#WorldLiterature
Published 07 April 2022
'ချားလ်စ်ဒါဝင်း' ရေးသားပြုစုခဲ့တဲ့ မှတ်စုစာအုပ် ၂ အုပ်ဖြစ်တဲ့ သတ္တဝါဆင့်ကဲပြောင်းလဲခြင်းအကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ရှေ့ဆောင်စိတ်ကူးစိတ်သန်းများဖော်ပြထားတဲ့ မှတ်စုစာအုပ်နဲ့ သူ့ရဲ့နာမည်ကျော် ဘဝရှင်သန်ခြင်းပုံကြမ်းမှတ်စုစာအုပ်တိုဟာ နှစ်ပေါင်း ၂၁ တိုင်အောင်ပျောက်ဆုံးနေခဲ့ရာမှ အမည်မသိသူတစ်ဦးက လာရောက်ပြန်ပေးအပ်ခဲ့ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်စာကြည့်တိုက်က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
#Yangon_Media_Group
Published 7 April 2022
နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနှင့် ယူကရိန်းကို ရုရှားကိုတိုက်ခိုက်ရာမှာ လိုအပ်တဲ့ လက်နက်တွေအားလုံးပေးဖို့ ယူကရိန်း နိင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက ဧပြီ(၇)ရက်က တောင်းဆိုလိုက်ပါတယ်။
နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေနှင့် ဘရပ်ဆဲလ်မှာ မတွေ့ခင်မှာ ကူလီဘာက သတင်းထောက်တွေနှင့်တွေ့ဆုံရာမှာ သူက သူလိုချင်တာသုံးမျိုးပဲရှိတယ်။ အဲဒါက လက်နက်၊လက်နက်၊လက်နက်ပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Source AFP
#LocalNews
Published - 7 April 2022
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား လယ်ယာထွက်ကုန်တွေကို တရားဝင်တင်ပို့နိုင်ဖို့ အပင်၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး (SPS) သဘောတူစာချုပ်ကို တရုတ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_7 April 2022
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ယူနက်စကိုဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အပတ်စဉ် စနေနေ့တိုင်း ဌာနပေါင်းစုံစုပေါင်းပြီးတော့ အမှိုက်ကောက်တာတွေ လုပ်နေကြပါပြီ။
#Yangon_Media_Group
#LocalNews
Published_4 April 2022
တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ရခိုင်ကမ်းလွန်ပင်လယ်ပြင်သို့ ယနေ့ ဧပြီ လ ၇ ရက် နံနက်က ကျရောက်ခဲ့ပြီး လူနှင့်အရာဝတ္ထုများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ယနေ့ နံနက် ၆ နာရီ ၃၉ မိနစ်ခန့်အချိန်တွင် ဘင်္ဂလားပင်လယ်အော် သံတွဲမြို့နယ်၊ နံ့သာကျွန်း၏ အနောက်မြောက်ဘက် ၂၇ မိုင်ခန့်အကွာတွင် ကျရောက်ခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တရုတ်အာကာသယာဉ်အပိုင်းအစများ ရခိုင်ပင်လယ်ပြင်အတွင်းသို့ ဧပြီလ ၇ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှ ညနေ ၆ နာရီ ၃၉ မိနစ်အတွင်း ဘင်္ဂလားပင်လယ်အော်ရှိ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၄)မိုင်ခန့်နှင့် မာန်အောင်လေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၄၄ မိုင်ခန့်အကွာ ဧရိယာတွင် ကျရောက်နိုင်မည်ဟု ထုတ်ပြန်ထားခဲ့သည်။
တရုတ်အာကာသယာဉ်အပိုင်းအစများသည် ရခိုင်ပင်လယ်ပြင်သို့ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်ကတစ်ကြိမ်၊ဒီဇင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၁၂ ရက်အတွင်းတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်းတစ်ကြိမ် ကျရောက်ခဲ့သေးကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 7 April 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ သစ်ထုတ်ရာသီမှာ ကျွန်း/ သစ်မာ လျာထားထုတ်လုပ်မှု တစ်နှစ် ရပ်နားကြောင်း သယံဇာတ်နှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆ လ ဘဏ္ဍာနှစ်ကာလမှာ သစ်ထုတ်လုပ်မှု ရပ်နားခဲ့ပြီး ၊ ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ကျွန်း / သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံပြီး တစ်နှစ် ရပ်နားလိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ်ကနေ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်စီမံကိန်းရေးဆွဲပြီးအကောင်အထည်ဖော်ဆောင်ရွက်နေပြီး သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်မှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာ သစ်တောများ ပြန်လည်တည်ထောင်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဒ့ါအပြင် သစ်ထုတ်လုပ်မှုကိုလည်း နှစ်စဉ်ထုတ်လုပ်နိုင်မယ့်ပမာဏ (Annual Allowable Cut – AAC) ဘောင်အတွင်းမှ လျှော့ချထုတ်လုပ်ဖို့ လျာထားတယ်လို့သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published_7 April 2022
သိန်းသုံးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် အမ်းစစ်ဆေးရေးဂိတ်တာဝန်ကျဝန်ထမ်းများအား ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများကို ဧပြီလ ၅ ရက်က ရခိုင်ပြည်နယ် အမ်းမြို့အဝင် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဝင်များမှ လူ၊ယာဉ် အဝင်၊အထွက်များ စစ်ဆေးစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
"ဘေထုပ်နဲ့ ရောပြီးတင်လာတာ။ကာလတန်ဖိုး ငွေကျပ် သိန်းသုံးသောင်းကျော်ဖိုး ဖမ်းမိပါတယ်။ကားဒရိုင်ဘာနဲ့ စပယ်ယာကို ဖမ်းထားပါတယ်။အခု ဖမ်းမိတဲ့ WY တွေကို ဖွင့်ကြည့်တဲ့အခါ ထူခြားတာတွေ ရှိတယ်။ဖမ်းဆီးစစ်ဆေးတဲ့ တာဝန်ကျ ဝန်ထမ်းတွေကိုလည်း ဆုချီးမြှင့်ဖို့ လုပ်ထားတယ်လို့ သိရတယ်"ဟု အဆိုပါ ပူးပေါင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
၆ ဘီး ကုန်တင်ယာဉ်တစ်စီးကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၇)ရပ်ကွက်နေသူ ယာဉ်မောင်း ဇော်မျိုးသန်း နှင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်နေ အသက် ၅၃ နှစ်အရွယ် ယာဉ်နောက်လိုက် သိန်းသန်းမြင့်တို့ ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာစဉ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အဝတ်(ဘေထုပ်) များအတွင်းတွင် ရောနှောသယ်ဆောင်လာသည့် WY/R စာတန်းပါစိတ်ကြွမူးယစ်ဆေးပြား ၁၅၀ သိန်းပြား၊ (ကာလတန်ဖိုး ၃၀ ဘီလီယံကျပ်ခန့်)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 7 April 2022
နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အစီအစဉ်ကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ရမည်းသင်းမြို့အပန်း ဖြေစခန်းဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သည့် "Resort" မဟုတ်ကြောင်း အဆိုပါအပန်းဖြေစခန်းမှ ဒီကနေ့မှာ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။
"သားငယ်လေး ထူးလပြည့်ဝန်း အဲ့ဒါကြောင့် အပန်းဖြေစခန်းကို 'ထူး'လို့အမည်ပေးထားတာပါ"လို့ အဆိုပါအပန်းဖြေစခန်း၏ ပိုင်ရှင်ဖြစ်သူက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရပါတယ်။

ဒါ့အပြင် ရမည်းသင်းမြို့ရှိ 'ထူး' အပန်းဖြေစခန်းသည် ဦးတေဇ(ထူး)နှင့် အမည်တူရုံမှလွဲ၍ မည်သည့်အကြောင်းမျှ ဆက်စပ်မှု၊ သက်ဆိုင်မှု(လုံးဝ)မရှိကြောင်းနှင့် နိုင်ငံရေးအဖွဲ့အစည်းများနှင့်လည်း ပတ်သက်ဆက်နွယ်မှုအလျင်းမရှိကြောင်း ဒီကနေ့မှာ ၄င်းတို့၏ တရားဝင်ဖေ့ဘုတ်ကနေတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့တာပါ။
အဆိုပါအပန်းဖြေစခန်းတွင် သင်္ကြန်ပွဲတော်ရက်များကာလအတွင်း နာမည်ကြီးအဆိုတော်များဖြစ်တဲ့ ထူးအယ်လင်း၊ သာဒီးလူ၊ ဝန တို့ အပါအဝင် Chocolate၊ Snow၊ Su၊ ပိုးပိုး၊ Dancer & DJ
တို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြဖို့ဖိတ်ခေါ်ထားတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။
ထိုသို့ စီစဥ်ထားမှုအပေါ် လူထုရဲ့ဝေဖန်မှုတွေက မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ယင်း 'ထူး'အပန်းဖြေစခန်းဟာ ရမည်းသင်းမြို့၊ကျီးနီကန်ဘောင်အနောက်ဘက်မှာ တည်ရှိတဲ့
အပန်းဖြေစခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_7 April 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် သေနတ်ဖြစ်ပစ်ခတ်ခံရသည့် သတင်းမှာ မှန်ကန်ကြောင်း သက်ဆိုင်ရာက အတည်ပြုပါတယ်။
“ မှန်ပါတယ်။ နေအိမ်မှာပစ်ခတ်ခံရတာပါ။တစ်ဦးတည်းပါ" ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ၏မေးမြန်းချက်ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ သူဟာ အခု တပ်မတော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ဒဏ်ရာက မစိုးရိမ်ရပါဘူး" လို့ ဗိုလ်ချူပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုပါတယ်။
ယနေ့ ဧပြီ ၇ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ ဒေါ်သန်းသန်းဆွေကို သူ၏နေအိမ်တွင် အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ymg/mt
#Yangon_Media_Group
#DailyNews
Published -7 April 2022
၁။ မြန်မာငှက်ပျော တရုတ်ကို တရားဝင်တပ်ပိုခွင့်ရရန် အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ် ချုပ်ဆို
၂။ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်နိုင်ရေး စုပေါင်းအမှိုက်ကောက်လုပ်ငန်းကို တစ်ပတ်တစ်ကြိမ်ပြုလုပ်မည်
၃။ မိုးလေဝသ သတင်း
၄။ ပျောက်ဆုံးနေခဲ့သော ချားလ်စ်ဒါဝင်း၏မှတ်စုစာအုပ်များအား အမည်မသိသူတစ်ဦးက ကိမ်းဘရစ်ချ်တက္ကသိုလ်သို့ ပြန်လည်ပေးအပ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published 7Apr 2022
၂၀၂၂ခုနှစ် ဧပြီလ ၂ ရက်နေ့နဲ့ ၅ ရက်နေ့တို့မှာ ဝ ပြည်နယ်တောင်ပိုင်း UWSA နဲ့ RCSS အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးတွေရှိခဲ့တယ်လို့ သိရပါတယ်။
"ဝ" ပြည်တောင်ပိုင်း UWSA (၁၇၁) စစ်ဒေသနှင့် RCSS ရှမ်းတပ်ဖွဲ့တို့၏ ဧပြီလ ၂ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်စဉ်မှာ လွယ်မန်ထုံကြားခံနယ်မြေအတွင်းသို့ RCSS အဖွဲ့မှ ကျူးကျော်ဝင်ရောက်လာပြီးနောက် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်တာကြောင့်"ဝ" တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသော်လည်း အပြန်အလှန်ပစ်ခတ်မှုခဏတာသာဖြစ်ပွားခဲ့ပြီးနောက် "ဝ" တပ်ဖွဲ့မှ အင်အားသုံးပြီး ပြန်လည်လက်တုံပြန်ခြင်းမပြုခဲ့ဘူးလို့ ဝ တောင်ပိုင်းရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်းကပြောပါတယ်။
ထပ်မံ၍ ဧပြီလ ၅ ရက်နေ့နံနက်ပိုင်းတွင် ၀ ထိန်းချုပ်နယ်မြေမုန်းထဒေသရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော UWSA တပ်ဖွဲ့ဝင်အင်အား(၁၈)ဦး စခန်းချရာနေရာသို့ RCSS တပ်ဖွဲ့မှအင်အား ၂၀ ခန့် နယ်မြေကျူးဝင်ရောက်လာခဲ့တာကြောင့် "ဝ"တပ်ဖွဲ့မှ မေးမြန်းစဉ် RCSS အဖွဲ့မှ အခွင့်ကောင်းယူကာ စတင်ပစ်ခတ်သဖြင့် မိမိတို့"ဝ"တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီးနောက် နယ်မြေရှင်းလင်းရေးအတွက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ရာ RCSS ဘက်မှ (၅) ဦး ကျဆုံးပြီး လက်နက်ငယ် ၆ လက်ရရှိခဲ့ပြီး UWSA မှ တပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_7 April 2022
ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့ ၊အမှတ်၁ရပ်ကွက်၊လှိုင်လမ်းမပေါ်က မြင့်မိုရ်နန်းစားသောက်ဆိုင်တွင်မွေးမြူထားသော ဝက်ဝံနှစ်ကောင် အရိုင်းစိတ်ဝင်ကာ ကုတ်ခြစ်ခဲ့သောကြောင့် ယနေ့ ဧပြီလ ၇ ရက် နံနက်စောစောတွင် ဝက်ဝံပိုင်ရှင် သေဆုံးသွားခဲ့ရကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။
ဝက်ဝံပိုင်ရှင်မှာ ဦးကိုကိုအောင်ဆိုသူဖြစ်ပြီး ၎င်းမှာ တိရစ္ဆာချစ်သူတစ်ယောက်လည်းဖြစ်ကြောင်း၊လမ်းဘေးခွေးလေခွေးလွင့်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများလည်း လုပ်ကိုင်နေသည့်အပြင် မြင့်မိုရ်နန်း စားသောက်ဆိုင်ဖွင့်လှစ်ထားသူဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ရှစ်နှစ်ခန့်မှ ဝက်ဝံပေါက်တစ်ကောင် စတင်မွေးမြူရာမှ ယခုလက်ရှိအချိန်ထိ ဝက်ဝံ ၁၂ ကောင်ကို မွေးမြူထားကြောင်း၊ကုတ်ခြစ်သတ်ဖြတ်ခဲ့သည့် ဝက်ဝံနှစ်ကောင်အနက် ဦးကိုကိုအောင် စတင်မွေးမြူခဲ့သော အိစိကွေး ဟုခေါ်သည့် ဝက်ဝံလည်းပါကြောင်း၊ ဦးကိုကိုအောင်မှာ ဝက်ဝံနှစ်ကောင်ဘေးတွင် သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးကိုကိုအောင်၏ ရုပ်အလောင်းကို ယူဆောင်နိုင်ရန် အခက်အခဲရှိနေသည့်အတွက် အဆိုပါအရိုင်းစိတ်ဝင်နေသော ဝက်ဝံများ၏ဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်ခဲ့ရကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1809 of 1913