#LocalNews
Published_11 April 2022
ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ ကျူးများကို အပြီးဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
"နောက် ၆ လအတွင်းမှာ ဖယ်ရမယ်။အပြီးပေါ့။အခုဆိုရင် မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်းမှာ ကျူးကျော်နေအိမ်တွေနဲ့ အခြားအဆောက်အအုံ ၆၀၀ လောက်ရှိတယ်။ အဓိက အနေနဲ့တော့ ကျုံးပတ်ဝန်းကျင် နဲ့ ရေအရင်းမြစ်ရှိတဲ့ နေရာဝန်းကျင်တွေက ဟာတွေကို အဓိက ဖယ်ရမယ်"ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖယ်ရှားမည့် ကျူးကျော်နေထိုင်သူများအား အစားထိုးနေရာ ပြန်လည်ပေးအပ်နိုင်ရန်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးဒေသကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အီတလီနိုင်ငံသားပညာရှင်ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က ကွင်းဆင်းခဲ့ကာ လက်ရှိတွင် သက်ဆိုင်ရာ ဌာနပေါင်းစံမှလည်း အမှိုက်ကောက်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အပြီးသတ်အဆိုပြုလွှာအချောကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က လက်ရှိ ပြင်သစ်နိုင်ငံ သံအမတ်ကြီး ၊ မြန်မာနိုင်ငံ၏ ယူနက်စကိုဆိုင်ရာ သံအမတ်ကြီးမှတစ်ဆင့် ပေးပိုခဲ့ပြီး၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်၊မဝင် ဆုံးဖြတ်ရန် ကနဦး စစ်ဆေးရေးအဖွဲ့များက ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း လာရောက်ရန် ရှိနေကြောင်းလည်း သိရသည်။
အေဒီ ၁၄၃၀ ပြည့်နှစ်တွင် ရခိုင်ဘုရင်မင်းစောမွန် စတင်တည်ထောင်ခဲ့သော မြောက်ဦးမြို့သည် ရခိုင်ဘုရင်အဆက်ဆက် နှစ်ပေါင်း ၃၅၄ နှစ်တိုင်တိုင် ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သော မင်းနေပြည်တော်တစ်ခုဖြစ်ပြီး သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published 11 April 2022
မိုဒါနာကုမ္ပဏီက ကန်ထရိုက်ပေးထားတဲ့ ရိုဗီက ထုတ်လုပ်ထားတဲ့ မိုဒါနာကိုဗစ်ကာကွယ်ဆေးပေါင်း ၇၆၄,၉၀၀ doses ကို ပြန်လည်သိမ်းယူနေတယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ အဲဒီမိုဒါနာကိုဗစ်ကာကွယ်ဆေးရည်တွေထဲမှာ ပြင်ပက အရာဝတ္တုတစ်ခုကြောင့် မသန့်မပြန့်ဖြစ်နေတာကို တွေ့ရှိခဲ့လို့ ယခုလိုပြန်လည်သိမ်းယူတာဖြစ်ပါတယ်။
ဘေးကင်းစိတ်ချရမှုဆိုင်ရာ ပြဿနာတစ်စုံတစ်ခု မတွေ့ရသေးကြောင်း မိုဒါနာကပြောပါတယ်။ အဲဒီဆေးတွေကို နော်ဝေ၊ပိုလန်၊ပေါ်တူဂီ၊စပိန်နှင့်ဆွီဒင်နိုင်ငံတွေကို ဇန်နဝါရီလကတည်းက တင်ပို့ထားတာဖြစ်ပါတယ်။
ဆေးထုတ်လုပ်သူကတော့ အဲသလိုမသန့်မပြန့်ဖြစ်တာကို ဆေးတစ်ပုလင်းထဲမှာသာ တွေ့ရှိခဲ့တာဖြစ်ပေမယ့် ကြိုတင်ကာကွယ်နိုင်စေဖို့အတွက် အဲဒီတစ်သုတ်လုံးကို ပြန်သိမ်းယူတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပုလင်းထဲမှာတွေ့တဲ့ မသန့်မပြန့်ဆိုတာ ဘာကိုပြောတာလဲဆိုတာကိုတော့ သူတို့က ဖွင့်မပြောပါဘူး။
ပြီးခဲ့တဲ့နှစ်ကလည်း မိုဒါနာကာကွယ်ဆေးအချို့ပုလင်းတွေကို ဂျပန်နိုင်ငံမှာ အစိုးရက သုံးစွဲမှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်တော့ အချို့ပုလင်းတွေထဲမှာ သံမဏိအမှုန်အမွှားတွေတွေ့ရကြောင်း စစ်ဆေးပေါ်ပေါက်ပြီးနောက် မိုဒါနာက ဆေးပုလင်းတွေကိုပြန်သိမ်းယူခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ ယခုထက်ထိ မိုဒါနာ ကာကွယ်ဆေးပေါင်း သန်း ၉၀၀ doses ကို ထိုးနှံပေးပြီးဖြစ်ပါတယ်။ အခြားဆေးပုလင်းတွေမှာ အဲသလိုမသန့်မပြန့်ဖြစ်တာ ရှိနိုင်မယ့်အန္တရာယ်မရှိနိုင်ဘူးလို့ ယုံကြည်တယ်လို့ မိုဒါနာက သောကြာနေ့ကပြောပါတယ်။
Source Reuters
#Yangon_Media_Group
#Local_News
Published_ 11 April 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ဧပြီ ၈ ရက် ညနေ ၅ နာရီခန့်က ငွေကျပ် ၁,၈၇၁ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဆေးတလုံးကျေးရွာ-ပွဲကောက်ကျေးရွာကြားတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဆေးတလုံးကျေးရွာဘက်မှ ပွဲကောက်ကျေးရွာဘက်သို့ အောင်ဇော်စိုးဝင်း၊ မောင်းနှင်ပြီး ဒေါ်ခင်မို့မို့ဝင်း လိုက်ပါလာသော AD VAN မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာ သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈,၈၀၀ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေကျပ် ၅ သိန်းတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။
ဖော်ထုတ်ချက်အရ ည ၆ နာရီခွဲတွင် ၎င်းတို့နေထိုင်သည့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂) ရှိ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၅,၉၄၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၂၄,၇၄၀ ပြား၊ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၈၇၁.၁ သိန်း အားသိမ်းဆည်းရမိခဲ့ပါတယ်။
အောင်ဇော်စိုးဝင်း (၄၈) နှစ်နှင့် ဒေါ်ခင်မို့မို့ဝင်း (၄၉) နှစ်တို့အား ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Published 11 April 2022
မြန်မာ့ကော်ဖီအမှတ်တံဆိပ်များကို ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများက လိုအပ်သည့် အရင်းအနှီးတွေ ကူညီဆောင်ရွက်ပေးမယ်လို့သိရပါတယ်။
ဧပြီလ(၁၀)ရက်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ ကော်ဖီလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး စနစ်ကျနသည့် စိုက်ပျိုးမှု စနစ်ရှိရမည်ဖြစ်သလို လိုအပ်တဲ့ သွင်းအားစုတွေကိုလည်း မှန်မှန်ကန်ကန်ထည့်သွင်းဖို့လိုပါတယ်။အဲသလိုဆောင်ရွက်မှ အရည်အသွေးကောင်းမွန်တဲ့ ကော်ဖီရရှိမည်ဖြစ်ပါတယ်။ ကော်ဖီထုတ်ကုန်တွေ ဈေးကွက်ရရှိဖို့နှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေဖို့ အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးတွေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကူညီဆောင်ရွက်ပေးသွားမှာဖြစ်လို့ အမှန်တကယ် အောင်မြင်ပြီး မြန်မာ့ ကော်ဖီ(Myanmar Coffee Brand)ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်” လို့ နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ကော်ဖီလုပ်ငန်းရှင်တွေကလည်း ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို ဖော်ဆောင်ရာတွင် အစိုးရနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကတာဝန်ရှိသူတွေ၊ ကော်ဖီလုပ်ငန်းရှင်တွေအားလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက် ဖို့ လိုအပ်တဲ့အခြေအနေတွေ၊ ကော်ဖီစီမံကိန်းတွေ စတင်ဆောင်ရွက်ပေးခဲ့စဉ် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းတွင် မြန်မာ့ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ဆောင် ရွက်နိုင်ခဲ့ခြင်းမရှိတဲ့အတွက် ကော်ဖီလုပ်ငန်းရှင်များ ထိခိုက်နစ်နာခဲ့ရတာတွေ၊ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းပြီး နိုင်ငံတကာ ကော်ဖီ ဈေးကွက်ကို ထိုးဖောက်နိုင် ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကော်ဖီသည် အလားအလာကောင်းသည့် ဈေးကွက် ရရှိလာတဲ့ အနေအထား၊ ကော်ဖီလုပ်ငန်းအောင်မြင်စွာဖြစ်ပေါ်လာရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေက ဦးဆောင်ပြီး လုပ်ငန်းရှင်တွေအားလုံး ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မှုတွေ၊အစိုးရက ခွင့်ပြုပေးထားတဲ့ စိုက်ပျိုးမြေ ဧရိယာတွေအတွင်း တရားမဲ့ဝင်ရောက်နေထိုင်ခြင်း၊ ရာသီသီးနှံများ စိုက်ပျိုးခြင်းတွေကြောင့် ကော်ဖီလုပ်ငန်းရှင်တွေရဲ့ ထိခိုက်နစ်နာနေရမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးစေလိုတာတွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဆွေးနွေးပွဲမှာ ကော်ဖီစိုက်ပျိုးမည်ဆိုကာ မြေကွက်တွေရယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်းမရှိကြတဲ့ လုပ်ငန်းရှင်တွေကို နစကဥက္ကဋ္ဌက သတိပေးစကားပြောခဲ့ပါတယ်။
လုပ်ငန်းဆောင်ရွက်မှု မရှိတာတွေကို စည်းကမ်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းရှိသော်လည်း တရားမဲ့နေထိုင်မှုများ၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာပျက်စီးခဲ့မှုများကို ပြန်လည် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်တယ်လို့သူကပြောပါတယ်။
ကျူးကျော်မှုများဖြစ်ပေါ်နေခြင်းဟာ သတ်မှတ်ကာလ အတွင်း စိုက်ပျိုးဧရိယာအတွင်း၌ လုပ်ငန်းဆောင်ရွက်မှု မရှိခဲ့ခြင်း ကြောင့်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်များ အနေဖြင့်လည်း မှန်မှန်ကန်ကန် အသုံးချဆောင်ရွက်ရန်လိုကြောင်းနှင့် စည်းကမ်းနှင့် မညီညွတ်သည့် ခွင့်ပြု မြေဧရိယာများကို ပြန်လည်သိမ်းဆည်းပြီး နောက်ပိုင်းတွင်လည်း စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နစကဥက္ကဋ္ဌက သတိပေးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဒီနှစ်ကော်ဖီရာသီမှာ နိုင်ငံခြားကို ကော်ဖီတန်ချိန် ၄၅၀မှ ၅၀၀အကြား တင်ပို့ဖို့ရှိတယ်လို့ ပြင်ဦးလွင်မြို့က ကော်ဖီသုတေသနနှင့်နည်းပညာဖြန့်ဝေရေးစင်တာကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခုမှာ ဇန်နဝါရီလတုန်းက သတင်းဖော်ပြခဲ့ပါတယ်။ အဲသလိုတင်ပို့ရာမှာ အမေရိကန်၊နယ်သာလန်၊ဩစတြေးလျ၊ဂျပန်၊ကိုးရီးယား၊ ပြင်သစ်၊ဂျာမနီ၊ ထိုင်းနှင့် တရုတ်နိုင်ငံတွေပါဝင်တယ်လို့ အဲဒီသတင်းမှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။



Published 10 April 2022
တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဆိုးလ်မြို့တော်က ဘူဂွမ်ချီယွမ်ချောင်းကို စနေနေ့က သွားရောက်လည်ပတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတစ်ဝိုက်မှာ ချယ်ရီတွေဟာ ဝေနေအောင် အပြည့်အဝဖူးပွင့်နေလို့ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ကူးစက်မှုတွေမြင့်မားနေပေမယ့် ကန့်သတ်ချက်တွေဖြေလျော့ပေးလိုက်တာကြောင့် လည်ပတ်သူတွေ များပြားနေပါတယ်။
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တစ်နှစ်တစ်ကြိမ် ဘူဂွမ်ချီယွမ်ချောင်းမှာ ကျင်းပတဲ့ ချယ်ရီပွင့်ချိန်ပွဲတော်ကို ဖျက်သိမ်းခဲ့တာ (၂)နှစ်ရှိခဲ့တာဖြစ်ပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 10 April 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ဦးခင်မောင်လွင်(လွတ်လပ်သောလူသား) နှင့်အတူ
_ ဆရာ ဦးခင်မောင်လွင်(လွတ်လပ်သောလူသား) ရေးသားတဲ့
" လွတ်လပ်သော လူသား" ဆိုတဲ့ စာအုပ်နှင့် လွတ်လပ်မှုအပေါ် ဆရာရဲ့ ခံယူချက်သဘောထား
_ "လွတ်လပ်သောစာပေအကြောင်း" နှင့်
_ "လွတ်လပ်သောဂီတအကြောင်း" စသဖြင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 10 April 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ဦးခင်မောင်လွင်(လွတ်လပ်သောလူသား) နှင့်အတူ
_ ဆရာ ဦးခင်မောင်လွင်(လွတ်လပ်သောလူသား) ရေးသားတဲ့
" လွတ်လပ်သော လူသား" ဆိုတဲ့ စာအုပ်နှင့် လွတ်လပ်မှုအပေါ် ဆရာရဲ့ ခံယူချက်သဘောထား
_ "လွတ်လပ်သောစာပေအကြောင်း" နှင့်
_ "လွတ်လပ်သောဂီတအကြောင်း" စသဖြင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 10 April 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ဦးခင်မောင်လွင်(လွတ်လပ်သောလူသား) နှင့်အတူ
_ ဆရာ ဦးခင်မောင်လွင်(လွတ်လပ်သောလူသား) ရေးသားတဲ့
" လွတ်လပ်သော လူသား" ဆိုတဲ့ စာအုပ်နှင့် လွတ်လပ်မှုအပေါ် ဆရာရဲ့ ခံယူချက်သဘောထား
_ "လွတ်လပ်သောစာပေအကြောင်း" နှင့်
_ "လွတ်လပ်သောဂီတအကြောင်း" စသဖြင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 10 April 2022
အီရန်အနေဖြင့် အခြားနိုင်ငံများက သဘောတူတူ မတူတူ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ အီဗရာဟင် ရိုင်စီက ပြောကြားလိုက်ပါတယ်။
ဧပြီ(၉)ရက်က အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းရဲ့ အမျိူးသားနျူကလီးယားနည်းပညာနေ့ရဲ့ ၁၆ကြိမ်မြောက်အခမ်းအနားနှင့်အတူကျင်းပတဲ့ နိုင်ငံရဲ့နျူကလီးယားစက်မှုလုပ်ငန်းပြပွဲကို တက်ရောက်ရင်း အီရန်သမ္မတရိုင်စီက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ သူဟာ အီရန်ရဲ့ နျူကလီးယားအောင်မြင်မှုအသစ်(၇)ခုကိုလည်း ထုတ်ဖော်ခဲ့တယ်လို့ အီရန်သမ္မတ ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရသိရပါတယ်။
သူက နျူကလီယားကို ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အီရန်ရဲ့ အခွင့်အရေးကို အလေးပေးပြောဆိုခဲ့ပြီး အီရန်ဟာ အဲဒီနယ်ပယ်မှာ သုတေသနနှင့်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။
Source CMG
#LocalNews
Published_10 April 2022
ထိုင်းတွင် မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်က ခုန်ချရန် ကြံစည်၍ ကယ်ဆယ်ခဲ့ရကြောင်း ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
ကြံစည်ခဲ့သူမှာ အသက် ၃၀ ခန့်အရွယ် မြန်မာနိုင်ငံသား မောင်............ဆိုသူ ဖြစ်ပြီး အင်္ကျီအဖြူရောင်၊ဘောင်းဘီတို၊ဦးထုပ်ဆောင်းထားကာ လူကူးတံတားအပြင်ဘက်ခြမ်းမှ ခုန်ချရန် ကြံစည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးသမားများ အုပ်ချုပ်ရေးမှူးအပါဝင် ရေဒီယို သတင်းအကြောင်းကြား၍ အခင်းဖြစ်ပွားရာနေရာတွင် သွားရောက်ပြီး လမ်းတွင် ဖြတ်သန်းလာသော ကွန်တင်နာကုန်တင်ကားကြီး တစ်စီးကိုအကူညီတောင်းကာကူညီခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

"ဧပြီလ ၇ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်တာ။ ထနွန်စစ်တကစ်လမ်း တမ်ဘွန်အောင်းနွဲခရိုင်ခွဲ အမ်ဖောကထွန်းဘဲင်ခရိုင် စမွတ်စခေါင်ပြည်နယ် ပတ်စွယ်စိရွန်ရာဇ်လမ်းအဝင် လူကူးတံတားပေါ်ကနေ ခုန်ချဖို့ လုပ်တာ။ရဲတွေကသိလို့ သူ့ကို ကယ်ခဲ့ကြတယ်၊ ခုန်ချမယ်လုပ်နေတဲ့ နေရာမှာကာထားတယ်။ မြန်မာနိုင်ငံသားအချင်းချင်းက အော်ဟစ်ပြီးတော့ စိတ်ကို ငြိမ်ငြိမ်ထားဖို့ ပြောဆိုကြပြီးတော့ သူ့နောက်ဘက်က ခိုးဝင်ကယ်ခဲ့ကြတယ်"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။
အဆိုပါ မောင်.......၏ ပြောပြချက်အရ ဇနီးဖြစ်သူ ကိုဗစ်ကူးစက်ခံရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အလုပ်နေရာဟောင်းတွင် ပြန်လည်လုပ်ကိုင်၍ လင်မယားကွာစဲရန် ပြောဆိုခဲ့သောကြောင့် စိတ်ထိခိုက်မှုဖြစ်ကာ အထက်ပါအတိုင်း ကြံစည်ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 10 Apr 2022
ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိပြီး အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသား ၁၅၃ ဦးကို မနေ့က မြန်မာနိုင်ငံသို့လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၉ ရပ်နေ့ မွန်းတည့် ၁၂ နာရီချိန်တွင် အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ် အုပ်ချုပ်ရေးမှူး Mr. Somkiat Srisanate ၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ကျား(၈၃)ဦး၊ မ(၅၈)ဦး၊ စုစုပေါင်း (၁၄၁) ဦး၊ ကလေး ကျား(၁၀)ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၁၂)ဦး၊ အားလုံးစုစုပေါင်း (၁၅၃) ဦးတို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၉) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြဝတီ-မဲဆောက် မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားမှ နေရပ်ပြန်လက်ခံမှုကို မဟာသင်္ကြန်ကာလဖြစ်သည့် ၁၃-၄-၂၀၂၂ မှ ၁၇-၄-၂၀၂၂ ရက် နေ့အထိ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published 10 April 2022
အသက်အရွယ်အရအိုမင်းရင့်ရော်လာတဲ့ လူအသားအရည်ဆဲလ်တွေကို နှစ် ၃၀ လောက်ပြန်လည်နုပျိုလာစေမယ့်နည်းလမ်းကို သုတေသီများဖော်ထုတ်လျက်ရှိပြီး ဒီနည်းလမ်းဟာ အရင်နည်းလမ်းတွေထက် ပိုမိုနုပျိုစေကာ ဆဲလ်တွေလည်းသူတို့ရဲ့ မူလလုပ်ဆောင်ချက်တွေ ဆုံးရှုံးစေမှာမဟုတ်ပါဘူး။
ဆဲလ်အဟောင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို တချို့တပိုင်းပြန်လည်ပြုပြင်ပြီး ဇီဝသက်တမ်းထပ်မံတိုးချဲ့နိုင်ဖို့ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အရေပြားဒဏ်ရာတစ်ခုအတိုင်း ပုံစံတူပြုလုပ်ပြီး စမ်းသပ်ရာမှာ ပြန်လည်နုပျိုသွားတဲ့ဆဲလ်တွေက ငယ်ရွယ်ကျန်းမာတဲ့ဆဲလ်တွေအတိုင်း ပြုမူလုပ်ဆောင်ကြကြောင်း ဖော်ပြထားပါတယ်။
Epigenetics သုတေသနလုပ်ငန်းမှ ဦးဆောင်သုတေသီ ပရော်ဖက်ဆာ'ဝုဖ်ရိတ်ခ်'က ဒီနည်းလမ်းပုံဖော်ခြင်းက တကယ်စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း ပြောပြလိုက်ပါတယ်။
"ရင့်ရော်ခြင်းဖြစ်စဉ်ကိုလျှော့ချဖို့ ပြန်လည်ညွှန်ကြားစရာမလိုတဲ့ မျိုးဗီဇဆဲလ်တွေကို တဖြည်းဖြည်းတွေ့ရှိလာတော့မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကနေ အလွန်တန်ဖိုးရှိတဲ့တွေ့ရှိချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်"
ပရော်ဖက်ဆာ'ရိတ်ခ်'ဓာတ်ခွဲခန်းမှ သုတေသီဒေါက်တာ'ဒီလ်ဂျိဂီးလ်'က ဆဲလ်တွေကို မူလလုပ်ဆောင်ချက်မပျက်စီးစေဘဲ ပြန်လည်နုပျိုအောင်ပြုလုပ်နိုင်ကြောင်း သက်သေပြထားနိုင်ခဲ့ပြီး ဆဲလ်အဟောင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်အသက်ဝင်စေမှာဖြစ်ကြောင်း ပြောပြပါတယ်။
လူတွေအသက်ကြီးလာတဲ့အခါ ဆဲလ်စွမ်းဆောင်ရည်တွေကျဆင်းလာပြီး မျိုးရိုးဗီဇများ၊ ဒီအင်န်အေများ လုပ်ဆောင်ချက်ကျဆင်းလာကာ အိုမင်းလာစေတာဖြစ်ပါတယ်။
ယခုပြန်လည်နုပျိုစေတဲ့နည်းလမ်းက ဆဲလ်များကိုပြုပြင်ခြင်း အစားထိုးခြင်းများဖြင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
နဂို ဆဲလ်လုပ်ဆောင်ချက်တွေကို မပျက်စီးစေဘဲ ဆဲလ်တွေကိုပြန်လည်ငယ်ရွယ်စေမှာဖြစ်ပါတယ်။
အဆိုပါတွေ့ရှိချက်ကြောင့် အခြားဆေးပညာပိုင်းဆိုင်ရာ တွေ့ရှိချက်တွေပါ ထွက်ပေါ်လာနိုင်ချေရှိနေပါတယ်။
အယ်လ်ဇိုင်းမားရောဂါနဲ့ မျက်လုံးအတွင်းတိမ်လိုရောဂါတွေမှာပါ ဆဲလ်တွေကိုပြန်လည်နုပျိုအောင်ပြုလုပ်နိုင်ဖို့ ရှိနေပါတယ်။
Source: The National.
#Yangon_Media_Group
Page 1805 of 1913