#Local_News
Published_ 26 March 2023
အခုနှစ်အတွင်း မြန်မာကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးကို အိန္ဒိယနိုင်ငံရဲ့တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်ဖို့ Scholarshipပညာသင်ဆုပေးသွားဖို့ရှိတယ်လို့ India Education Fair ပွဲမှ သိရပါတယ်။India Education Fairပွဲကို အိန္ဒိယနိုင်ငံသံရုံးနဲ့ SAPE Events and Media Ltd ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မတ်လ(၂၄)ရက်မှ(၂၅)ရက်အထိရွှေဘုံသာလမ်းရှိ India Centerမှာကျင်းပခဲ့တာဖြစ်ပါတယ်၊၊
#YMG#Yangon_Media_Group
Published 26 March 2023
စင်္ကာပူနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံအနေနှင့် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးကို ဖြစ်မြောက်အောင် ပံ့ပိုးပေးရာမှာ ပိုပြီးလုပ်နိုင်စွမ်းရှိနေတယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောကြားလိုက်ပါတယ်။
တရုတ်နှင့်အာဆီယံတို့ဟာ တစ်ဖက်နှင့်တစ်ဖက် အကြီးဆုံးကုန်သွယ်ဖက်တွေဖြစ်ပြီး နှစ်ဘက်အကြား ကုန်သွယ်မှု ပမာဏဟာ နှစ်ပေါင်း၃၀အတွင်း အဆပေါင်းများစွာပွားလနေပါတယ်။ တရုတ်နှင့်အာဆီယံအကြား အပြန် အလှန်ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၁၀ ဘီလျံကိုကျော်လွန်သွားပြီလည်းဖြစ်ပါတယ်။
စင်္ကာပူဟာ နှစ်ဘက်အကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အသေးငယ်ဆုံးအဖွဲ့ဝင်နိုင်ငံတွေထဲက တစ်နိုင်ငံအနေနှင့် ပိုမိုကြီးမားတဲ့ အရွယ်အစားဖြစ်လာအောင် ကမကထပြုအကျိုးဆောင်သူအဖြစ်ဆောင်ရွက်ပေးနိုင်တယ်လို့ စင်္ကာပူ ဝန်ကြီးချုပ်က တရုတ်ဗဟိုရုပ်မြင်သံကြား CCTV နှင့်အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
Source CCTV+
#တရုတ်_အာဆီယံစီးပွားဆက်ဆံရေး
#စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 26 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒေါ်လွင်မီမီကို(ဦးမေတ္တာ၏ဇနီး) သက်လျာမိုး(ဦးမေတ္တာသမီး)နှင့်အတူ
- "ဦးမေတ္တာနဲ့က ညီမ(၉)တန်းအရွယ်က စတွေ့ခဲ့တာ။ပွဲကြိုက်သူဆိုတော့ဦးမေတ္တာပြတ်လုံးပျက်တဲ့ပွဲတိုင်းမှာ အားပေးဖြစ်ခဲ့ပြီး ပန်းကုံးစွပ်ပေးခဲ့ပြီး ညီမ အသက်( ၂၄)နှစ် ဦးမေတ္တာ (၄၂)နှစ်မှာအိမ်ထောင်ကျခဲ့တာဖြစ်ကြောင်း
-ဦးမေတ္တာမရှိတဲ့အချိန် အလုပ်တစ်ခုလုပ်ရမယ်ဆိုပြီး စဉ်းစားမိတော့ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်တဲ့ အခမ်းအနားမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်နေတဲ့အကြောင်း
-ဦးမေတ္တာအရိပ်အောက်မှာရှိနေတဲ့စိတ်လေးဖြစ်အောင်"မေတ္တာရိပ်"ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားဖြစ်ပြီး မတူညီတဲ့နေရာတွေမှာ လစဉ်လတိုင်းအလှူလေးတွေလှူပေးဖြစ်နေတဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
⏭ Watch full Video on Youtube >>>
⏭ Website >>>
⏭ Telegram >>> https://t.me/yangonmediagroup
#YMG#Yangon_Media_Group
#LocalNews
Published_ 26 March 2023
ယာယီလိုင်စင်ထုတ်ပေးတဲ့အတွက် ဘေးတွဲဆိုင်ကယ်တွေ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။
#YMG#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 26 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒေါ်လွင်မီမီကို(ဦးမေတ္တာ၏ဇနီး) သက်လျာမိုး(ဦးမေတ္တာသမီး)နှင့်အတူ
- "ဦးမေတ္တာနဲ့က ညီမ(၉)တန်းအရွယ်က စတွေ့ခဲ့တာ။ပွဲကြိုက်သူဆိုတော့ဦးမေတ္တာပြတ်လုံးပျက်တဲ့ပွဲတိုင်းမှာ အားပေးဖြစ်ခဲ့ပြီး ပန်းကုံးစွပ်ပေးခဲ့ပြီး ညီမ အသက်( ၂၄)နှစ် ဦးမေတ္တာ (၄၂)နှစ်မှာအိမ်ထောင်ကျခဲ့တာဖြစ်ကြောင်း
-ဦးမေတ္တာမရှိတဲ့အချိန် အလုပ်တစ်ခုလုပ်ရမယ်ဆိုပြီး စဉ်းစားမိတော့ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်တဲ့ အခမ်းအနားမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်နေတဲ့အကြောင်း
-ဦးမေတ္တာအရိပ်အောက်မှာရှိနေတဲ့စိတ်လေးဖြစ်အောင်"မေတ္တာရိပ်"ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားဖြစ်ပြီး မတူညီတဲ့နေရာတွေမှာ လစဉ်လတိုင်းအလှူလေးတွေလှူပေးဖြစ်နေတဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 25 March 2023
သင်္ကြန်ကာလအတွင်း အောင်မဂ်လာအဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း မှ အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်နားထားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှု ကော်မတီမှသိရပါတယ်။
#YMG#Yangon_Media_Group
Published 26 March 2023
မြဝတီကုန်သွယ်ရေးဇုန်ကို ပစ်ခတ်တိုက်ခိုက်သူတွေဟာ သာမန်ပြည်သူလူထု၏ ထမင်းအိုးကိုရိုက်ခွဲသူတွေ ဖြစ်ကြ တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။
မတ်လ ၂၅ ရက် တနင်္ဂနွေနေ့ မနက်မှာ မြဝတီကုန်သွယ်ရေးဇုန်ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် တုန့်ပြန်ပြောကြားရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲသလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ တစ်နိုင်ငံလုံးမှာ ပြည်သူလူထုရဲ့ ၇၀ ရာခိုင်နှုန်းကျော်သည် မြို့ပေါ်မှာနေကြတာမဟုတ်ဘူး။ ရွာတွေမှာနေကြတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကြသူတွေဖြစ်တယ်။သူတို့ရဲ့ထွက်ကုန်တွေဟာ မြဝတီကုန်သွယ်ရေးဂိတ် ကနေ အများဆုံးတင်ပို့နေတဲ့ထွက်ကုန်တွေဖြစ်ပါတယ်။ဒါလုပ်ဆောင်ခြင်းသည် သာမန်ပြည်သူလူထုရဲ့စားဝတ်နေရေး၊ သာမန်ပြည်သူလူထုရဲ့ထမင်းအိုးကိုရိုက်ခွဲတာနှင့်အတူတူပါပဲ”လို့ သူကပြောကြားခဲ့ပါတယ်။
-ymg/knl
#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရမှု
#ဗိုလ်ချုပ်ဇော်မင်းထွန်း
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 26 March 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒေါ်လွင်မီမီကို(ဦးမေတ္တာ၏ဇနီး) သက်လျာမိုး(ဦးမေတ္တာသမီး)နှင့်အတူ
- "ဦးမေတ္တာနဲ့က ညီမ(၉)တန်းအရွယ်က စတွေ့ခဲ့တာ။ပွဲကြိုက်သူဆိုတော့ဦးမေတ္တာပြတ်လုံးပျက်တဲ့ပွဲတိုင်းမှာ အားပေးဖြစ်ခဲ့ပြီး ပန်းကုံးစွပ်ပေးခဲ့ပြီး ညီမ အသက်( ၂၄)နှစ် ဦးမေတ္တာ (၄၂)နှစ်မှာအိမ်ထောင်ကျခဲ့တာဖြစ်ကြောင်း
-ဦးမေတ္တာမရှိတဲ့အချိန် အလုပ်တစ်ခုလုပ်ရမယ်ဆိုပြီး စဉ်းစားမိတော့ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်တဲ့ အခမ်းအနားမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်နေတဲ့အကြောင်း
-ဦးမေတ္တာအရိပ်အောက်မှာရှိနေတဲ့စိတ်လေးဖြစ်အောင်"မေတ္တာရိပ်"ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားဖြစ်ပြီး မတူညီတဲ့နေရာတွေမှာ လစဉ်လတိုင်းအလှူလေးတွေလှူပေးဖြစ်နေတဲ့အကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ်(စာရေးဆရာ) #YMG #Yangon_Media_Group
Published 26 March 2023
အလယ်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ဆက်ဆံလာတဲ့ ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံမှုဖြတ်တောက်လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တနင်္ဂနွေနေ့က စတင်ထူထောင် လိုက်ပါတယ်။
ဟွန်ဒူးရပ်စ်ဟာ ဘေဂျင်းကြောင့် ထိုင်ဝမ်ကိုအဆက်မဖြတ်ခင်မှာ ထိုင်ဝမ်ထံမှ မတန်တဆငွေပမဏကို တောင်းဆို ခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီး ဆက်ဆံရေးစတင်ဖို့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဟွန်ဒူးရပ်စ်သမ္မတ ဇီယိုမာရာ ကတ်စထရိုကလည်း သူမရဲ့ အစိုးရဟာ ဘေဂျင်းနှင့် သံတမန်ဆက်ဆံမှုစတင်မယ်လို့ ပြောကြားပြီးတဲ့နောက် ဟွန်ဒူးရပ်စ်ဟာ ထိုင်ဝမ်နှင့် သံ တမန်ဖြတ်တောက်တော့မယ်လို့ မျှော်လင့်ထားကြ တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နှင့် ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီး အက်ဒူရာဒို အင်ရစ်ရိန်နာတို့ဟာ တစ်ဖက်နှင့် တစ်ဖက် သံတမန်ရေးရာ အသိအမှတ်ပြုကြဖို့ ဘေဂျင်းမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်နိုင်ငံကပြောပါတယ်။ ဟွန်ဒူးရပ်စ်ဟာ ၁၉၄၀ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တဲ့ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တရုတ်အားလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်ပိုက်နက်ထဲက ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ဟွန်ဒူးရပ်စ်နိုင်ငံက အသိအမှတ်ပြုတယ်” လို့ ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာ ဖော်ပြ ထားပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်သံရုံးတို့ ဟာ သက်ဆိုင်ဆီလျော်တဲ့ သတင်းအချက်လက်တွေကို ဆုပ်ကိုင်ထားပြီး အဲဒါကို ဂရုတစိုက်ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကတ်စထရိုရဲ့ အစိုးရက ကျွန်တော်တို့ဆီကနေ စီးပွားရေးအကူအညီအဖြစ် ဒေါ်လာ ဘီလျံနှင့်ချီပြီးတောင်းတယ်။ ပြီးတော့ အကူအညီပေးရေးအစီအစဉ်တွေကနေ ထောက်ပံ့ပေးနေတဲ့ ထိုင်ဝမ်နှင့် တရုတ်တို့ရဲ့ ငွေကြေးပမာဏကို နှိုင်းယှဉ်တယ်” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူးက ပြောပါတယ်။
ထိုင်ဝမ်အနေနှင့် တရုတ်နှင့် အဓိပ္ပါယ်မဲ့တဲ့ ဒေါ်လာဒီပလိုမေစီကို ပြိုင်နေမှာမဟုတ်ဘူး လို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်းဝန် က ဗွီဒီယိုမိန့်ခွန်းမှာပြောကြားပါတယ်။
Source Reuters
#ဟွန်ဒူးရပ်စ်နှင့်တရုတ်သံတမန်ဆက်ဆံရေးထူထောင်
#ထိုင်ဝမ်နှင့်ဟွန်ဒူးရပ်စ်သံတမန်ဖြတ်တောက်
#YangonMediaGroup

#LocalNews
Published -26 March 2023
မလေးရှားနိုင်ငံ ဓမ္မဆာရာတွင်နေထိုင်ပြီးစားသောက်ဆိုင်တွင်အလုပ်လုပ်ကိုင်နေကိုင်သူ မြန်မာနိုင်ငံသား ၁ ဦးသည် အလုပ်လုပ်ရင်း ရုတ်တရက်ကွယ်လွန်သွားကြောင်း နှလုံးလှပရဟိတလူငယ်များအဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။
ကွယ်လွန်သူအမျိုးသားမှာ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်,ဘူးရွာမှအသက် ၂၇ နှစ်အရွယ် ကိုဝင်းဆန်းလင်းဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူကို မတ်လ ၂၅ ရက်က ကွယ်လွန်သူ၏ မိတ်ဆွေများနှင့်အတူ နှလုံးလှမိသားစုမှ ကွာလာလမ်ပူ,ချဲရတ်ဂျ
ကွာလီသုဿန်သို့ကုသိုလ်ယူပို့ဆောင်ပေးခဲ့ကြောင်းလည်း ယင်းအသင်းက သိရသည်။
#ymg/mt
#Yangon-Media-Group

Published 26 March 2023
မြဝတီကုန်သွယ်ရေးဇုန်အား မတ်လ (၂၅)ရက်က KKO (ခွဲထွက်)အဖွဲ့နှင့် PDFအဖွဲ့တို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့သေဆုံးခဲ့ကြကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေးဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင်KKO(ခွဲထွက်)အဖွဲ့နှင့် PDF များက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ထိုကဲ့သို့ လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦ နှင့် X- Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရှိရပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#မြဝတီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရ
#KKO (ခွဲထွက်)အဖွဲ့နှင့် PDF
#YangonMediaGroup





#World_Science
Published 26 March 2023
တန်ဇန်နီယာ အရူရှာဒေသ ငိုရွန်ဂိုရိုမြောက်ဘက်ရှိ နေထရွန်ရေကန်ဟာ အယ်လ်ကာလိုင်းရေကန်တစ်ခုဖြစ်ပါတယ်။
ဒီကန်က အတော်လေးထူးဆန်းပြီး အလွန်ကြောက်စရာကောင်းနေတာတော့ အမှန်ပါပဲ။
ဒီကန်ကို ကျွမ်းကျင်သူများနဲ့ သုံးသပ်သူများက စိတ်ဝင်စားနေတာ ကြာပါပြီ။
ကန်ရဲ့ရေပြင်က ကြက်သွေးရောင်ဖြင့်လှပနေပေမယ့် ဘယ်သူမှရေဆင်းမကူးရဲကြပါဘူး။
ရေကိုထိမိတဲ့ သတ္တဝါတွေဟာ ကျောက်တုံးများဖြစ်ကုန်ကြတယ်လို့ သိထားကြပါတယ်။
ဒါဟာ ကြောက်စရာကောင်းတဲ့ ပုံပြင်တွေလိုဖြစ်နေပေမယ့် ကန်ထဲကဆားပါဝင်မှုကြောင့် အတိုင်းအတာတစ်ခုအထိ မှန်ကန်နေပါတယ်။
ရေကန်ထဲမှာ ဆား၊ ဆိုဒါ၊ မဂ္ဂနီဆိုက်အနည်များပါဝင်ပြီး အိုဒွိုက်ညိုလန်ဂိုင်လို့ခေါ်တဲ့ တောင်ကြီးကလည်း ရေကန်အပေါ် သက်ရောက်မှုရှိနေပါတယ်။
ရှားပါးကာဗွန်နတိုက်ချော်ရည်များ ထုတ်ပေးတဲ့ တစ်ခုတည်းသောလှုပ်ရှားမီးတောင်လည်း ဖြစ်ပါတယ်။
ပတ်ပတ်လည်တောင်ကုန်းတွေမှ ဆိုဒီယမ်ကာဗွန်နိတ်တွေနဲ့ အခြားသတ္တုဓာတ်တွေက ရေကန်ထဲသို့စီးဆင်းလာပြီး အယ်လ်ကာလိုင်းဖြစ်လာတာပါ။
ဆိုဒီယမ်ကာဗွန်နိတ်အနည်တွေက တစ်ချိန်တုန်းက အီဂျစ်မံမီအစီအရင်တွေမှာ အသုံးပြုခဲ့ဖူးဟန်ရှိပါတယ်။
မီဒီယာအများအပြားရဲ့ ဖော်ပြချက်အရ ကန်ရေနဲ့ထိတွေ့တဲ့ သတ္တဝါတွေ ကျောက်တုံးဖြစ်သွားတယ်ဆိုတာကို အတိအကျပြောဖို့ခက်နေပြီး ဒီရေကပဲ ကြိုးကြာနီတွေအတွက်တော့ အထောက်အပံ့ဖြစ်နေပါသေးတယ်။
အသက်ဘေးအန္တရာယ်အရှိဆုံး ရေကန်ဖြစ်နေပေမယ့် အရှေ့အာဖရိကရှိ ကြိုးကြာ ၂.၅ သန်းအတွက်တော့ ပုံမှန်ပေါက်ဖွားရာနေရာဖြစ်နေပါတယ်။
နေထရွန်ရေကန်ရှိ ဆားရေက pH ၁၀.၅ အထက်ရှိပြီး ထိုရေနဲ့ မကိုက်ညီတဲ့သတ္တဝါတွေအတွက်တော့ မျက်လုံးနဲ့အရေပြား တောက်လောင်စေပါတယ်။
ရေတွေနီနေရတဲ့အကြောင်းအရင်းကတော့ ကြမ်းတမ်းတဲ့အခြေအနေကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။
သတ္တဝါတွေ ဘာကြောင့်သေရတယ်ဆိုတာ အတိအကျမသိကြဘဲ ဒီရေတွေထဲမှာ ဆိုဒါနဲ့ ဆားပါဝင်မှုအလွန်မြင့်မားနေပါတယ်။
Source: WION.
#Yangon_Media_Group
Page 1270 of 1957