်းရဲစခန်းမှ ရဲတပ် ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

အခင်းဖြစ်ပွားရာနေရာတွင် ဝါယာကြိုး၊ ပလာရာ၊ လက်နိပ်ဓါတ်မီး စသည်တို့ကို တွေ့ရှိခဲ့ကြောင်း၊ချောင်း အတွင်း ဝါယာလျှော့ရိုက်၍ ငါးရှာနေစဉ် ဓါတ်လိုက်ပြီးသေဆုံးသွားခြင်း ဖြစ်ကြောင်းနှင့် အ မှုခင်းဆရာဝန်က လည်း ဓါတ်လိုက်ပြီး သေဆုံးသော ဖြစ်စဉ်ဟု အတည်ပြုကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times