#Local_News
Published_26 July 2022

 

ရန်ကုန်တွင် ကျောင်းတက်ရင်းပျောက်သွားသည့် ရခိုင်မှ အသက် ၁၄ နှစ်အရွယ် Grade 10 ကျောင်းသူ မလဲ့လဲ့ရွှေရည်(ခ)မေပြည့်ဖြိုးအား ပြန်တွေ့ပြီဖြစ်ကြောင်း ရန်ကုန်ရှိ ရခိုင်အမျိုးသားကွန်ရက်က သိရသည်။

 

မလဲ့လဲ့ရွှေရည်(ခ)မေပြည့်ဖြိုးသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာမှဖြစ်ပြီး ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီဝဘာသာတွဲကိုတက်နေသူဖြစ်သည်။

 

သူမအား ဇူလိုင်လ ၂၅ ရက် နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၂)လမ်းရှိ ဒေါ်မူမူမြင့်ဆိုသူ၏နေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပျောက်သွားသည့်အချိန် အမျိုးသမီးတစ်ဦးနှင့်တွေ့ကာ ယင်းအမျိုးသမီးက သူမ ကျောင်းတက်နေသည့် စွယ်စုံကျောင်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းမှာ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၅)လမ်း၌ အဒေါ်ဖြစ်သူ ဒေါ်ကျော့စန္ဒာမြင့်နှင့်အတူနေထိုင်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အိမ်တွင် လူမရှိခိုက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

 

Photo – TinHtooAung
ymg/mt
#Yangon_Media_Group