Published 23 July 2022

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အာရီဇိုနားပြည်နယ်မှာ  လာမယ့် ရီပတ်ဘလီကင် ပထမအဆင့် ရွေးကောက်ပွဲမတိုင်ခင် ဇူလိုင် ၂၂ရက်က လူထုစည်းဝေးပွဲကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ထရမ့်က အမေရိကန်ကပ္ပီတယ်လ် တိုက်ခိုက်မှုကိစ္စ ကွန်ဂယက်ကြားနာနေမှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သူ့ကို ပုံစံအမျိုးမျိုးနှင့် လုပ်ကြံဖျက်ဆီးနေကြတာ ဖြစ်ပြီး ဒါဟာ လုပ်ဇာတ်သက်သက်သာဖြစ်တယ်လို့လည်းသူကပြောလိုက်ပါတယ်။

အဆိုးရွားဆုံးသမ္မတ ငါးဦးပေါင်းပြီး လုပ်ခဲ့တာတွေက ဂျိုးဘိုင်ဒင်တစ်ယောက်တည်းက တိုင်းပြည်ဖျက်စီးခဲ့တာလောက်ကိုမရှိဘူးလို့လည်း သမ္မတဘိုင်ဒင်ကို သူက တိုက်ခိုက်လိုက်ပါတယ်။

#Source_AFP

#Trump_attacks_Biden
#Arizona_Republicans_rally

#Trump_Biden

 

Published 23 July 2022 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အာရီဇိုနားပြည်နယ်မှာ လာမယ့် ရီပတ်ဘလီကင် ပထမအဆင့် ရွေးကောက်ပွဲမတိုင်ခင် ဇူလိုင် ၂၂ရက်က"/>